Bluetooth ဟာ နည်းပညာ အသစ်ဖြစ်သော်လည်း Radio Frequency 2.4 Ghz သုံးထာတဲ့ Electronic Device တစ်ခုပဲဖြစ်ပါတယ်။ Bluetooth Chip ပါသော Electronic Device တစ်ခုဟာ 10m မှ 100m အတွင်း Information အပြန်အလှန် ပို့နိုင်၊ လက်ခံနိုင်ပါတယ်။ Bluetooth က အရင်က သိထားခဲ့တဲ့ InDA (Infrared) လို့ သိထားတဲ့ နည်းပညာနဲ့တူပါတယ်။
Bluetooth က InDA ထက် အားသာချက် (၂) ချက် ရှိပါတယ်။ ပထမအချက်က Bluetooth ပို့မယ့် Device နှင့် လက်ခံမယ့် Device တို့က မျက်နှာချင်းဆိုင် ရှိစရာ မလိုပါဘူး။ InDA ကတော့ ပို့မယ့် Device တွေက မျက်နှာချင်းဆို အနေအထား ရှိရပြီး ကြားခံအတား အဆီးများမရှိမှ ရပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကတော့ Bluetooth တပ်ဆင်ထားတဲ့ Device မှ တခြား Bluetooth ရှိတဲ့ မည်သည့် Electronic Device တွေဆီကိုမဆို တပြိုင်တည်း ပို့လို့ရပါတယ်။ InDA ကတော့ တစ်ခုမှ တစ်ခုဆီကို (Point-to-Point) ပဲ ပို့လို့ရလို့ ပို့ချင်တဲ့နေရာ (၂) နေရာ၊ (၃) နေရာ၊ ကို တစ်ခုချင်းဆီပို့မှ ရမှာဖြစ်ပါတယ်။


Bluetooth နှင့် InDA တို့တူညီတဲ့ နှစ်ချက်က Radio Frequency သုံးထားသော Short Range Wireless Technology ဖြစ်ပြီး Power အနည်းငယ်သာ သုံးရုံနဲ့ အသုံးတည့်သော Device များဖြစ်ပါတယ်။
ယခုအခါမှာတော့ Computer Notebook, Handphones, PDA (Pocket PC), Digital Camera နှင့် အခြားအဆင့်မြင့် Electronic Device တွေမှာ Bluetooth ပါဝင်လာတာ တွေ့ရပါလိမ့်မယ်။
Printer, Keyboard, Mouse, Projector, Laptop, Synchronizing PDA and Mobile Phone, Digital Camera အစရှိတဲ့ Device အချင်းချင်း Bluetooth ကို သုံးစွဲပြီး Data, Voice, Audio, Picture တို့ကို တပြိုင်နက်တည်း Device (၇) ခုဆီကို ပို့ဆောင် လက်ခံနိုင်ပါတယ်။ Bluetooth Device တွေက Class (3) မျိုးရှိပြီး Class-3 ကို 1m Range, Class-2 က 10m Range, Class-1 က 100m Range အသီးသီး ပို့ဆောင်နိုင်ရာမှာ…. Mobile တွေက Class-2 ကို သုံးတာများပြီး Class-1 က Industrial Use များ သုံးစွဲလေ့ရှိပါတယ်။
Bluetooth နဲ့ အခြား Wireless Device များဖြစ်ကြသော WLAN, 802.11g, 802.11a, 802.11b, Wi-Fi, Air Port, Infrared, Zigbee တွေနဲ့ယှဉ်ရင် အားသာချက်က ကုန်ကျစရိတ် သက်သာပြီး Operate လုပ်ရန် သုံးစွဲရတဲ့ Power က နဲတဲ့အတွက် Battery ကိုအဓိက မှီခိုသုံးစွဲရတဲ့ Hand Phone, Notebook တွေမှာ ပိုမိုအသုံးတဲ့သည့်အပြင် Data, Voice, Audio တို့ကို တပြိုင်နက် ပို့လို့ရတဲ့ အားသာချက်ကလည်း ပိုမိုပြီးတော့ အသုံးတည့်စေပါတယ်။

Print this post

0 comments: