ဒစ္စနေ၏ ရိုဘော့စက်ရုပ်အချစ်ဇာတ်လမ်း


ဒစ္စနေရုပ်ရှင်မှ ရိုက်ကူးခဲ့သည့် ရိုဘော့စက်ရုပ်၏အချစ်ဇာတ်လမ်း ကာတွန်းရုပ်ရှင်မှာ Box office ၏ တစ်ပတ်တာအတွင်း ၀င်ငွေအကောင်းဆုံး ထိပ်တန်းရုပ်ရှင်ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
Wall-E ဟုအမည်ပေးထားသောအဆိုပါ ကာတွန်းရုပ်ရှင်ကားသည် လူသားတို့၏ စွန့်ပစ်ပစ္စည်းများမှ ဖြစ်ပေါ်လာသော ရိုဘော့စက်ရုပ်တစ်ရုပ်သည် ဂြုင်္ိဟ်ပတ်လမ်းကြောင်းအတွင်းနေထိုင်နေရာမှ လူသားတို့ပေးပို့လိုက်သော ရိုဘော့စက်ရုပ်မလေးတစ်ဦးနှင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပုံကို ရိုက်ကူးပြသခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုဇာတ်ကားသည် ဒစ္စနေ၏ ရုပ်ရှင်ကားများအနက် စတင်ရုံတင်ခြင်းမှာပင် အရောင်းရဆုံး နံပါတ်တစ်ဖြစ်ခဲ့သည့် ဇာတ်ကားများအနက် ကိုးကားမြောက်အဖြစ်မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။ ရိုဘော့အချစ်ဇာတ်လမ်း၏နောက်တွင် ဒုတိယအရောင်းရဆုံးဖြစ်လာမည့် ဇာတ်ကားမှာအိန်ဂျလီနာဂျိုလီပါဝင်ထားသော Wanted ဇာတ်ကားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။ရိုဘော့ဇာတ်လမ်းနှင့် အိန်ဂျလီနာဂျိုလီတို့၏ဇာတ်လမ်းမှာ ဟောလိဝုဒ်၏အဆင့်အတန်းကို အမြင့်မား ဆုံးဖော်ကျူးနိုင်ခဲ့ကြောင်း ရုပ်ရှင်ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။

Print this post

0 comments: