စင်္ကာပူမှ မြန်မာမလေးတစ်ယောက်ရဲ့ အဖြစ်ဆိုး

ဝမ်းနည်းစရာ သတင်းလေးတစ်ပုဒ်ပါ။ စင်္ကာပူမှာ အိမ်ဖော်အဖြစ်နဲ့ အလုပ်လုပ်နေတဲ့ မခင်ချိုဦး (၃၃နှစ်) ဆိုတဲ့ ကျွန်တော်တို့ မြန်မာမလေးတစ်ယောက်ဟာ သူမအလုပ်လုပ်နေတဲ့ Woodland drive မှာရှိတဲ့ သုံးထပ်ကနေ တွယ်ဆင်းထွက်ပြေးရာ မှာ လိမ့်ကျပြီး သေဆုံးခဲ့ရပါတယ်။ သူမဟာ အိမ်ထောင်ကွဲတစ်ယောက်ဖြစ် ပြီး ၄ နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ခဲ့ပါတယ်။ ပြီးတော့ သူမဟာ လွန်ခဲ့တဲ့ ၄ နှစ်က သမိုင်းအဓိကနဲ့ ဘွဲ့ ရခဲ့ပြီး ကွန်ပျူတာသင်တန်း လည်းတက်ဖူးခဲ့တယ် လို့ သူမရဲ့ အရင်အလုပ်ရှင် ကပြောပြပါတယ်။ ကျွန်တော်တို့ ဘယ်သူ့ကိုအပြစ်တင်ရမှာလည်းဗျာ ဒီလိုသတင်းမျိုး ဘယ်တော့ မှမကြားပါရစေနဲ့ မခင်ချိုဦး တစ်ယောက်လည်း ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးက ကင်းလွတ်ပါစေလို့ ဆုတောင်းပေးကြပါစို့။

Print this post

2 comments:

Baganland said...

ကျွန်တကာ့ ကျွန်ထဲမှာ ကျုပ်တို့မြန်မာတွေက ပညာတတ် ကျွန်တွေပေါ့ ဗျာ။

စဉ်းစားကြည့်ရင် ၀မ်းနည်းမိတယ်။

ထိုင်နေရင် အကောင်းသား
ထသွားမှ အကျိုးမှန်းသိတယ် ဆိုတဲ့ စကားပုံ က ကျုပ်တို့ မြန်မာပြည်မှာ ပေါက်ဖွားလာပြီး မြန်မာအတွက် မဟုတ်တော့ဘူးဗျ။

ထိုင်နေတော့ ပိုဆိုး
ထသွားတော့ အကျိုး

ဖြစ်နေကြပါပြီ။ ဟိုတစ်နေ့က မြန်မာအမျိုးသမီးတိုက်ပေါ်က ခုန်ချတဲ့ ကိစ္စ ကိုပဲ ကြည့်လေ။ မြန်မာပြည် မှာ ထိုင်နေတော့ လည်း ပိုဆိုးဖို့ ပဲရှိတယ်။

ထလာတော့လည်း တိုက်ပေါ်က ခုန်ချတဲ့အထိဖြစ်ခဲ့ပြီကော.............

Baganland said...

အခုကိစ္စမှာလဲ ရိုးသားမှူလုံးဝမရှိတာအမှန်ပဲ ..သတင်းစာကိုယ်တိုင်က သူတို့ လူမျိုးကိုအကာ
အကွယ်ပေးတဲ့စကားလုံးတွေပဲ သုံးသွားတယ် ဒီမိန်းကလေးဟာ စိတ်ကျရောဂါ ကိုခံစားနေရ
တဲ့ပုံကိုမရောက်ရောက်အောင် ဦးစားပေးရေးသွားတယ်.. ဒီမိန်းကလေးဟာ အိမ်ပေါ်ကနေ အ၀တ်
တွေကိုချည်ပြီး ခိုဆင်းတဲ့ပုံမျိုးရေးထားတယ် ဒါပေမယ့် ခိုဆင်းတဲ့လူဟာ သေနေတဲ့ပုံစံကျတော့
မျက်နှာနဲ့ ကျပြီးသေတယ်ဆိုတယ်.. ပြီးတော့ သူ့ ရဲ့စောင်တွေအ၀တ်အစားတွေမှာလဲသွေးတွေ
ပေနေတယ်တဲ့ .. ကျုပ်ကတော့ လုံးဝမယုံဘူး ဒီအိမ်ရှင်ဟာ မရိုးသားဘူး .. စင်္ကာပူနိုင်ငံရဲ့အစိုး
ရကလဲ သူ့ နိုင်ငံသားကို သူအပြည့်အ၀အကာအကွယ်ပေးမှာပဲ .. ဘာ့ကြောင့်ဒီလိုပြောရလဲဆို
တော့တချိန်က ဖီလစ်ပိုင်နိုင်ငံသား အိမ်ဖေါ်တစ်ယောက်ကိုသေဒဏ်ပေးတဲ့ကိစ္စနဲ့ ပါတ်သက်ပြီး
ဖိလစ်ပိုင်အစိုးရနဲ့ ပြသနာတက်ပြီးနောက်ဆုံး လျော်ကြေးတွေအများကြီးပေးခဲ့ရတယ် ..သူတို့ 
ရဲ့အကြောင်းပြချက်က အိမ်ဖေါ်ဟာ အတွင်းပစ္စည်းတွေ ခိုးနေတုန်း အိမ်ရှင်တွေ့ သွားတဲ့အတွက်
ကတ်ကျေးနဲ့ ထိုးသတ်လိုက်တယ်လို့ ဆိုတယ်ဒါ့ကြောင့်သေဒါဏ်ပေးလိုက်တယ် .. ဖိလစ်ပိုင်
အစိုးရရဲ့သူ့ လူမျိုးအပေါ် ဂရုတစိုက် အကာအကွယ်ပေးမှူကြောင့် နောက်ဆုံးတော့ အိမ်ရှင်ဟာ
မိန်းကလေးကို ရိုက်နှက်ပြီးမုဒိန်း ကျင့်တဲ့အတွက် အိမ်ဖေါ်ကကတ်ကြေးနဲ့ ထိုးလိုက်တယ်ဆို
တာ ခိုင်ခိုင်မာမာ ဖေါ်ထုပ်နိုင်ခဲ့တယ် ...ဒါပေမယ့်မိန်းကလေးကတော့သေဒါဏ်ခံလိုက်ရတယ်..။
ဒါပေမယ့် အခုမြန်မာမိန်းကလေးနဲ့ ပါတ်သက်ပြီး .. အဲဒီအခွင့်အရေးသူ မရနိုင်ဘူး .. ဘာဖြစ်
လို့ လဲဆိုတော့ .........
တိုင်းသူပြည်သားတွေ တဖြည်းဖြည်း တရုတ်ကျွန်ကုလားကျွန် စစ်ကျွန် ဘ၀နဲ့ ပေးတာယူကျွေး
တာစားခွေးတရိစ္ဆန်သာသာဘ၀ကနေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ .. ကိုယ့်ဘ၀ကိုယ်ဖန်
တီးနိုင်တဲ့ဘ၀အမြန်ဆုံးရောက်ကြပါစေ ....