Showing posts with label Entertainment News. Show all posts
Showing posts with label Entertainment News. Show all posts

ပြုံးရယ်ချင်သူများအတွက် အခကြေးငွေဖြင့် ရယ်နည်းရောင်းရ


လူဟူ၍ဖြစ်လာကတည်းက အသက်ရှင်တည်မြဲဖို့ရန်အတွက် အလုပ်လုပ်၍ ၀မ်းရေးကို ဖြေရှင်းရစမြဲပင်ဖြစ်သည်။ မိမိဝါသနာ၊ မိမိ၏ ကြိုးစားအားထုတ်အထုံပါရမီကံ အခြေအနေကိုလိုက်၍ အလုပ်အကိုင်အမျိုးမျိုး ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။ များသောအားဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဆရာမ စသည်တို့သည် တွေ့နေမြင်နေကျ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပင် ဖြစ်သည်။ သို့သော် တရုတ်ပြည်အနောက်တောင်ပိုင်းရှိ ချောင်ကျင်မြို့မှ အသက် ၃၀ အရွယ် ကျန်းယူ ဆိုသူမှာမူ လမ်းဘေး ပလက်ဖောင်းပေါ်၌ မိမိ၏ ရယ်မောနိုင်သည့်စွမ်းရည်ကို အမှီပြု၍ ထူးထူးခြားခြား အသက်မွေးဝမ်းကျောင်းပြုပေသည်။ ကျန်း သည် ပျော်ရွှင်စွာ ရယ်မောနိုင်သည့် မျက်နှာအမှုအရာ ၁၂ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီး ယင်းကို ကမ္ဘာ့နံပါတ်(၁) ရယ်မောခြင်းရောင်းချသည့် အတတ်ပညာဟု အမည်ပေးထားသည်။ မည်သူမဆို ကျန်းအား ယွမ်တစ်ယွမ်ပေး၍ ကြိုက်ရာအပြုံး တစ်မျိုးမျိုးဖြင့် ရယ်မောခိုင်းနိုင်သည်။ ရယ်မောသည့်မျက်နှာအမူအရာ ၁၂ မျိုးစလုံးပြုလုပ်ခိုင်းပါက ယွမ်၁၀ ယွမ်နှင့် ရနိုင်သည်။ အထူးအဆန်းဖြစ်နေ၍ ၀ိုင်းဝန်းစုပြုံ၍ကြည့်ရှုသူများကို ကျန်းက “ကျွန် တော်တို့ ရယ်မောပျော်ရွှင်စေဖို့ လိုပါတယ်။ ရယ်မောခြင်းဟာ ကျန်းမာသန်စွမ်းစေပါတယ်” ဟု ပြောသည်။

[+/-]Read More...

ဒစ္စနေ၏ ရိုဘော့စက်ရုပ်အချစ်ဇာတ်လမ်း


ဒစ္စနေရုပ်ရှင်မှ ရိုက်ကူးခဲ့သည့် ရိုဘော့စက်ရုပ်၏အချစ်ဇာတ်လမ်း ကာတွန်းရုပ်ရှင်မှာ Box office ၏ တစ်ပတ်တာအတွင်း ၀င်ငွေအကောင်းဆုံး ထိပ်တန်းရုပ်ရှင်ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
Wall-E ဟုအမည်ပေးထားသောအဆိုပါ ကာတွန်းရုပ်ရှင်ကားသည် လူသားတို့၏ စွန့်ပစ်ပစ္စည်းများမှ ဖြစ်ပေါ်လာသော ရိုဘော့စက်ရုပ်တစ်ရုပ်သည် ဂြုင်္ိဟ်ပတ်လမ်းကြောင်းအတွင်းနေထိုင်နေရာမှ လူသားတို့ပေးပို့လိုက်သော ရိုဘော့စက်ရုပ်မလေးတစ်ဦးနှင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပုံကို ရိုက်ကူးပြသခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုဇာတ်ကားသည် ဒစ္စနေ၏ ရုပ်ရှင်ကားများအနက် စတင်ရုံတင်ခြင်းမှာပင် အရောင်းရဆုံး နံပါတ်တစ်ဖြစ်ခဲ့သည့် ဇာတ်ကားများအနက် ကိုးကားမြောက်အဖြစ်မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။ ရိုဘော့အချစ်ဇာတ်လမ်း၏နောက်တွင် ဒုတိယအရောင်းရဆုံးဖြစ်လာမည့် ဇာတ်ကားမှာအိန်ဂျလီနာဂျိုလီပါဝင်ထားသော Wanted ဇာတ်ကားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။ရိုဘော့ဇာတ်လမ်းနှင့် အိန်ဂျလီနာဂျိုလီတို့၏ဇာတ်လမ်းမှာ ဟောလိဝုဒ်၏အဆင့်အတန်းကို အမြင့်မား ဆုံးဖော်ကျူးနိုင်ခဲ့ကြောင်း ရုပ်ရှင်ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။

[+/-]Read More...