Goodbye, XP


Microsoft ကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် Windows XP ကို လက်လီ နဲ့ အဓိကဈေးကွက်တင်ပို့မှုတွေကို ရပ်ဆိုင်းတော့မှာဆို တာကို တရားဝင်ကျေငြာလိုက်ပါပြီ။ XP ကို အဓိက ထဲ့သွင်းရောင်းချနေတဲ့ Hewlett-Packard (HP), နဲ့ Dell တို့ကလည်း ၄င်းတို့ရဲ့ PC တွေမှာ Windows Vista Ultimate or Business ကိုသာ ထဲ့သွင်းပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် XP ကိုသာချစ်တဲ့ သူများစိတ်တော့မပူပါနဲ့ တစ်ကယ်လို့ သင်ဝယ်ယူတဲ့ PC သို့ Laptop မှာ Vista Ultimate or Vista Business ပဲပါတယ်ဆိုရင် သင့်အနေနဲ့ XP ကို Downgrade လုပ်ဖို့ တရားဝင်တောင်းဆိုနိုင်ပါတယ်။ Microsoft ကပြောတာကတော့ သူတို့ရဲ့ OS အသစ် Windows Vista ဟာ အရမ်းအောင်မြင်ပြီးတော့ လူကြိုက်များပါတယ်တဲ့ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အချစ်တော် XP ကို လက်ပြနှုတ်ဆက်ပြီး အတိတ်မှာပဲ နေခဲ့ဖို့ ၀မ်းနည်းစွာနဲ့ထားခဲ့ တော့မှာပါ။ ဒါပေမယ့် လက်ရှိ XP အသုံးပြုနေသူတွေအတွက် Microsoft က 2014 အထိဆက်ပြီး နည်းပညာအကူအညီနဲ့ ထောက်ပံ့မှု တွေလုပ်ပေးနေဦးမှာပါ။

Print this post

0 comments: