Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

iPhone ကိုယှဉ်ပြိုင်မည့် G1 ဖုန်းအား ဂူးဂဲလ်နှင့် ဖုန်းကုမ္ပဏီများ ပူးပေါင်းဖန်တီး

Apple ကုမ္ပဏီကထုတ်လုပ်သည့် စွမ်းဆောင်ရည်မြင့် iPhone ၏ ဈေးကွက်ဝေစုကို ရယူနိုင်ရေးရည်ရွယ်၍ ဂူးဂဲလ်နှင့် T-Mobile ဖုန်းကုမ္ပဏီတို့ ပူးပေါင်းဖန်တီးသည့် G-1 ဖုန်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ပြသခဲ့ကြောင်း သိရသည်။

ဂူးဂဲလ်၏ Android ဆော့ဖ်ဝဲလ်ထည့်သွင်းထားသည့် ပထမဆုံးဖုန်းအဖြစ် G1 ကို ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၉ ဒေါ်လာရှိပြီး Apple က နောက်ဆုံးထုတ်လုပ်လိုက်သည့် iPhone 3G ထက် ဒေါ်လာ ၂၀ ခန့် သက်သာမည်ဖြစ်သည်။

တရုတ်တိုင်ပေကုမ္ပဏီ HTC က ဖုန်းကိုယ်ထည်ကို တာဝန်ယူထုတ်လုပ်ပေးပြီး T-Mobile က အခြားပံ့ပိုးမှုများနှင့် ဖြန့်ချီရေးကိုတာဝန်ယူကာ ဂူးဂဲလ်က ဆော့ဖ်ဝဲလ်ပိုင်းနှင့် အင်တာနက်သုံးစွဲမှုလွယ်ကူစေရေးကို တာဝန်ယူပေးခဲ့သည်။ T-Mobile ၏ နည်းပညာနှင့် တီထွင်မှုဆိုင်ရာအရာရှိချုပ် ကိုးလ်ဘရော့မင်းန်က G1 ဖုန်းသည် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုမှုနယ်ပယ်ကို တစ်ခေတ်ဆန်းစေလိမ့်မည်ဟု ကြွေးကြော်ခဲ့သည်။

G1 သည် iPhone ထက် အနည်းငယ်ပိုထူပြီး ဗြက်ပိုကျဉ်းသည်။ အဖြူ၊ အမည်း၊ အညို အရောင်သုံးမျိုးထုတ်လုပ်ထားသည်။ iPhone ကဲ့သို့ပင် ထိတွေ့မျက်နှာပြင်(Touch Screen)ပါရှိပြီး iPhone ထက်သာလွန်သောဝန်ဆောင်မှုမှာ လိုအပ်ပါက ဖုန်းအတွင်းထိုးသွင်းထားသော ကီးဘုတ်ကိုဆွဲထုတ်အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အဓိကအားသာချက်မှာ အင်တာနက်၊ အီးမေးလ်၊ SMS အသုံးပြုမှုအထူးမြန်ဆန်ခြင်း၊ ဂူးဂဲလ်နှင့် ချိတ်ဆက်၍ Google map နှင့် Street View ၀န်ဆောင်မှု သုံးစွဲနိုင်ခြင်းတို့ ဖြစ်သည်။ 3 Megapixels ရှိသည့် ကင်မရာပါရှိသော်လည်း iPhone ကဲ့သို့ ဗီဒီယိုရိုက်၍မရခြင်းမှာ အားနည်းချက်ဖြစ်သည်။

Apple ၏ အွန်လိုင်းတေးဂီတ၀က်ဘ်ဆိုက် iTunes ကိုယှဉ်နိုင်ရန်အတွက် သီချင်းခြောက်သန်းကျော်ရနိုင်သော Amazon ကုမ္ပဏီ၏ တေးဂီတ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ပေးထားသည်။ ဂူးဂဲလ်၏ Operating System Android မှာ Linux ကဲ့သို့ Open-source ဆော့ဖ်ဝဲလ်ဖြစ်သည်။ ဂူးဂဲလ်သည် Android ကို မိုဘိုင်းလ်ဖုန်းများ၏ Operating System နယ်ပယ်တွင် ပျံ့နှံ့စေရန်အတွက် အခမဲ့ဖြန့်ဖြူးခြင်း ဖြစ်သည်။ Samsung၊ LG ဖုန်းကုမ္ပဏီများက ထုတ်လုပ်သောဂူးဂဲလ်၏ Android ဆော့ဖ်ဝဲလ်သုံးဖုန်းများလည်း ဈေးကွက်အတွင်း မကြာမီရောက်ရှိလာဖွယ် ရှိသည်။

[+/-]Read More...

အခပေးစီးနင်းနိုင်မည့် ခရီးတိုအာကာသလွှတ်တင်ယာဉ် ထုတ်ဖော်ပြသ


အပျိုစင်ကြယ်စင်စု(Virgin-Galatic)ကုမ္ပဏီက တီထွင်သည့် ပထမဆုံးအခပေးစီးနင်းနိုင်မည့် အာကာသယာဉ်အား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

ဗြိတိန်မှကုဋေကြွယ်ဆာရစ်ချက်ဘရန်ဆန်၏ အပျိုစင်ကြယ်စင်စုကုမ္ပဏီက အာကာသခရီးစဉ်သယ်ဆောင်ပေးမည့် လွှတ်တင်ယာဉ်အဖြူရောင်သူရဲကောင်း-၂ (White-KnightTwo)ကို အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တွင် ပြသခဲ့သည်။

ခရီးစဉ်ကုန်ကျစရိတ်မှာ ဒေါ်လာနှစ်သိန်းဖြစ်သောကြောင့် လက်ရှိသွားလာနေကြသည့် နိုင်ငံတကာ အာကာသစခန်းခရီးစဉ် ကုန်ကျစရိတ်ဒေါ်လာသန်း ၂၀ ၀န်းကျင်နှင့် နှိုင်းယှဉ်ပါက သက်သာသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ခရီးတိုသာဖြစ်ပြီး နာရီအနည်းငယ်သာကြာမြင့်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ စာရင်းပေးထားသူဦးရေ ၂၅၀ကျော်ရှိသည်ဟု သိရသည်။ ပထမဆုံးခရီးစဉ်တွင် ဘရန်ဆန်ကိုယ်တိုင် ၎င်း၏မိသားစုနှင့်အတူ လိုက်ပါမည် ဖြစ်သည်။

''ကျွန်တော်တို့နဲ့အတူ ဒီပွဲမှာရှိနေကြတဲ့ ပထမမျိုးဆက်အာကာသခရီးသွားဖြစ်လာမဲ့သူတွေဟာ ကျွန် တော်တို့မြေကမ္ဘာရဲ့ အလှတရား၊ အလေးချိန်မဲ့လွတ်လပ်မှု၊ အာကာသရဲ့ မှောင်မိုက်မှု ခံစားနိုင်တော့မှာပါ'' ဟု ဘရန်ဆန်က ပြောကြားခဲ့သည်။

ခရီးစဉ်ကို လာမည့် ၁၈ လအတွင်း စတင်မည်ဖြစ်ပြီး ရက်အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။ လွှတ်တင်ယာဉ် အဖြူရောင်သူရဲကောင်း-၂ ဆောက်လုပ်မှုပြီးစီး၍ ပြသနိုင်ခဲ့ပြီဖြစ်သော်လည်း အာကာသယာဉ် SpaceShipTwo ဆောက်လုပ်မှုမှာ ပြီးစီးရန် လိုအပ်နေသေးသည်။ ပြီးစီးပါကလည်း စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

အဖြူရောင် သူရဲကောင်း-၂ လွှတ်တင်အာကာသယာဉ်အား ဘရန်ဆန်၏မိခင်အိဗ်အား ဂုဏ်ပြုသည့်အနေဖြင့် အိဗ်ဟု အမည်ပြောင်းလဲပေးခဲ့သည်။ လွှတ်တင်ယာဉ်သည် လေထုအထက်အမြင့်ပေ ၅၀၀၀၀ အရောက်တွင် အာကာသယာဉ် Spa-ceShipTwo အား ထပ်ဆင့်လွှတ်တင်ပေးမည် ဖြစ်သည်။

Spa-ceShipTwo သည် ကမ္ဘာအထက်အမြင့်ပေ မိုင် ၆၀ အထိမြင့်တက်မောင်းနှင်မည် ဖြစ်သည်။ အာကာသယာဉ်တွင် ယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်ခြောက်ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

[+/-]Read More...

Seagate's 1.5-Terabyte Barracuda Desktop Hard Drive


Today Seagate unveiled the Barracuda 7200.11—the first 1.5-terabyte desktop hard drive to hit the market. That represen
ts a whopping half-terabyte jump over the previous 1TB max—a move they attribute to their perpendicular magnetic recording (PMR) technology. They also debuted two 2.5-inch half-terabyte 5400- and 7200-rpm drives dubbed the Momentus 5400.6 and Momentus 7200. The Barracuda is set to ship in August while the notebook drives will hit in Q4 of 2008.

[+/-]Read More...

အော် ..... ဒီလိုကိုး


အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ဗုဒ္ဒဟူးနေ့က ၄င်းတို့ရဲ့ နည်းပညာအသစ်နဲ့ပြုပြင်ထားတဲ့ တာလတ်ပစ် ဒုံးကျည်တစ်ချို့ကို စမ်းသပ်ပြခဲ့ပါတယ်။ ပြီးတော့ သူတို့ဒုံးကျည်ပစ်လွှတ်နေတဲ့ ဓာတ်ပုံကို အင်တာနက်နဲ့ သတင်းစာတွေမှာ ဖော်ပြေ
ပးခဲ့ပါတယ်။ နာမည်ကြီးသတင်းစာတွေ ဖြစ်တဲ့ The Los Angeles Times, The Financial Times, MSNBC, Yahoo နဲ့အခြားတင်းစာတွေမှာလည်း ထဲ့သွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အီရန်သတင်းစာက ဖော်ပြတဲ့ ဓာတ်ပုံနဲ့တော့ ကွဲပြားခြားနားမှုတစ်ချို့ကိုတွေ့ရပါတယ်။ Photoshop နည်းပညာနဲ့ ပြုပြင်ထားပါသတဲ့။ ချီးကျူးပါတယ် အီရန်။

[+/-]Read More...

2008 အတွက် GT မှအကောင်းဆုံး Top 10 Games

[+/-]Read More...

Exchange 2003 transaction log files filling up very quickly


I haven’t blogged about any IT-related issues in a while, and I thought that the solution to this little-known exchange 2003 problem would probably interest the SysAdmin crowd among you guys.
If one day, you log into your inbox and find an email waiting for you announcing that the disk containing your exchange 2003 transaction log files has almost no more disk space, you may be experiencing the following issue.

As I’m sure you’re aware, the E00*.log files located in your \exchsrvr\MDBDATA are transaction logs containing everything that happened to your Information Store since it was last backed up. As soon as you perform a backup of the store using an exchange-aware agent, the log files will be cleared. However, in this particular situation, the transaction files are filling up the drive too quickly and will consume all of the remaining disk space before you have the time to back up your store.
In this case, you may want to check out your Outlook 2007 clients that have the “exchange cache mode” option enabled. The station that causes the problem will probably have a large number of “sync issues” in the Outlook folder of the same name. I’m not sure of this though. The client who was causing the issue happened to have this problem. Can anyone confirm this? After locating the rogue workstation, the only thing you have to do to fix the problem is to disable the “exchange cache mode”. If you want to re-enable it after, be sure to delete the old OST file and have Outlook create a new one.
But after fixing the issue, your disk will likely still be out of space, so you’ll need to clear those log files before mounting the exchange store again.
WARNING: NEVER, EVER delete the E00 log files manually. The proper way to remove them in this situation is:
1- Make a full backup of your exchange store using an exchange-aware agent.
2- Enable Circular logging. (Don’t forget to disable the option and restart the information store service after you get your disk space back)
Voilà! Now if your Exchange transaction log files folder start filling very quickly, this little tutorial will give you an extra thing to check for to solve your problem!

[+/-]Read More...

Goodbye, XP


Microsoft ကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် Windows XP ကို လက်လီ နဲ့ အဓိကဈေးကွက်တင်ပို့မှုတွေကို ရပ်ဆိုင်းတော့မှာဆို တာကို တရားဝင်ကျေငြာလိုက်ပါပြီ။ XP ကို အဓိက ထဲ့သွင်းရောင်းချနေတဲ့ Hewlett-Packard (HP), နဲ့ Dell တို့ကလည်း ၄င်းတို့ရဲ့ PC တွေမှာ Windows Vista Ultimate or Business ကိုသာ ထဲ့သွင်းပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် XP ကိုသာချစ်တဲ့ သူများစိတ်တော့မပူပါနဲ့ တစ်ကယ်လို့ သင်ဝယ်ယူတဲ့ PC သို့ Laptop မှာ Vista Ultimate or Vista Business ပဲပါတယ်ဆိုရင် သင့်အနေနဲ့ XP ကို Downgrade လုပ်ဖို့ တရားဝင်တောင်းဆိုနိုင်ပါတယ်။ Microsoft ကပြောတာကတော့ သူတို့ရဲ့ OS အသစ် Windows Vista ဟာ အရမ်းအောင်မြင်ပြီးတော့ လူကြိုက်များပါတယ်တဲ့ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အချစ်တော် XP ကို လက်ပြနှုတ်ဆက်ပြီး အတိတ်မှာပဲ နေခဲ့ဖို့ ၀မ်းနည်းစွာနဲ့ထားခဲ့ တော့မှာပါ။ ဒါပေမယ့် လက်ရှိ XP အသုံးပြုနေသူတွေအတွက် Microsoft က 2014 အထိဆက်ပြီး နည်းပညာအကူအညီနဲ့ ထောက်ပံ့မှု တွေလုပ်ပေးနေဦးမှာပါ။

[+/-]Read More...

အွန်လိုင်းစွယ်စုံကျမ်း မြန်မာစာဖြင့်ကြည့်နိုင်ပြီ


အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီးယားကို မြန်မာဘာသာဖြင့် ဖတ်ရှု လေ့လာ၍ ရနေပြီဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများကိုယ်တိုင် ပါဝင်၍ အချက်အလက်များ ဖြည့်စွက်ရေးသားနိုင်ကြောင်း မြန်မာအွန်လိုင်း စွယ်စုံကျမ်း အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းနေသူတို့ထံမှ သိရသည်။

ထိုစွယ်စုံကျမ်း၌ သမိုင်း၊ ပထ၀ီ၊ အတ္ထုပ္ပတ္တိ၊ လူမှုရေး၊ နိုင်ငံရေး၊ နေ့စဉ် ဖြစ်ပျက်နေသည့် သတင်းများ စသဖြင့် ကဏ္ဍစုံပါဝင်ပြီး လတ်တလော မြန်မာနိုင်ငံအကြောင်း၊ တိုင်းရင်းသား လူမျိုးအချို့အကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းများ အပါအ၀င်အကြောင်းအရာ (၂၅၀) ကျော် ရေးသားထားပြီးဖြစ်သည်။
စွယ်စုံကျမ်းဖြစ်မြောက်ရေး ကမကထပြုဆောင်ရွက်နေသူ မြန်မာအင်ဖိုတက် ဆော့ဝဲစလူးရှင်း ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ကိုငွေထွန်းက “အချက်အလက်တွေ ရှာတဲ့အခါမှာ ပြည့်စုံတဲ့ အဖြေတွေ ပေးနိုင်အောင်လို့ ရည်ရွယ်ပြီးလုပ်တာပါ။ အင်္ဂလိပ်လိုကတော့ ရှိပြီးသားပါ။ ခုဟာက မြန်မာစာနဲ့ ကြိုးစားကြည့်တာပါ။ ရေးချင်တဲ့သူတွေ ရေးနိုင်အောင်၊ ဖတ်ချင်တဲ့သူတွေ ဖတ်နိုင် အောင် ကျနော်တို့အနေနဲ့ စီစဉ်ပေးထားတာပါ။ ကျနော်တို့ အားပေးချင်တာကတော့ မြန်မာလို ပြန်နိုင်တဲ့သူတွေပြန်ပါ။ ရေးနိုင်တဲ့လူတွေ ဆက်ရေးကြပါ” ဟု ပြောသည်။
စွယ်စုံကျမ်းကို မည်သူမဆို အခမဲ့ဝင်ရောက်ဖတ်ရှုနိုင်ပြီး လွတ်လပ်စွာ ကိုယ်တိုင်ပါဝင် ရေးသားနိုင် ကြောင်း၊ အချက်အလက်များ မှန်ကန်ကြောင်းကိုမူ ရေးသားသူကိုယ်တိုင် တာဝန်ခံရမည်ဖြစ်ပြီး မှားယွင်းနေသည်ကို တွေ့ရှိပါက မည်သူမဆို ၀င်ရောက်ပြင်ဆင်နိုင်ကြောင်း သိရသည်။
မြန်မာအွန်လိုင်းစွယ်စုံကျမ်းကို ဖတ်ရှုရန် အင်တာနက်လိပ်စာမှာ http://my.wikipedia.org/ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်း ကမ္ဘာ့စွယ်စုံကျမ်း ၀ီကီပီးဒီးယား အင်တာ နက်စာမျက်နှာမှာ http://www.wikipedia.org/ ဖြစ်သည်။မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ရန် ပိတောက်၊ မြန်မာသရီးနှင့် ပုရပိုက် မြန်မာစာဖောင့်များ ရှိရန် လိုအပ်သည်။ အဆိုပါဖောင့်များကို မြန်မာဝီကီပီးဒီးယား အင်တာနက်စာမျက်နှာနှင့် http:// www.zawgyi.org/ စာမျက်နှာတို့တွင် ဒေါင်းလုဒ်ရယူနိုင်သည်။
ကမ္ဘာ့အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီးယားကို ၂၀၀၁ ခုက စတင်ခဲ့ပြီး ဘာသာပေါင်း (၂၅၀) ကျော် ဖြင့် ရေးသားထားကာ လူအများ ကိုးကားရည်ညွှန်းစရာ အင်တာနက် စာမျက်နှာတခုဖြစ်သည်။ နှစ်စဉ် လူပေါင်း သန်းနှင့်ချီ၍ ၀င်ရောက်ဖတ်ရှုကြပြီး ၂၀၀၈ ခု၌ ၀င်ရောက်ကြည့်ရှုသူ အနည်း ဆုံးသန်း (၆၈၄) သန်းရှိသည်ဟု ၀ီကီပီးဒီးယားက ခန့်မှန်းထားသည်။

[+/-]Read More...

အိုင်တီ နှင့် အလုပ်အကိုင် အခွင့်အလမ်းများ


မြန်မာနိုင်ငံက အိုင်တီသမားတွေ အတော်များများဟာ အခုဆိုရင် နိုင်ငံတကာအသိအမှတ်ပြု အိုင်တီစာမေးပွဲတွေဖြေပြီးတော့ နိုင်ငံရပ်ခြားကိုထွက် အလုပ်လုပ်လာကြတာ ကိုတွေ့ရပါတယ်။ လုပ်ငန်းအတွေ့အကြုံ အသင့်အတင့်ရှိပြီး နိုင်ငံတကာ အောင်လက်မှတ် ရှိထားရင် ပြည်ပနိုင်ငံတွေမှာ အထူးသဖြင့် စင်္ကာပူလိုနိုင်ငံမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဟုတ်ပြီ ဒါဆိုရင် ကိုယ့်မှာ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပြီ ဆိုရင် ဘယ်လို Certificate မျိုးကိုဖြေပြီးယူမလည်း ဆိုတာကိုဆုံးဖြတ်ပါ။ ကိုယ်ဟာ Software နယ်ပါယ်ထဲမှာလုပ်မှာလား Hardware နဲ့ Networking နယ်ပါယ်ထဲမှာ အသက်မွေးဝမ်းကြောင်းမှာလား ဒါမှမဟုတ် Graphic Desigin လောကမှာ ကျင်လည်မှာလား စသဖြင့် ဆုံးဖြတ်ပြီးတော့ ရွေးချယ်နိုင်ပါတယ်။ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပါယ်အလိုက် အောင်လက်မှတ်တွေကို ဖြေဆိုဖို့ ပြင်ဆင်နိုင်ပါပြီ။ ဒီလိုအောင်လက်မှတ်တွေ ရထားမယ်ဆိုရင် ကိုယ့်ကို ကိုယ်လည်း နိုင်ငံတကာအဆင့် ယုံကြည်မှုတွေကို ရလာမှာဖြစ်ပါတယ်။
ဒီအောင်လက်မှတ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာရနိုင်တဲ့ အကျိုးကျေှးဇူး သုံးခုကို စဉ်းစားမိပါတယ်။
ပထမ အကျိုးကျေးဇူးက ဒီအောင်လက်မှတ်တွေဟာ မြန်မာ အိုင်တီသမားတွေကို ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အိုင်တီလုပ်အား ဈေးကွက်မှာ ၀င်ဆံ့ဖို့ ဗီဇာတွေဖြစ်ပါတယ်။ ဒီအောင်လက်မှတ်တွေကို ယူပြီး နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ရင် နိုင်ငံတကာက အိုင်တီသမား တွေနဲ့ ရဲဝံ့စွာနဲ့တွဲဖက် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။နောက်ပြီး စံချိန်စံညွှန်းမီ အလုပ်အကိုင် ပတ်ဝန်းကျင်တွေမှာ လုပ်ကိုင်လို့ အတွေ့အကြုံကောင်းတွေ ရနိုင်ပါတယ်။တစ်ကြိမ်တစ်ခါမှ မရဘူးသေးတဲ့ ၀င်ငွေကိုလည်း ရရှိခံစားနိုင်ပါတယ်။
ဒုတိယအကျိုးကျေးဇူးကတော့ မြန်မာအိုင်တီလောကမှာဖြစ်ပေါ်နေတဲ့ အလေ့အထတစ်ခုကို ဒီအောင်လက်မှတ် စာမေးပွဲတွေက ထိန်းကွပ်ပေးပါလိမ့်မယ်။ အဆင့်မီ စံနစ်တကျ သင်ကြားမှု မရရှိခဲ့ကြတဲ့ တစ်ချို့သော မြန်မာ အိုင်တီသမားလေးတွေဟာ ကိုယ့်ကိုယ်ကို လက်တွေ့ဆန်သလိုလို ဘာလိုလိုနဲ့ မမှန်ကန်တဲ့ အယူအဆတွေ၊ လုပ်ပုံကိုင်ပုံတွေကို စွဲကိုင်ထားတတ်ပါတယ်။ နည်းပညာ အောင်လက် မှတ် စာမေးပွဲတွေမှာ မှန်ကန်တဲ့ အိုင်တီအယူအဆတွေနဲ့ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေကို အဓိကထား စစ်ဆေးလေ့ရှိတာကြောင့် အိုင်တီလိုက်စားသူတွေအတွက် အနည်းဆုံးတော့ ဘယ်ဟာမှန်သလဲဆိုတာကို ခွဲခြားသိမြင်ခွင့်ရနိုင်ပါလိမ့်မယ်။
တတိယအကျိုးကျေးဇူးကတော့ သင်ကြားရေးနဲ့ဆိုင်ပါတယ်။ နည်းပညာလေ့လာလိုက်စားသူတွေဟာ Networking လုပ်တယ်၊ Java လုပ်တယ်၊ Orcale လုပ်တယ် စသဖြင့် လမ်းကြောင်းတစ်ကြောင်းကို လိုက်ကြပေမယ့် ဘာကို ဦးတည်ပြီးလုပ်ရမယ်ဆိုတာကို မရေမရာ ဖြစ်တတ်ပါတယ်။ နိုင်ငံတကာ စာမေးပွဲတစ်ခုကို ဦးတည် လေ့လာလိုက်ခြင်းအားဖြင့် သူတို့အတွက် စံချိန်စံညွန်း တစ်ခုကို သတ်မှတ်ပေး လိုက်သလို ဖြစ်သွားပါတယ်။ သူတို့ ကြိုးစား လေ့လာလိုက်တဲ့အရာရဲ့ ရလာဒ်ဟာ နိုင်ငံတကာ အသိအမှတ်ပြု အောင်လက်မှတ်တစ်ခု ဖြစ်တယ်ဆိုတာကို သိလိုက်ရလို့အားရှိစေပါလိမ့်မယ်။
နိုင်ငံတကာ အိုင်တီနည်းပညာ အောင်လက်မှတ် စာမေးပွဲတွေကို နည်းလမ်းအသွယ်သွယ်နဲ့ အုပ်စုခွဲနိုင်ပါတယ်။ ဒီလို စာမေးပွဲတွေ ဖြေဆိုသူတွေအတွက် အဆင်အပြေဆုံး အုပ်စုသွင်းနည်းကတော့ အောင်လက်မှတ်တွေနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ ကိုယ်ရည်ရွယ်တဲ့ လုပ်ငန်း နယ်ပယ်ပါပဲ။ ဒီလို အောင်လက်မှတ် စာမေးပွဲတွေထဲမှာ ပရင်တာ အမျိုးအစားတစ်ခုကို ကိုင်တွယ်ဆောင်ရွက်နည်း စာမေးပွဲတွေလို အင်မတန် အသေးစိတ်ဆန်တဲ့ စာမေးပွဲမျိုးတွေကအစ အိုင်တီလုပ်ငန်းနယ်ပယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ ဗဟုသုတကို စစ်ဆေးတဲ့ Network +, ITALE လိုစာမေးပွဲတွေအထိ ပါဝင်ပါတယ်။
အကြမ်းဖျင်းအားဖြင့် စာမေးပွဲဖြေလေ့ရှိတဲ့ အိုင်တီလုပ်ငန်းနယ်ပယ်တွေဟာ ဟာ့ဒ်ဝဲ(A+)စာမေးပွဲ၊ ပရိုဂရမ်းမင်း (MCSD,MCP) စာမေးပွဲ၊ ကွန်ရက်စာမေးပွဲ (Network+, Security +, MCSA, MCSE,etc)၊ ဒေတာဘေ့စ်စာမေးပွဲ (MCDBA) စသဖြင့် ခွဲခြားနိုင်ပါတယ်။ သီးခြားသော အလုပ်အကိုင် တွေအတွက် စစ်ဆေးတဲ့ ကွန်ပျူတာ လုံခြုံရေးစာမေးပွဲ တွေလည်း ရှိကြသလို စီမံခန့်ခွဲမှုအတွက် အောင်လက်မှတ်တွေဟာလည်း ကျော်ကြားပါတယ်။
ဆက်လက်ဖော်ပြပါမည်။

[+/-]Read More...

SysAdmin Humor: The Website is Down (Video)

တစ်ကယ်လို့ သင်ဟာ ကွန်ပျူတာ System Administrator တစ်ယောက် သာဆိုရင် ဒီဗွီဒီယိုဖိုင်လေးကို ကြည့်ပြီးတော့ အူနှိပ်ပြီးရယ် (ရီ) မိမယ်လို့ထင်ပါတယ်။ ဒါမှမဟုတ် System Administrator တွေကို အထင်အမြင်သေးရင်လည်း သေးနိုင်ပါတယ်။ ဒါပေမယ့် အသင့်အနေနဲ့ ရယ်မောခြင်းနဲ့ အလုပ်ခွင်ပင်ပန်းမှုလေးတော့ ရနိုင်မယ်လို့ထင်ပါတယ်။ စစခြင်း တစ်မိနစ် နှစ်မိနစ်လောက်ကတော့ နဲနဲပျင်းစရာကောင်းတယ်။ ဒါပေမယ့် ပြီးရင်တော့ အူနှိပ်နေရပါလိမ့်မယ်။ ကဲ…ပျော်ရွှင်ပါစေဗျာ။

[+/-]Read More...

Teen arrested after offering to sell his vote on eBay



အမေရိကန်က နိုင်ငံသားတိုင်းဟာ လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲကို ရှေးရှုနေကြပါပြီ။ တစ်ချို့ဟာ အမေရိကန်နိုင်ငံရဲ့ ခေတ်သစ်ကို ဖော်ဆောင်နိုင်မယ့် သမ္မတအသစ်ကို မဲပေးဖို့ပါ၊ ဒါပေမယ့် တစ်ချို့သောသူများကတော့ တစ်ခြားသော အကြောင်းပြချက်လေးတွေနဲ့ပေါ့ “အဲဒါတွေကတော့ ငွေကြေးအကျိုးအမြတ် အခွင့်အလမ်းပါပဲ။” အခုတော့ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ကတော့ သူ့ရဲ့မဲပေးပိုင်ခွင့် ကိုရောင်းချဖို့ ebay မှာကြော်ငြာခဲ့တဲ့အတွက် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံလိုက်ရပါတယ်။
အခုတော့ သူအဖမ်းခံခဲ့ရပြီ၊ ဘယ်လိုခုခံလျှောက်လဲမှာလဲ? “ဟဲဟဲ ဒါဟာ နောက်ပြောင်တာပါ” ဒီလိုပဲပြောရမှာပေါ့။
တစ်ကယ်လို့ မီနီဆိုတာ ပြည်နယ်က တရားစွဲဆိုသူတွေက ဒါဟာနောက်ပြောင်စရာ ကိစ္စတစ်ခုမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ရင်တော့ ဒီဆယ်ကျော်သက်လေးဟာ ၁၈၉၃ ခုနှစ် ပြည်နယ်ဥပဒေ တရားမ၀င် မဲရောင်းဝယ်မှုနဲ့ အရေးယူခြင်းကို ခံရတော့မှာဖြစ်ပါတယ်။ အကယ်၍ သူဟာပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ တပ်ရိုက်ခြင်းကို ခံရမှာပါ။
တရားစွဲဆိုသူတွေရဲ့ ရုံးကပြောကြားချက်ကတော့ : “ ကျွန်တော်တို့ တိုင်းပြည်ကပြည်သူတွေဟာ ကိုယ် ခေါင်းချသေဆုံးမယ့် ကိုယ့်တိုင်းပြည်အတွက် ကိုယ်ပိုင်မဲပေးပိုင်ခွင့် အခွင့်အလမ်းတွေရှိပါတယ် ဒါပေမယ့်တစ်ချို့ အကြောင်းအရာ လေးတွေကတော့ ပေါ့ပျက်ပျက်နိုင်စေပါတယ် အဲဒါကတော့ “ ဒါကိုငါဝယ်ခဲ့တယ်” ဆိုတာမျိုးပေါ့။
ဒါကြောင့်မို့လို့ ဒီပုံပြင်ရဲ့ အကြောင်းအရာကိုကြည့်မယ်ဆိုရင် ကျွန်တော်ထင်တယ် အလွန်ရီစရာကောင်းတဲ့ ebay ရဲ့ လေလံပစ်မှုတစ်ခုပါပဲ။ ကဲအခုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၅ နှစ်လောက်က ဥပဒေဟောင်းကြီးကြောင့် သင့်ရဲ့အိမ်ရှေ့တံ ခါးကို ရဲတွေနဲ့ တရားစွဲဆိုသူတွေ ကလာခေါက်တော့မှာကို မြင်ယောင်ကြည့်လိုက်ပါ။

[+/-]Read More...

Google finally surrenders & posts a privacy link



After constantly refusing to do what other big websites had already done - post a privacy link to their front page - Google has finally surrendered and done the big move.

No-one knows why they suddenly caved in, but Techcrunch speculates that it was probably government pressure or the fact that the absence of a privacy policy may have been illegal under California law.

Now that the privacy link is finally there, you have to ask yourself why Google was making such a fuss over it in the first place. It is such a tiny link, it takes up hardly any space at all on the page, and realistically, how many people are actually going to click on it? Is this tiny little link the cause of all the hoo-hah?

If you do click on it, you’re taken to Google’s “Privacy Center” where there are links to the full privacy policy as well as “privacy practices” for certain products and privacy videos at YouTube. Quite an extensive and well thought out effort but again, how many people are actually going to take the time to read it all?

[+/-]Read More...

Windows XP has been retired but you can still get it

June 30th 2008 was the day that Microsoft officially pulled the rug out from under Windows XP. It was the day that the OS was given its gold watch, its long service medal and told to sod off and retire because it was hogging Vista’s limelight.
But as this Wired wiki points out, XP may still have the last laugh for quite a while yet. Not only will Microsoft continue to support XP until the end of next year, but there are many places where you can still pick up a brand new legitimate copy of the OS if you want one.
For example, if you have Vista, you can “downgrade” to XP. You can also do a bit of legwork and hunt round all the smaller computer chains who might be hoarding copies of the OS in their storerooms.
So put the celebrations on hold Vista. You haven’t got the stage for yourself just yet. XP still has a few curtain calls to go before it finally departs for good.

[+/-]Read More...

Search Engine Optimization Tips and Tricks

Today, we’ve got 3 interesting white papers for those of you looking to optimize how your sites rank within search engines. These documents are very well written and offer some good information as what you must and must not do to help your site become more visible.

-Do’s and Don’ts of Search Engine Optimization

The world of Search Engine Optimization has a colorful past of both good quality techniques and poor quality techniques, also known as Spam. Search Engine Optimizers have been categorized as White Hat or Black Hat. The White Hat techniques embrace a “Best Practices” approach to SEO. They typically work for both the good of the Web site and the good of the Search Engines. Black Hat techniques can actually harm results and devalue a web site.

This Paper will examine the techniques that fall under both sides of Search Engine Optimization. The grey area topics will not be covered. The past few years have seen great achievements in communication between Search Engines and SEOs / Webmasters. This communication has led to a much clearer path for long term successful Natural Search Engine Optimization.

-Website Redesign and Search Engine optimization – Keys For Success

Now is a great time to examine your Web site and decide if it is due for a redesign. It could be as simple as a graphical facelift or as robust as a ground-up rebuild. This can be a frightening endeavor when Search Engine traffic is added to the equation.

Ultimately, a well planned and executed strategy will ensure a smooth transition to a superior Web site with new and optimized content, providing increased value for users and Search Engines.

-Determining the Best Keyword Strategies for Your SEO and SEM Campaigns

Keyword rankings in the major Search Engines have long been the desire of Website owners and online marketers. Keywords used in Search Engines have evolved proportionally with the World Wide Web. They are not just single word phrases anymore. They are not static short lists of target phrases. Instead, they are growing and live lists full of robust combinations of core keywords plus many qualifiers. This white paper will provide the knowledge necessary to determine what keywords to use for your SEO and SEM.

[+/-]Read More...

Bluetooth ဟာ နည်းပညာ အသစ်ဖြစ်သော်လည်း Radio Frequency 2.4 Ghz သုံးထာတဲ့ Electronic Device တစ်ခုပဲဖြစ်ပါတယ်။ Bluetooth Chip ပါသော Electronic Device တစ်ခုဟာ 10m မှ 100m အတွင်း Information အပြန်အလှန် ပို့နိုင်၊ လက်ခံနိုင်ပါတယ်။ Bluetooth က အရင်က သိထားခဲ့တဲ့ InDA (Infrared) လို့ သိထားတဲ့ နည်းပညာနဲ့တူပါတယ်။
Bluetooth က InDA ထက် အားသာချက် (၂) ချက် ရှိပါတယ်။ ပထမအချက်က Bluetooth ပို့မယ့် Device နှင့် လက်ခံမယ့် Device တို့က မျက်နှာချင်းဆိုင် ရှိစရာ မလိုပါဘူး။ InDA ကတော့ ပို့မယ့် Device တွေက မျက်နှာချင်းဆို အနေအထား ရှိရပြီး ကြားခံအတား အဆီးများမရှိမှ ရပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကတော့ Bluetooth တပ်ဆင်ထားတဲ့ Device မှ တခြား Bluetooth ရှိတဲ့ မည်သည့် Electronic Device တွေဆီကိုမဆို တပြိုင်တည်း ပို့လို့ရပါတယ်။ InDA ကတော့ တစ်ခုမှ တစ်ခုဆီကို (Point-to-Point) ပဲ ပို့လို့ရလို့ ပို့ချင်တဲ့နေရာ (၂) နေရာ၊ (၃) နေရာ၊ ကို တစ်ခုချင်းဆီပို့မှ ရမှာဖြစ်ပါတယ်။


Bluetooth နှင့် InDA တို့တူညီတဲ့ နှစ်ချက်က Radio Frequency သုံးထားသော Short Range Wireless Technology ဖြစ်ပြီး Power အနည်းငယ်သာ သုံးရုံနဲ့ အသုံးတည့်သော Device များဖြစ်ပါတယ်။
ယခုအခါမှာတော့ Computer Notebook, Handphones, PDA (Pocket PC), Digital Camera နှင့် အခြားအဆင့်မြင့် Electronic Device တွေမှာ Bluetooth ပါဝင်လာတာ တွေ့ရပါလိမ့်မယ်။
Printer, Keyboard, Mouse, Projector, Laptop, Synchronizing PDA and Mobile Phone, Digital Camera အစရှိတဲ့ Device အချင်းချင်း Bluetooth ကို သုံးစွဲပြီး Data, Voice, Audio, Picture တို့ကို တပြိုင်နက်တည်း Device (၇) ခုဆီကို ပို့ဆောင် လက်ခံနိုင်ပါတယ်။ Bluetooth Device တွေက Class (3) မျိုးရှိပြီး Class-3 ကို 1m Range, Class-2 က 10m Range, Class-1 က 100m Range အသီးသီး ပို့ဆောင်နိုင်ရာမှာ…. Mobile တွေက Class-2 ကို သုံးတာများပြီး Class-1 က Industrial Use များ သုံးစွဲလေ့ရှိပါတယ်။
Bluetooth နဲ့ အခြား Wireless Device များဖြစ်ကြသော WLAN, 802.11g, 802.11a, 802.11b, Wi-Fi, Air Port, Infrared, Zigbee တွေနဲ့ယှဉ်ရင် အားသာချက်က ကုန်ကျစရိတ် သက်သာပြီး Operate လုပ်ရန် သုံးစွဲရတဲ့ Power က နဲတဲ့အတွက် Battery ကိုအဓိက မှီခိုသုံးစွဲရတဲ့ Hand Phone, Notebook တွေမှာ ပိုမိုအသုံးတဲ့သည့်အပြင် Data, Voice, Audio တို့ကို တပြိုင်နက် ပို့လို့ရတဲ့ အားသာချက်ကလည်း ပိုမိုပြီးတော့ အသုံးတည့်စေပါတယ်။

[+/-]Read More...

USB 3.0 Standard

ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းများ အကြား ဂယက်ထသွားစေမယ့် မျိုးဆက်သစ်မြန်နှုန်းမြင့် connection standard ဖြစ်တဲ့ USB 3.0 နဲ့ပတ်သက်ပြီး Intel က ကြေငြာလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ လက်ရှိအခြေခံ USB specification နဲ့ အသစ်ထုတ်ဝေမယ့် USB 3.0 တို့ရဲ့ကွာခြားချက်တွေကို ရှင်းရှင်းလင်းလင်း သိစေလိုတာကြောင့်ထုတ်ပြန်ခဲ့တာလို့ဆိုပါတယ်။
USB 3.0 ကို ၂၀၀၉ ခုနှစ်မှာ ထုတ်မယ်လို့ရည်ရွယ်ထားကြောင်း သိရပါတယ်။ လာမယ့်အနာဂတ် ကာလမှာ ဒီ USB standard ကိုပဲ အသုံးပြုမယ့် connector တွေကို device နဲ့ PC တွေမှာအသုံးပြုကြတော့မှာ ဖြစ်ပြီး ဒီ USB 3.0 ရဲ့ standard ဟာ လက်ရှိ USB 2.0 ထက်ဆယ်ဆပိုမို မြန်ဆန်ကြောင်းသိရပါတယ်။
USB 3.0 standard အတွက် USB 3.0 နှင့် Intel ၏ Host Controller Spec တို့ကိုပေါင်းစပ်ထားပြီး Intel မှ ထုတ်လုပ်သော spec တစ်ခုမဟုတ်ဘဲ Hewlett Packard, Intel, Microsoft, NEC, NXP, Texas Instrument တို့မှ ပညာရှင်များပါဝင်တဲ့ USB 3.0 Promoter Group မှ တီထွင်ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

[+/-]Read More...

Web၀န်ဆောင်မှုအခြေခံအဆောက်အအုံAppEngineကိုGoogleမှလွတ်တင်

Web applications တွေ တည်ဆောက်လည်ပတ်ဖို့ရာ အွန်လိုင်း development ၀န်းကျင်ဖြစ်သော Google App Engine ရဲ့ အစမ်း Beta ကို Google မှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ပထမဆုံး Sing up လုပ်သူအယောက် တစ်သောင်းက အခမဲ့ ရရှိမယ်။ Goolge မှ ၄င်းရဲ့ ကိုယ်ပိုင် applications တွေအတွက် သုံးစွဲခဲ့ရာ တူညီသော တည်ဆောက်ရေး အုတ်မြစ် များပဲ ဖြစ်ပါတယ်။ Online storage အတွက် Google’s BigTable database, Google File System Processing နဲ့ အခြားလိုသမျှ ၀န်ဆောင်မှုများစွာ ပါရှိပါတယ်။ ၀န်အားနဲ့ ဒေတာပမာဏ ကြီးမားစဉ်အခါမှတောင် ယုံကြည်အားထားစွာ run မယ့် applications များ တည်ဆောက်ဖို့ ပိုလွယ်လာပါမယ်။
အလားတူ အွန်လိုင်းဝန်ဆောင်မှုများဖြစ်သော Amazon ရဲ့ Elastic Compute Cloud (EC2) နဲ့ Sales force.com ရဲ့ App Exchange တို့အပေါ် ပြိုင်ဆိုင်မှုဖိအားပေးလာစရာ ရှိပါတယ်။ အကြိုစမ်းသပ်ကာလအတွင်း storage အတွက် 200 million megacycles, band width per day အတွက် 10 GB, e-mails per day 2000 အကန့်အသတ် ရှိတယ်။ ထိုပမာဏဖြင့် ဆိုလျှင် Google App Engine applications တွေဟာ တစ်လစာမျက်နှာ ကြည့်ရှုသူ ၅ သန်း ထောက်ပံ့နိုင်မယ်။ Amazon Web services တွေက သီးခြားစီ အသုံးပြုနိုင်ပြီး Google App Engine ကတော့ ပိုပြီးပေါင်းစပ် စုစည်းထားတဲ့ platform အသွင်ပိုပေါက်ပါတယ်။
App Engine ပရိုဂရမ်တွေကို Python ဘာသာစကားနဲ့ ရေးသားနိုင်မယ်။ အနာဂတ်မှာတော့ အခြားဘာသာစကားတွေပါ အထောက်အပံ့ ရလာမယ်။ အကြို preview ကာလ ကျော်လွန်သွားရင် သုံးသလောက်ပေး pay-as-you-go အခကြေးငွေ ကောက်ခံမယ်။ ဒီ Developer တွေမှ သူတို့ရဲ့ Web applications အတွင်း ထိုဝန်ဆောင်မှုကို ထည့်သွင်းသုံးစွဲလာကြတဲ့အခါ ထို service နဲ့ Adseuse မှ ၀င်ငွေရလာမယ်လို့ Google က မျှော်လင့်ထားတယ်။ ဒါပေမယ့် ထိုဝန်ဆောင်မှုက တကယ့်ပြန်ရချက်ဟာ သွယ်ဝိုက်သောအားဖြင့်ပဲ ဖြစ်လိမ့်မယ်။
အဓိက စေ့ဆော်တိုက်တွန်းချက်က web ကို platform အသွင်ဖြစ်စေပြီး ရှေ့သို့တိုးပြီး ကြီးထွားပြန့်ပွားစေဖို့။ Developer တွေက web applications တွေတည်ဆောက်ရပိုလွယ်လာရင် applications တွေ ပိုများလာမယ်။ Users တွေကို Web သို့ ပိုဆွဲဆောင်ပြီး Google ကိုလည်းကူညီနိုင်လိမ့်မယ် ဖြစ်ပါတယ်။

[+/-]Read More...