အေးချမ်းမြေ့ (ဧရာဝတီ)
သတင်း ကြားကြားချင်း အားလုံးက တောက်ခေါက်ကြသည်။ စိတ်မကောင်း ဖြစ်သည် ဆိုသည့် စကားဖြင့် မလုံလောက်တော့၊ ဘယ်လို စကားလုံးမျိုးနှင့် မှလည်း ဖော်ပြရန် မစွမ်းတော့ကြောင်း ပြောဆို နေကြသည်။ အနှစ် ၂၀ ဆိုသည့် သတင်း က တောမီးပျံ့သလို တကမ္ဘာလုံးမှာရှိသည့် မြန်မာများထံကို မိနစ်ပိုင်း နာရီပိုင်းအတွင်း ပျံ့နှံ့သွားခဲ့သည်။
တနေ့က မြန်မာဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ်ကို အမိန့်ချသည်။ တနှစ်နီးပါး ချုပ်နှောင်ထားခဲ့ပြီးမှ ချသည့် အမိန့်က ထောင်ဒဏ် အနှစ် ၂၀ ကို ၆ လစွန်းသေးသည်။
ကိုနေဘုန်းလတ်၏ ရင်းနှီးသော သူငယ်ချင်းများ၊ ဘလော့လောကမှ လူချင်း မမြင်ဘူးသော်လည်း စာချင်း ဆက်နွှယ် ရင်းနှီးကြသူများ၊ ဘလော့လောကမှ မဟုတ်သော်လည်း ဘလော့များကို ဝင်ထွက်သွားလာ ဖတ်ရှုနေသော စာဖတ်သူများ အထူးသဖြင့် လူငယ်များအားလုံး အသံတသံတည်း ထွက်လာသည် ထိုအသံက “မတရားလိုက်တာ” ဟူ၍ ဖြစ်သည်။
ကိုနေဘုန်းလတ်မှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် လူငယ်တဦးဖြစ်ပြီး လူမှုရေးကိစ္စရပ်များတွင် စိတ်အား ထက်သန်သူ တဦးဖြစ်သည်ဟု စင်ကာပူတွင် နေထိုင်သည့် သူနှင့် ရင်းနှီးသူ သူငယ်ချင်း တဦးကပြောသည်။
“သူက နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ မတရားတာကို လက်ပိုက်ကြည့် မနေချင်တဲ့ သူလိုကိုယ်လို လူငယ်တဦးပါ” ဟု ကိုနေဘုန်းလတ်နှင့် ဆုံဖူးသည့် ဘလော့ဂါဂျစ်တူးက ပြောသည်။ ယခုကဲ့သို့ ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်လိုက် ခြင်းက ပြည်တွင်းမှ ဘလော့ဂါများကို ဘာမှ မလုပ်ရဲအောင် ခြောက်လှန့် လိုက်ခြင်း သို့မဟုတ် စိန်ခေါ်လိုက်ခြင်း ဖြစ်နိုင် သည်ဟု သူက ဆက်ပြောသည်။
ကိုနေဘုန်းလတ်ကို နိုင်ငံရေးနှင့်ပတ်သက်၍ ဆက်နွှယ်နေကြောင်း ပြောစရာဆို၍ ၎င်းမှာ အန်အယ်လ်ဒီ လူငယ် တဦးဖြစ် နေသည် ဆိုသည့် အချက်တချက်သာရှိသည်။
သူသည် မြန်မာဘလော့ဂါလောကကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်သေး၏။ သူ၏ ဘလော့ အမည် “ကျနော်လွတ်ကျသွား တဲ့ မြို့တော်” ကိုအစွဲပြု၍ ဘလော့ဂါ အသိုင်းအဝန်းက သူ့ကို မြို့စားကြီးဟု ခေါ်ကြသည်။
၂၀၀၇ ခုနှစ်အစောပိုင်းကစ၍ မြန်မာဘလော့ဂါများ အလျှို အလျှိုပေါ်လာချိန်တွင် ကိုနေဘုန်းလတ်၏ www.nayphonelatt.blogspot.com ဆိုသည့် ဘလော့တခု မြန်မာဘလော့ဂါများ ကြားတွင် ရေပန်းစားလာသည်။ ထိုဘလော့တွင် အနုပညာမြောက်သော ကဗျာများ၊ ရသအက်ဆေးများ၊ ပန်းချီအကြောင်းနှင့် ဓာတ်ပုံများကို တွေ့မြင် ဖတ်ရှုရသည်။
ကိုနေဘုန်းလတ်က အနုပညာကို ခုံမင်မြတ်နိုးသူ လူငယ်တဦး ဖြစ်ကြောင်း ရန်ကုန်မြို့တွင်နေထိုင်သော သူနှင့် ရင်းနှီးသည့် ဘလော့ဂါသူငယ်ချင်းတဦးကပြောသည်။
“သူနဲ့ကျနော် ပေါင်းလာတဲ့ ၁ နှစ်လောက်သက်တမ်းမှာ သူစိတ်ဆိုးတာ၊ စိတ်တိုတာ တခါမှမတွေ့ဖူးဘူး။ သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် အနာခံစရာရှိ သူပဲခံတယ်” ဟု ၎င်းကဆိုသည်။ အင်တာနက်အသုံးပြုသူ များအကြား ဘလော့ဟူသည့် အသုံးအနှုန်း ပျံ့နှံ့ တွင်ကျယ်စေရန် ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
၂၀၀၇ စက်တင်ဘာ သံဃာ့အရေးတော်ပုံ မတိုင်ခင်နှင့် ၎င်း နောက်ပိုင်းတွင် နိုင်ငံရေး သီးသန့် ဘလော့များ ပေါ်လာခဲ့သော် လည်း ကိုနေဘုန်းလတ် ဘလော့တွင် နိုင်ငံရေးနှင့် ပတ်သက်သည့် အရိပ်အမြွက်မျှပင် မတွေ့ကြရ။
ကိုနေဘုန်းလတ်ကို မြန်မာစစ်အစိုးရက ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ယခု တနှစ်နီးပါး ကြာမှ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့အမိန့်ချမှတ်ရာတွင် သူကျခံရမည့် ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ အနက် အီလက်ထရွန်းနစ် ပုဒ်မ အတွက် ၁၅ နှစ်၊ ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၂ (ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ၊ နှင့် အများပြည်သူဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ၂ နှစ် တို့ဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူက ရှင်းပြသည်။
“ကမ္ဘာအရပ်ရပ်မှာ နည်းပညာနဲ့ ဆက်သွယ်ရေးတွေ ဒီလောက်တိုးတက်ဖွံ့ဖြိုးနေတဲ့အချိန်မှာ မြန်မာနိုင်ငံက အီလက်ထရွန်း နစ်ပုဒ်မ ဆိုပြီး လူသတ်မှုလောက် ပြင်းပြင်းထန်ထန် စွဲချက်တင် အမိန့်ချတာကတော့ မတရားသဖြင့် လွန်လွန်းပါတယ်” ဟု စင်ကာပူတွင် အလုပ်လုပ်နေသော မြန်မာဘလော့ဂါ တဦးက ပြောသည်။
ကိုနေဘုန်းလတ်ကို ဖမ်းဆီးစဉ်က ၎င်း၏ အီးမေးလ်များတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နောက်ပြောင်ထားသည့် ကာတွန်း ပုံများတွေ့ရှိသောကြောင့် အီလက်ထရွန်းနစ်ဥပဒေနှင့်ညိစွန်းခဲ့ကြောင်း ကြားသိရသည်။ ထို့ပြင် ၎င်းထံတွင် သီးလေးသီး အငြိမ့်ခွေတွေ့ရှိသောကြောင့် ဗီဒီယိုအက်ဥပဒေနှင့် ငြိစွန်းသည်ဟုလည်း အလွတ်သဘော ပြောဆိုနေကြသည်။
“ဗီဒီယိုအက်နဲ့စွဲမယ်ဆိုရင်တော့ ရန်ကုန်မြို့ပေါ်မှာ ပွထနေတဲ့ ဒီဗီဒီအရောင်းဆိုင်တွေ အားလုံးကို ဖမ်းရမှာ။ အဲဒါတွေကျ တော့ လိုင်းကြေးပေးထားလို့ ပေါ်တင်ပဲ ရောင်းနေကြတာ” ဟု ရန်ကုန်အခြေစိုက် သတင်း ထောက် တဦးကပြောသည်။
မနေ့ကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီချမှတ်လိုက်ရာ ကမ္ဘာ အရပ်ရပ်တွင် ရောက်ရှိနေသော မြန်မာများ အံ့အားတသင့် ဖြစ်ခဲ့ကြရပြန်သည်။
“၆၅ နှစ်စီဆိုတာ အီလက်ထရွန်းနစ် ပုဒ်မ ၄ ခုစီက တခုကို ၁၅ နှစ်နဲ့ နှစ် ၆၀။ နောက် ၅ နှစ်က အသင်းအဖွဲ့ပုဒ်မအတွက် တဲ့” ဟု မစုစုနွေးကို အကျိုးဆောင်ပေးနေသည့် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။
အီလက်ထရွန်းနစ် ဥပဒေဆိုသည်မှာ အင်တာနက်အီးမေးလ်ကို အသုံးပြု၍ တရားမဝင်ဟု စစ်အစိုးရက သတ်မှတ်သော စာများ ပုံများပို့ကာ တဦးနှင့်တဦးဆက်သွယ်လျှင် ငြိစွန်းမည့် ပုဒ်မဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အီလက်ထရွန်းနစ်ဆိုတာက လူတိုင်းသုံးနေကြတာပဲ။ နည်းပညာကိုသုံးနေကြတာ။ ဒီနည်းပညာနဲ့ ဘယ်လောက်ထိ အကျိုး ယုတ်သွားလဲ။ ဘယ်သူတွေကို ထိခိုက်လဲဆိုတာ ကြည့်သင့်တယ်။ ထိခိုက်တဲ့ အကြောင်းအရာ မပြနိုင်ဘူး ဆိုရင်တော့ ဒီနည်းပညာကိုသုံးလို့ ဒီလို အပြစ်ဒဏ်ချတာမျိုး မလုပ်သင့်ပါဘူး” ဟု ဒေါ်ခင်ဌေးကြွယ်က သုံးသပ်သည်။
“အီလက်ထရွန်းနစ် ပုဒ်မက ဒီလောက်တောင် ကြီးလေးနေတာ တိုင်းပြည်အနာဂတ်အတွက် မကောင်းဘူး ဗျ။ ဒီတိုင်းဆို လူငယ်တွေ အင်တာနက်ဆိုတာကိုတောင် ရဲရဲ ကြည့်ရဲတော့မှာ မဟုတ်ဘူး” ဟု ရန်ကုန်တွင် နေထိုင်သည့် ကွန်ပျူတာ တက္ကသိုလ်ဆင်း လူငယ်တဦးကပြောသည်။
စစ်အစိုးရအနေနှင့် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာပိုင်းကိုသွားနေသည်ဟု အစဉ်ပြောကြားနေသော်လည်း အပြော နှင့်အလုပ်မညီညွတ်ဘဲ ယခုကဲ့သို့ လူငယ်များ၏ အနာဂတ်ကို အညွန့်ချိုးနေခြင်းမှာ လုံးဝ မဖြစ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒါ လူတွေကို အညွန့်ချိုးဖို့ သက်သက်လုပ်ထားတဲ့ ပါးစပ်ဥပဒေပဲလို့ ကျနော်တော့ မြင်တယ်” ဟု သူက သုံး သပ်သည်။
အီလက်ထရွန်းနစ်၊ အနှစ် ၂၀ နှင့် စိတ်မကောင်းခြင်းများစွာ
Posted by Baganland at 10:02 AM 0 comments
Labels: ဆောင်းပါး
မျိုးဆက်သစ် အရင်းအမြစ်များ မဆုံးရှုံးစေချင်
စိုင်းစိုးဝင်းလတ် | အောက်တိုဘာ ၃၁၊ ၂၀၀၈
Irrawaddy Magazine
မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာနေသည်နှင့်အမျှ တိုးတက်လာသည့်လူဦးရေနှင့် တနှစ်ထက်တနှစ် များပြားလာသော တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်နေရာချထား ပေးနိုင်သည့် ပြည်တွင်း လုပ်အားဈေးကွက်က မယှဉ်နိုင်ဖြစ်လာရသည်။
ဤအနေအထားတွင် နှစ်စဉ်ထောင်နှင့်ချီသော ပညာတတ်ဘွဲ့ရများက သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပျိုးထောင်နိုင်ရန် နိုင်ငံမှ ထွက်ခွာနေကြတော့သည်။
ဘွဲ့ရပညာတတ် လုပ်သားအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည့်ပြဿနာက မြန်မာနိုင်ငံအတွက်သာ ထူးခြား ဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတော်များများတွင် “ဦးနှောက်ယိုစီးမှု” ပြဿနာ ကြုံ တွေ့ နေကြရသည်။
မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းများနှင့် စကားစမြည် ပြန်ပြောမိသည်။ သူတို့အနေနှင့် အလုပ်ရနိုင်ကြ သေးသော်လည်း တခြားသော မြန်မာနိုင်ငံ၏ လူငယ် ပညာတတ် များအနေ နှင့်မူ သူတို့ကျွမ်းကျင်သည့် ပညာနှင့် အလုပ်ရရန် ခက်ခဲလာသည်ကို ကျနော် သတိပြုလာမိသည်။
ပြည်တွင်းတွင် အုပ်ချုပ်နေသည့် စစ်အစိုးရက ထိုသူများကို တန်ဖိုးမထားတတ်ကြသလို၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအုပ်စုများ ကလည်း ထိုသူများ၏ တန်ဖိုးကို အလေးမထားကြပါ။
ပြည်တွင်းနှင့် ပြည်ပရောက်နေသူ ကျနော့်မိတ်ဆွေအများအပြားတွင် သူတို့ငယ်ရွယ်စဉ်က အိပ်မက်ခဲ့သည့် အရာများ ပျောက်ကွယ် ဆုံးရှုံးနေခဲ့ကြပြီကို တွေ့ရသည်။ အကြောင်းမှာ နိုင်ငံ၏ ဆုတ်ယုတ်ကျဆင်းလာနေသော ပညာရေးစနစ် ကြောင့်ပင် ဖြစ်သည်။ ကျနော်မှတ်မိနေသည်မှာ ထိုသူအများစုက လူ ၄၊ ၅ ထောင်တွင် ထိပ်ပိုင်းစာတော်သည့် ကျောင်းသား ၄၀ - ၄၅ ဦးထဲ၌ ရှိနေခဲ့ကြသူများဖြစ်ပြီး သူတို့အနေနှင့် အဆင့်မြင့် အသက်မွေး ပညာများဖြစ်သည့် ဆေးတက္ကသိုလ် သို့မဟုတ် အင်ဂျင်နီယာ ကျောင်းများတက်ရောက် အောင်မြင်နိုင်ကြ သူများလည်း ဖြစ်ကြသည်။
သို့သော်လည်း အထက်တန်းကျောင်းပြီးချိန် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သူတို့၏ စိတ်အားထက်သန်မှုများကို နှောင့်ယှက် ဟန့်တားမည့် ပြဿနာ အများအပြား ကြုံခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျောင်းများ ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ်ဖြစ်နေသည်က ပြဿနာတခုဖြစ်သည်။ တဖန် အစိုးရက တက္ကသိုလ်များကို ဝေးလံခေါင်သီသော နေရာများသို့ ပို့ခဲ့ခြင်းကလည်း ဘူးလေးရာဖရုံဆင့်စေခဲ့သည်။
အသစ်ပေါ်လာသည့် ခေတ်သစ် သတင်းနည်းပညာများ ကလည်း သူတို့၏ မူလအိပ်မက်များဖြစ်သော ဆရာဝန်ဖြစ်ရန်၊ အင်ဂျင်နီယာဖြစ်ရန် ဆိုသည့် ငယ်ဘ၀စိတ်ကူးများနှင့် လမ်းခွဲစေ ခဲ့ပြန်သည်။ တချို့က ဘွဲ့ရကြသည်၊ တချို့က အိမ်ထောင် ကျပြီး မြန်မာပြည်တွင် အခြေကျနေပြီ၊ တချို့ကတော့ ပြည်ပသို့ထွက်၍ တခြားသော ရွှေ့ပြောင်း အလုပ်သမား ထုနှင့် ပူးပေါင်း၍ ၀မ်းကျောင်းခဲ့ကြသည်။
၎င်းတို့အနက်မှ တချို့မှာ အထက်တန်းကျောင်းပြီးသည်နှင့် ပြည်ပကိုထွက်ကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ကျောင်း တက်ခွင့် ရခဲ့ကြသည်။ သို့သော်လည်း ဤသူများကိုယ်နှိုက်ကပင် သူတို့လေ့လာထားသည့် ဘာသာရပ်ကတလွဲ၊ သူတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ပညာရပ်ကတလွဲ ဖြစ်နေပြန်သည်။ သို့ မဟုတ်ပါကလည်း သူတို့ ယခင် မျှော်မှန်း ထားကြသော အိပ်မက်များနှင့် လားလားမျှမဆိုင် ဖြစ်နေပြန်သည်။
စင်ကာပူနိုင်ငံတွင် ရောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများစုမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ကျွမ်းကျင် အဆင့် ရှိသည့် လုပ်သားများလည်း ဖြစ်သည်။ ထိုသူများမှာ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများက လိုချင်၍ လိုက်ရှာနေကြရသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး အရာရှိများလည်း ဖြစ်ကြသည်။
သို့သော်လည်း ကျနော် စကားပြောခဲ့ရသည့် ၇ ဦးစလုံးထံမှ မကျေမနပ် ညည်းညူသံများကို ကြားခဲ့ရသည်။ သူတို့ကို စင်ကာပူ အလုပ်ရှင်များက ခေါင်းပုံ ဖြတ်ပုံ၊ တရားဝင်ပေးရမည့် အနိမ့်ဆုံးလုပ်ခ လစာများ မရရှိပုံ၊ လုပ်ခ အနည်းအကျဉ်း သာ ပေး၍ အချိန်ပို အလုပ်ဆင်းရန် အတင်းအကျပ် ခိုင်းစေပုံများကို ကြားခဲ့ရသည်။ ထိုမျှမက သူတို့တွင် ဘဏ္ဍာရေးအရ၊ လူမှုရေးအရ ဖိစီးစရာ အကြောင်းများ ကြုံနေရကြောင်းနှင့် ရံဖန်ရံခါ လုပ်ငန်းခွင်အတွင်း လူမျိုးရေးအရ ခွဲခြားခံရပုံကို လည်း ကြားခဲ့ရသည်။
ဤသို့ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာလုပ်ငန်း၊ ဟိုတယ် စီမံခန့်ခွဲမှု၊ စာရင်းကိုင် စသည့် ကျယ်ပြန့်သော လုပ်ငန်းများကို မြန်မာပြည်တွင်သာ လုပ်ကိုင်ခွင့်ရခဲ့ပါက ဤသူများအဖို့ မြန်မာနိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးပြုနိုင်ကြမည် ဖြစ် သည်။ ထိုသူတို့မှာ ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ၊ အဆင့်မြင့် ထိပ်သီး ပညာရှင်များ၊ နည်းပညာ ရှင်များ၊ တက္ကသိုလ် ပါမောက္ခများ ဖြစ်လာနိုင်သည်။ သူတို့၏ လုပ်အားကို ဈေးချိုချိုနှင့် ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းတပါး တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်သွားလုပ်နေရန်ပင် မလိုအပ်ပါ။
ဤသို့ လူငယ်များ၏ လုပ်အားကို လျှော့ပေါ့တွက်၍ တန်ဖိုးမထားသည်မှာ မြန်မာစစ်အစိုးရမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ ရေး လှုပ်ရှားနေကြသည့် အဖွဲ့များကလည်း ထိုသူများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ကြပါသည်။ သူတို့အဖွဲ့အတွင်း တိုးတက် စေရန်နှင့် နိုင်ငံရှေ့ရေးအတွက် တိုးတက်ဖွံ့ဖြိုးစေရန် ဤလူငယ်များကို အခွင့်ပေး အသုံးချပျိုးထောင်ပေးဖို့ ပျက်ကွက်ခဲ့ကြ သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အင်အားစုများက လူငယ်များကို သိမ်းသွင်းစုဆောင်းရန် တွန့်ဆုတ်နေ ကြသည်။ ထိုလူငယ်များ ပညာသင်ဆုများရဖို့ ၀ိုင်းဝန်းကြိုးပမ်း ကူညီပေးရန်နှင့် လူငယ်များ၏ ကျွမ်းကျင်မှုများ ထက်မြက် လာစေရန် ပျိုးထောင်ရေးကို ဒီမိုကရေစီ အင်အားစု အများစုက စိတ်မ၀င်စားကြပါ။ တချို့သောအဖွဲ့များတွင် ပညာသင်ဆု အခွင့်အလမ်းများ ရရှိကြသည်။ သို့သော်လည်း ဒီမိုကရေစီအရေး အားကျိုးမာန်တက်ဆောင်ရွက်ပေးမည်ဟု အားခဲထားကြ သည့် လူငယ်များအတွက် တကယ့်ကို အနည်းအကျဉ်းမျှသာ ဖန်တီးပေးနိုင်ပြန်သည်။
၂၀၀၀ ပြည့်နှစ် ဆန်းပိုင်းတွင် နောက်ထပ် ပညာဆက်သင်ရန် အခွင့်အလမ်းများ ပွင့်လမ်းလာခဲ့ရာ ဤအခွင့်အလမ်းများကို ဦးဆောင် အဖွဲ့အစည်းကြီးများ၏ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခေါင်းဆောင်ပိုင်းက အလျင်အမြန် မောင်ပိုင်စီး လိုက်ကြပြန်သည်။
ဤအဖွဲ့အစည်းများသည် လေ့လာရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ရုံမျှမက၊ နိုင်ငံရေး အတိုက်အခံ များနှင့် ဆက်နွယ်မှု ရှိနေသည့် အာရှတိုက်နိုင်ငံများနှင့် အနောက်နိုင်ငံ တက္ကသိုလ်များမှ ပညာသင်ကြားလာသော ရာနှင့်ချီသည့် ကျောင်းသားများ၏ ကျွမ်းကျင်မှုများကိုလည်း အသုံးမချခဲ့ကြပါ။ အသုံးချခဲ့လျှင်လည်း အနည်းအကျဉ်းမျှသာ ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် ထွက်ခွာလာသူများကို အသုံးချရန် ဆိုသည်မှာ ပို၍ ဝေးလှသည်။
ဤအချိန်တွင် မြန်မာစစ်အစိုးရက နည်းပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စုဆောင်းသိမ်းသွင်းနေပြီး စစ်အစိုးရ ယန္တရား အင်အားတောင့်တင်းရေးအတွက် အသုံးချနေသည်။ ထိုလူငယ်များကို ရုရှား၊ စင်ကာပူနှင့် တခြားနိုင်ငံများရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပို့ကာ ပညာသင်စေလွှတ်ခဲ့ကြသည်။
သို့သော်လည်း ပြည်ပရောက်နေသည့်အင်အားစု များက သူတို့ဘာသာ ငွေရှာကျောင်းတက်နေကြသူများ၊ အနည်းအကျဉ်း မျှသော ပညာသင်ဆုကြေးနှင့် ကြိုးစား၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြား နေကြသူများ စသဖြင့် သူတို့ဘာသာ ကြိုးစား၍ ခရီးစထားပြီးသား သူများကို အခွင့်အလမ်းများ ကမ်းလှမ်းပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ကြသည်။
တက္ကသိုလ်ဘွဲ့ရသူများကို တချို့သော ပြည်ပရှိ အဖွဲ့အစည်းများက လက်ထောက်အကူ များအဖြစ် သိမ်းသွင်းခဲ့ကြသည် မရှိမဟုတ်။ အနည်းအကျဉ်း ရှိပါသည်။ သို့သော်လည်း ထိုသူများမှာ အထွေထွေ ရုံးလုပ်ငန်းမျှနှင့်သာ အဆုံးသတ် ကြရပြီး သူတို့ကိုယ်သူတို့ ထက်အောင်သွေးထားကြသည့် အရည်အသွေးများ၊ ဗဟုသုတများကိုလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ ကြရသည်။ ဤအဖွဲ့အစည်းများ၏ အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ခေါင်းဆောင်များကို ကူညီပံ့ပိုးပေး ခြင်းသည်သာ ကောင်းစွာ ပညာသင်ကြားလာသည့် လူငယ်များအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးတာဝန် ဖြစ်ပုံရပါသည်။
ထိုအချိန်တွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တခြားသော ဖွံ့ဖြိုးသည့်နိုင်ငံများက လက်မနှေးကြပါ။ ထက်မြက် သည့် ပညာတတ်လူငယ်များနှင့် သူတို့၏ ကျွမ်းကျင်မှုများကို အခွင့်ကောင်းယူ၍ အလျင်အမြန် ကောက်ယူမြှောက်စားခဲ့ ကြပါသည်။ ကမ္ဘာပေါ်တွင် မြင့်ပြီးသား သူတို့၏ အဆင့်အတန်းနေရာကို ဆက်လက်ထိန်းသိမ်း အသာစီးယူနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ကြပါသည်။ ဥပမာအားဖြင့် - ကနေဒါ လူဝင်မှုစနစ်ကို အမှတ်ပေးစနစ်သဖွယ် လုပ်ထားပြီး ထောင်ပေါင်းများ စွာသော ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များကို နှစ်စဉ်ခေါ်ယူ၍ အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း၊ နိုင်ငံသားအဖြစ် သတ် မှတ်ပေးခြင်း ပြုနေကြပါသည်။
ထိုနိုင်ငံများမှ ဘွဲ့ရလာကြသူ မြန်မာလူမျိုးများကို မူဝါဒရေးရာ အကြံပေးများ၊ သုတေသနမှူးများ၊ အငယ်တန်းအရာရှိများ အဖြစ် အိမ်ရှင်အစိုးရနှင့် အစိုးရက ထောက်ပံ့ထားသည့် အဖွဲ့အစည်း ဌာနများတွင် သိမ်းသွင်းစုဆောင်း နေရာချ ထားပေး နေကြပြီ ဖြစ်သည်။ တချို့မှာ ပုဂ္ဂလိကလုပ်ငန်းများအတွင်း ကျွမ်းကျင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသည်။
ငယ်ရွယ်၍ ထက်မြက်သော မြန်မာလူငယ်များကို နေရာပေး သိမ်းသွင်းခန့်ထား၍ အရှုံး မရှိကြောင်းကို ထိုနိုင်ငံများက သိကြသည်။ ရရှိနိုင်သမျှသော လူသားအရင်းအမြစ်ကို တန်ဖိုးထား၊ အသုံးချခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အတွက် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်များကို ထိန်းသိမ်းမွေးမြူထားလိုလျှင် အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်ဘက်စလုံးက ပိုမို အရေးတယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ လတ်ဆတ်သည့် အတွေးအမြင်သစ်များကို လက်ကမ်းကြိုဆိုကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။
စိုင်းစိုးဝင်းလတ်ရေးသားသည့် Burma’s Wasted Intellectual Potential ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။
စိုင်းစိုးဝင်းလတ်သည် ကနေဒါနိုင်ငံ၊ ဘာနာဘီရှိ ဆိုင်မွန် ဖရေဇာတက္ကသိုလ်တွင် (Simon Fraser University) တွင် ပထ၀ီ အဓိကဖြင့် ဘွဲ့လွန်လေ့လာနေသူ Ph.D. ကျောင်းသားတဦး ဖြစ်ပါသည်။
Posted by Baganland at 8:13 AM 1 comments
Labels: ဆောင်းပါး
Myanmars and their future
Dear Myanmar Patriots.
The future of Myanmar is in the hands of Myanmars. I referred to some historical events as facts. I am only stating what had happened. The truth are there, the views may be different. I just wanted to draw your attention to the world events, Myanmar events and other countries events. To compare against each other, against Myanmar, negative as well as positive side, if you want your views to be fair and just.
The planet earth or the world is round and it is turning on its axle towards East. Histories repeating again and again . Leopards never change it's spots.
We cannot hide in the bush, we must come out and face it.
The people of Myanmar, the latest estimate, is between 53 and 57 millions. Out of these millions how many of them have political economical awareness. What kind of education and qualification do they have to build their country into a nation. Let’s be honest to ourselves.
To promote them to a certain extent , to bring them up to be a responsible citizen is a lot of work even without any disturbances. Myanmar is still in the process of making,/ building the country into a nation . Myanmar may have 400, 000 Professional Soldiers, according to opposition estimate, how many other professionals , people with trade, people with skill, how many engineers, scientists, economists , technicians experts etc to the world standard.?
I have been to some countries in East, West North and South , I opened my two eyes and tried to see things . One to look at negative things , another to look at positive things , I see all of them. I have seen many thing with my both eyes? How can you tell anyone what you have seen? Because they have not seen it, they will not believe you. You become a story teller, a Kwatseik Sayar. One man band? .
There are lots of Myanmars nowadays residing in many foreign countries, if they had only open their both eyes and look around, they will see negatives as well as positive and they will know what I am talking about, though they may not support me. They know by themselves, whatever they are seeing, what is acceptable, what is not acceptable. They know it in the heart, though they don‘t spit out, they are swallowing nit down. They are cheating themselves. They will never hesitate to cheat others., they s=are sly, cunning , they know all twist and turns.
For Myanmar to have progressed and to be developed. Man matters most. Man is the basis ingredients. Man means the people themselves in this case. Do they have enough skill and trade, expertises, professions,. to built Myanmar to be a nation?
We have to admit, we Myanmars are lack of them. There may be some, if there are some, they have their responsibility and duty to serve the people, to serve the nation. The nation needs them. Have they ask themselves what they can do for their country. but they put themselves first, the people second and the country last., they ant to know what the country can do for them. as if they have no responsibility for the nation, for the people.
Unfortunately in Myanmar these some professional people are exploiting their own people. They have no guts to exploit others outside Myanmar. When you are in Myanmar you will know what I mean. Myanmars have been exploited by foreigners for centuries. Now more Myanmar than before are working in foreign countries. What are they doing there.. They are not pioneers, they are not exploiting , they are there to be exploited, bcause foreigners could not come to exploit Myanmar, so Myanmars went to them to b exploited. These are the so called Myanmars..
Frankly speaking, to develop Myanmar, Myanmar cannot do it alone, Myanmar is weak. It weaker because of the opposition. Because opposition does not know what to oppose or what not to oppose. In another word , opposition is corrupt, totally corrupt. They say the military is corrupt., some say the people are corrupt. So everybody is corrupt in Myanmar.
.
What about the so called world, with a handful of powerful nations ? They are corrupt as well, in my view. They have one rule for themselves , another rule for the others.
I told you in the past . Myanmar had be economically blockaded, now economic sanctions. The past was one sided by the Brits. Now is some Myanmars consented it. Some called for it and some support it. . Who are they? They are those who most do not live in Myanmar . I called the “ Jacks , I ‘m alright Jacks. “.
Some countries may like to help Myanmar, but they want to put Myanmar on the strings as well. Some other would like to help Myanmar. But stabilities in Myanmar is essential for them. Everybody will exploit, whether we like it or not, one way or the other. At least they have a right to make reasonable profit for themselves. If we have the same chance we might do the same exploitation. But others are more clever than us. We must admit. Myanmar s is belief is, making profit , exploiting other ” Paya Makyite, Taya Makite Thangar Makyite “. Who told them that I don’t know. Buddha or Thagars or socialists or communists?
The problem is Myanmar is rich with natural resources. But what Myanmar has , other countries have, more or less. Withy due respect. Other countries are still being exploited and can be exploited. The world can live with out Myanmar. We have to make most of it with whatever we have.
Today the world is changing , United States is changing, Russia is changing . Myanmnar must take it as opportunity and change., and it has to change. Myanmar leaders have to think again., reconsider its position. make up its mind and make a decision. Myanmar cannot sit on the fence any longer. This neutrality, and none aligned is not serving Myanmar. , how many of the members of this movements are really none aligned nations? Who are they kidding?
Once Myanmar refused to be British Dominion , refused to be in British Commonwealth . Myanmar had it. Is it why British are punishing Myanmar? Or is it because British thinks Myanmar is mistreating the wife of the British man in Myanmar? Today Myanmar is a hostage, Myanmars are hold as hostages , because of Myanmar’s refusal to play the game of the west? Otherwise there is no reason to treat Myanmar like this by the west, to compare Myamar to other one party states, none democratic or lack of human rights.
I wonder how many people know, how many Myanmars know that Myanmars are being held hostages. By the British and its cronies NLD and its supporters. Myanmar are being held as hostages by the west. In the name of democracy, in the name of human rights. Whatever SPDC does can never satisfy the west.
The west sees whatever SPDC does is crime. Crime against humanity. I am not what that words mean. Beuse I am seeing with my very own eyes. People are killing people, their own people other people. Some people cannot see that. They only see what they want to see..
Though economic sanctions does not effect Myanmar as mush as they intended to, because there are not very many foreign investments in Myanmar, Apart from that , Myanmar’s way of life is helping Myanmars a lot in a way.. In the long run Myanmars will be still in pre historical age. because of economic sanctions Myanmar’s progress will be slow, very slow, Myanmar developments will be slow , very slow, it may not make Myanmar’s life better, but it definitely won’t make their lives worse either. Most Myanmars can live without anything., because they have had nothing, they are natural born survivors, ..
To build Myanma to be modern developed nation, that is something. Myanmars must have modern way of thinking, modern way of doing things etc., etc. But Myanmar still needs help from other modern developed nations. That is why I said Myanmar needs to reconsider its position.. They have to make their minds, especially the leaders, and make a decision. It must be a bold one, and daring one.
From their part the people must be able to see everything in virtual reality, three dimensions do not give them the whole. Somebody has to show them , teach them to see things as they are.
Myanmar needs reconciliation. SPDC is trying for that . At present Myanmars cannot reconcile among themselves as much as they want to. This national reconciliation is essential. When Myanmars are reconciled, reconciliation with the west, with the world will come automatically. That is if the west and the world is hones, sincere.
Reconciliation, national unity will attract outsiders , to convince them to do bnusiness with Myanmar, ti invest in Myanmar and so on.
This will lead Myanar to modern developed nation. To reconcile with the west is possible , it is more than possible. not IMPOSSIBL , if only we Myanmar can reconcile. Among themselves. That is a hope. Some people do not like to see Myanmars reconcile let alone national unity. We have seen it with our very own eyes, for the west to be rich and prosper other nations must suffer. other nations must pay the price.
On the other hand the west is helping communist countries, doing business as usual with their old enemies, Now they have normal political and economic relations with them . Also the west has good relationships with other none democratic countries , which human rights records are still in questions. but they cannot do it with Myanmar. WHY? Myanmar is not even their enemy.
I don’t believe democracy is the reason, I don’t believe human rights is the reason. There must be other thing. Some thing is not right here, very wrong.
Libya was taken off from terrorist list because Libya bought itself off by paying compensations to the Lockerbie incident. Now North Korea is taken off from the terrorists list by the US, because it stops its nuclear programme . There was no demand for regime change.
West tried to buy Myanmar for little sister, for 1000 million once. with regime change. Myanmar did not budge, Why are they treating Myanmar different from others ? They treat Myanmar different from others, because of one person, because for one person. The west care for only one person in Myanmar , not the 57 million population in Myanmar.. That person never care for Myanmar and its people in all of her life. Her followers are the same, or they don’t know what they are doing.
Whenever I say something about this person and her party, it hurts some people. Because, that is the bloody truth. Show me one single thing she does for the nation of Myanmar and its people in all her life .
Because the west won’t help Myanmar if Myanmar is not prepared to be their puppet. Myanmar has to look for alternatives. Russia, China. India, and many other countries around her. Politically or economically to reconcile with the west is almost impossible. At the moment at least. Myanmar has to look within Asia .
Long before Russia had Bolshevik revolution and became communist, European countries, tried to invade Russia time and time again, but they failed.
U.S.S.R was changing before communism in Russia collapsed. Leader like Gorbachev tried to change U.S.S.R gradually, continuity and changes to go together. A crack appeared, and U.S.S.R collapsed together with communism. But not the way the west would like to see, no chaos, no law and order were broken to compare to other similar countries. The credit went to Yelsin, Putin and the people of Russia at large. Everything was under control, the way it should be.
All Myanmars should learn from Russia, all Myanmars should learn from China. if they want to change Myanmar. Revolution in Myanmar ? Who know about revolution more than Myanma Tatmadaw?
But the west has not taken over Russia yet, I doubt they will ever .
China was influenced by the west . The western tried to manipulate China ,but they met with boxer revolution.. Since then the west behaved, regarding China. But never stop trying to undermine, interfering China. General Mac Arthur even tried through North Korea to get China, but not only failed but also cost him and US dearly. They are trying through Hong Kong, through Taiwan as well.
According to Buddha, this world is ever changing., we may not realised that. We don’t need to put pressure unnecessarily, it will change,. There is no permanence, nobody is immortal.
Many countries in Asia , Southeast Asia and in Africa, or even in Americas were once colonies of the European nations. They know what ‘s it like to be a nation under colonial power. The colonial power also know what its like to rule their colonies, what’s it like to be colonial power., what can they expect. They can feel it, they have at least the sensation how it was to be under somebody, or over somebody.
For those who believes in GOD should know, God did not created human being to be under or over anybody, He created them equal. If you don’t believe that, I an help it, that is your GOD. As long as there are overs and unders, the conflicts will be there, If that is what GOD intended for human beings or his creations , if that is what GOD desires , I don’t know , because I don’t believe in so called GOD .
They all wanted to be free, real free, total freedom . Free from all foreign dominations and influences, interferences. As long as somebody interferes ,somebody influence, undermine some body, this freedom is meaningless.
To protect this freedom, we make laws, rules, regulations and procedures. Only laws, rules, regulations and procedures as the best and we can depend on..
If these are to be broken then we lost our freedom again. Taken the laws into their own hands. In olden days, it is called lynching . Democracy and human rights should be different from lunching. But it is not, democracy and human rights themselves is lynching.
When again powerful countries breach the laws take the laws into their own hands , undermine the laws, manipulate the laws. Even United Nations is manipulated and undermine. UN cannot do anything about it. This is the real world we are living in what can anybody do about that? Lynching is very popular in the wild west. It is the tradition and culture of the west should I say, becoming their way of life.
What is freedom, what is independent what is liberty, what is fair, what is justice, what is democracy, what is human rights ? What are we talking about? Do our ears hearing what is coming out from our mouth?
Freedom, independent, liberty, sovereignty , democracy, human rights , they all subject to all questions. What are the definitions, what are the interpretations and what are the translations . Who is taken the laws into their own hands, who are the leaders of the lynching mob.
Myanmars are born socialists, if not communist. Even Buddhist monks are socilists they may not know that. But they all are against communists , if only they knew what communism is. Many people may not know that, not even many Myanmars. You cannot force a left handed person to write with his right hand. Their brain structure is different. If you force them, the worst thing is , they can go crazy. Some people , very few, are able to write either with left or right hand, very rare species. .
Myanmars way of life, or through the teachings of Buddha or long before Buddha was socialism. How did they connect with Aristotle or Socrates, the fathers of socialists , I have no idea. The people of the world were all socialists first and then they became capitalists under circumstances and situations. Greed made them capitalists I think. Myanmars are leftists in nature, long before communism was establish in 1917 -18.. Nobody trained Myanmars to be lefties, they are lefties. They are reminded everyday not to be greedy, not to be aggressive either . Why do they need to be reminded, because they may be greedy, they may be aggressive, who knows. What of they are not Buddhists? By and by Myanmars are becoming materialists, which comes out of greed and aggressiveness and selfishness.
Myanmars rulers used to lived inside their houses ( palaces) in their compound and ruled. The same as today ,their subjects lived outside , freely. They hardly had any contact with each other, I mean rulers and the ruled. . Everybody was doing their business. The rulers had to protect and defend their subjects and a certain percent age of the earnings of their subject were for the ruling class as a fee for protection. As times go by, the names of these fees were changed, as taxes and revenues. but they are the same. The rulers changed but not through elections nobody elected the rulers, They killed each other and made themselves rulers., They came and gone they are for themselves on who dares wins basis..
This , who dares wins is very practical and still influencing those who wants to be the sole ruler of the world. Today who dares wins still applies, its practical. The more powerful you are, the more countries you annex and rule them. You are above everybody, all are under you, and that is the fact.
I am talking about Myanmar and its future. Myanmar needs help, simple help, genuine help honest help , sincere helps, because Myanmars most of them are simple, genuine, honest and sincere people. .
Myanmar is being framed and being victimised by whom, for what ? Myanmars must find out , reject them and eject them from their society.
All powerful nations have their own history, how they became powerful. No way it was with democracy, no way it was with honouring human rights. Many facts are hidden classified. We have to find out. Oppressors will say some thing, oppressed will say another. Otherwise there will be no Sioux Indian reserves in the United States. Some Myanmar should go and visit the Sioux in US and those Indians in Canada, and those Aborigines in Australia, what their human rights are.
Whatever is happening in Myanmar is nothing to do with democracy. May be a little bit to do with human rights. Those who have taken other peoples human in their own country are asking Myanmars to honour human rights.
Our leaders have been talking about the human rights of majority of the people of Myanmar, not a handful of people , not a group of people‘s rights, not only a person’s human rights. As a matter of fact, these small groups rights were never considered by the British when they were ruling Myanmar, only when they were about to hand over Myanmar to the people of Myanmars, they started talking about , they created a problem and left.
This page is long enough. Fact are repeating again and again as well.
What I would like to say is this, if the world honours the rights of Union of Myanmar as an free , independent sovereign nation. If the world tries to listen with both ears and look at things with both eyes. If the world compare itself to Myanmar how they came through . If they understand themselves, they will understand more about Myamar and its realities.
The future of Myanmar may be in the hands of Myanmars. But Myanmars cannot do it alone., especially to make it modern developed nation. For Myanmars to build their nation on their own, still need tools and equipments from the world.
The world is divided into two parts as West and East. If the west won’t help Myanmar with their own reasons, then Myanmar has to get helps from the East. It will be much better. The East is as developed as the West.
Myamar is being black mail by the west and prowest people, long enough . Myanmar being a member of none aligned movements long enough and it is meaningless as well. totally irrelevant in today’s world.
All Myanmars must realised it and do something about it . If Myanmar cannot protect themselves , its time to seek protections. Myanmars tries its best , this is not helping Myanmar. For nearly two hundred years the west is bullying Myanmar. Myanmar can not progress or developed. How long and how much are we going to take it.
Myanma Tatmadaw knows the best . It has all the experiences. It knows what to do, how to do. It must make a bold decision, if and when necessary. Now is the right time to make a right decision. Undecided leaders will make Myanmar's future uncertain. Whatever it is , majority of people will follow where the leaders lead them.
Regards,
Thunderbolts.
Posted by Baganland at 9:59 AM 0 comments
Labels: ဆောင်းပါး
အာဆီယံ အိမ်နီးချင်းနိုင်ငံ၊ တိုင်းရင်းသားလူမျိုးစု နယ်ရုပ်နှင့် မြန်မာ အစိုးရ
ကျနော် ပထမဆုံး တင်ပြချင်တာကတော့ အာဆီယံအဖွဲ့ကြီးနဲ့ ကျနော်တို့ မြန်မာနိုင်ငံစစ်အစိုးရတို့အကြောင်း ပါ။ အာဆီယံအဖွဲ့ကြီးရဲ့ ၀န်ကြီးအဆင့် အစည်းအဝေးကြီးကတော့ စင်္ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီတကြိမ်မှာတော့ အာဆီယံဝန်ကြီးတချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ် ပေးဖို့ အနူးအညွတ် ပြောဆိုဖော်ရလာတာ တွေ့ရပါတယ်။ ကျေးဇူးတင်စရာပါပဲ။ အဲဒီလိုပြောလာပြန်တော့ လည်း မြန်မာနိုင်ငံခြားရေး ရုပ်သေးဝန်ကြီးခမျာ ကဘောက်တိ ကဘောက်ချာ လျှောက်ပြောရတော့တာပါပဲ။ လွှတ်ပေးခါပဲ နီးလာတော့သလိုလို ကန့်သတ်ကာလပဲ ပြည့်ခါနီးလာတော့သလိုလို ဘာလိုလိုပေါ့လေ။
အဲဒီလို စကားရောဖောရောလုပ်ပြီး လူ့အခွင့်အရေးအဖွဲ့တခု ထည့်သွင်းရေးဆွဲထားတဲ့ အာဆီယံချာတာသစ် ကြီးကို သဘောတူကြောင်း အတည်ပြု လက်မှတ်ရေးထိုးထားတဲ့ “Instrument Of Ratification” ကို အာဆီ ယံအဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရးမှူးချုပ် ဒေါက်တာ ဆူရင်းပစ်ဆူဝမ်ရဲ့လက်ထဲကို ပေးအပ်လိုက်ရင်း အာ ဆီယံချာတာသစ်ကို ခုနစ်နိုင်ငံမြောက် သဘောတူလက်မှတ်ရေးထိုးတဲ့ နိုင်ငံအဖြစ်ကို ပြုံးပြုံးကြီး ခံယူလိုက် ပါတယ်။ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်းကလည်း ကျေးဇူးတင်စကားပြောပြီး ဒီအာဆီယံချာတာဟာ အားလုံးဂုဏ်ယူနိုင်တဲ့ အရှေ့တောင်အာရှအဖွဲ့ကြီးတခု တည်ဆောက်နိုင်ရေးကို အထောက်အကူ ဖြစ်စေနိုင် လိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း ပြောရှာပါတယ်။ အဲဒီချာတာအသစ်ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေး မတိုင်ခင် အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ရေးထိုးပေးရမှာ ဖြစ်ပြီး ဆယ်နိုင်ငံမြောက် Instrument of Ratification အတွင်းရေးမှူးချုပ် လက်ထဲရောက်အပြီး ရက်ပေါင်း ၃၀ အကြာမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် Alternative ASEAN Network on Burma က တွဲဖက်ညှိနှိုင်းဆောင်ရွက်သူ Dabbie Scothard ကတော့ မကြာခင်က မြန်မာနိုင်ငံမှာ တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုံးနာဂစ်နဲ့ ပတ်သက်တဲ့ ကယ်ဆယ်ရေး ကိစ္စတွေမှာ မြန်မာစစ်အစိုးရရဲ့ နောက်ကျလှတဲ့ တုန့်ပြန်မှုတွေဟာ အာဆီယံချာတာရဲ့ တကယ့်ဦးတည် ရည် ရွယ်ချက်တွေနဲ့ အခြေခံစည်းမျဉ်း ဥပဒေသတွေ အများစုကို ချိုးဖောက်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး “အဲဒါကြောင့် စစ်အစိုးရရဲ့ ချာတာကို အတည်ပြု လက်မှတ်ရေးထိုးမှုဟာ အာဆီယံကို စော်ကားလိုက်တာ၊ ချာတာကို အရိုသေတန်အောင် ချိုးနှိမ်လိုက်တာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအရာရှိ David Scot Mathieson ကလည်း “မြန်မာနိုင်ငံက ချာတာကို လက်မှတ်ရေးထိုးလိုက်တာဟာ ထူးခြားမှုရှိသလို အရေးကြီး ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ချာတာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လိုက်နာဆောင်ရွက်လာ မှပဲ ချီးကျူးဂုဏ်ပြုလို့ နိုင်ပါလိမ့်မယ်။ လက်မှတ်ရေးထိုးလိုက်တာက အသေးအဖွဲပါ။ စစ်အစိုးရရဲ့ အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်ပေမယ့် ချီးကျူးဂုဏ်ပြုဖို့တော့ မလိုသေးပါဘူး။ သူတို့တွေအနေနဲ့ တကယ်တမ်း စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ကျနော်ကတော့ သူတို့ရဲ့စကားကို မှန်ကန်တယ်လို့ ယူဆပါတယ်။ ထောက်ခံပါတယ်။ စစ်အစိုးရဟာ တကယ် တမ်း ချာတာပါ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ စည်းမျဉ်းဥပဒေသတွေကို လိုက်နာပါ့မလား။ အစဉ်အလာအ ရတော့ ဘယ်သူ့ရဲ့ စံချိန်စံညွှန်း ဘယ်သူ့ရဲ့ စကားကိုမှ အလေးအနက် နားထောင်ခဲ့တာ မရှိဘူးဆိုတာက တော့ ထပ်ပြီး သက်သေပြနေစရာမလိုတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ Scothard ပြောခဲ့တာကတော့ ရှင်းရှင်း လင်းလင်းပါပဲ။ “ချာတာကို လက်မှတ်အလွယ်တကူ ထိုးပေးလိုက်တာကိုက ချာတာအပေါ်မှာ ဘာမှမစဉ်းစား တာ၊ ချာတာပါ စံချိန်စံညွှန်းနဲ့ ချမှတ်ထားတာတွေကို လိုက်နာဆောင်ရွက်ဖို့ ရည်ရွယ်ချက် မရှိတာကို ပြလိုက် တာပါပဲ” တဲ့။
Alternative ASEAN က Scothard ရော Human Rights Watch က Mathieson ပါ မြန်မာစစ်အစိုးရ အကြောင်း ကောင်းကောင်း သိထားပြီးသူတွေလို့ ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်စလုံးကတော့ အာဆီ ယံချာတာကို မြန်မာစစ်အစိုးရက လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်တာဟာ သူတို့အပေါ် နိုင်ငံတကာက ဖိအားပေးလာတာတွေကို သက်သာလျော့နည်းသွားအောင် လုပ်လိုက်တဲ့ နောက်ထပ် သံတမန်ရေး လှုပ်ရှား ဆောင်ရွက်မှုတခုသာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ မြန်မာစစ်အစိုးရအကြောင်း ပိုပြီးသိထားတဲ့ အတွင်းသိ အစင်းသိ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကျနော့်အနေနဲ့လည်း သူတို့နဲ့ သဘောထားကွဲလွဲပြီး ဒါဟာ အပြုသဘောဆောင်လာတာ ဖြစ်တယ်။ တိုးတက်ပြောင်းလဲ လာတာဖြစ်တယ် ဆိုတာမျိုး ပြောစရာမရှိပါဘူး။ နိုင်ငံတကာ အထူးသဖြင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကို နောက်ထပ် ကစားပြလိုက်တဲ့ သံတမန်ရေးရာ ကွင်းလယ်ကစားကွက် တခုကလွဲလို့ ဒီထက်ပိုပြီး ဘာမှမျှော်လင့်လို့မရနိုင်ပါဘူး။ နိုင်ငံတကာ သံတမန်အခင်း အကျင်းကို သူတို့အာဏာတည်မြဲ ထိန်းချုပ်နိုင်ရေးအတွက် ကိုင်တွယ်ကစားလို့ရတဲ့ ကရိယာပစ္စည်းတခုလို အသုံးပြုခဲ့တာဟာ အခုမှမဟုတ်ပါဘူး။ ကြာလည်း ကြာခဲ့ပါပြီ။ အာဆီယံအဖွဲ့ကြီး အကြောင်းနဲ့ ဒီအဖွဲ့ကြီးကို သူတို့အကျိုးစီးပွား သူတို့အာဏာတည်မြဲရေးအတွက် ဘယ်လိုအသုံးချရမယ် ဆိုတာကိုလည်း မြန်မာစစ်ဗိုလ် ချုပ်တွေက ကောင်းကောင်း နားလည်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ အာဆီယံချာတာသစ်ဟာ လူ့အခွင့်အရေးဆိုင်ရာ ကဏ္ဍအတွက် အဖွဲ့တခုပါဝင်လာ သလို အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အချက်တွေလည်း ပါဝင်လာ တော့ ကြိုဆိုရမှာပါပဲ။ စစ်အစိုးရက ဘာရည်ရွယ်ချက်နဲ့ လက်မှတ်ထိုးထိုး မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေ အားလုံးအတွက် စစ်အစိုးရဟာ တာဝန်အရှိဆုံး ဖြစ်တယ်ဆိုတာ မြန်မာစစ်ဗိုလ်ချုပ်တွေ နားလည် သဘောပေါက်အောင် လုပ်ပေးဖို့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်ဖို့ တာဝန်ရှိသလို အရေးလည်းကြီးပါတယ်။ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်း သတ်ဖြတ်မှုတွေကိုခံရင်း အဆင်းဆင်းအရဲရဲ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေကြတဲ့ သန်း ၅၀ ကျော် မြန်မာ ပြည်သူလူထုတွေရဲ့ ဒုက္ခကို မျက်နှာလွှဲ ကိုယ့်နိုင်ငံ အကျိုးစီးပွား ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်ပြီး မြန်မာ စစ်အာဏာရှင်အစိုးရရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ဆိုတာကိုပဲ လေးစားလိုက်နာ မိတ်ဝတ်မပျက် ဆက် ဆံနေကြမယ် ဆိုရင်တော့လည်း အဖွဲ့ကြီးရဲ့ သမိုင်းနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ကံကြမ္မာပဲပေါ့လေ။
နောက်တခု တင်ပြချင်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံက လူနည်းစု လူမျိုးစုတွေနဲ့ အိမ်နီးချင်း နိုင်ငံကြီး တချို့အပေါ်မှာ မြန်မာစစ်အစိုးရရဲ့ သဘောထားနဲ့ အကိုင်အတွယ် ကိစ္စပါပဲ။ တကယ်တော့ မြန်မာစစ်အစိုးရ ဟာ လူမျိုးစုငယ်တွေရဲ့အရေးကို မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ကိစ္စ၊ အရေးကြီးတဲ့ ပြဿနာအဖြစ် နားလည် ထားသလို သူရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတွေကို ဆွဲဆောင်သိမ်း သွင်းဖို့ အရေးမှာ ထိထိရောက်ရောက် အသုံးချဖို့ လိုတယ်ဆိုတာကိုလည်း သဘောပေါက်ထားပါတယ်။ တကယ်လည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဒေသတလျှောက်က လူမျိုးစုလက်နက်ကိုင်တွေကို နှိပ်ကွပ် နိုင်ဖို့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရအောင် လုပ်နေသလို အပြန်အလှန်အား ဖြင့် အဲ့ဒီအိမ်နီးချင်းနိုင်ငံတွေက တောင်းဆိုလာမယ့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေကိုလည်း ပေးအပ်ထား ခဲ့ပါတယ်။ တရုတ်ဆိုရင် မြန်မာနိုင်ငံစစ်အစိုးရနဲ့ ဆွေမျိုးပေါက်ဖော်ဆိုပြီး လုံးနေတာဟာ မြန်မာနိုင်ငံကို ကုန် သွယ်စီးပွားအတွက် အသုံးချဖို့အပြင် အိန္ဒိယသမုဒ္ဒရာကိုပေါက်တဲ့ လမ်းကြောင်းတခုအဖြစ်လည်း အသုံးချဖို့ ဖြစ်ပါတယ်။ စီးပွားရေး အမြင်ရော စစ်ရေးအမြင်နဲ့ပါ။
အိန္ဒိယနိုင်ငံ အနေနဲ့ကတော့ ၁၉၈၈ အရေးတော်ပုံ ကာလမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံခဲ့ ပေမယ့် နောက်ပိုင်းမှာ အိန္ဒိယ-မြန်မာနယ်စပ်က လူနည်းစု လူမျိုးစုပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့ အချိန်မှာ အခြေအနေအရ စစ်အစိုးရကို ထောက်ခံလာခဲ့ပါတယ်။ မြန်မာစစ်အစိုးရကလည်း အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို အပြီးသတ် ချေမှုန်းနိုင်ရေး ရည်မှန်းချက်နဲ့ အိန္ဒိယအစိုးရကို နယ်စပ်ဒေသမှာ ကူညီခဲ့ပါ တယ်။ အပြန်အလှန်ပါပဲ။ ဒါနဲ့ပဲ မြန်မာအစိုးရနဲ့ ဆက်ဆံရေး တိုးတက်လာဖို့အတွက် ၁၉၉၂ ခုနှစ်မှာ သူ့ရဲ့ “အရှေ့မျှော်မူဝါဒ” ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် အာရှလေ့လာ ရေးဌာနက အကြီးတန်း သုသေသနမှူး Pornpimol က အဲ့ဒီလို သုံးသပ်ထားပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ကတော့ သူ့နိုင်ငံက သုံးစွဲနေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏရဲ့ ၃၀% လောက်ကို မြန်မာနိုင် ငံက ၀ယ်ယူနေရတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဖို့အပြင် တခြားရွေး ချယ်စရာ မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Weerasak Futrakul က ဆိုပါတယ်။ “ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းနေမယ်ဆိုရင် အများကြီးပိုအကျိုးရှိ မယ်ဆိုတာ သေချာပါတယ်။ ထိုင်းနယ်စပ်ဒေသမြို့တွေမှာ နေထိုင်နေတဲ့ လူဦးရေ သန်း ၃၀ လောက်ဟာ ထိုင်းကုန် ပစ္စည်းတွေကို စားသုံး သုံးစွဲနေကြတာဖြစ်လို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေပိုပြီး ဖွင့်နိုင်လေ ကျနော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းရလေပဲ” လို့ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေး မြှင့်တင်ရေး ကော်မတီရဲ့ ဥက္ကဌဖြစ်သူ Niyom Wairatpanij က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သူကတော့ နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာစစ်အစိုးရကို လူနည်းလူမျိုးစု ပြဿနာတွေ ဖြေရှင်းနိုင်ရေးမှာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ကုန်သွယ်စီးပွား အကျိုးစီးပွားကာကွယ်ရေး အဓိကအမြင်ပေါ့လေ။ သုတေသနမှူး Pornpimol ကလည်း ထိုင်းနိုင်ငံအနေနဲ့ အထူးသဖြင့် သဘာဝဓာတ်ငွေ့ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ်စီးပွား ဆက်လုပ်နေသရသမျှ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်း ထားဖို့ တည်ဆောက်ဖို့ကို ငြင်းပယ်လို့ မရနိုင်ဘူးဆိုတာကို သဘောတူညီပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအ နေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဲ့ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေး ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ ဂရုတစိုက် စဉ်းစားဖို့ လိုအပ်မှာ ဖြစ်သလို နိုင်ငံတကာရဲ့အမြင်မှာ ယုံကြည်မှု ဆုံးရှူံးမသွားအောင်လည်း ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ယူဆထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာနိုင်ငံနဲ့ စစ်အစိုးရပေါ်မှာ ကျနော်အထက်မှာ တင်ပြခဲ့သလို သဘောထား နေပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရကတော့ လူနည်းစု တိုင်းရင်းသားလူမျိုးစုတွေကို စီးပွားရေး အကျိုးစီးပွား မက်လုံးတွေပေးရင်း စစ်အာဏာရှင်စနစ် တည်တန့်ခိုင်မြဲရေးအတွက် နယ်ရုပ်ကလေးတွေလို ကစားနေခဲ့၊ ကစားနေဆဲပဲ ဖြစ်ပါတယ်။ အဲ့ဒီစီးပွားရေး အကျိုးစီးပွားမက်လုံးတွေကိုပဲ ကျနော်တို့ရဲ့ လူနည်းစု တိုင်းရင်း သားလူမျိုးစုတွေက ကြည့်ပြီး လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အမျိုးသားတန်းတူညီမျှရေးတွေကို မျက်ကွယ်ပြုဖို့ သင့်မသင့်ဆိုတာကတော့ တိုင်းရင်းသားလူမျိုးစုတွေကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ကြရမှာ ဖြစ် ပါတယ်။ ရပ်တည်ချက် ယုံကြည်ချက် ပြတ်ပြတ်သားသားနဲ့ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်း သားလူမျိုးစု လက်နက်ကိုင်တွေကိုတော့ အထူးပြောစရာမလိုပါဘူး။ စစ်အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ သဘော ထားအမှန်နဲ့ လက်တွေ့လုပ်ရပ်တွေကို အထူးပြောဆို သက်သေပြနေစရာ မလိုအောင်ဘဲ ထင်ထင်ရှားရှား သိမြင်ခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။
ကျနော်ကတော့ တတိုင်းပြည်လုံး စစ်ကျွန်အဖြစ် ဘ၀ဆုံးရမယ့်အရေးကို တွေးပြီး ရင်လေးမိပါတယ်။ ကိုယ် ကိုယ်တိုင်လည်း အဖြစ်မခံနိုင်သလို တိုင်းရင်းသားလူမျိုးအားလုံး မြန်မာနိုင်ငံသားအားလုံးကိုလည်း စစ်ကျွန် ဘ၀ မကျရောက်စေချင်ပါဘူး။ စစ်အာဏာရှင် ဖက်ဆစ်လက်သစ် လက်အောက်ကနေ လုံးဝလွတ်မြောက် ရေးအတွက် ဆင်နွဲနေတဲ့ တော်လှန်ရေးကြီးဟာ မပြီးဆုံးသေးပါဘူး။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက ဘယ်လိုပဲ အကူအညီ ပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည်ဖြစ်စေ ကျနော်တို့ ပြည်သူတွေကိုယ်တိုင် လွတ် မြောက်ရေးတိုက်ပွဲ ဆင်နွဲကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့ လက်အောက်က၊ ဖက်ဆစ်ဂျပန် လက်အောက်က လွတ်မြောက်ရအောင် ကျနော် တို့ ဘိုးဘေးတွေ အဖေတွေ နောင်တော့်နောင်တော်တွေ တိုက်ခိုက်ခဲ့ကြ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသလို အမျိုးသားစစ်အာဏာရှင်စံနစ်အောက်က အပြီးတိုင်လွတ်မြောက်ပြီး ဒီမိုကရေစီလူ့ဘောင်သစ် တည်ဆောက် နိုင်ရေးအတွက်လည်း ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအင်အားစု၊ ကျောင်း သား၊ အလုပ်သမား၊ လယ်သမား ပြည်သူတွေအားလုံးက တညီတညွတ်တည်း ပေါင်းစည်းတိုက် ပွဲဝင်ကြ၊ စွန့်လွှတ်အနစ်နာခံကြရပါလိမ့်မယ်။ လက်နက်ရှိသူရော လက်နက်မရှိသူရော အကြမ်းနည်း အနုနည်း ရနိုင် သမျှ တော်လှန်ရေးနည်းနာတွေ အားလုံးကို အသုံးပြုပြီး တော်လှန်ရေးကြီးတရပ် မလွှဲမသွေ ဆင်နွှဲကရပါ လိမ့်မယ်။ အဲ့ဒါကြောင့် ၁။ စစ်အစိုးရ ပြုတ်ကျရေး၊ ၂။ စစ်အစိုးရ ပြုတ်ကျရေး၊ ၃။ စစ်အစိုးရ ပြုတ်ကျရေးသာ ဖြစ်ပါတယ်လို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
စိုးနေလင်း
Ref; Ethnic Minorities Are Still Pawns of the Junta. (Subhatra Bhumiprabhas, The Nation)
Critics Skeptical of Burma’s retification of ASEAN Charter (Mungpi)
Posted by Baganland at 7:26 PM 0 comments
Labels: ဆောင်းပါး
မြန်မာနိုင်ငံ၏ ဗြူရိုကရေစီ ကပ်ဘေး
မကြာသေးမီက မြန်မာစစ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ သွားရောက်အကူအညီ ပေးခွင့်ကို ထပ်မံ ပိတ်ပင်လိုက်ပြန်သည်။ ဤအခြအနေက မြန်မာနိုင်ငံအနေဖြင့် ကျရှုံးနိုင်ငံ (failed state) တခုအဖြစ်သို့ နစ်မြုပ် ကျဆင်းဖွယ် အခြေအနေကို ထပ်မံဖော်ပြလိုက်သည့် ၀မ်းနည်းဖွယ် သက်သေပြချက်တခု ဖြစ်နေတော့သည်။
ဇွန်လ ၉ ရက်နေ့က မြန်မာစစ်ဗိုလ်ချုပ်များက ဗြူရိုကရေစီကန့်သတ်ချက်အသစ်များ ထပ်မံချမှတ်၍ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ အကူအညီများ မရောက်နိုင်ရန် ထပ်မံ၍ ချုပ်ချယ်ခဲ့ပြန်သည်။ ဤလမ်းညွှန်ချက်အသစ်များအရ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များ အားလုံးသည် ခရီးသွားလာရန်နှင့် အကူအညီပေးရန် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများမှ သီးသန့်ခွင့်ပြုချက်များ ကြိုတင်၍ တောင်းခံရမည်ဟု ဆိုထားပြန်သည်။
ကယ်ဆယ်ရေးအဖွဲ့အစည်းများတွင် တာဝန်ယူနေကြသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာနတို့မှ တရားဝင်ခွင့်ပြုချက် လက်မှတ်များ ရယူကြရမည် ဖြစ်သည်။
မြန်မာအဖွဲ့အစည်းများသည်လည်း ဒေသခံ အာဏာပိုင်များ၊ ရဲများ၊ စစ်တပ် စစ်ဆေးရေးဂိတ်များနှင့် ကြုံတွေ့ဆက်ဆံနေ ကြရပြီး၊ ထိုသူများက နောက်ကွယ်တွင် လာဘ်တောင်းခံသည်နှင့်လည်း မကြာခဏဆိုသလို ကြုံနေရပြန်သည်။
တချိန်တည်းမှာပင် စစ်သားများက "ခရီးသွားလာခွင့် လက်မှတ် မရှိသူ" များကို ထိန်းသိမ်းဖမ်းဆီးခြင်းများ ပြုနေပြီး၊ မေလ ၂-၃ မုန်တိုင်းတိုက်ခတ်ပြီးစဉ် ကာလများကတည်းကစ၍ အရဲစွန့် ကူညီပေးခဲ့ကြသူများကိုလည်း ဖမ်းဆီးနေကြပြန်သည်။ နာမည်ကြီး အနုပညာရှင်တဦးဖြစ်သူနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သူ ကိုဇာဂနာမှာ မြစ်ဝကျွန်းပေါ်ဒေသ အတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်နေခဲ့သူတဦး ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှ စ၍ ဖမ်းဆီး အကျဉ်းချခံထား ခံခဲ့ရသည်။
အလားတူပင်၊ ယခင် အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေးမှာလည်း မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး အကူအညီများ ဝေငှပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။ တနေ့တည်း မှာပင် "သေဆုံးသူများကို မြှုပ်နှံပေးသူအုပ်စု" ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားကြသည့် အဖွဲ့မှ အခြားစေတနာ ၀န်ထမ်း ကယ်ဆယ်ရေးလုပ်သား ၇ ဦးလည်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ မြှုပ်နှံပေးပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။
ယနေ့တိုင် စစ်အစိုးရက ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ သူတို့၏ မိသားစုဝင်များကလည်း ပျောက်ဆုံးသွားကြသူများအတွက် စိုးရိမ်ပူပန်နေကြရပါသည်။
လေ့လာသူများက သုံးသပ်ကြသည်မှာ ဤသို့ဖမ်းဆီးမှုများသည် ပြည်တွင်းမှ ကိုဇာဂနာကဲ့သို့သော လေးစားဖွယ် ရှိသူများ၊ လူအများ ယုံကြည်ခံရသူများထံသို့ ပြည်ပရှိ မြန်မာလူမျိုးများနှင့် နိုင်ငံတကာမှ ပံ့ပိုးလှူဒါန်းသူများက ငွေကြေးများ ဆက် လက်ထောက်ပံ့ပေးပို့နေသည်နှင့် စပ်ဆိုင်မှု ရှိမည်ဟု ယူဆကြပါသည်။ ထိုသူများက အစိုးရဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့များထံသို့ မလှူဒါန်းကြဘဲ အောက်ခြေလူထုအဖွဲ့များထံသို့သာ လှူဒါန်းလိုကြသည်ကို အစိုးရက မကြည်ဖြူဖြစ်နေပုံ လည်း ရှိပါသည်။
အစိုးရ၏ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ၌ ပြည်တွင်းမှ လှူဒါန်းမှု များအားလုံးသည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မီတီ၊ သို့မဟုတ် ၎င်း၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများသို့သာ လှူဒါန်းရမည်ဟုလည်း ဖော်ပြထားခဲ့သည်။
ယခုအခါ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အလှူရှင်အများစုက ပြောကြရာတွင် အစိုးရ၏ အတားအဆီး အကန့်အသတ်များ၊ အညိုအညင်ပေးမှုများကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သူတို့ စိတ်ကုန်နေကြပြီဟု ဆိုလာခဲ့သည်။
ဤအခြေအနေများအောက်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက အရေးပါသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအဖြစ် ပို၍ တက်ကြွသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။ ၎င်းရဟန်းတော်များက ပုဂ္ဂလိကအလှူရှင်များနှင့် အမှန် တကယ် လိုအပ်နေသူများအကြား ကြားခံအဖြစ် ပေါင်းကူးဆောင်ရွက်ပေးနေကြသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှာ မေလ ၂-၃ ရက်နေ့များ၊ မုန်တိုင်းတိုက်ခတ်ပြီးချိန် ကာလမှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် စောင့်ရှောက် ရေးစခန်းများအဖြစ် ခိုလှုံခွင့်ပေးထားခဲ့ကြသည်။ အစိုးရဌာနများက လျစ်လျူရှုထားကြသည့် အချိန်၌ ဒုက္ခရောက်လာသူ များက ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံရာ နေစရာ၊ အစားအသောက်၊ ဆေးဝါးကုသမှုနှင့် နွေးထွေးမှု အကြင်နာ တရားတို့ကို ရရှိခံစားနိုင်ခဲ့ကြသည်။
ပို၍ စိုးရိမ်ဖွယ် ရှိနေသောကိစ္စတခုမှာ၊ အကယ်၍ မြစ်ဝကျွန်းပေါ်ဒေသတွင် ဆန်စပါးစိုက်ပျိုးရေးအတွက် လယ်သမားများ သာ အချိန်မီ ပြန်မစတင်နိုင်ခဲ့ပါက ယခုနှစ်တွင် ဆန်စပါးရှားပါး ပြတ်တောက်မှု ကြုံရနိုင်သေးသည့် အခြေအနေ ဖြစ်သည်။ စပါးစိုက်ရာသီမှာ ဇွန်လဆန်းပိုင်းတွင် စတင်လေ့ရှိကြပြီး၊ ကျွဲနွားများသုံး၍ ထွန်ယက် စိုက်ပျိုးကာ အောက်တိုဘာလတွင် ရိတ်သိမ်းလေ့ရှိကြသည်။ အခုအချိန်တွင် စပါးစိုက်ရန် အချိန်လွန်နေခဲ့ပြီဟု ကျွမ်းကျင်သူများကလည်း သတိပေးနေကြ သည်။
မြန်မာ စစ်အစိုးရက အတောမသတ်နိုင်သည့် ဟန့်တားမှုများ၊ ဗြူရိုကရေစီအရ တင်းကျပ်မှုများ၊ ပိတ်ဆို့မှုများ ဆက်လက် ဆောင်ရွက်နေသောကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအတွက် ထူထောင်ရေးလုပ်ငန်းများ ပို၍ အခက်အခဲ ဖြစ်နေစေရာ ဒုက္ခသည်များမှာ များမကြာမီကာလတွင် ထိုင်းနိုင်ငံတွင်းသို့ အစုအပြုံလိုက်ဝင်ရောက် ခိုလှုံကြတော့မည့် အရေးကို တွေး၍ အမှန်တကယ် ရင်မအေးဖွယ် ဖြစ်နေကြရပြီ။ ဤသို့သာ စစ်အစိုးရက တာဝန်မဲ့ ဆက်လက်၍ ဆောင်ရွက် နေပါက မူလကတည်းက ဆင်းရဲတွင်းနက်နေရသည့် မြန်မာ နိုင်ငံအဖို့၊ ပိုမို ပြင်းထန်သည့် လူမှုရေး၊ စီးပွားရေး ကပ်ဘေး ဒုက္ခများ ချောက်တွင်းသို့ ထိုးကျဆင်းရဖွယ် ရှိနေပါတော့သည်။
ရဲနည်ရေးသားသည့် Burma's Bureaucratic Abyss ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
Posted by Baganland at 9:15 PM 0 comments
Labels: ဆောင်းပါး
ဟန်လုပ်ခဲ့သမျှ ဘူးပေါ်ခဲ့ရသည့် မြန်မာ့တပ်မတော်
ဆယ်စုနှစ် ၂ ခုကြာမျှ တပ်မတော်အင်အားကြီးထွားရေးအတွက် စစ်အစိုးရက ကျားကုတ်ကျားခဲ လုံးပမ်းနေခဲ့သော်လည်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် အမိန့်ပေးစနစ်မှစ၍ အောက်ခြေဖွဲ့စည်းပုံများအားလုံး၏ အရာမထင်ဖြစ်နေရသေး သော အခြေအနေများကို မြင်သာစေခဲ့ပြီဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင်များက လက်နက်ဆန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် ခေတ်မီတပ်မတော်ကြီး တည်ဆောက်လို ကြသည်။ သို့သော်လည်း လွန်ခဲ့သည့်လက သဘာဝကပ်ဘေးဒုက္ခကြီး ကျရောက်ခဲ့ရာတွင် စစ်ခေါင်းဆောင်များက သူတို့၏ စစ်တပ်ကို နှိုး၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသုံးမပြုနိုင် ဖြစ်ခဲ့ရသည်။ ဂျက်တိုက်လေယာဉ်များ မဆိုထားနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း သင့်ခဲ့ရသူ ဒုက္ခသည်ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရဟတ်ယာဉ်များနှင့် စစ်သင်္ဘောများပင် အလုံအလောက် ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိပါ။
မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၂ ရက်၊ ၃ ရက်နေ့များတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ဖျက်ဆီးခဲ့ပြီးသည့်နောက် ရက်အနည်းငယ်ကြာသည့်တိုင် အကူအညီပေးရန် လာကြသည့် စစ်သားများကို မမြင်တွေ့ခဲ့ကြရပါ။ တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များထံမှလည်း မည်သည့်အမိန့်မျှ မရရှိခဲ့ကြပါ။
မြန်မာနိုင်ငံ၏ မှတ်မိသိရှိနိုင်သမျှသော သမိုင်းတလျှောက် အကြီးမားဆုံး မုန်တိုင်းကြီးတိုက်ခတ် ဖျက်ဆီးခံရသည့်တိုင် မြန်မာ့တပ်မတော်၏ စစ်သားများမှာ သူတို့၏ စစ်တန်းလျားများအတွင်း၌သော်လည်းကောင်း၊ တိုင်းရင်းသား သူပုန် အင်အားစုများနှင့် ဆင်နွှဲနေသည့် ချေမှုန်းရေး စစ်ပွဲများ၏ ရှေ့တန်းစစ်မျက်နှာတွင်လည်းကောင်း မည်သို့မျှ မသက်ဆိုင်သလို ရှိနေခဲ့ကြသည်။
သို့သော်လည်း တချို့က စစ်တပ်အနေနှင့် ဤသို့ လုံးဝလှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေခြင်းမှာ စစ်အစိုးရ ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ဖြင့် ညွှန်ကြားချက်မပေးဘဲ လေဘေးဒုက္ခသည်များကို သူတို့ဘာသာ ရုန်းကန်ကြစေရန် ပစ်ထားလိုခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း အမြင့်ပိုင်းဌာနများ၌ ဆက်သွယ်ရေးစနစ်များနှင့် အမိန့်ပေးစနစ်များ ပြတ်တောက် ခဲ့ပုံရပါသည်။
မည်သို့ပင် တွက်ချက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ အမျိုးသားဘဏ္ဍာ အများစုကို ရရှိသုံးစွဲနေကြသည့် တပ်မတော်တခုထံမှ မျှော်လင့်ထားနိုင်သည့် တုန့်ပြန်မှု မဟုတ်ပါ။
လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာ့တပ်မတော်ကို အလျင်အမြန်တိုးချဲ့လာနေမှုကြောင့် အိမ်နီးချင်းနိုင်ငံများက စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်နေခဲ့ရသည်။
မြန်မာ့တပ်မတော်ကို ၁၉၈၈ ခုနှစ်မှ စတင်၍ တိုးချဲ့ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၀ က မြန်မာ့တပ်မတော်၏ အင်အားမှာ ၁၈၀၀၀၀ သာရှိပြီး ယခုအချိန်တွင် အင်အား ၄၀၀၀၀၀ နီးပါး ရှိနေပြီဟု ယုံကြည်ရသည်။
ယန္တယား ရုပ်ဝတ္ထုပစ္စည်း အနေအထားအရလည်း များစွာ ပို၍ ပိုင်ဆိုင်လာနေခဲ့ပြီ ဖြစ်သည်။ တင့်ကားများ၊ ဂျက်တိုက် လေယာဉ်များ၊ စစ်သင်္ဘောများကို စစ်အစိုးရအားထားနေရသည့် တရုတ်၊ ရုရှား၊ စင်္ကာပူ၊ ပိုလန်၊ ယူကရိန်း၊ အစ္စရေးလ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများမှ ၀ယ်ယူဖြည့်ဆည်းခဲ့ကြသည်။
၁၉၈၈ ခုနှစ်က မြန်မာ့ရေတပ်တွင် စစ်သင်္ဘော အစီး ၁၀၀ ခန့်သာ ရှိပြီး အများစုမှာ အိုမင်း ပျက်စီးနေပြီဖြစ်သည်။ ယခုအခါ ဗျူဟာစစ်ရေယာဉ်စုဟုခေါ်သည့် ဖယ်ရီဂိတ်တိုက်သင်္ဘောများ၊ ကမ်းရိုးတန်း သွား စစ်ရေယာဉ်များ၊ မြစ်တွင်း တိုက်ရေ ယာဉ်များ၊ ကမ်းတက်ယာဉ်များကို တရုတ်နှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့မှ ၀ယ်ယူ ဖြည့်ဆည်းခဲ့ကြသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ရှည်လျားလှသည့် ကမ်းရိုးတန်းတလျှောက်တွင် စစ်တွေ၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်၊ မြိတ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၌ ရေတပ် စခန်းဌာနချုပ်များ ဖွင့်လှစ်ကာ စောင့်ကြပ်နေနိုင်ပြီ ဖြစ်သည်။
၁၉၈၈ ခုနှစ်မှစတင်၍ လေတပ်ကိုလည်း အလျင်အမြန် တိုးချဲ့လာခဲ့သည်။
၁၉၈၀ ပြည့်နှစ်များက မြန်မာ့လေတပ်၏ ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ် အများစုမှာ ပျံသန်း၍ မရကြပါ။ ကရင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်နယ်ရှိ သူပုန်နှိမ်နင်းရေး တို့အတွက်ပင် ပြုပြင်မွမ်းမံထားသည့် အမောင်းသင်လေယာဉ် များကို သုံး၍ ပံ့ပိုးခဲ့ကြရသည်။
၁၉၈၈ ခုနှစ်မှစတင်၍ မြန်မာ့လေတပ်ကို ခေတ်မီစေရေးအတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ စစ်လေယာဉ်သစ်များ ၀ယ်ယူ ဖြည့်ဆည်းခဲ့ကြသည်။
စစ်အစိုးရက ရုရှားနိုင်ငံလုပ် အမ်အိုင်ဂျီ-၂၁ နှင့် အဆင့်ညီသော အက်ဖ်-၇ ဂျက်တိုက်လေယာဉ်များ၊ အေ-၅ စီ အမျိုးအစား လေကြောင်းအကူနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံမှ အမ်အိုင်-၇၊ အမ်အိုင်-၁၂၊ အမ်အိုင်-၂၊ အမ်အိုင်-၈ ရဟတ်ယာဉ် များလည်း ၀ယ်ယူခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် မြန်မာ့လေတပ်က ရုရှားနိုင်ငံမှ အမ်အိုင်ဂျီ-၂၉ အမျိုးအစား ဂျက်တိုက်လေယာဉ် တအုပ်ကိုပင် ၀ယ်ယူခဲ့ကြသေးသည်။
ဤတိုးချဲ့ထားသော လေယာဉ်များကို စီမံထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံတ၀န်းတွင် လိုအပ်သည့် စစ်အပိုပစ္စည်းများ ရရှိစေရန် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ လေတပ်စခန်းဌာနချုပ်များ တိုးချဲ့တည်ဆောက်ထားခဲ့ကြသည်။ မြန်မာ လေတပ်က အမိန့်ပေးစနစ်သစ်နှင့် ထိန်းချုပ်မှု စနစ်သစ်ကိုပင် စတင်ကျင့်သုံးခဲ့ပြီး လေယာဉ်မှူးများနှင့် မြေပြင်အကူတပ်ဖွဲ့ များကို လေ့ကျင့်မှု အမျိုးမျိုး ပေးခဲ့ကြသည်။
ဤသို့ အဆင့်မြှင့်ခဲ့သော်လည်း လေ့လာသူများက မြန်မာ့တပ်မတော် (လေ) နှင့် (ရေ) အနေဖြင့် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာမျိုးစုံ ကြုံတွေ့နေရသည်ဟု သုံးသပ်ကြသည်။ လိုအပ်သည့် စက်အပိုအစိတ်အပိုင်းများ မရရှိနိုင်ကြသကဲ့သို့ လောင်စာဆီ ရှားပါးမှု၊ နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှားယွင်းမှုများ အဖုံဖုံ တွေ့ကြုံနေရသည်ဟု ဆိုသည်။ ဂျက်တိုက် လေယာဉ်များနှင့် ရဟတ်ယာဉ်များသည်လည်း မကြာခဏဆိုသလို ပျက်ကျ ခဲ့ကြသည်။ ပျံမရဘဲ ရပ်နားထားကြရသည် လည်း ရှိသည်။
တရားဝင်ဖော်ပြကြေညာထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အစီး ၆၀ နှင့် ဂျက်တိုက်လေယာဉ်၊ ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် ဆယ်ဂဏန်းအချို့ ရှိနေပါသည်။ သို့သော်လည်း မေလအတွင်း မြန်မာနိုင်ငံ ကပ်ဘေးဒုက္ခသင့်ခဲ့ရသည့် အချိန်တွင် ဤလေယာဉ်များ၊ ရဟတ်ယာဉ်များ ပျောက်ချင်းမလှ ပျောက်နေခဲ့ကြသည်။
လွန်ခဲ့သည့်လက မြန်မာကမ်းရိုးတန်းအနီးသို့ ပြင်သစ်စစ်သင်္ဘောနှင့် အမေရိကန် စစ်သင်္ဘောများ ကယ်ဆယ်ရေးတာဝန် ဖြင့် ကပ်လာကြချိန်တွင် မြန်မာ့တပ်မတော် (ရေ) နှင့် (လေ) တို့က မလှုပ်မရှားနိုင် ဖြစ်နေခဲ့ကြသည်။ နိုင်ငံရပ်ခြား စစ်သင်္ဘောများကို တန်ပြန်ရန်အတွက် လှုပ်ရှားမှုများ ပြုနိုင်ခြင်း မရှိခဲ့ကြသလို ကင်းထောက်လေယာဉ်များပင် ထွက်၍ ပျံသန်းထောက်လှမ်းနိုင်ခြင်း မရှိခဲ့ကြပါ။
နေပြည်တော်ရှိ ခေါင်းဆောင်များနှင့် ရေတပ်၊ လေတပ်၊ စစ်တိုင်းဌာနချုပ်များအကြားရှိ အမိန့်ပေးစနစ်မှာ လုံးဝ လေငန်းမိ၊ အကြောသေနေခြင်း မဟုတ်လျင်သော်မှ သက်ဝင်ထိရောက်မှု မရှိခဲ့သည်မှာ သေချာပါသည်။
နောက်ဆုံး စစ်အစိုးရက မြစ်ဝကျွန်းပေါ်အရေးကို ကိုင်တွယ်နိုင်ရန် လူယုံတဦးကိုလွှတ်၍ ကြီးကြပ်စေခဲ့၏။ မုန်တိုင်း တိုက်ခတ်ဖျက်ဆီး၍ တပတ်ကြာပြီးနောက်မှ ဗိုလ်မှူးချုပ်မောင်မောင်အေး ကွပ်ကဲသည့် တပ်မ-၆၆ ရောက်လာခဲ့သည်။ ဗိုလ်မှူးချုပ် မောင်မောင်အေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု ယူဆရပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့ဆန္ဒပြ ပွဲများကို ချေမှုန်း နှိမ်နင်းစဉ်ကလည်း ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။
လွန်ခဲ့သည့် အပတ်က စစ်အစိုးရ၏ တပ်ရာထူး အပြောင်းအလဲများ ကြေညာခဲ့ရာ တပ်မတော် (ရေ) ကာကွယ် ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးသိန်းကို အမှတ် (၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး ဤသို့ တာဝန်ပြောင်း လဲပေးအပ်ခြင်းအတွက် မည်သို့မျှ ရှင်းလင်းခြင်း မရှိခဲ့ပါ။
ထိုအချိန်မှစ၍ မြန်မာ့အရေးလေ့လာသူများနှင့် အတိုက်အခံ အင်အားစုများအကြား စစ်အာဏာရှင်များအတွင်း ရာထူး တာဝန်များ ပြောင်းလဲခဲ့ရခြင်းအတွက် ထင်ကြေးပေး သုံးသပ်မှုများ၊ ကောလာဟလများ ဖြစ်ပေါ်လာခဲ့ရသည်။
တချို့က ဒုဗိုလ်ချုပ်ကြီးစိုးသိန်းသည် မုန်တိုင်းသင့်ပြည်သူများကို ကယ်ဆယ်နိုင်ရေးအတွက် နိုင်ငံခြား သင်္ဘောများ ၀င်ရောက်ခွင့် မပြုသည့် ကိစ္စအပေါ် မကျေလည်ဟု ထင်မြင်ကြသည်။ ထိုမျှမက ဟိုင်းကြီးကျွန်းရေတပ် စခန်းဌာနချုပ်တွင် လေမုန်တိုင်းအတွင်း သေဆုံးခဲ့ကြရသည့် ရေတပ်ရဲဘော်များကို သင်္ဂြိုဟ်မြှုပ်နှံခွင့် မပြုသည့်ကိစ္စ အပေါ်တွင်လည်း သူက ဒေါသထွက်ခဲ့သည်ဟု သတင်းအရ ပြောဆိုကြပါသည်။
တချို့ကမူ အမေရိကန်နှင့် ပြင်သစ်စစ်သင်္ဘောများကို တန်ပြန်နိုင်ရန်အတွက် သင်္ဘောများ စေလွှတ်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ သည့်အပေါ် သူ၏ စွမ်းဆောင်ရည်ကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက မကျေမနပ်ဖြစ်နေကြသည် ဟု ဆိုကြသည်။ နိုင်ငံခြား စစ်သင်္ဘောများကမူ မြန်မာ့ရေပိုင်နက်အလွန်တွင် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက် စောင့်ဆိုင်းနေကြသည်။
မြန်မာတပ်မတော်အတွင်းတွင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ကာလမှစ၍ တပ်မတော် (ကြည်း) နှင့် ရေတပ်၊ လေတပ်များ အကြား မယုံသင်္ကာ သံသယများနှင့် မကျေလည်မှုများ ရှိနေခဲ့ကြသည်။ ထို ဒီမိုကရေစီ အရေးတော်ပုံတွင် ရေတပ်နှင့် လေတပ်မှ အရာရှိ၊ အကြပ်တပ်သားများ ပူးပေါင်းခဲ့ကြဖူးသည်။
မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက မကြာခဏဆိုသလို တပ်မတော်ကို ခေတ်မီ အင်အားကြီးထွားအောင် တိုးချဲ့ နေရခြင်းမှာ ပြည်ပကျူးကျော်မှုရန်ကို ကာကွယ်နိုင်ရန်အတွက်ဟု ကိုးကားပြောဆိုနေခဲ့ကြသည်။ စစ်အစိုးရခေါင်းဆောင် များက အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများ၊ အနောက်တိုင်း အင်အားကြီးနိုင်ငံများ၏ ရန်ပြု ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကိုလည်း လူသိရှင်ကြား ပြောဆိုခဲ့ကြဖူးသည်။
သို့သော် လွန်ခဲ့သည့်လက စွမ်းဆောင်နိုင်ရည်ကို ပြန်ကြည့်လျင် မြန်မာ့တပ်မတော်က ပြောဆိုမျှော်မှန်းထားသည့် တုန်လှုပ် ခြောက်ခြားဖွယ် တပ်ဖွဲ့မျိုးဖြစ်ရန် များစွာ ဝေးနေပါသေးသည်။ ကြည်း၊ ရေ၊ လေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုက ညံ့ဖျင်းလွန်းလှပြီး နောက်ဆုံး လေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိခဲ့ကြပါ။
မည်သို့ပင်ဆိုစေ လက်နက်မဲ့ သာမာန်ပြည်သူများနှင့် ဆင်းရဲတွင်းနက်နေကြသူများအတွက် တပ်မတော်သည် ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း ရှိသေးသော ဖိနှိပ်ရေးကိရိယာတခု၊ အင်အားတခု ဖြစ်နေပါသေးသည်။ သို့သော်လည်း သဘာဝကပ် ဘေး ဖြစ်စေ၊ တခြားသော ပြည်ပအန္တရာယ်ဖြစ်စေ ခြိမ်းခြောက်မှုများနှင့် ကြုံလာရလျင်မူ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် များအနေနှင့် သဘောထားကွဲလွဲနေပြီး ပူးပေါင်းဆောင်ရွက်မှု မရှိကြဘဲ ပြတ်တောက် ဆိုးရွားသည့် ဆက်သွယ်ရေးစနစ်များ ကိုသာ အားကိုးအားထား ပြုကြရရုံရှိ၍ အားလုံးအကျိုးနည်း ကြရန်သာ ရှိနေပါတော့သည်။
အောင်ဇော်ရေးသားသည့် The Tatmadaw Exposed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။Posted by Baganland at 9:06 PM 0 comments
Labels: ဆောင်းပါး
Signs of recovery in Myanmar’s cyclone-hit delta
There are encouraging signs that the people of Myanmar are recovering, albeit slowly, in the aftermath of Cyclone
Nargis which hit the country last month.
Asean field teams sent out to survey badly hit areas have reported encouraging scenes of farmers going back to what was left of their padi field, planting seeds in whatever little land they can find.
While food stocks have been depleted – with more than 45 per cent saying they have no food left or just enough food to last a day – many residents are turning to the land to scavenge for whatever food they can find.
Some, the teams reported, were hunting “water field rodents” or padi rats, spearing them in the padi fields.
Others were selling the meager possessions they had left to rebuild their business.
“This is not pretty, but it is about people making do,” one team member wrote in the reports.
These were some of the findings of the assessment teams that were jointly sent out by Asean, the Myanmar government and the United Nations after a donor conference was held in Yangon on May25.
The team’s reports were presented to the Asean Roundtable in Yangon.
Some 350 people have spent the last three weeks surveying more than 380 villages in the Irrawaddy delta, which bore the brunt of the cyclone’s fury.
They found villagers rebuilding not only their homes, but also the areas around around it. Some fill potholes in roads with rocks, grinding them down to make them level, while others are reopening roadside stalls.
Farmers have also started planting rice, tomatoes and eggpants.
“Everywhere, there is activity,” wrote one team.
“The cyclone-damaged shops are open for business; fruit hawkers line the roads and workmen busy themselves repairing smashed houses.
One team even reported people catching the latest Euro Cup 2008 matches on television, and young men strumming guitars and singing at the roadside.
The signs of recovery are a stark contrast to the alarming warnings sounded by aid agencies in the first few weeks after the disaster, when the Myanmar government had refused foreign aid.
Many experts had then warned of death tolls rising warned of death tolls rising as a result of disease, starvation and exposure to the elements. So far, it appears, the predictions have not come true.
“They’re generally okay, they’re recovering” one local journalist who did not want to be named said of survivors. “But what’s needed now is more food, clothes, shelter, everything.”
But the worst is not over despite positive developments reported by the assessment teams.
They said widespread cough, fever and diarrhoea – the most common diseases – affected at least one in three villagers surveyed.
Almost two in three lack access to clean water, and now depend on rainwater; the ponds that they used to rely on have become too salty because of the seawater.
Many farmers and fisherman have been left unemployed, their sources of income literally swept away.
Making the aid effort even more difficult is the heavy rain that continues to pour during the monsoon season, turning already muddy tracks into slush and causing floods to inundate more homes.
Aid trucks, said the assessment teams, were losing up to half a day caused by bad weather.
The local journalist also said that rural areas, such as those accessible only by boat, in particular were not getting the aid they needed because of bad weather.
All these, noted one assessment team, pointed to a slow recovery.
Posted by Baganland at 6:17 PM 0 comments
Labels: ဆောင်းပါး
စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး (ဆောင်းပါး)
စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။
မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။
အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။
အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်
၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။
၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
တချို့ လူငယ်တွေကတော့ သူ့ရဲ့ မိဘ၊ မောင်နှမများ အားကိုးနဲ့ အမေရိကားကို အထူးသဖြင့် ပညာသင်ဖို့ ရောက်လာတာပါ။ မိဘ၊ ဦးလေးများက အမေရိကားကို စောစီးစွာ ရောက်နေတဲ့အတွက် ဂရင်းကဒ် (သို့မဟုတ်) အမေရိကန် နိုင်ငံသား ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ နှလုံးသားကို ရပြီးသူ လူငယ်ခမြာ ဘာမှ ကြိုးစားစရာ မလိုဘဲ ဖြုတ်ကနဲ ရောက်လာပါတယ်။ မြန်မာတွေ အမေရိကား ရောက်ချိန်မှာ ကိုယ့်ဆွေမျိုးစာရင်းကို အင်မီဂရေးရှင်းမှာ ရေးတင်ရတော့ သူတို့ ချစ်ခင်တဲ့ တူ၊တူမ၊ မောင်နှမ နာမည်တွေကို ကောက်ရေး ထည့်ထားလိုက်တယ်။ အဲ - တနေ့ သူအဆင်ပြေတဲ့ အချိန်တော့ အမေရိကားကို အဲဒီလူတွေ ခေါ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ခေါ်ဖို့ တင်ပေးလိုက်တာကြောင့် ဘ၀ပေးကုသိုလ် (ရှေ့ဘ၀ ကံ၊ တနည်းအားဖြင့် ဘုရားသခင် ကောင်းချီးရရှိသူ) လူငယ်များ မြန်မာတိုင်း တမက်တမော သွားချင်တဲ့ အမေရိကားကို ရောက်လာရတယ်။
သူတို့ကိုတော့ အမေရိကား အရင်ရောက်နှင့်တဲ့ အဒေါ်၊ ဦးလေး၊ အမေ၊ အမေများက ကျောင်းပဲ တက်ခိုင်းတယ်။ ဒီလူငယ်တွေကလည်း အလုပ်ပဲလုပ်ပြီး ပိုက်ဆံရချင်တယ်။ အိမ်မှာထိုင်ပြီး စားသောက်၊ ပညာသင်၊ အဒေါ်ဦးလေး ပူညံ ပြောဆိုတာတွေ၊ အိမ်အလုပ်တွေ ဘယ်လုပ်ချင်မလဲ၊ ဒီတော့ ပါးစပ် အပြောမတတ်တဲ့ အဒေါ်ဦးလေးအိမ်က ထွက်ပြီး ကိုယ်ဖာသာ အပြင်မှာနေ၊ ကျောင်းမတက်တော့ဘဲ တလကို ဒေါ်လာ၂၀၀၀ လောက် ရတဲ့အလုပ်တွေမှာ ၀င်လုပ်တယ်။ ကားကောင်း ၀ယ်စီးတယ်။ အိမ်မှာ စတီရီယို ဟိုင်ဖိုင်၊ တီဗီတွေ ၀ယ်ယူ ဇိမ်ခံပြီး လောကကျေးကွန်ဘ၀ ရောက်သွားတယ်။ Rich Dad - Poor Dad စာအုပ်ကို ဖတ်ရင် ဒီလူငယ်များ သိပ်ကြိုက်ပေါ့။ လူတိုင်း သူဌေး ဖြစ်နိုင်တယ်။ မင်းလည်း သူဌေးဖြစ်မယ်ဆိုတဲ့ အယူအဆပါ။ ဟုတ်ပါတယ်။ သူဌေးအကျင့်အတိုင်း ကျင့်နိုင်ရင်တော့ သေချာပေါက် သူဌေးဖြစ်ပါတယ်။ ဒါပေမဲ့ မိဘ၊ ဆွေမျိုးက အစိုးရ၀န်ထမ်း၊ သာမန်လုပ်ငန်းရှင်၊ သာမန်ဘွဲ့ရ မိဘရဲ့ သားသမီးက ဘယ်လိုလုပ်ပြီး သူဌေးအကျင့် ရပါမလဲ။ သူဌေး (သို့မဟုတ်) သူဌေးသားနဲ့ သွားပေါင်းရင် သူတို့ကျွန်ဘ၀ပဲ ရောက်ရုံပဲဆိုတော့ သူဌေးကျွန် မဖြစ်ချင်တဲ့ ဒီလူငယ်လဲ သူဌေးမဖြစ်ဖို့ လမ်းများပါတယ်။
ကြုံလို့ပြောရရင် အခု အမေရိကားမှာ သမ္မတလောင်း အိုဘားမား တော်တော် နာမည်ကြီးနေပါတယ်။ လူမဲအမျိုးသား ပထမဆုံးသော သမ္မတလောင်းပဲ။ ဒီမိုကရက်တစ် ပါတီကြီးက အရင် သမ္မတကတော် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး ရေပန်း အရမ်းစားနေပါတယ်။ နောက် နာမည်ကြီး လူမဲ အမျိုးသမီးကတော့ သမ္မတ ဂျော့ဘွတ်ခ်ျရဲ့ လက်စွဲ၊ အကြံပေး အရာရှိနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီစာ ရိုက်စ် ပါ။ အဲဒီလူမဲ နာမည်ကြီးတွေဟာ ငယ်စဉ်ဘ၀က အမေရိကားမှာ အနှိမ်ခံခဲ့ရပါတယ်။ သူတို့လည်း ဘ၀နာခဲ့တော့ လူဖြူတွေ လေးစားပြီး၊ တန်းတူအခွင့်အရေး ဖြစ်သွားအောင် ဘာလုပ်ရမလဲ စဉ်းစားတော့ သူတို့ရဲ့ အဖေပြောတယ် - ဆင်းရဲ၊ နှိမ့်ကျခြင်းက ထာဝရ လွတ်မြောက်အောင် "ပညာကို အစွမ်းကုန်ကြိုးစား၊ လေ့လာလိုက်စားခြင်း" တခုတည်းရှိတယ်လို့ ဆုံးမပြောဆိုခဲ့တယ်။
သူတို့ နှစ်ယောက်ကလည်း လက်ခံပြီး ငယ်ရွယ်စဉ်မှာပဲ ပညာကို ထွန်းပေါက်အောင် အရမ်းကြိုးစားတယ်။ နှိမ့်ချစွာ ဆရာကောင်းများနဲ့ ကြိုးစားတော့ အောင်မြင်မှုကို ရရှိတယ်။ အခုဆိုရင် လူဖြူတွေ ကြီးစိုးတဲ့ အမေရိကားမှာ အစိုးရ ထိပ်တန်းရာထူးတွေကို လူမည်းတွေ ရယူနိုင်ခြင်းဟာ စံပြသက်သေ ဖြစ်ပါတယ်။ ရှေးကမ္ဘာဦးကတည်းက ကြိုးစားတဲ့ သူကိုပဲ မြှောက်စားတဲ့ ပုံသက်သေ ဥပမာတွေ အများကြီးပါ။
မိဘ ဆွေမျိုးမရှိပေမဲ့လည်း ကြိုးစားချင်တဲ့ စိတ်နဲ့ အမေရိကား ထွက်လာသူ၊ ရှိပါရက် မိမိဖာသာ ကြံဖန် ကြိုးစားထွက်လာတဲ့ လူငယ်တွေ အများကြီးပါ။ ဒီနေရာမှာ အကြံတခု ပေးချင်တာကတော့ မသွားခင်မှာ အသေအချာ လေ့လာစုံစမ်းပါ။ မေးမြန်းပါ။ စနစ်ကျတဲ့ ပြင်ဆင်မှု ပြုလုပ်ပါ။
ဒါကြောင့် အမှတ်စဉ် (၁) လူငယ်များကိုတော့ ပညာကြိုးစားဘို့ တိုက်တွန်းပါတယ်။ အမေရိကားကို ဗီဇာရဖို့ မိဘဆွေမျိုး ခေါ်မဲ့လူမရှိရင် အလွယ်ကူဆုံးကတော့ Student Visa နဲ့လာပါ။ လာပြီးရင် ကျောင်း ပြီးအောင် တက်ပါ။ ငွေရတဲ့ အလုပ်တွေနောက် မလိုက်ဘဲ ကျောင်းတနှစ်ကနေ ၄ နှစ်အထိ ပြီးအောင်တက်မယ် ရဲရဲဆုံးဖြတ်ပါ။ အမေရိကားမှာ ကျောင်းတက်ရင် Part Time အလုပ်လုပ်ခွင့် ရှိပါတယ်။ မိတ်ဆွေတဦးရဲ့ ဆန်ဖရန်စစ္စကို State University မှာ အာဖရိက ဂါနာ၊ အီသီယိုးပီးယားတွေက လာရောက် ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို စကားပြောခွင့် ရပါတယ်။ သူတို့ကို တက္ကသိုယ်က တပတ်မှာ နာရီ ၂၀ အလုပ်လုပ်ခွင့် ပေးတယ်။ တက္ကသိုလ်က ဆရာတွေနဲ့လည်း အဆင်ပြေအောင်နေတော့၊ မိတ်ဆွေ တက္ကသိုယ်ဝန်ထမ်းရဲ့ ဌာနမှာပဲ အချိန်ပိုင်းဝင်လုပ်တော့ သက်သက်သာသာ ကွန်ပြူတာရှေ့ ထိုင်ပြီး တလ ဒေါ်လာ ၁၀၀၀ လောက် ရနေတယ်။ ထောက်ပံကြေး Grant ကလည်း အမေရိကားမှာ သိပ်မခက်လှဘူး။ မြန်မာဆိုရင် ပိုတောင် လွယ်သေးတယ်။ (မြန်မာတွေ စစ်အစိုးရ လက်အောက်မှာ တော်တော်ခံနေရတာ အမေရိကန်များ ဂရုဏာသက်တာ ရှိပါတယ်)။ ဒီတော့ အဲဒီကျောင်းသားတွေ အပြင် စားသောက်ဆိုင်၊ အလုပ်ရုံတွေမှာ သွားလုပ်စရာ မလိုတော့ဘူး။ သွားလုပ်ချင်ရင်လည်း အလုပ်ရှာရတာ လွယ်ပါတယ်။
Student ဗီဇာရရှိပြီး အမေရိကားကိုသာ အရင်ဝင်ခဲ့ပါ။ ကျန်တဲ့ အရာများကတော့ အမေရိကားက မြန်မာတွေကို သေချာပြောပြ အကူအညီ တောင်းရင် စာတကယ် ကြိုးစားမယ့် မြန်မာကျောင်းသားတွေကို ကူညီမယ့် အဖွဲ့အစည်း အများကြီး ရှိပါတယ်။
အပိုင်း (၁) မှာ ရေးခဲ့တာကို ဖြည့်စွက်ပြောရမယ်ဆိုရင်…
အမေရိကားမှာ H1 visa, Student visa, Business visa, Medication visa, Social Charity visa စတာတွေအနက် မြန်မာ Passport ကိုင်ဆောင်ထားသူတွေ အများဆုံး အသုံးချတဲ့ ဗီဇာကတော့ Student Visa ပါပဲ။ လူသိနည်းတဲ့ အမေရိကန် ပြည်နယ်လေးတခုက တက္ကသိုလ် တခုကို ကိုယ့်ကို ခင်မင်သူ တယောက်ရဲ့ Bank Statement တခုနဲ့ အဲဒီ တက္ကသိုလ်ရဲ့ Website ကတဆင့် ဆက်သွယ်ပြီး ကျောင်းဝင်ခွင့် တင်လိုက်ပါ။ အလွယ်တကူ ရပါတယ်။ ဘယ်တက္ကသိုလ်လဲတော့ ကိုယ်နဲ့ နီးစပ်သူတွေကို မေးပါ။ နယူးယောက်၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိ၊ ချီကာဂို စတဲ့မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေတော့ ယောင်ပြီး သွားမလျှောက်လိုက်လေနဲ့၊ ၀င်ခွင့် ရကောင်းရမယ် - အဲ ငွေကတော့ သောက်သောက်လဲ ကုန်သွားလိမ့်မယ်။
ဝင်ခွင့်ရကြောင်း တက္ကသိုလ်က တရားဝင်စာ တလ၊ နှစ်လ နဲ့ ရလိမ့်မယ်။ ရပြီးရင်တော့ စင်္ကာပူ အမေရိကန် သံရုံးကို သွားပြီး ဗီဇာလျှောက်ပေ တော့။ ဘယ်လိုလျှောက်ရမလဲဆိုတာ http://singapore.usembassy.gov/general_information.html အင်တာနက် ၀ဘ်ဆိုဒ်မှာ အသေးစိတ် ရေးထားတယ်။ အမေရိကန်ကတော့ Talent တွေအတွက် လမ်းအများကြီး ရှိတယ်။ Google, Yahoo, Microsft, .. စတဲ့ ကမ္ဘာကျော်တွေ၊ ကမ္ဘာ့ အချမ်းသားဆုံး လူတွေရဲ့ တ၀က်လောက်ကလည်း အမေရိကားမှာ နေကြတော့ သဘောပေါက်နိုင်ပါတယ်။ အဲ - ပျက်စီး၊ ကျဆုံးတဲ့လူတွေလည်း အမေရိကန်မှာ ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး လူကြီး၊ သူငယ်ချင်းကောင်း စကားနားမထောင်ဘဲ ထင်ရာ ဇွတ်လုပ်သူများအတွက်တော့ ငရဲနိုင်ငံကြီးပေါ့။
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။
စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။
သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။
ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။
ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။
အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။
အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။
အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။
ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့ အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး
မနှစ်က စင်္ကာပူက မိတ်ဆွေတယောက် ရောက်လာပါတယ်။ သူက မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းကြီးကို ပိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် အုပ်စု အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာ ဘာမှ လုပ်စားလို့မရတော့ဘူး။ စင်္ကာပူမှာ ငွေသိပ်မကုန်ဘဲ နေထိုင်လုပ်စားဖို့ အရင် ကြိုးစားကြည့်ပါတယ်။ Investment 1 millions ပေးရင်တော့ စင်္ကာပူ ပီအာကို ချက်ချင်း ရပါတယ်။ အရင် ၁၀ နှစ်လောက်ကတော့ Investment 0.1 million ဆိုရင် အီးပီ ချက်ချင်းကျပြီး ပီအာ ဆက်တိုက် ရနိုင်ပေမယ့် အခုတော့ စင်္ကာပူက တော်တော် တိုးတက်သွားတော့ အရင်လောက် မလွယ်တော့ပါဘူး။ ဒီတော့ စင်္ကာပူမှာ ငွေ ဒေါ်လာ သိန်းချီ ရင်းနှီးမှုမရှိဘဲ စီးပွားရေးလုပ်ဖို့ကို ကြံတယ်။ ငွေဆိုတာ လူကလုပ်တာပဲ ခံယူထားတော့ နည်းလမ်းများစွာ စုံစမ်းမေးမြန်းတယ်။ ရောက်နှင့်ပြီးသား အဆင်ပြေနေတဲ့ မြန်မာ စီးပွားရေးသမားတွေကလည်း လုပ်နည်းကို မပြောပါဘူး။
ဒီတော့ မြန်မာပြည်ကို ပြန်ပြီး စင်္ကာပူမှာ အဆင်ပြေနေတဲ့ စီးပွားရေးသမားတွေအကြောင်း စုံစမ်းတယ်။ ရိပ်ရိပ်တော့ သဘောပေါက်လာတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေဟာ Talent ဖြစ်တဲ့ Entrepreneur တွေကို အရမ်းလက်ခံပါတယ်။ အမေရိကား၊ သြစတြေးလျားတွေမှာ မြန်မာ အက ကောင်းကောင်း ကတတ်ရင်၊ (ပန်တျာကျောင်းဆင်း လက်မှတ်နဲ့ သြစတြေးလျားရောက် မြန်မာအဖွဲ့အစည်းတခုက ထောက်ခံစာ) နဲ့ Migrant Visa ရတတ်ပါတယ်။ မြန်မာတွေအရင် တရုတ်၊ အိန္ဒိယ လူမျိုးတွေ လမ်းကြောင်းပြ၊ လုပ်ပြီးသွားပါပြီ။ မြန်မာတွေက Just copy and paste လုပ်လိုက်ရုံပါပဲ။ ဒီတော့ နည်းလမ်းသိသွားပြီး ကြိုးစားလိုက်တာ ၆ လအတွင်း ငွေသိပ်မကုန်ဘဲ စင်္ကာပူမှာ အခြေကျနေထိုင်ခွင့် ရသွားပါတယ်။ Entrepreneur Pass လို့ ခေါ်ပါတယ်။
စင်္ကာပူ Immigration နဲ့ Ministry of Labor / Company Registration စတဲ့ နေရာတွေကို ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရတယ်။ အိန္ဒိယက နွားနို့ကို စင်္ကာပူမှာ တင်ပို့ရောင်းချဖို့ ဆိုင်လေးဖွင့်ချင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်လေးလည်း Entrepreneur Pass ၂ နှစ် လုပ်ခွင့် ပေးတယ်။ တရုတ်ပြည်က အသက် ၄၀ လောက် သွင်းကုန်၊` ထုတ်ကုန် လုပ်ငန်း လုပ်ချင်သူကိုလည်း ပေးတာ မဟုတ်လား။ ဆိုတော့ ကျနော့် မိတ်ဆွေကြီးက မြန်မာပြည်မှာ လယ်ယာလုပ်ငန်းကို အခြေခံတဲ့ စက်မှုလုပ်ငန်း စင်္ကာပူမှာလုပ်ဖို့ တင်ပြတော့ အိုကေတယ်။
ဒီလိုကနေ ရိုးသား ကြိုးစားလုပ်ကိုင်သူတွေ အောင်မြင်လာတာ ရှိတယ်။ အဲ - မိတ်ဆွေတယောက်တော့ တွေ့ဖူးတယ်။ မြန်မာပြည်မှာ နှလုံးထီ၊ မိုးကြိုးသွား၊ ကျည်နိုင်ဆေး၊ ရွှေရှာဖွေရေး၊ ရေနံရှာဖွေရေး၊ ရေနက်ကွင်း၊ ခရီးသွားလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စသဖြင့် မြန်မာပြည်တွင်းက ပေါ်ပင် မြန်မာ စီးပွားရေးသမားများ လုပ်စဉ်အတိုင်း အကုန် လျှောက်လုပ်တယ်။ ငွေအရင်း ထုတ်ပေးချင်သူတွေကို အာဘောင်ရင်းသန်သန် ပြောရင်း အတူလုပ်၊ မိတ်ဆွေပျက်၊ စစ်တပ်၊ အာဏာပိုင်တွေနဲ့လည်း နည်းမျိုးစုံ ပေါင်းသင်း လုပ်ကိုင်ပေမယ့်လည်း သွေးသား မတော်စပ်တော့ သူတို့အထဲက အဖြစ်မရနိုင်ဘူး။ သွေးသားတော်စပ်အောင်လည်း ကိုယ်သမီးကို ပေးရလောက်အောင် သမီးလည်း မရှိ၊ ရှိအောင် ဗိုလ်ချုပ်ကြီးသားက ကြိုက်ဦးမှကိုး။
နောက်ဆုံးတော့ စင်္ကာပူရောက်လာတယ် - မြန်မာပြည်က အကျင့်ဆိုးတွေ အားလုံး ဘုရားမှာ ကပ်လှူပစ်လိုက်တော့ ၂ နှစ်အတွင်းမှာ ကြီးပွားလာတယ်။ စင်္ကာပူ ပီအာဖြစ်လာပြိး အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတယ်။ အဲ - ဒီလို အဆင်ပြေလာတော့ အရင်က ဘုရားမှာ ကပ်ထားတဲ့ အကျင့်ဆိုးတွေ ပြန်ပေါ်လာတယ်။ အခုတော့ အဆင်မပြေ ဖြစ်နေပြီ ကြားရတယ်။
အမေရိကားက ပညာတတ်သူ၊ ကျွမ်းကျင်သူ၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊ ဆရာဝန်၊ လုပ်ငန်း အသေးလေးကအစ အကြီးအထိ လုပ်နိုင်သူများကို ကြိုဆိုနေပါတယ်။ ဒီမှာတော့ Credit Card System နဲ့ အလုပ်လုပ်ပေမယ့် ဆရာဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲက တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေလိုပဲ ချမ်းသာချင်ရင် အကျင့်ကောင်းလေးတွေ ရှိရပါမယ်။ ငွေကို ငွေလို မြင်တတ်ရမယ်ဆိုတဲ့ ရှေးနှစ်ပေါင်း ၅၀၀၀ ကျော် ဘေဘီလုံခေတ်အတိုင်း အကျင့်ကောင်းလေးတွေနဲ့ ကြိုးစားရတာတော့ အဓိက အခြေခံအကြောင်းအရင်းပါ။
စိတ်နဲ့ ကိုယ် ၂ မျိုးစလုံး ချမ်းသာဖို့ ကြိုးစားသင့်ပါတယ်။ စင်္ကာပူက ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် သူ အာဏာရှိစဉ်က စင်္ကာပူ ကြွယ်ဝစေတဲ့ လူတန်းစား ၂ ရပ်အကြောင်းကို Straits Times သတင်းစာ မျက်နှာဖုံးမှာ အပြည့်၊ အတွင်းထဲမှာရော အများကြီး သူ့မိန့်ခွန်းကို ဖေါ်ပြခဲ့တယ်။ တမျိုးက CEO Corporate နဲ့ တက္ကသိုလ် ပညာတတ်အုပ်စု၊ နောက်တမျိုးကတော့ ပွဲစား၊ မြေပိုင်ရှင်၊ ငွေတိုးချေးစား၊ ကုန်စုံဆိုင်ပိုင်ရှင် အုပ်စု။ နိုင်ငံရဲ့ ကြွယ်ဝမှုဟာ အဲဒီ စိတ်ရောကိုယ်ပါ ချမ်းသာတဲ့ အုပ်စု ၂ စု လက်ထဲမှာ ရှိပါတယ်။ အစိုးရကတော့ အဲဒီအုပ်စုတွေနဲ့ ပေါင်းလုပ်နေရတဲ့ အကြောင်းပြောခဲ့တယ်။
ချမ်းသာသူတွေကတော့ ချမ်းသာနည်းစာအုပ် ရေးမှာ မဟုတ်ပေမယ့် ပညာတတ်သူတွေကတော့ သူတို့လိုပဲ ပညာတတ်စေချင်တယ်။ ချမ်းသာသူတွေကတော့ သူတို့ဆွေမျိုးတွေကိုပဲ သို့မဟုတ် ကိုယ်စေတနာ ရှိသူကိုလည်း ကိုယ်လို ချမ်းသာလာအောင် ကူညီတတ်ပါတယ်။ အဲ - ပညာတတ်ကတော့ ကိုယ့်ဆွေမျိုးသာမက ကိုယ်နဲ့နည်းစပ်သူတွေကိုလည်း ပြောပြ၊ လမ်းပြ၊ လမ်းညွန်တတ်ပါတယ်။
နောက်ဆုံးတော့ အမေရိကားမှာ Opportunity တွေ အများကြီး ရှိပါတယ်။ အမေရိကား ရောက်ပြီး အနည်းဆုံး ၅ နှစ်လောက် အချိန်ယူ ကြိုးစားရတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြောပြါပါတယ်။ ကြီးပွားတိုးတက်ဖို့ လုပ်နည်းကိုင်နည်း၊ အကြံပေးများ လိုအပ်သလို တိုက်ပွဲဝင်ဖို့အတွက် လက်နက်ကရိယာ တန်ဆာပညာတွေလည်း ၀ယ်ယူ၊ တပ်ဆင်ရပါမယ်။ Certificates တွေကတော့ အရေးကြီးဆုံးပါပဲ။ Language and American Culture ကို ကောင်းကောင်း သိနားလည်အောင် နှစ်နဲ့ချီ ကြိုးစားရပါမယ်။ ဥပမာ အမေရိကန်တွေဟာ အလုပ်အများကြီး လျှောက်မလုပ်သလို၊ စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်အားလုံး သိမ်းကျုံး မခိုင်းပါဘူး။ ဒါပေမဲ့ တခုခိုင်းရင် ခိုင်းတာကို အသေးစိတ် သေချာစွာ အောင်မြင်အောင်လုပ်တာ ကြိုက်တယ်။ မအောင်မြင်ရင်လည်း စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်ဖြုတ်၊ ဌာနပြောင်း မလုပ်ပါဘူး၊ မအောင်မြင်ရတဲ့ အကြောင်းကို သေချာ ရှင်းပြပေးရင် အိုကေပါတယ်။ Don't make the same mistake twice ကိုတော့ သတိထားပြီး အရင် မအောင်မြင်တာကို သင်္ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။
အမေရိကန်မှာ မြန်မာတယောက် ၀င်လာလို့ရှိရင် ဗီဇာ ၆ လပေးပါတယ်။ နောက်ထပ် ၆ လလည်း Extension အသာတကြည် ပေးပါတယ်။ စင်္ကာပူလို စတေးကုန်လို့ အင်မီဂရေးရှင်း ပြေးပြီး Extension လုပ်ရ၊ တခါတိုးရင် ၂ ပတ်ပဲ ရတယ်။ ၃ ခါတိုးပေးပြီးရင် အင်မီဂရေးရှင်း အရာရှိက ဒါနောက်ဆုံးပဲ၊ မပေးတော့ဘူး ခပ်မာမာ ပြောခံရတာတွေ အမေရိကန်မှာ မရှိသလောက်ပါ။ အမေရိကန်မှာ နောက်ထပ် ၆ လ ဆက်နေချင်ပါသေးတယ် ပြောပြီး Visa Extension တောင်းရင် အကြောင်းပြချက်ကတော့ လည်ပတ်စရာတွေ အများကြီး ကျန်သေးလို့ပါ ပြောလိုက်ရုံပါပဲ။
အမေရိကားမှာ ကုမ္မဏီ ထောင်ချင်ရင် နိုင်ငံခြားသား Passport ပြပြီး ထောင်လို့ရတယ်။ ကိုယ့်မှာ Credit Card တခုရှိပြီးသားဆိုရင် အမေရိကားမှာ ဘယ်ဘဏ်မှာမဆို အကောင့်ဖွင့်လို့ ရတယ်။ အမေရိကား Credit Card ရပြီးရင် အမေရိကားမှာ လုပ်စားလို့ နဲနဲလေး ရလာပြီပေါ့။ စင်္ကာပူ ကားမောင်းလိုင်စင် ရှိရင် အမေရိကား တခွင်လုံးကို ပြဲပြဲစင် မောင်းချင်ရင် မောင်းလို့ရပြီ။ စင်္ကာပူလို ကားဈေးမကြီးဘူး။
စင်္ကာပူ ကားမောင်းလိုင်စင်ပြပြီး အမေရိကန်အစိုးရရဲ့ DMV Department of Motor Vehicles ကိုသွားပြီး ပြည်နယ် အိုင်ဒီ ID နဲ့ Driving License Conversion လုပ်ချင်ပါတယ် ပြောရင် လုပ်ပေးပါတယ်။ အမေရိကန်ကို တရားဝင် လာတဲ့အကြောင်း ပတ်စပို့နဲ့ I-94 White Card ကိုတော့ ပြရမယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူတွေကတော့ Driving License (In English) ရှိရင် ပြောတတ်ရင် လုပ်ပေးပါတယ်။ မပြောတတ်ရင်တော့ စာရေးမက မင်းမှာ Social Security Number SSN ရှိသလား မေးခံရရင် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာတော့ ပြည်နယ် အိုင်ဒီ ID နဲ့ ဒရိုင်ဘာ လိုင်စင် ၂ခုရှိရင် အမေရိကားမှာ သွားလာ၊ လုပ်ကိုင်ဖို့  အတော်အဆင်ပြေသွားပါတယ်။ SSN နံပါတ်ကတော့ အလုပ်လုပ်သူများ မရှိမဖြစ် လိုအပ်ပါတယ်။ အမေရိကားကို ကျောင်းလာတက်သူ၊ Business Visa long term pass သမားတွေကိုလည်း ကုမ္မဏီထောက်ခံစာနဲ့ SSN ထုတ်ပေးပါတယ်။
အမေရိကားမှာ ကုမ္မဏီ အလွယ်တကူ ထောင်ပြီးရင်တော့ ကိုယ့်အပေါ်မှာပဲ မူတည်တော့တယ်။ စင်္ကာပူမှာ Bio Semiconductor လုပ်တဲ့ ကုမ္မဏီတခုမှာ အလုပ်လုပ်တဲ့ မြန်မာတဦး ပြောပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေရိကားမှာ ပညာလာသင်တဲ့ လူတဦး ထူးချွန်ကြိုးစားလို့ Stanford University က ဒေါက်တာဘွဲ့ရပြီး၊ သူတို့ ကျောင်းက အားပေးချက်နဲ့ နောက်ဆုံး ကုမ္မဏီတခုကို ထောင်တယ်။ တက္ကသိုလ်က နာမည်ကြီးပဲ၊ သူတို့ချင်း ထောက်ခံစာတွေ ရေးပေးရင်း အမေရိကန် သူဌေးကုမ္မဏီ R&D လုပ်ဖို့ စမ်းသပ်တဲ့စက် Order ရတယ်။ စက်အမှာစာရတော့ ဘယ်မှာလုပ်ရမလဲ စဉ်းစားရင်း စင်္ကာပူ အစိုးရ EDB က Bio Technology လုပ်ငန်းတွေ အားပေးနေတော့ စင်္ကာပူ အစိုးရဆီကို Grant လှမ်းလျှောက်တယ်။
အမေရိကန် အစိုးရဆိုင်ရာနဲ့ Stanford University မိတ်ဆွေတွေရဲ့ ထောက်ခံစာတွေရော၊ အမေရိကန်မှာ အော်ဒါ ရထားပြီးကြောင်း။ အမေရိကန်မှာ ၀ယ်မယ့် ကုမ္မဏီတွေ Potential Customers စာရင်းတွေနဲ့ ဘယ်လိုဘယ်လို စင်္ကာပူမှာ ကုမ္မဏီထောင်ပြီး အရင်းအနှီး ဒေါ်လာ သန်း၂၀ လိုကြောင်း။ စင်္ကာပူ EDB ဆီက သန်း ၂၀ Grant တောင်းတော့ ၁၀ သန်း ချေးငှား ပေးလိုက်တယ်။ ဒါပေမဲ့ ငါတို့ စင်္ကာပူ အတတ်ပညာရှင်တွေ စာရင်းစစ်မှု Audit အောက်မှာ လုပ်ရမယ်ဆိုပြီး အိုကေသွားပါတယ်။ အခုဆို အဲဒီ ကုမ္မဏီက အမေရိကန် ဆန်ဖရန်စစ္စကိုမှာ တော်တော် ကြီးမားနေပြီး မြန်မာ အင်ဂျင်နီယာတွေကိုလည်း ခန့်ထားပါတယ်။ စင်္ကာပူ ကုမ္ပဏီခွဲမှာလည်း အလုပ်သမား ၁၀၀ လောက် တနှစ်အတွင်း ဖြစ်လာပြီး စက်အော်ဒါပေါင်း များစွာ ၃ နှစ်အတွင်း အမေရိကန် Research R&D ဌာနတွေကို ရောင်းချခဲ့ပြီးပြီလို့ သိရတယ်။
နောက်တယောက်လည်း ၅၀ နှစ် မပြည့်သေးပါဘူး။ သိပ်ချမ်းသာချင်တဲ့ ဇနီးသည် အကြံနဲ့ ရိုးသားကြိုးစားတဲ့ သူငယ်ချင်းကို စီးပွားဖြစ် မလုပ်တော့ဘဲ သူတို့ဖာသာ လုပ်ကိုင်လို့ ချမ်းသာနေပါတယ်။ ဒါပေမဲ့ လူမှုရေး မတည်ငြိမ်တော့ အိမ်ထောင်ရေး ဆုံးရှုံးသွားပါတယ်။ အမေရိကားမှာ နှစ် ၃၀ ကျော်နေပြီး စီးပွားအောင်မြင်လို့ လင်မယားလည်း ပျော်ရွင်စွာရှိနေတဲ့ မြန်မာဆိုင်ရာ အလှုဒါနပြု လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ မိတ်ဆွေ သူဌေး ဇနီးမောင်နှံကိုလည်း မြင်ရတာ စိတ်ချမ်းသာပါတယ်။ မြန်မာလူငယ်များစွာကို တက္ကသိုလ် စကောလားရှစ်၊ Grant ရအောင်လုပ်ပေးပြီး အမေရိကားမှာ အခြေချနိုင်အောင် အကူအညီပေးနေတဲ့ မြန်မာလူမျိုး တက္ကသိုလ် ပါမောက္ခတဦးနဲ့ မချမ်းသာပေမယ့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ မြန်မာတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာ ကူညီတတ်သူတွေကို တွေ့ရင် အများကြီး ကျေနပ်မိပါတယ်။ သူတို့ကိုလည်း ငွေကြေးအားဖြင့် ပိုမိုဖူလုံစေလိုပေမယ့် သူတို့ဘ၀ဟာ Spiritual Rich ဖြစ်နေတော့ လောကစည်းစိမ် သိပ်လိုဟန်မတူပါဘူး။
နောက်ဆုံး နိဂုံးကတော့ အရင် Revision 1 အတိုင်းပါပဲ။
စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။
ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။
၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ
ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။ဆန်းသစ်
Posted by Baganland at 5:13 AM 0 comments
Labels: ဆောင်းပါး