စင်္ကာပူတွင်အလုပ်ရှာနေသူများအတွက်သတိပြုစရာ

Novick Trading And Consultancy
200 Jalan Sultan #10-05 Textile Centre
Singapore 199018
Ms Jolin Koh (၉၈၄၈၂၉၀၂)
အထက်ဖော်ပြပါ Companay နာမည်နှင့် အမျိုးသမီးငယ် သည် Straite Time သတင်းစာတွင် Admin နှင့် Various IT position အလုပ်များကို ထဲ့သွင်းကာ လာလျှောက်သမျှလူတိုင်းအား စင်္ကာပူဒေါ်လာ ၂၀၀ တောင်းယူပြီး အလုပ်ခန့်ကာ S pass တင်ပေးနေပါသည်။ ကျွန်တော့် ကိုယ်တွေ့အရ သူငယ်ချင်း ၃ ယောက် သီးခြားစီ အလုပ်သွားလျှောက်ရာ အင်တာဗျူးခေါ်ပြီး လုပ်ငန်းနှင့်ပတ်သက်သည်များကို မေးမြန်းခြင်းမရှိဘဲ ငွေ ၂၀၀ တောင်းယူပြီး spass တင်ပေးလိုက်ပါသည်။ သို့သော် ၃ ယောက်စလုံး Rejected ဖြစ်ပြီး Appeal letter ထပ်တင်ပေးမည်ဟု ပြောပါသည်။ ၁လ ကျော်သော်လည်း မထူးခြားသဖြင့် မသင်္ကာသောကြောင့် MOM တွင်သွားရောက်စုံစမ်းသောအခါ Officer မှ ၄င်း company သည် သက်ဆိုင်ရာ စာရွက်စာတမ်းများ ဘဏ်အကောင့်များ တင်ပြခြင်းမရှိဘဲ လူပေါင်းများစွာကို pass တင်ပေးထားကြောင်း၊ Appeal letter လည်းတင်ထားခြင်းမရှိကြောင်း သိရပါသောကြောင့် နောင်လာနောက်သားများ သတိပြုစေရန် တင်ပြလိုက်ပါသည်။

Print this post

0 comments: