Jane Bond လက်သစ်များအလိုရှိသည်


ဗြိသျှလျှို့ဝှက် စပိုင်အေဂျင်စီ MI6 မှ Jane Bond ကဲ့သို့ အမျိုးသမီးများကို စွဲဆောင်နိုင်ပြီး စွမ်းဆောင်ရည်ပြည့် ၀သော ကမ္ဘာ့အဆင့် အကြမ်းဖက်သမားများကို ဖြိုခွင်းနိုင်မည့် လူသစ်များကိုစုဆောင်းနေပါတယ်။ လောလောဆယ်လူပေါင်း 20,000 လောက်ဟာ လာရောက်လျှောက်ထား ပြီးဖြစ်ပါတယ်။ MI6 website http://www.mi6.gov.uk/output/Page79.html ရဲ့ထုတ်ပြန်ချက်အရ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ရဲရင့်တဲ့ အမျိုးသမီးတွေလည်း လျှောက်နိုင်တယ်လို့ဆိုပါတယ်။ ပြီးတော့ မန်ဒရင်း၊ အာရပ်၊ ပါစီယံ၊ အာဖဂန် နဲ့ ဖာ့စ်တို ဘာသာစကားကျွမ်းကျင်စွာ ပြောဆိုတတ်တဲ့သူတွေကိုလည်း အလိုရှိနေပါတယ်။ အင်း…ဒီတော့ အနာဂတ် ဂျိမ်းစ်ဘွန်းတွေဟာ မိန်းမ ဒါမှမဟုတ် အသားအရည်နက်မှောင်တဲ့ တောင်အာရှ (သို့) အရှေ့အလယ်ပိုင်းသား တွေဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ “အဓိက စိန်ခေါ်မှုကတော့ အကြမ်းဖက်သမား တွေပါပဲ” လို့ အမ်အိုင် ၆ ရဲ့ ၀န်ထမ်းရေးရာဌာနက ပြောပါတယ်။ အမ်အိုင် ၆ ဟာ တစ်နှစ်မှာ လူသစ် ၂၅၀ မှ ၃၅၀ ကြားကိုခေါ်ယူလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က အလုပ်ခန့်ထားသူတွေရဲ့ ၄၀ ရာခိုင်နှုန်း ဟာ အမျိုးသမီးတွေဖြစ်ပြီး ၁၁ ရာခိုင်နှုန်းကတော့ သက်ဆိုင်ရာနိုင်ငံအလိုက် တိုင်းရင်းသားလူမျိုးစုတွေဖြစ်ပါတယ်။ ကဲ..သင်လည်း ယုံကြည်တယ်ဆိုရင် ဘွန်း ဖြစ်နိုင်တယ်နော်။

Print this post

0 comments: