´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``
စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ရုန်းနေတာ ပျင်းတာလား
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။
တီထွင်လုပ်တတ်တဲ့လူတွေ
နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။
ကိုရွှေဗမာတွေ
မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။
သတိပေးလိုက်ချင်တယ်
အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)
ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့ ရေးသူ- လူထုစိန်ဝင်း
Posted by Baganland at 8:05 PM 1 comments
တောင်ပေါ် အပန်းဖြေ စခန်းမြို့ တစ်မြို့ စတင်တည်ဆောက်နေ
မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ် သုံးတောင် ကျေးရွာအနောက်ဘက် မန္တလေး မြို့တော်အရှေ့ဘက် ၂၉မိုင်အကွာရှိ ရတနာပုံမြို့သစ်ကိုယ်ပိုင် အိမ်ရာ စီမံကိန်း (မြောက်ပိုင်း) အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းပိုင်းမှစတင်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစီးတည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရာတွင် ရတနာပုံဆိုက်ဘာစီးတီးအနီးတွင်တည်ရှိပြီး တောင်ပေါ်အပန်းဖြေအနားယူနိုင်ရန်အတွက် ရည်ရွယ်၍တောင်ပေါ်စခန်းမြို့တစ်မြို့ ပေါ်ပေါက် လာမည်ဖြစ်ကာ ရေ၊ မီး၊ အင်တာနက်သုံးစွဲမှု လုံခြုံရေးစနစ်၊ အပန်းဖြေပန်းခြံ၊ ဆေးရုံ၊ ဆေးခန်း၊ တယ်လီဖုန်းနှင့် စာသင် ဆောင်များပါဝင် မည်ဖြစ်ပြီး မြို့ပြအင်္ဂါနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရတနာပုံမြို့သစ် ကိုယ်ပိုင် အိမ်ရာ စီမံကိန်း(မြောက်ပိုင်း) အကောင်အထည်ဖော်ရန်အတွက် မြို့ကွက်သစ်အဝင်လမ်းမကြီးများ အတွက်လမ်းအူကြောင်းနှင့် မြို့သစ်အိမ်ရာနယ်နမိတ် ဧရိယာတိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိရာ အသုံးပြုည့် ဧရိယာ များမှလူနေရပ်ကွက်ဧရိယာ ၁၆၁.၅၈၉ဧက၊ လမ်းများအတွက် ၁၅၂.၆၆ဧက၊ ပန်းခြံ၊ ဈေး၊ ကျောင်းနှင့်အခြားဧရိယာ၆၈.၈၄ဧကစုစုပေါင်း ၃၈၃ဧကသတ်မှတ်ပြီး ပေ ၂၀၀ပတ်လည်မြေကွက် ၃၆၇ကွက် စုစုပေါင်း ၅၄၂ကွက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။
Posted by Baganland at 9:41 PM 0 comments
Labels: သတင်း
ဆူနာမီဖြစ်လျှင်စင်ကာပူပြေးမလွတ်
အာရှတိုက်၏ အကြွယ်ဝဆုံး မြို့တော်တစ်ခုဖြစ်သော စင်ကာပူသည် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပါက ယင်းဘေးအန္တရာယ်မှ လုံးလုံးလျားလျား ကင်းလွတ်နိုင်ခြင်းမရှိ၍ အကာအကွယ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ကမ်းခြေဒေသ ကျွမ်းကျင်ပညာရှင်တစ်ဦးက သတိပေးပြောကြားခဲ့သည်။
ကျွန်းနိုင်ငံတစ်ခုဖြစ်သော စင်ကာပူသည် သဘာဝအရ ဆူနာမီလှိုင်းလုံးများဖြစ်လာခဲ့ ပါက လှိုင်းလုံးများ မြင့်လွန်းခြင်းမရှိသော်လည်း အပျက်အစီးအဆုံးအရှုံးများ ကြီးကြီးမားမား ကြုံတွေ့နိုင်သည်ဟု စင်ကာပူပထ၀ီဘာသာဌာနမှ ပါမောက္ခ ၀မ်ပိုပိုက ပြောသည်။
ရာသီဥတု၏မှန်းဆမရသော ဘေးဒုက္ခဆိုးများ ပြည်သူများအပေါ် ကျရောက်ခြင်းမရှိစေရန် ကြိုကြိုတင်တင် ကာကွယ်ခြင်း လုပ်ငန်းရပ်များ ပြုထားသင့်ကြောင်း ပါမောက္ခ၀မ်က ဆိုသည်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ၁၀ မီတာ အမြင့်ရှိသော ဆူနာမီလှိုင်းလုံးကြီးများကြောင့် လူပေါင်း ၁၆၈၀၀၀ အသက်ဆုံးရှုံးခဲ့ရပြီး လူအတော်များများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ခဲ့ကြရသည်။ အကယ်၍ စင်ကာပူ၌ ဆူနာမီလှိုင်းများ ဖြစ်ခဲ့ပါက အပျက်အစီးများဖြစ်ပေါ်ရန် ၁၀ မီတာ အမြင့်ပင် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။
ချန်ဂီလေဆိပ်အပါအ၀င် အခြားအခြေခံအဆောက်အအုံများသည် လှိုင်းအသေးလေးများနှင့် ကြုံရရုံပင် ပျက်စီးနိုင်ကြောင်း၊ လူတို့ဖန်တီးထားသော ဂျူရွန်ကျွန်း၌လည်း ရေနံဓာတုပစ္စည်းများ အများအပြား တည်ရှိသဖြင့် အန္တရာယ်အလွန်ကြီးမားကြောင်း၊ သို့ဖြစ်၍ အစိုးရမှ ဆူနာမီနှင့်ပတ်သက်၍ လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ပါမောက္ခ၀မ်က ပြောသည်။
Posted by Baganland at 6:46 PM 0 comments
Labels: စင်္ကာပူ
နှိုင်းဆမြော်မြင် လှိုင်းရောင်စဉ် (အခန်း ၁)
လူတစ်ယောက်ရဲ့ အသိဥာဏ်နဲ့ အတေွးအခေါ် ဆိုတာကလည်း ကျွန်တော်တို့ ငယ်စဉ်ကလေးဘ၀မှာ အသိဥာဏ် မရင့်ကျက်ခဲ့ပါဘူး၊ တဖြည်းဖြည်း အရွယ်ရောက်လာတော့မှ သင်ယူမှတ်သားမှု စူးစမ်းဆင်ခြင် မှုတွေပြုလုပ်ရင်း အသိဥာဏ် တိုးတက်ရင့်သန်လာခြင်းဖြစ်ပါတယ်၊သဘာဝ လောကကြီးထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပေါက်ဖွါးလာရတဲ့ လူသားတစ်ယောက်ရဲ့ဘ၀ ဆိုတာ ဒီလိုပါလားလို့ တဖြည်းဖြည်း သဘော ပေါက်လာပါတယ်၊တချို့မှာ မျိုးရိုးဗီဇအားနည်းချက်ကြောင့် ဥာဏ် ရည်နိမ့်ကျတာမျိုးဆိုရင်တော့ ချွင်းချက်ထားရမှာဖြစ်ပါတယ်၊ကျွန်တော် ပြောချင်တာက ချွင်းချက်တွေခေတ္တဖယ်ထားပြီး မျိုးစေ့ကောင်း ရေခံ မြေခံကောင်းမှာ ပေါက်ရတဲ့သစ်ပင်လို အသီးအပွင့်တွေဝေဆာနိုင်တဲ့ အခြေ အနေမျိုးပေါ်မှာ ဝေဖန်ဆန်းစစ်ကြည့်ခြင်းဖြစ်ပါတယ်၊မျိုးစေ့မှန်ရင် အပင် သန်ရမယ်လို့ ဆိုလိုပါတယ်။
လူသားတစ်ဦးအနေနဲ့ မွေးရာပါပြဋ္ဌာန်းချက် ကန့်သတ်ချက်တွေ ပါမလာပါဘူး၊ဘုရင်ဖြစ်ရမယ် လူဆိုးဖြစ်ရမယ် လူချမ်းသာဖြစ်ရမယ် ဆင်းရဲမွဲတေသူဖြစ်ရမယ် စသည်တွေ ဘာတစ်ခုမှ မွေးရာပါမဟုတ်ပါဘူး၊ ဒါပေမယ့် သူဖြတ်သန်းရတဲ့ခေတ်ကာလ အခြေအနေနဲ့ သူ့ပတ်ဝန်းကျင် အလျောက် ပြဋ္ဌာန်းခံဘ၀ကိုရောက်သွားတတ်ပါတယ်၊လောကကျင့်ဝတ် တွေ စည်းမျဉ်းတွေ အောက်မှာနေရင်းထိုင်ရင်း အုပ်ချုပ်ခံဘ၀နဲ့ မလွတ်လပ်သူတစ်ဦး ဖြစ်သွားတတ်ပါတယ်၊အလားတူပဲ လွဲမှားတဲ့ အယူ အစွန်းရောက်တဲ့ ဘာသာရေးယုံကြည်မှု နှောင်ြကိုးတွေနဲ့လဲ တုတ်နှောင် ထားခြင်းခံရတတ်ပါတယ်။
ဒါကြောင့် အ၀တ်အထည်တစ်ခုကို ဆေးအရောင်ဆိုးချင်ရင် ဦးစွာ အညစ်အကြေး ချေးညှော်ကင်းစင်အောင် လျှော်ဖွပ်ပြီးမှ လိုရာဆေး ရောင်ဆိုးရသကဲ့သို့ မိမိမှာ လာရောက်စွဲငြိနေတဲ့ အစွန်းအထင်း အညစ် အကြေး နဲ့ နှောင်ကြိုးတွေကို အရင်ဆုံးဖြုတ်ပယ်ရှင်းလင်းရပါလိမ့်မယ်၊ အဲဒီအခါ မိမိရဲ့ ပုဂ္ဂလဘ၀ မူလ ပကတိအခြေအနေမှန် ပြန်လည်ရရှိနိုင် ပါတယ်၊ထိုပုဂ္ဂိုလ်အနေနဲ့ နဂိုရ်ပုံမှန်ဖြစ်လာတယ်ဆိုပါတော့၊ဆိုလိုတာ ကတော့ ပြဋ္ဌာန်းခံဘ၀မှာ လူဟာ မိမိနဂိုရ်ရှိရင်းစွဲ အရည်အသွေးတွေ မှေးမှိန်နေတတ်ခြင်းဖြစ်ပါတယ်၊ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှု လောင်းရိပ် ပေးမှုတွေအောက်မှာ အသိဥာဏ်မပွင့်လင်း အရောင်မထွက်နိုင်ဖြစ်နေတတ် ပါတယ်၊ဒါကို ဒဿနပညာရှင်တချို့က ပုဂ္ဂလဘ၀ ပျောက်ဆုံးနေခြင်း လူသားဘ၀ အဓိပ္ပါယ်ကင်းမဲ့နေခြင်းလို့ ဖွင့်ဆိုကြပါတယ်။
အမေရိကန်နိုင်ငံမှာ ကျေးကျွန်စံနစ် ဖျက်သိမ်းချိန်က လွတ်လပ် ခွင့်ရတဲ့ ကျေးကျွန်တွေဟာ ငိုကြွေးခဲ့ကြတယ်တဲ့၊ကျွန်ဘ၀နဲ့ နေသားကျ နေတော့ သုတို့ဘာသာ မရပ်တည်နိုင်ကြဘူး၊အရာရာမှာ အရှင်သခင်ကို အားထားမှီခိုလာတဲ့အတွက် ပုဂ္ဂလဓိဋ္ဌာန် ရှင်သန်မှုမပြုနိုင်ကြဘူး၊ဒီသဘော ဟာ လူသားတစ်ယောက်သည် လက်အောက်ခံဘ၀ အမှီအခိုတစ်ခုခု အောက်မှာ ရောက်ရှိနေမယ်ဆိုရင် မိမိရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ လွတ်လပ်မှု ပျောက်ဆုံးနေတဲ့သဘောပါပဲ၊လူသည် လွတ်လပ်သူဖြစ်မှသာ ပကတိ အရှိအတိုင်း အရည်အချင်းနဲ့ စွမ်းရည်တွေ ထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုကျင့်ကြံ နေထိုင်သင့်ပါသလဲ။
ယုံကြည်မှုနဲ့ ကျင့်ဝတ် ( Belief and Ethics ) ကိုကျွန်တော်တို့ ဘယ်လို ပိုင်းခြား နားလည်သင့်ပါသလဲ၊လောက ကျင့်ဝတ် စည်းမျဉ်း စည်းကမ်း ဥပဒေ တွေကိုလဲ ပစ်ပယ်လို့မသင့်ပါဘူး၊မိမိ ယုံကြည်ရာ ဘာသာရေး ဆိုတာကလဲ လောကရဲ့ အစိတ်အပိုင်းထဲမှာမို့ ပြုသင့်ပြုထိုက်တဲ့ အပိုင်းတွေ ကိုတော့ ကျွန်တော်တို့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်ပါတယ်၊လောကရဲ့ စည်းအပြင် ဘက်ထွက်နေလို့ မရတဲ့ လူသားဘ၀ဟာ လောကထဲမှာပဲ ကျင်လည်ကြရမှာဖြစ်ပါတယ်။လူ့ဘောင် အဖွဲ့အစည်းကို အကျိုးပြတဲ့ ပရဟိတလုပ်ငန်းမျိုးတွေကိုတော့ အားပေးသင့်ပါတယ်။
ရှေးခေတ်က လူသားတချို့ လုပ်ခဲ့တဲ့ နတ်ကိုးကွယ်မှု ယာဇ်ပူဇော် ပသမှု အသက်ကို စတေးပြီးယာဇ်ပူဇော်မှုမျိုးတွေဟာ လုံးဝမဖြစ်သင့်ပါဘူး၊ ယခုခေတ်ထဲမှာလည်း အသက် အိုးအိမ် စည်းစိမ်ဥစ္စာ သား မယား စသည် တွေစွန့်ရင် မြင့်မြတ်သူဖြစ်မယ်ဆိုတဲ့အယူ၊စွန့်လွှတ် အနစ်နာခံရင် နောင် တစ်ချိန် နောင်ဘ၀ ကောင်းကျိုးရှိမယ်ဆိုတဲ့ အယူမျိုးတွေ တော်တော် များများ ကျန်ရှိနေပါသေးတယ်၊ဒါတွေဟာ အယူသီးတဲ့ ယုံကြည်ကိုးကွယ်မှု အမှားတွေ၊ စိတ်ကူးယဉ်နယ်ပယ်က မရေရာမသေချာတဲ့ မျှော်လင့်ချက်ပေး ခံရမှုတွေ ကြောင့်ဖြစ်ပါတယ်၊မိမိ ကိုယ်မိမိ အားကိုးရမည့်အစား သူတပါး အပေါ်မှီခိုအားထားခြင်း၊လက်တွေ့မျက်တွေ့ မကျတဲ့ တန်ခိုးရှင်များထံ ပူဇော်ပသရင် ဆုတောင်းပြည့်မယ် ဆိုတဲ့အယူအစွဲ ရှိခြင်းတွေဟာ လူသားရဲ့ ကိုယ်ပိုင်စွမ်းရည်ကို ဆုံးရှုံးစေပြီး တန်ဖိုးရှိတဲ့ လက်ရှိလူသားဘ၀ကို အဓိပ္ပါယ်မဲ့ဖြစ်သွားစေပါတယ်။
ကျွန်တော်တို့ အဲဒီလို အသိမှား အမြင်မှားတွေ မဖြစ်ရအောင် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ အသိÓဏ်ကို အသုံးပြု သုံးသပ်ဆင်ခြင်ပြီးမှ လုပ်သင့်လုပ်ထိုက်တဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်၊ ဒဿန ပညာရှင် စာရေးဆရာကြီးတချို့ကရေးခဲ့ဘူးပါတယ်၊လောကမှာ ကောင်းမှုမကောင်းမှု ဆိုတာ လူတစ်ဦးနဲ့တစ်ဦး အမြင်မတူခြင်းရဲ့ အခြားသော အမည်နာမ ဝေါဟာရ ဖြစ်ကြောင်း၊အဓိပ္ပါယ် တစ်မျိုးထည်း ဖွင့်လို့မရကြောင်း၊တကယ်တော့ လူသားဘ၀မှာ လုပ်သင့်လုပ်ထိုက်လို့ လုပ်ဆောင်ရတဲ့ အခြေအနေတွေသာရှိကြောင်း၊စင်စစ် လူသားတွေဟာ မလုပ်မဖြစ်တဲ့ အရာကိုသာ လုပ်ဆောင်ရတာဖြစ်ကြောင်း၊အမှားအမှန် အကောင်းအဆိုး စသည်တွေဟာ တကယ့် ပစ္စုပ္ပန် ပကတိ အခြေအနေ ပေါ်မှာ မူတည်ကြောင်း ဖွင့်ဆိုခဲ့ပါတယ်၊အမှန်တရားဆိုတာ အဖြစ်မှန်ကို သိမြင်ခြင်းပါပဲ။
မောင်ပညာ
Posted by Baganland at 6:57 PM 0 comments
Labels: အတွေးအမြင်ဆောင်းပါး
ကောင်းသောအနာဂတ်ကိုဖန်တီးပါ
လူကြီးတွေရဲ့  ကောင်းသော / ဆိုးသောအပြု အမူတွေဟာ ကလေး ငယ်တွေအပေါ်ကို ဘယ်လောက် အထိလွမ်းမိုး နိုင်သလဲဆိုတာ ဒီဗွီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။ ကျွန်တော်တို့ ရဲ့ မျိုးဆက်သစ်လေးတွေ အပေါ် အပေါင်းလက္ခဏာဆောင်တဲ့ အပြုအမူလေးတွေ နဲ့ လွမ်းမိုးနိုင်ကြပါစေ။
Posted by Baganland at 8:44 PM 0 comments
Labels: ဗွီဒီယို
Vietnam lose 2 – 3 to Myanmar
Despite putting pressure on the guests and grasping more control of match, Vietnam was beaten 3 – 2 by Myanmar in the opening match of the Ho Chi Minh City International Football Cup yesterday as the defence line played without concentration.
With aspiration to win, the hosts launched a series of attacks right from the start of the match. The hosts’ first effort on goal came in the 4th minute, but Thanh Luong’s free kick hit the bar. Three minutes later, forward Le Cong Vinh fired a shot that Myanmar’s goalkeeper Aung Aung Oo had a good save.
The guests made a surprise attack in the 14th minute. Receiving the ball from a perfect right-wing pass, striker Tun Tun Min jumped up and headed the ball into the net.
In the second half, the hosts put further pressure and striker Vinh equalised for Vietnam from a header at the 65th minute.
But Myanmar made their second goal only three minutes later as striker Yang Paing exploited the Vietnamese defence is sloppiness to net the ball over Hong Son goalkeeper.
Kiaw Thiah got the killer goal in the last minutes from time in front of the confused Vietnamese goal box, by firing home a lethal finish, widening the gap to 3 – 1.
Cong Vinh narrowed the gap for Vietnam two minutes later from a free kick.
Earlier, in another match, Turkmenistan beat the Repulic of Korea’s student team 3 – 1. This match was halted within 30 minutes due to a heavy rain.
Posted by Baganland at 5:16 AM 0 comments
Labels: Sport
Insane Thai Light Bulb Ad
As kids, most of us were afraid of finding ghosts under our bed during the night at one point or another, but thanks to modern technology, light was always available right at our fingertips. In the following Canne-nominated commercial, Sylvania wants us to see that even the scariest ghost can look utterly ridiculous under the light of their light bulbs. Enjoy!
Posted by Baganland at 6:47 PM 0 comments
Labels: Fun
iPhone ကိုယှဉ်ပြိုင်မည့် G1 ဖုန်းအား ဂူးဂဲလ်နှင့် ဖုန်းကုမ္ပဏီများ ပူးပေါင်းဖန်တီး
Apple ကုမ္ပဏီကထုတ်လုပ်သည့် စွမ်းဆောင်ရည်မြင့် iPhone ၏ ဈေးကွက်ဝေစုကို ရယူနိုင်ရေးရည်ရွယ်၍ ဂူးဂဲလ်နှင့် T-Mobile ဖုန်းကုမ္ပဏီတို့ ပူးပေါင်းဖန်တီးသည့် G-1 ဖုန်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ပြသခဲ့ကြောင်း သိရသည်။
ဂူးဂဲလ်၏ Android ဆော့ဖ်ဝဲလ်ထည့်သွင်းထားသည့် ပထမဆုံးဖုန်းအဖြစ် G1 ကို ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၉ ဒေါ်လာရှိပြီး Apple က နောက်ဆုံးထုတ်လုပ်လိုက်သည့် iPhone 3G ထက် ဒေါ်လာ ၂၀ ခန့် သက်သာမည်ဖြစ်သည်။
တရုတ်တိုင်ပေကုမ္ပဏီ HTC က ဖုန်းကိုယ်ထည်ကို တာဝန်ယူထုတ်လုပ်ပေးပြီး T-Mobile က အခြားပံ့ပိုးမှုများနှင့် ဖြန့်ချီရေးကိုတာဝန်ယူကာ ဂူးဂဲလ်က ဆော့ဖ်ဝဲလ်ပိုင်းနှင့် အင်တာနက်သုံးစွဲမှုလွယ်ကူစေရေးကို တာဝန်ယူပေးခဲ့သည်။ T-Mobile ၏ နည်းပညာနှင့် တီထွင်မှုဆိုင်ရာအရာရှိချုပ် ကိုးလ်ဘရော့မင်းန်က G1 ဖုန်းသည် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုမှုနယ်ပယ်ကို တစ်ခေတ်ဆန်းစေလိမ့်မည်ဟု ကြွေးကြော်ခဲ့သည်။
G1 သည် iPhone ထက် အနည်းငယ်ပိုထူပြီး ဗြက်ပိုကျဉ်းသည်။ အဖြူ၊ အမည်း၊ အညို အရောင်သုံးမျိုးထုတ်လုပ်ထားသည်။ iPhone ကဲ့သို့ပင် ထိတွေ့မျက်နှာပြင်(Touch Screen)ပါရှိပြီး iPhone ထက်သာလွန်သောဝန်ဆောင်မှုမှာ လိုအပ်ပါက ဖုန်းအတွင်းထိုးသွင်းထားသော ကီးဘုတ်ကိုဆွဲထုတ်အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အဓိကအားသာချက်မှာ အင်တာနက်၊ အီးမေးလ်၊ SMS အသုံးပြုမှုအထူးမြန်ဆန်ခြင်း၊ ဂူးဂဲလ်နှင့် ချိတ်ဆက်၍ Google map နှင့် Street View ၀န်ဆောင်မှု သုံးစွဲနိုင်ခြင်းတို့ ဖြစ်သည်။ 3 Megapixels ရှိသည့် ကင်မရာပါရှိသော်လည်း iPhone ကဲ့သို့ ဗီဒီယိုရိုက်၍မရခြင်းမှာ အားနည်းချက်ဖြစ်သည်။
Apple ၏ အွန်လိုင်းတေးဂီတ၀က်ဘ်ဆိုက် iTunes ကိုယှဉ်နိုင်ရန်အတွက် သီချင်းခြောက်သန်းကျော်ရနိုင်သော Amazon ကုမ္ပဏီ၏ တေးဂီတ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ပေးထားသည်။ ဂူးဂဲလ်၏ Operating System Android မှာ Linux ကဲ့သို့ Open-source ဆော့ဖ်ဝဲလ်ဖြစ်သည်။ ဂူးဂဲလ်သည် Android ကို မိုဘိုင်းလ်ဖုန်းများ၏ Operating System နယ်ပယ်တွင် ပျံ့နှံ့စေရန်အတွက် အခမဲ့ဖြန့်ဖြူးခြင်း ဖြစ်သည်။ Samsung၊ LG ဖုန်းကုမ္ပဏီများက ထုတ်လုပ်သောဂူးဂဲလ်၏ Android ဆော့ဖ်ဝဲလ်သုံးဖုန်းများလည်း ဈေးကွက်အတွင်း မကြာမီရောက်ရှိလာဖွယ် ရှိသည်။
Posted by Baganland at 6:17 PM 0 comments
Labels: နည်းပညာ

