Showing posts with label ကိုယ်တွေ့. Show all posts
Showing posts with label ကိုယ်တွေ့. Show all posts

မလေးရှား အင်မီဂရေးရှင်းမှာ မိနစ် ၅၀

အမှတ်တရအဖြစ်အပျက်တစ်ခုပါ။ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ရုံးကိစ္စနဲ့ မလေးရှားကို သွားတယ်။ Tuas ချက်ပွိုင့်ကနေထွက်တယ်ပေါ့ဗျာ စင်္ကာပူကအထွက်ကတော့ သိကြတဲ့အတိုင်း ဘာမှကိုပြောစရာကို မလိုတာ လေခဏနဲ့ပြီးသွားတာပေါ့ ဒီတော့ ကားပေါ်ပြန်တက် ပြီးတော့ မလေးဘက်ကိုရောက်ပေါ့ မလေးချက်ပွိုင့်က အင်မီဂရေးရှင်းရောက်တော့ မောင်မင်းကြီးသားများက ဟိုဘက်ကောင်တာက အင်မီဂရေးရှင်းမနဲ့ တော်ကီပစ် နေရာကနေ ဒုံးဒုံးဆိုပြီး အ၀င်တုံး (၂ ပါတ်) ထုပေးလိုက် လေသတည်းပေါ့။ အဲဒီလိုနဲ့ KL မှာ ၄ ရက်နေပြီးတော့ ၁၂ ရက်နေ့မှာ စလုံးကိုပြန်လာတယ်။ အဲ..မလေးကအထွက် အင်မီဂရေးရှင်းရောက်တော့ မောင်မင်းကြီးသား က ပတ်စ်ပို့ ကိုအပြန်ပြန်အလှန်လှန်ကြည့်နေပါရော ဘာမှလည်းမပြောဘူး။ ကောင်တာတွေအားလုံးမှာ ကျွန်တော် တစ်ယောက်ထဲကျန်တော့တယ်။ အဲဒါနဲ့ နေပါဦးပြသနာတစ်ခုခုရှိလားလို့ မေးတော့ ဆရာသမားက Officer ရုံးခန်းကိုလိုက်ခဲ့ပါတဲ့။ ဘာပြသနာလဲလို့မေးတော့လည်း မပြောဘူး။ အဲဒါနဲ့ လိုက်သွားရတာပေါ့..အဲဒီ တော့မှ သူတို့ရဲ့ Officer ဆိုတဲ့ပုဂ္ဂိုလ်ကြီးက မင်း Overstay ဖြစ်နေတယ် ဒါကြောင့်အရေးယူရလိမ့်မယ်လို့ ဆိုလာပါလေရော။ အဲဒါနဲ့ ကျွန်တော်လည်း နေပါဦးမင်းတို့ ငါ့ကိုအ၀င်မှာ ဘယ်လောက်ပေးသလဲဆိုတော့ ၂ ပတ်လေတဲ့။ အေးလေ ငါအခုမင်းတို့တိုင်းပြည်မှာ ၄ ရက်ပဲနေတာလေ အဲဒါ Overstay လားဆိုတော့..ဒင်းက ကျွန်တော့်ရဲ့ ပစ်စ်ပို့ က အ၀င်တုံးကိုပြပြီးတော့ ဒီမှာလေ မင်းဝင်လာတာ မေလ ၈ ရက်နေ့ကလေ ဒီနေ့က ဇွန်လ ၁၂ ရက်ရှိပြီလေဆိုတော့ မျက်လုံးတွေဘာတွေပြာသွားတယ်။ တစ်လကျော်တောင် နေထားတယ် ဆိုပါလား။ ကဲကြည့်ကြပါဦး သူတို့ရဲ့ အ၀င်တုံးကို…

အဲဒီမှာတင် ခေါင်းအေးအေးထားပြီးတော့ တုံးကိုပြူးပြဲပြီးကြည့်တော့မှ အောက်ကလက်ရေးမှာ တော့ ၂၈/၆/၀၈ အထိ ဆိုပြီးရေးထားတယ်။ အဲတော့မှ ခံငြင်းရတော့တာပေါ့ အဲဒါမင်းတို့ အင်မီဂရေးရှင်း ကမှားတာ မင်းတို့ ကွန်ပြူတာထဲမှာ ပြန်ကြည့်ပါဆိုတော့ မှ ကြည့်ပြီးပြီတဲ့ မောင်မင်းကြီးသားများလုပ်ပုံ.. သူတို့မှားတာသိသိကြီးနဲ့ အရေးယူမယ် ညှိုလိုက်ပါဆိုတာကြီးပဲ (တို့ဆီကလိုပါပဲကွယ်)။ အဲဒါနဲ့ ငါလုံးဝလက်မခံနိုင်ဘူး ဆိုတော့ မင်းရဲ့ ပေါ့လျှော့မှုပဲလေတဲ့ ၀င်လာကတည်းကသေသေချာချာ စစ်ဆေးရမှာ မင်းအလုပ်ပဲတဲ့။ ကိုယ့်ကိုတောင်ပြန် ဟောက်ပါလေရော မင်းကွန်ပလိန်းတက်လို့ရတယ်ဆိုတာသိလားတဲ့ အဲမှာတင် ကောင်းပြီ ဒါဆိုငါဒီကိစ္စကို ကွန်ပလိန်းတက်မယ် မင်းတို့ရဲ့ အထက်အရာရှိဆီကိုပို့ပေး ဆိုတော့မှ နေနေရပြီတဲ့ နောက်ဆိုသေသေချာချာ စစ်နော်ဆိုပြီးတော့ အထွက်တုံးကိုထုပေးလိုက်လေသတည်း။ နောင်လာနောက်သားတို့ ဂရုစိုက်ကြလေကုန်။

[+/-]Read More...

စကာင်္ပူအတွေ့အကြုံများ (၁)

စင်္ကာပူကို စပြီးရောက်ဖူးတာက ၂၄ ဧပြီလ ၂၀၀၅ မှာ မရည်ရွယ်ဘဲ အလည်သဘော ရောက်ဖူးတယ်။ Silkair ကပရိုမိုးရှင်း လုပ်တာနဲ့ ကြုံလို့ ရောက်ဖူးရုံသွား လိုက်တာ။ ၅ ရက်နေပြီးတော့ မြန်မာပြည်ပြန်တယ်။ တော်တော်လေး သန့်ရှင်းတယ် စည်းကမ်းရှိတယ် တိုးတက်တယ် ဆိုတာကိုလက်တွေ့သိလာတယ်။ ပြီးတော့မြန်မာပြည်မှာ ကွန်ပျူတာသင်တန်း ပိစိလေးဖွင့်ပြီးတော့ ကြိုးစားကြည့်တယ်။

အရင်းအနှီးကလည်း မတတ်နိုင်လေတော့ ကွန်ပျူတာလေး (၆) စုံနဲ့စတယ်။စစချင်းကတော့ မဆိုးဘူး ကျောင်းသားလည်းရတယ်။ ဒါပေမယ့် ထုံးစံအတိုင်း မီးက တော်တော်ပျက်လာတယ် ရှိတဲ့ငွေလေးနဲ့ မီးစက်ဖွတ်ချက်လေးတစ်လုံး ပြေးဝယ်ရတယ်။ အင်းသိကြတဲ့အတိုင်း ဆီဈေးကလည်း တော်တော်ထောင်းတယ် ပြီးတော့ ဆိုင်းဘုတ်ခွန်၊ လုပ်ငန်းလိုင်စင်ကြေး ၊အခန်းလခ၊ဟိုကြေး ဒီကြေး တွေကမတတ်နိုင်တော့ဘူး။ ဒီတော့လုပ်ငန်းက ဆက်ပြီးတော့ မလည်ပတ်နိုင်ဘူးဆိုတော့ ရသလောက်နဲ့ ထုခွဲရောင်းချပြီးတော့ ဖျက်လိုက်ရတော့တယ်။ ကဲ.ဘာဆက်လုပ်စားမလည်း စဉ်းစားလာရပြီ ၀န်ထမ်း လုပ်မလားဆိုတော့လည်း မလုပ်ချင်ဘူး။ အဲဒီမှာ စင်္ကာပူထွက်ပြီးတော့ အလုပ်ရှာမယ်ဆိုတာ ဖြစ်လာတော့တာပါဘဲ။


ဟုတ်ပြီ စင်္ကာပူကိုထွက်မယ် ဆိုတော့ ထုံးစံအတိုင်း မြန်မာပြည်မှာရှိတဲ့ အေးဂျင့်တွေနဲ့ အပ်မလား ဒါမှမဟုတ် Visit နဲ့ထွက်ပြီး အလုပ်ရှာမလား စဉ်းစားရတော့တာပေါ့။ ပညာရေးကတော့ ရိုးရိုးဝိဇ္ဖာဘွဲ့လေးရှိတယ် ပြီးတော့ ၂၀၀၂ က မလေးရှားက Microsoft Certified Professional (MCP) ၂ ဘာသာပြီးထားတယ်။ ကွန်ပျူတာ Hardware အတွေ့အကြုံရှိတယ်ပေါ့လေ။ အဲဒီမှာ တာမွေဘက်က အေးဂျင့်တစ်ခုကစင်္ကာပူအတွက် IT Support အလုပ်ပေါ်တယ်ဆိုလို့သွားတင်တယ် စင်္ကာပူဒေါ်လာ ၃၅၀၀ ပေးရမယ်လို့ဆိုတယ်။ လေယာဉ်လက်မှတ်ဖိုးမပါဘူးနော်၊ Special Pass (Spass) လျှောက်ပေးမယ်။ လစာက တစ်လ ၁၂၀၀။ အိုကေ… စိတ်ဝင်စားတယ်ပေါ့လေ Resume၊ ပတ်စ်ပို့ပုံ၊ ပတ်စ်ပို့မိတ္တူ အရင်ပေးပြီးတော့တင်ခဲ့တယ်။ ပိုက်ဆံကတော့ အင်တာဗျူးဝင်ရင် တစ်ဝက်စပေးရမယ်။ အဲဒီလိုနဲ့စောင့်နေလိုက်တာ အချိန်သာတစ်လကျော်သွားတယ် ဘာမှမထူးခြားဘူး ဒါနဲ့ အေးဂျင့်ကိုမေးတော့မှ အဝေးသင်နဲ့ ကျောင်းပြီးတာမို့လို့ မရဘူးလို့ပြောတယ်။ သွားပြီ…စိတ်တိုသွားတယ် စိတ်လည်းပူသွားတယ် ငါသွားလို့ မရတော့ဘူးလားပေါ့။ အချိန်ကလည်း တစ်လကျော်လောက် ကုန်သွားတယ်။ အဲဒီလိုနဲ့ ဆက်ပြီးစုံစမ်းတယ် ဘယ်လိုလုပ်ရမှာလည်းပေါ့။ အေးဂျင့် တွေကိုလည်း စိတ်မ၀င်စားတော့ဘူး။

ကဲဆုံးဖြတ်လို့ရသွားပြီ စင်္ကာပူကို Visit နဲ့သွားပြီးတော့ အလုပ်ရှာမယ်ပေါ့။ ဘယ်ကစပြီးလုပ်ရမှာလည်း စုံစမ်းမေးမြန်းရပြီ။

၁) လေယာဉ်လက်မှတ်က အသွားအပြန်ဝယ်ရမယ်အဲဒီလက်မှတ်နဲ့ စင်္ကာပူသံရုံးကို Social Visit ဗီဇာလျှောက်ရမယ်။ အင်းလေယာဉ်လက်မှတ်နဲ့တင်မပြီးသေးဘူး စင်္ကာပူက ခေါ်စာလိုတယ်တဲ့။ အနဲဆုံး ပီအာ တစ်ယောက်ရဲ့ခေါ်စာလိုတယ်လို့ပြောတယ်။ အဲဒီမှာစတွေ့တော့တာပါဘဲ။ အဲဒီမှာတင် လေယာဉ်လက်မှတ်ရောင်းတဲ့ အေဂျင်စီတစ်ခုက ပုဂ္ဂိုလ်တစ်ယောက်က ဒီကိစ္စကိုသူလုပ်ပေး လို့ရတယ် ရရင်သူ့ကို ၃၀၀၀၀ ပေးရမယ်လို့ဆိုလာတယ်။ ကဲပေးဆိုတော့လည်းပေးတာပေါ့ ကိုယ့်မှာလည်းခေါ်မယ့်သူမှမရှိတာကိုး။ ဒါနဲ့ အဲဒီပုဂ္ဂိုလ်လေးကို စရံ ၅၀၀၀ နဲ့ ပတ်စ်ပို့ပေးလိုက်တယ်။ ၃ ရက်တော့ကြာမယ်ဆိုဘဲ။ ထားပါ ဒါကအဆင်ပြေတယ် ပြသနာမရှိဘူး။ ဒီလိုနဲ့ ၃ ရက်ကြာတော့ အဲဒီပုဂ္ဂိုလ်ကို သွားတွေ့တော့ ရုံးမလာတာ ၂ ရက်ရှိပြီတဲ့ အဲဒါဆို သူ့ဖုန်းနံပါတ်လေး ကျေးဇူးပြုပြီးရနိုင်မလား ဆိုတော့ ကျွန်မတို့ဘာမှမသိဘူးတဲ့။ အင်းခက်ပြီ စရံပေး ပတ်စ်ပို့ပေးတုန်းကတော့ သူတို့အရှေ့မှာတင် အခုတော့ဘာမှမသိဘူးတဲ့။ ကိုယ်ကပြန်တောင်းပန်ရတယ် ပိုက်ဆံကအရေးမကြီးပါဘူးခင်ဗျာ ပတ်စ်ပို့က အရေးကြီးလို့ပါပေါ့။ အဲဒီတော့ ညနေမှဖုန်းပြန်ဆက်လို့ ရွှေမျက်နှာတော်ညိုစွာနဲ့ပြောတယ်။အင်း ပြန်ဆိုတော့လည်းပြန်တာပေါ့ ရင်ထဲမှာတော့ဗလောင်ဆူနေပြီ။ ညနေဖုန်းပြန်ဆက်တယ် အဲဒီတော့မှ ဟိုပုဂ္ဂိုလ်က အဆင်မပြေသေးဘူးတဲ့ ပတ်စ်ပို့က သံရုံးမှာတင်ထားပြီးသားတဲ့ သူက EP ခေါ်စာနဲ့တင်ထားတာဆိုဘဲ။ ကိုယ့်ဟာကို သံရုံးမှာသွားထုတ်လိုက်ပါတဲ့။ ဒါနဲ့ နောက်နေ့ကျတော့ သံရုံးကိုပြေးရတော့တာပေါ့ သံရုံးရောက်တော့ ခေါ်စာကမခိုင်မာလို့ Visa မရနိုင်ပါဘူးတဲ့ဗျာ။ အဲဒီတော့ သံရုံးက မမတွေကို ဒါဆိုဘယ်လိုလုပ်လို့ရနိုင်သလဲပေါ့ဆိုတော့ ပြန်လာမှာလားတဲ့။ ဟာဟုတ်ကဲ့ ကျွန်တော်ပြန်လာမှာပါပေါ့ ဒါဆို Deposit FEC ၅၀၀ တင်ရမယ်တဲ့။ ပြန်လာရင်လာပြန်ထုတ်လို့ရတယ် အလုပ်ရလို့ ပြန်မလာဖြစ်ရင်လည်း Permit မိတ္တူအထောက်အထားနဲ့ ကိုယ်စားပြန်ထုတ်လို့ရတယ်ဆိုတော့ ဘယ်တတ်နိုင်မလည်း လုပ်ရမှာပေါ့။

[+/-]Read More...