Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

နိုင်ငံရေးသိပ္ပံပါမောက္ခ ဦးထွန်းမြင့် မှ မြန်မာနိုင်ငံ အရှုပ်အထွေးများ

မေရိကန် နိုင်ငံ၊ မင်နီဆိုးတာ ပြည်နယ်၊ နော့သ်ဖီးလ် ရှိ Carleton ကောလိပ်မှ နိုင်ငံရေး သိပ္ပံဌာန လက်ထောက် ပါမောက္ခ ဦးထွန်းမြင့် က မြန်မာနိုင်ငံ အတွင်း သမိုင်း တလျှောက် မြန်မာ စစ် အစိုးရ

နှင့် ပြည်သူများ အကြား တည်ရှိ နေသော အရှုပ် အထွေး များ နှင့် စပ်လျဉ်းပြီး ကျောင်းသူ ကျောင်းသားများ အား ရှင်းလင်း ပြောကြား သွားသည်။ စက်တင်ဘာလ (၁၀) ရက် နေ့ နေ့လည် ပိုင်းက ကောလိပ် အတွင်း Bone Student Centre တွင် Explaining Doggedness of Dictatorial Rules in Burma/Myanmar အမည်ဖြင့် ဟောပြောပို့ချမှု တစ်ခုအား ပြုလုပ် ခဲ့ပြီး မြန်မာနိုင်ငံ သမိုင်းတွင် သက်တမ်း ရှည်ကြာစွာ အုပ်ချုပ် နေသည့် စစ် အာဏာရှင် အစိုးရ ၏ ရာဇ၀င် နှင့် ၄င်း အား ဖယ်ရှားပြီး တရား မျှတမှု အပြည့် နှင့် အုပ်ချုပ်မည့် အစိုးရ သစ်တစ်ရပ် မည်သို့ မည်ပုံ ဖွဲ့စည်း နိုင်မည် ဆိုသည့် မေးခွန်း တို့အကြောင်း အဓိကထား ပြောကြား သွားသည်။

ဦးထွန်းမြင့် က မြန်မာနိုင်ငံ တွင် စစ် အုပ်ချုပ်ရေး မှာ အရှည် တည်မြဲ နေနိုင်ပြီး ၄င်း ၏ နေရာတွင် ဒီမိုကရေစီ နည်းလမ်း ကျန သည့် အစိုးရ သစ် တစ်ရပ် မ ပေါ်ပေါက် လာမ ခြင်း ဆက်လက် တည်မြဲ နေဖွယ် ရှိသည်ဟု ဆိုသည်။ တရား မျှတ စွာ အုပ်ချုပ်မှု ဆိုသည်မှာ အုပ်ချုပ်သူ စစ် အာဏာ ပိုင်များ ၏ အတွင်း စိတ်တွင် ယဉ်ကျေး သိမ်မွေ့ သော မြန်မာ့ ဓလေ့ နှင့် ဘာသာ တရား အား ရိုသေ ကိုင်းရှိုင်း မှုမျိုး ရှိနေ မှ သာ လျင် ဖြစ်လာ နိုင်မည် ဟု ဦးထွန်းမြင့် က ရှင်းပြ ခဲ့ သည်။ အရှေ့ တောင် အာရှ နိုင်ငံ များ အနက် မြေပြင် ဧရိယာ အကျယ် ပြန့်ဆုံး ဖြစ်သည့် မြန်မာ နိုင်ငံ သည် (၁၉၆၂) ခုနှစ် ကတည်းက စစ်တပ်အုပ်စိုးမှုအောက် ကျရောက်နေခဲ့သည်။

ထိုကာလတလျှောက် စစ်အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှု များ အတော် များများ ပေါ်ပေါက်ခဲ့ သော်လည်း အလွန်နည်းပါးသော အရေအတွက် မျှ သာ အောင်မြင်မှု ရရှိခဲ့ သည်။ နိုင်ငံရေး နှင့် အစိုးရ များ ဆိုင်ရာ ပါမောက္ခ ဒေါက်တာ တေယုဝမ်က ဦးထွန်းမြင့် သည် မြန်မာ နိုင်ငံ အတွင်း နှစ်နှစ် တာမျှ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်က မြန်မာ အစိုးရ အား ဆန့်ကျင်မှု များ အား ခရေစေ့တွင်း ကျ လေ့လာ သိရှိထား သည့် အမှန် တကယ် ကျွမ်းကျင်သော ပုဂ္ဂိုလ်မျိုး မှာ အလွန်ရှားပါး ကြောင်း၊ ဦးထွန်းမြင့် မှာ ထိုသို့ သော ပုဂ္ဂိုလ်ဖြစ်ပြီး ဦးထွန်းမြင့် ရှိနေ ခြင်း မှာ ကောလိပ် အတွက် ကံကောင်း မှု တစ်ရပ် ပင် ဖြစ် ကြောင်း ၀န်ခံ သွား သည်။ ဦးထွန်းမြင့် က မြန်မာ စစ် အစိုးရ အား ဖယ်ရှား လိုလျင် မြန်မာ့ လူမှုရေး ပုံစံကို အခြေခံ မှ စပြီး အပြောင်း အလဲများ ပြုလုပ် သွား ရန်လို ကြောင်း သုံးသပ်ပြောဆိုသွားသည်။

ခိုင်မာသည့် လူ့အဖွဲ့အစည်း တစ်ရပ်မရှိဘဲ အမှန်တကယ် လွတ်လပ်သည့် ဒီမိုကရေစီ လမ်းစဉ် တစ်ရပ် ပေါ်ပေါက် လာမည် မဟုတ်ဟု ဦးထွန်းမြင့် ကဆိုသည်။ ထို့ပြင် ဦးထွန်းမြင့် က လူမှုရေး ပြောင်းလဲ မှု ဖြစ်စဉ် အတွက် အလေး ထား စဉ်းစားသင့်သည့် အချက် လေးချက်ကို တင်ပြဆွေးနွေးခဲ့သည်။

ပထမ အချက် မှာ ဘာသာရေး ရှုထောင့် မှ ချဉ်းကပ် ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ လူဦးရေ ၏ (၈၉) ရာခိုင်နှုန်း မှာ ဗုဒ္ဓ ဘာသာဝင် များဖြစ် ကြ သည်။ ထို့ကြောင့်မြန်မာ့ လူမှုရေး နယ်ပယ် တွင် ဗုဒ္ဓ ၏ အဆုံး အမ များ ကို အမှန်တကယ် လေးစား လိုက်နာရန် လိုအပ် သည်။ ဒုတိယ စဉ်းစား ရမည့် အချက် မှာ မြန်မာ လူမျိုး တို့ ယုံကြည် သည့် ကုသိုလ် ကံလမ်းစဉ် ဖြစ်သည်။ ထိုအချက် သည် ပထမ အချက် နှင့် စပ်ဆက် နေပြီး ဗုဒ္ဓ ၏ အဆုံးအမတွင် လူသားတိုင်း မိမိ ၏ ကံကို မိမိ ဘာသာ ဖန်တီးခြင်း ဖြစ်သည် ဟု ပါရှိသည်။

ထို့ကြောင့် မြန်မာ့ လူမှုရေး နယ်ပယ် တွင် မိမိတို့ ၏ အနာဂါတ် အတွက် မိမိ တို့ တွင်သာ တာဝန် ရှိ သည် ဆိုသော အသိ စွဲမြဲ ခိုင်မာ နေ ရန် လိုအပ် သည် ဟု ဦးထွန်းမြင့် ကဆိုသည်။

နောက်ဆုံး အချက် နှစ်ချက်မှာ အခြေခံ ခိုင်မာ သော ဘာသာ စကား တစ်ခု ဖန်တီး နိုင်ခြင်းနှင့် အမည် နာမ သတ်မှတ် ချက်တို့ ဖြစ် သည်။ ထို့အပြင် အစိုးရ အနေ နှင့် ခိုင်မာသော လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် တည်ဆောက် ရန် ကြိုးစား မည် ဆိုပါက အခြား သော ကိစ္စ များ ကိုလည်း ထည့်သွင်း စဉ်းစား သင့် ကြောင်း ဦးထွန်းမြင့် က ပြောကြား ခဲ့ သည်။

သို့သော် လက်ရှိ အစိုးရ မှာ အမှန် တကယ် လိုအပ်မှု များမှ သွေဖီ သော လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်း နေသည်ဟု ဦးထွန်းမြင့် ကဝေဖန်သွား သည်။ ပြည်သူများ အတွက် အမှန် တကယ် လွတ်လပ်စွာ ဆောင်ရွက် နိုင်ခွင့် ရှိ သည့် အခြေခံ ဥပဒေမျိုး အစိုးရက ပြဌာန်းထား သင့်သော်လည်း လက်ရှိ အနေအထား အရ မြန်မာ ပြည်သူ အများစု မှ အသက်ရှင် ရပ်တည်ရေး အတွက်ပင် မနည်း ရုန်းကန် နေရကြောင်း ဦးထွန်းမြင့် က သုံးသပ် ပြ သွားသည်။

ယခု ပြုလုပ် သွားသော ဦးထွန်းမြင့် ၏ Presentation မှာ ကောလိပ် အတွင်း နိုင်ငံတကာ ရေးရာ ဆွေးနွေး မှု အစီအစဉ် ၏ တစိတ် တဒေသ ဖြစ်သည်။ ထို အစီ အစဉ် အား ဗုဒ္ဓဟူး နေ့ နေ့လည် အချိန်တိုင်း ကောလိပ် တတိယ ထပ် တွင်ရှိ သော Bone Student Centre ၌ ကျင်းပ ပြုလုပ် လေ့ရှိ ကြောင်း သိရ သည်။

[+/-]Read More...

ကမ္ဘာ့စီးပွားရေးအကြပ်အတည်း ကြာရှည်ဖြစ်လာပါက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်ဖွယ်အခြေအနေများ

အမေရိကန်နိုင်ငံမှစတင်ခဲ့သည့် ဘဏ္ဍာရေးအကြပ်အတည်းသည် နိုင်ငံတကာသို့လည်း ရိုက်ခတ်နေသည့်နည်းတူ ယင်းဖြစ်စဉ်ကာလ ကြာရှည် လာပါက မြန်မာနိုင်ငံအပေါ်၌လည်း သွယ်ဝိုက်သောနည်းဖြင့် သက်ရောက် လာနိုင်ဖွယ်ရှိ၍ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုကို သက်သာစေမည်ဖြစ် ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

အမေရိကန်ငွေရေးကြေးရေးကိစ္စနှင့်ပတ်သက်ပြီး စီးပွားရေးဂယက်ရိုက်မှုတွေဟာ မြန်မာနိုင်ငံအပေါ်ကို အနည်းနဲ့အများဆိုသလို ရိုက်ခတ်မှုရှိ လာနိုင်သော်လည်း ရေတိုအခြေအနေမှာ ထိခိုက်မှုနည်းနေနိုင်ပေမယ့် လနဲ့ချီပြီးကြာလာရင် ဒီဖက်ပိုင်းကနေ ကြိုတင်ပြင်ဆင်မှုတွေရှိထားမှဖြစ်မယ်လို့ လည်း သုံးသပ်ခဲ့ကြသည်။ သွယ်ဝိုက်တဲ့နည်းလမ်းတွေဖြစ်တဲ့ ဥပမာ ပို့ကုန်လုပ်ငန်း ဈေးနှုန်းအတက်အကျကြမ်းတာ၊ ငွေလှယ်လဲလှယ်နှုန်း အပြောင်း အလဲဒဏ်၊ အဲဒီကမှတစ်ဆင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေမှာ ငွေကြေးပြဿနာ ကြာရှည်နေနိုင် တယ်လို့လည်း စီးပွားရေးပညာရှင်များက ဆက်လက်သုံးသပ်ခဲ့ကြသည်။

မြန်မာနိုင်ငံမှာ Stock Market မရှိတဲ့အတွက် တိုက်ရိုက်မထိခိုက်နိုင်ဘူး။ ဒေါ်လာဈေးကျတာ၊ ရွှေဈေးကျတာက မူမမှန်ပေမယ့် ကောင်းတယ်လို့ တွက်လို့မရဘူး။ မြန်မာငွေဈေးတက်တာက အမေရိကန်ဒေါ်လာ Weak ဖြစ်တာပါဟု ဆရာမောင်ဝံသက ရှင်းပြခဲ့သည်။ “အကျပ်အတည်းက ဘယ်လောက်ကြာမှာလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ ဘယ်အပိုင်းက စပြင်ဆင်ရမလဲ စောင့်ကြည့်သတိထားနေဖို့ အရေးကြီးတယ်။ ပြည်ပနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်ထားသင့်တယ်။ ဒါမှသာ ကိုယ့်ဘက်က နစ်နာမှုမရှိနိုင်အောင် ကာကွယ်နိုင်လိမ့်မယ်လို့ယူဆတယ်”ဟု ဒေါက်တာတင်လတ်က လည်းရှင်းပြခဲ့သည်။

“ပြည်တွင်းမှာလည်း ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒီလို ထုတ်လုပ်မှုလုပ်ငန်းတွေကျဆင်းပြီဆိုရင် ဈေးကွက်သဘောအရ ထုတ်လုပ်သူက အခြားနိုင်ငံထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိတာက အရေးပါလာပြီး နောက်စီးပွားရေးဝင်ရောက်လွယ်မှုရှိတာ မရှိတာ ဒါတွေကိုပြောတာ။ အစိုးရနဲ့ လုပ်ငန်းရှင်တွေ အခုပိုပြီး နားလည်မှုရှိဖို့လိုအပ်လာပါပြီ။ ဥပမာ- ကျွန်တော်တို့ အီးယူကို ပုစွန်ပို့တယ်။ အခုဝယ်လိုအားကျလို့ ပုစွန်ဈေး ကျဆင်းတယ်။ ဘင်္ဂလားဒေ့ရှ်က အီးယူနိုင်ငံကို တင်ပို့ရင် အခွန်အားလုံးကင်းလွတ်တယ်။ ကျွန်တော်တို့ကို အီးယူက ၁၃.၇ ရာခိုင်နှုန်းကောက်တယ်။ တင်ပို့ခွန် ၁၀ ရာခိုင်နှုန်းနဲ့ပေါင်းရင် ၂၃.၇ ရာခိုင်နှုန်း ကျွန်တော်တို့ သူများထက်ပိုပြီး ကုန်ကျတယ်။ ယှဉ်ဖို့ခက်တဲ့အတွက် သူတို့နဲ့ယှဉ်နိုင်အောင် ပြင်ဆင် ထားသင့်တယ်။ အရေးကြီးတဲ့အချိန်မှာ အားလုံးစုစည်းပြီး ပြင်ဆင်တာက ထိခိုက်လာလည်း သက်သာမယ်လို့ကျွန်တော်ယုံကြည်တယ်။ ထိုင်းလိုပေါ့ ဆန်ကို ကျဈေးနဲ့မိမှာစိုးလို့ အခုကတည်းက ဈေးလျှော့ထိုးရောင်းလိုက်တယ်။ ဒါကကြိုတင် ပြင်ဆင်တာပဲ”ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တစ်ဦးမှ သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံထက် စီးပွားရေးပမာဏကြီးမားသည့် အိမ်နီးချင်းနိုင်ငံများတွင်ပင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လာကြရာ မြန်မာနိုင်ငံအနေဖြင့် လည်း ပြင်ဆင်မှုကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု ဆက်လက်သုံးသပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအနေအထားမှာ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့ နှင့် စီးပွားရေးနှင့်နှိုင်းယှဉ်ပါက သေးငယ်သည်မှာမှန်သော်လည်း ထိခိုက်လာပါက ခံနိုင်ရည်အား ပိုမိုနည်းပါးနိုင်ပါသည်။ နိုင်ငံ့ထုတ်ကုန်များ ယိမ်းယိုင မသွားစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ထားရှိသင့်ကြောင်း ပညာရှင်များ၊ လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

[+/-]Read More...

တောင်ပေါ် အပန်းဖြေ စခန်းမြို့ တစ်မြို့ စတင်တည်ဆောက်နေ

မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ် သုံးတောင် ကျေးရွာအနောက်ဘက် မန္တလေး မြို့တော်အရှေ့ဘက် ၂၉မိုင်အကွာရှိ ရတနာပုံမြို့သစ်ကိုယ်ပိုင် အိမ်ရာ စီမံကိန်း (မြောက်ပိုင်း) အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းပိုင်းမှစတင်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစီးတည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရာတွင် ရတနာပုံဆိုက်ဘာစီးတီးအနီးတွင်တည်ရှိပြီး တောင်ပေါ်အပန်းဖြေအနားယူနိုင်ရန်အတွက် ရည်ရွယ်၍တောင်ပေါ်စခန်းမြို့တစ်မြို့ ပေါ်ပေါက် လာမည်ဖြစ်ကာ ရေ၊ မီး၊ အင်တာနက်သုံးစွဲမှု လုံခြုံရေးစနစ်၊ အပန်းဖြေပန်းခြံ၊ ဆေးရုံ၊ ဆေးခန်း၊ တယ်လီဖုန်းနှင့် စာသင် ဆောင်များပါဝင် မည်ဖြစ်ပြီး မြို့ပြအင်္ဂါနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရတနာပုံမြို့သစ် ကိုယ်ပိုင် အိမ်ရာ စီမံကိန်း(မြောက်ပိုင်း) အကောင်အထည်ဖော်ရန်အတွက် မြို့ကွက်သစ်အဝင်လမ်းမကြီးများ အတွက်လမ်းအူကြောင်းနှင့် မြို့သစ်အိမ်ရာနယ်နမိတ် ဧရိယာတိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိရာ အသုံးပြုည့် ဧရိယာ များမှလူနေရပ်ကွက်ဧရိယာ ၁၆၁.၅၈၉ဧက၊ လမ်းများအတွက် ၁၅၂.၆၆ဧက၊ ပန်းခြံ၊ ဈေး၊ ကျောင်းနှင့်အခြားဧရိယာ၆၈.၈၄ဧကစုစုပေါင်း ၃၈၃ဧကသတ်မှတ်ပြီး ပေ ၂၀၀ပတ်လည်မြေကွက် ၃၆၇ကွက် စုစုပေါင်း ၅၄၂ကွက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။

[+/-]Read More...

ဘင်္ဂလားဒေ့ရှ်အား အေဒီဘီက ဒေါ်လာသန်း ၁၇၀ ချေးမည်

ကုန်ဈေးနှုန်းများကြီးမြင့်မှုကို အမီလိုက်၍သုံးစွဲနိုင်ရန် ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာကဏ္ဍအတွက် အေဒီဘီက ဒေါ်လာသန်း ၁၇၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဘဏ်ကပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အေဒီဘီနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဒေါ်လာ ၁ ဒသမ ၂၉ ဘီလျံ ကူညီပေးရေးအစီအစဉ်အရ ယခုသဘောတူညီချက်ကို ဘဏ်နှင့်ဘင်္ဂလားဒေ့ရှ်တို့ သြဂုတ်လ ၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အေဒီဘီက ဒေါ်လာခြောက်သိန်းကိုလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။

''ထောက်ပံ့မှုဟာ မကြာသေးမီကဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ဒဏ်ကိုခံလိုက်ရပြီး စားသောက်ကုန်ဈေးနှုန်းတွေ အလျင်အမြန်တိုးမြင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စားနပ်ရိက္ခာကဏ္ဍကို အထောက်အကူဖြစ် စေမှာပါ''ဟု အေဒီဘီကြေညာချက်တွင် ဖော်ပြထားသည်။

မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကပ်ဘေးများကြောင့် ဘင်္ဂလားဒေ့ရှ်၏ဆန်စပါးထုတ်လုပ်မှု တန်နှစ်သန်းခန့်ကျဆင်းခဲ့ပြီး လူ ၂၅ သန်းခန့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။

[+/-]Read More...

မော်ရီတေးနီးယားနိုင်ငံတွင် အာဏာသိမ်း

ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ အစောဆုံးပြန်လည်ကျင်းပပေးမည်ဟု အာဏာသိမ်းအစိုးရ ကတိပြုအာဖရိကတိုက်မှ မော်ရီတေးနီးယားနိုင်ငံတွင် သြဂုတ်လ ၆ ရက်နေ့က စစ်ဘက်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မော်ရီတေးနီးယားသမ္မတနှင့်ဝန်ကြီးချုပ်က ယင်းနေ့နံနက်ပိုင်းတွင် စစ်တပ်အကြီးအကဲလေးဦးအား ရာထူးမှဖယ်ရှားခဲ့ပြီး ညနေပိုင်းတွင် အာဏာသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်များက သမ္မတနှင့်အစိုးရအဖွဲ့သည် အကျင့်ပျက်ခြစားမှုများရှိနေပြီး အစ္စလာမ်ဘာသာရေးအယူအဆ ပြင်းထန်သူများနှင့်အစိုးရအဖွဲ့ကြား သဘောထားကိုက်ညီမှုများ မရှိသောကြောင့် အာဏာလွှဲပြောင်းရယူခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။ အာဏာသိမ်းမှုကို သမ္မတ၏ ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးမိုဟာမက်အူလ်အဗ္ဗဒယ်အဇစ်က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းမှုကို ရုပ်သံမှထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စုကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းအပြီး တစ်ရက်အကြာသြဂုတ်လ၇ရက်နေ့တွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ပြည်ထောင်စုကောင်စီက တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲများကို ဖြစ်နိုင်သမျှအစောဆုံး ကျင်းပပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် သမ္မတဆီဒီအိုလ်ချိခ်အဗ္ဗဒါလာဟီနှင့် ၀န်ကြီးချုပ်ယာယာအိုလ်အာမက်ဝါကိဗ်တို့အား ထိန်းသိမ်းထားကြောင်း သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဖရိကအင်အားကြီးတောင်အာဖရိကနှင့် နိုင်ဂျီးရီးယားတို့က ဝေဖန်ခဲ့ကြသည်။ အာဖရိကသမဂ္ဂကလည်း လာမည့်သီတင်းပတ်တွင် မော်ရီတေးနီးယားသို့ သံတမန်စေလွှတ်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်ရီတေးနီးယားနိုင်ငံသည် သမ္မတအားပြည်သူက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်မှာ ၂၀၀၇ ခုနှစ်မှ ဖြစ်သည်။ ၂၀၀၅ ခုနှစ်က သွေးထွက်သံယိုမှုကင်းမဲ့သော အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီးတွင် အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတဆီဒီမှာ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၅၂ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရခဲ့သူဖြစ်သည်။ လူမျိုးစုငယ်များပြားပြီး သဘောထားပြင်းထန်သည့် ဘာသာရေးခေါင်းဆောင်များကြီးစိုးသည့် မော်ရူတေးနီးယားတွင် သဘောထားပျော့ပျောင်းသည့် ဆီဒီမှာ ထောက်ခံမှုအများစုရရှိပြီး သမ္မတဖြစ်လာခဲ့သည်။

သို့ရာတွင် နိုင်ငံတွင်းစီးပွားရေးအကျပ်အတည်းနှင့် လူမှုပြဿနာများကို မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် လွှတ်တော်တွင် အယုံအကြည်မရှိအဆိုတင်သွင်းခံရမှုအပါအ၀င် ပြဿနာမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ အယုံအကြည်မရှိအဆိုတင်သွင်းမှု မအောင်မြင်ခဲ့သော်လည်း လွှတ်တော်တွင်း ပဋိပက္ခများကြီးထွားလာခဲ့သည်။ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးမှာ ဆီဒီနှင့်အလွန်ရင်းနှီးသူဖြစ်ပြီး လက်ရှိအချိန်တွင် သမ္မတလုံခြုံရေးကို တ၀န်ယူထားရသူ ဖြစ်သည်။

[+/-]Read More...

ငြိမ်းချမ်းရာမြေ

ဒီနှစ်အတွက် Global Peace Index (ကမ္ဘာ့ငြိမ်းချမ်းမှုစံ) ထွက်လာပါပြီ။ မြန်မာပြည် ကတော့ နံပါတ် ၁၅ ချိတ်ပါတယ်။ အောက်ဆုံးကနေ ရေတွက်ရင်ပါ။ အဆင့် ၁၂၆ ပါ။ စစ်မြေပြင် အီရတ် (အဆင့် ၁၄၀) ကတော့ အောက်ဆုံးမှာပါ။ ရွေးကောက်ပွဲမှာ တစ်ပြေးနေတဲ့ ဘနာဇီယာဘူတို လုပ်ကြံခံရတဲ့ ပါကစ္စတန်က မြန်မာအောက် ကပ်လျက်မှာပါ။ တမီးကျားတွေ ပြန်သောင်းကျန်းလာတဲ့ သီရိလင်္ကာက မြန်မာအပေါ် ကပ်လျက်မှာပါ။ ကင်ညာ(၁၁၉)တို့၊ အီသီယိုးပီးယား(၁၂၁)တို့ ဇင်ဘာဘွေ(၁၂၄)တို့က မြန်မာထက် နည်းနည်းပိုသာပါတယ်။ မနှစ်က အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံက (၁၁၈) ပါ။

ဒီဇယားက တိုင်းပြည်တွေရဲ့ ငြိမ်းချမ်းမှုကို ပြပါတယ်။ အဓိက အချက်ကြီးတွေဖြစ်တဲ့ ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ ပဋိပက္ခတွေ၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ စစ်အင်အား တိုးချဲ့မှုတွေအပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ အနည်းငယ် အသေးစိတ်ရရင်တော့…..

- ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ ပဋိပက္ခ အရေအတွက်
- အဆိုပါ ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေ
- အဆိုပါ ပဋိပက္ခများရဲ့ တင်းမာမှု အခြေအနေ
- အိမ်နီးချင်း နိုင်ငံများနဲ့ ဆက်ဆံရေး
- တခြား နိုင်ငံသားတွေရဲ့ ယုံကြည် စိတ်ချရမှု
- ပြောင်းရွှေ့ခံရသော လူဦးရေ အချိုး (ဥပမာ ဓါတ်ငွေ့ပိုက်လိုင်း အတွက် ရွာသားများကို နေရာ ပြောင်းခြင်း)
- နိုင်ငံရေး မတည်ငြိမ်မှု
- လူအခွင့်အရေး ချိုးဖောက်မှု
- ရာဇ၀တ်မှု ကျူးလွန်နှုန်း
- ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နိုင်တဲ့ အလားအလာ
- ထောင်သား ဦးရေ အချိုး
- ပြည်ထဲရေးနဲ့ လုံခြုံရေး အင်အား အချိုး
- GDP နဲ့ စစ်အသုံးစားရိတ် အချိုး
- စစ်သားအရေအတွက် အချိုး
- လက်နက် တင်ပို့မှု/တင်သွင်းမှု အချိုး
- ကုလသမဂ္ဂနဲ့ တခြား တပ်အင်အား ထားရှိမှု အချိုး
- (စစ်တပ်ရှိ) လက်နက်နဲ့ လူဦးရေ အချိုး
- (တကိုယ်ရေသုံး) လက်နက်ငယ် အလွယ်ရရှိနိုင်မှု
- စစ်တပ်၏ ခေတ်မီမှု နှင့် စွမ်းဆောင်နိုင်အား စသည် စသည်တို့ ဖြစ်ပါတယ်။

တကယ်တော့ ဒီစာရင်း (GPI) ဟာ မနှစ်ကမှ စလုပ်တာပါ။ စာရင်းပြုသူတွေက စီးပွားရေး ပညာရှင်တွေ ဖြစ်ပြီး အဖွဲ့တည်ထောင်သူကတော့ သြစတြေးလျ နိုင်ငံသား IT လုပ်ငန်းရှင် သူဌေး Stephen Killelea ပါ။ စီးပွားရေး ပညာရှင်တွေ လုပ်တယ်ဆိုပေမယ့် ကမ္ဘာ့ ထိပ်သီး နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ အသိပညာ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အထင်ကရ အဖွဲ့အစည်းတွေမှ လူတွေက စစ်ဆေး ထောက်ခံ (Endorseလုပ်) ပါတယ်။

ဒီဇယားကို ကြည့်ပြီးတော့ နိုင်ငံတွေက မိမိ နိုင်ငံ ဘယ်လောက် ငြိမ်းချမ်းတယ်။အစိုးရအနေနဲ့ ဘာတွေ လုပ်သင့်တယ် ဆိုတာကို ဆင်ခြင်နိုင်ပါတယ်။ သူတို့ သုံးတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ မိမိနိုင်ငံအတွင်းမှာ ဘယ်ဒေသက ငြိမ်းချမ်းတယ် ဆိုတာကိုလည်း တိုင်းတာနိုင်ပါတယ်။ တိုင်းပြည် တစ်ပြည်မှာ စီးပွားရေး တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုက ဒွန်တွဲနေပါတယ်။ Per Capital Income အရမ်း မြင့်တဲ့ (ကမ္ဘာ့ အမြင့်ဆုံး ထင်တယ်။ မသေချာပါ။) နော်ဝေးက ထိပ်ဆုံးရောက်နေပေမယ့် Per Capital Income တော့ မြင့်ပါတယ် စစ်အင်အားကြီးနေတဲ့ အမေရိကန်ကတော့ နံပါတ် (၉၇) ပဲချိတ်ပါတဲ့။

ဒီဇယားမှာ စိတ်ဝင်စားတဲ့ နိုင်ငံတွေကို ကြည့်မိပါတယ်။ သြစတြေးလျက အဆင့် (၂၇) ချိတ်ပါတယ်။ ပြည်တွင်းမှာ လုံခြုံ အထူး စိတ်ချရပေမယ့် လူ့အခွင့်အရေး ကန့်သတ်မှုတွေ ရှိပြီး မလေးရှား(၃၈) နဲ့ အင်ဒိုနီးရှား(၆၈) တို့က ရန်ဆောင်ခြင်းခံနေရတဲ့ စင်္ကာပူ (၂၉) ထက် ကပ်ပြီးသာပါတယ်။ အချိန်မရွေး စစ်ထဖြစ်နိုင်တဲ့ တောင်ကိုရီးယား (၃၂) နဲ့ ထိုင်ဝမ် (၄၄)က စစ်အင်အားကြီးတဲ့ UK(၄၉) ထက် နည်းနည်း သာပါတယ်။ ဟောင်ကောင်(၂၃) ကိုလည်း တစ်နေရာ ပေးထားပြီး တရုတ်က (၆၇) ရတာ မဆိုးဘူး ပြောရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး တည်ငြိမ်တဲ့ ကနေဒါက (၁၁) ချိတ်ပြီး နိဗ္မာန်ဘုံလို့ ပြောလို့ရတဲ့ ဆွစ်ဇာလန်(၁၂) ထက် တစ်ဆင့်သာပါတယ်။ ဂျပန်က နံပါတ် (၅) ချိတ်ပြီး အာရှမှ ထိပ်ဆုံးဖြစ်ပြီး အေးချမ်းပြီး ကျွန်တော်နေချင်တဲ့ နယူးဇီလန်(၄) အောက် ကပ်လျက်မှာပါ။ ဒေသအလိုက် ကြည့်လိုက်တော့ အံ့သြစရာ မရှိပါဘူး။ အာဖရိကက မငြိမ်းချမ်းဆုံးဖြစ်ပြီး အနောက်ဥရောပ နိုင်ငံအာလုံး ထိပ်ဆုံး ၅၀ မှာ နေရာယူထားပါတယ်။

[+/-]Read More...

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ လမ်းမရှိ

သြဇာကြီးမားသည့် လန်ဒန် အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဟောကိန်းထုတ်

၂၀၀၈- ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ် လူထုအုံကြွမှုတရပ်ဖြစ်ပြီး လက်ရှိ စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ အလားအလာ မရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်တပ်က အကြမ်းပတမ်း ဖြိုခွဲသည့် အရေးအခင်းမျိုး ထပ်ပေါ်သည့်တိုင် ပြည်ပအင်အားစုတရပ်ရပ်က
ဝင်ရောက်စွက်ဘက်ဘို့ အလားအလာလည်း မရှိကြောင်း ၂၀၀၈ ခု သြဂုတ်လထုတ် လန်ဒန် အခြေစိုက် အီးအိုင်ယူမဂ္ဂဇင်းကြီးက သုံးသပ်ထားသည်။

မကြာခင်က စစ်တပ်တွင်း အပြောင်းအလဲတွေကြောင့် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လေမလား မှန်းဆခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိန်းချုပ်ထားနိုင်သည့်ပုံ ရှိနေပြီး ထိပ်ပိုင်း ဗိုလ်ချုပ်တွေကြား နားလည်မှု ရထားပုံလည်း ပေါ်သည်ဟုပါ အီးအိုင်ယူ မဂ္ဂဇင်းက ယူဆသည်။
အီးအိုင်ယူ၏ ၂၀၀၈-၂၀၀၉ မြန်မာ့နိုင်ငံရေး ခန့်မှန်းချက်အရ စစ်အစိုးရသည် အာဏာကို ဆက်လက်ချုပ်ကိုင်ထားဦးမည်ဟု မှတ်ချက်ပေးထားသည်။ ။

[+/-]Read More...

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ပရီးမီးယားလိဂ် စောင့်ကြည့်

မန်ချက်စတာစီးတီး ဘောလုံးအသင်း၏ ဥက္ကဋ္ဌ တပ်ဆင် ရှင်နာဝပ်ထရာ အနေနှင့် အသင်း ပိုင်ဆိုင်မှု စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ယူဆရပါက အင်္ဂလိပ်ပရီးမီးယားလိဂ်အနေနှင့် မသိကျိုးကျွံပြုနေမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အား သတိပေး လိုက်သည်။

ထိုင်းနိုင်ငံတွင်းရှိ အဂတိလိုက်စားထားမှုများနှင့် ပတ်သက်ပြီး စွပ်စွဲထားသည်များကို ရင်ဆိုင် ရမည့်အစား တပ်ဆင် လန်ဒန်သို့ အပြီးအပိုင် ထွက်ပြေးလာသောကြောင့် ဗဟိုတရားရုံးချုပ် အနေနှင့် ဖမ်းဝရမ်းထုတ်ထားရသည့် အခြေအနေမျိုး ဖြစ်လာရသည်။ လန်ဒန်တောင်ပိုင်း ဆာရေးရပ်ကွက်ရှိ လမ်းထဲတွင် မိသားစုနှင့် ဈေးဝယ်ထွက်နေစဉ် သတင်းထောက်များက ဓာတ်ပုံရိုက်ထားသည်။

ကလပ်အသင်းများ၏ ဒါရိုက်တာများ၊ ပိုင်ရှင်များအဖြစ် သင့်လျော်ခြင်းရှိမရှိ စစ်ဆေးချက်ဖြင့် ကိုက်ညီမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်သည်ကို တွေ့ရှိရပါက မန်စီးတီးကလပ်အတွင်းရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို အတင်းအကျပ် ပြန်ရောင်းချခိုင်းခြင်းမျိုး အပြစ်စီရင်ခံရသည်အထိ ဖြစ်လာ နိုင်သည်။

၂၀၀၇ ခုနှစ် ဇူလိုင်လတွင် မန်စီးတီးကလပ်ကို တပ်ဆင်ဝယ်ယူမှုပြီးစီးသွားသောအခါ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့က တပ်ဆင်၏ အစိုးရအဖွဲ့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသောကြောင့် တပ်ဆင်သည် ကလပ်အသင်း၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဟု ပြောခဲ့သည်။

တပ်ဆင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် (၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း အဂတိလိုက်စားမှုများ၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် တရားရုံးတွင် အမှုပေါင်းများစွာ ရင်ဆိုင်နေရသူ ဖြစ်သည်။

“ကျနော်တို့အနေနဲ့ စည်းကမ်းချိုးဖောက်တယ်လို့ ယူဆရင်တော့ ဥပဒေအရ လုပ်ရမှာပဲ။ အရေး ကြီးတဲ့ ကိစ္စရပ်တခုကို ကျနော်တို့ မျက်ကွယ်ပြုထားမှာ မဟုတ်ပါဘူး။ အခုကိစ္စက နည်းနည်း ရှုပ်ထွေးတဲ့ အနေအထားဆိုတော့ ကျနော်တို့တွေ ချက်ချင်း ဆုံးဖြတ်ချက်တော့ ချလို့မရဘူး။ ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်မထားတဲ့ ကလပ်အသင်းပိုင်ရှင်တယောက်တော့ ဖြစ်ဖို့လိုတယ် လေ” ဟု ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချတ် စကူဒမ်မိုးက ယမန်နေ့က ပြောကြား သည်။

ယခုဖြစ်သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဌာနတို့ထံမှ အကြံဥာဏ် တောင်းခံမည်ဟုလည်း စကူဒမ်မိုးက ပြောသည်။

“နိုင်ငံတိုင်းရဲ့ ဥပဒေတွေကိုတော့ ကျနော်တို့ မကျွမ်းကျင်ကြပါဘူး။ ဒါတော့ တကယ်ကျွမ်းကျင် တဲ့သူတွေနဲ့ ပြောတာက ပိုပြီး ကောင်းပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောသည်။

မန်စီးတီးကလပ်သည် ပရီးမီးယားလိဂ်တွင် န၀မမြောက်နေရာသို့ ရောက်ရှိပြီး နောက်တရာသီတွင် အသင်းနည်းပြ အီရစ်ဆင်၏ တာဝန်ယူမှုမှာ ကြမ်းတမ်းလွန်းသည်ဟု ယူဆကာ ဇွန်လတွင် မန်နေဂျာရာထူးမှ ထုတ်ပစ်သည့်အချိန်အထိ တပ်ဆင်သည် မန်စီးတီးကိုင်တွယ်သည့် ပထမဆုံးနှစ်တွင် ချောမွေ့နေခဲ့သေးသည်။

ပြီးခဲ့သည့် သတင်းပတ်က တပ်ဆင်သည် အသင်းကို ရောင်းထုတ်ရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်နေခဲ့သော်လည်း ထိုသို့ဖြစ်ရသည်မှာ အီရစ်ဆင်ကို ထုတ်လိုက်မှုကြောင့် မဟုတ်ဘဲ တပ်ဆင်၏ ပွဲဦးထွက်ရာသီတွင် အားလုံးအာရုံစိုက်ခံနေရသည့်အဖြစ်မှ နောက်ဆုတ် နေချင်သည့် သဘောသာဖြစ်ကြောင်း မန်စီးတီးအသင်းမှ တာဝန်ရှိသူများက ယုံကြည်နေကြ သည်။

သို့ရာတွင် ထိုင်းအာဏာပိုင်များက တပ်ဆင်အား စွဲဆိုထားသည့် အမှုများ ဆိုင်းငံ့ထားသည့် အတွက် တပ်ဆင်၏ မိသားစု ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားသည်ဖြစ်ရာ တပ်ဆင်အနေနှင့် အမေရိကန်ဒေါ်လာ (၂) ဘီလျံထက်ပိုပြီး ထုတ်ယူနိုင်မည်မဟုတ်သောကြောင့် မန်စီးတီး
ကလပ်၏ ငွေကြေးဆိုင်ရာ အနာဂတ်မှာ မရေမရာ ဖြစ်လာနိုင်သည်။

တပ်ဆင်နှင့် ဇနီး ပွတ်ဂျမန်သည် အိုလံပစ်ဖွင့်ပွဲအတွက် ဘေဂျင်းမြို့သို့ သွားရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ဆက်လက်မသွားဖြစ်တော့ဘဲ ထိုင်းနိုင်ငံ၏ တရားစီရင်မှုတွင် သူ့အနေနှင့် တရား မျှတမှု မရှိနိုင်ကြောင်း အငြင်းပွားကာ သူ့တွင်အပြစ်မရှိကြောင်း ယမန်နေ့က ထပ်လောင်း ပြောဆိုလိုက်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့က ဒေါ်လာသန်းပေါင်းများစွာရှိသည့် အခွန်များကို ရှောင်သည့် အမှုဖြင့် ရာဇ၀တ်မှုတရားရုံးမှ ပွတ်ဂျမန်ကို ထောင်ဒဏ် (၃) နှစ် ကျခံစေခဲ့သည်။ ထို့နောက် အာမခံဖြင့် လွှတ်ပေးလိုက်သည်

[+/-]Read More...

သက်ဆင် အင်္ဂလန်ကို ထွက်ပြေးခိုလှုံပြီ

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်နဲ့ သူ့ဇနီး (တရားရုံးက မသမာမှုနဲ့ ထောင်ဒဏ်၃နှစ်အပြစ်ဒဏ်ချထားခြင်းခံရသူ) သူ့ရဲ့သားသမီးတွေ ထိုင်းနိုင်ငံကို လုံးဝပြန်မလာတော့ပါဘူး ဆိုတဲ့ကျေညာချက်ကို ကျေညာသွားပါတယ်။ တကယ်ဆို တက်ဆင်ဟာ ချဲထီအမှုရယ် မြန်မာပြည်ကို အတိုးမဲ့ ဘတ်ငွေသန်း၎ဝဝဝ ချေးတဲ့အမှုအတွက်ရယ် တရားရင်ဆိုင်ရဦးမှာပါ။

Ousted PM Thaksin says he will not return to Thailand
Source:AFP
Ousted premier Thaksin Shinawatra said Monday he will not return to Thailand to face graft charges but will remain in Britain, blaming political interference in the justice system.
"My wife and I will stay in England where democracy is more important," he said in a hand-written statement released to the media.
"What happened to me and my family and my close relations resulted from efforts to get rid of me from politics."

Thaksin and his wife Pojaman were in Beijing over the weekend for the opening of the Olympics, and rumours have circulated in Thailand that the pair would remain overseas as corruption cases mount against them.
Pojaman was convicted on July 31 of tax evasion and released on bail, and the couple had been ordered to appear before the Supreme Court on Monday to defend themselves in a separate property case.
The pair had to seek special permission from Thai courts to travel overseas since both face a raft of corruption charges that were instigated by the military junta, which overthrew Thaksin in September 2006.
Thaksin travelled to Japan on July 31, and his wife flew to Beijing to join him on Thursday. A former legal advisor close to Thaksin said they had both now flown to Britain.
Thaksin, a billionaire telecoms tycoon turned politician, spent 18 months in self-imposed exile after the coup, spending most of his time in Britain, where he owns a home.

[+/-]Read More...

Breaking News

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မမျှတသောဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် Royal Eleven F.C အသင်းကိုဖျက်သိမ်းလိုက်ကြောင်းသိရှိရပါသည်။

[+/-]Read More...

ဟုတ်ဘူးတဲ့ဗျ

နေပြည်တော်မှ သတင်းစာအသစ် ထုတ်ဝေမည်ဟူသည့် အပြောများ ရန်ကုန် စာနယ်ဇင်း လောကတွင် ထွက်ပေါ်နေသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကမူ မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုလိုက်သည်။

လက်ရှိ ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် New Light of Myanmar အပြင် ၄ စောင်မြောက် သတင်းစာကို နေပြည်တော်မှ ထုတ်လုပ် ဖြန့်ချိသွားမည်ဟု ပြောဆိုခြင်းသည် မမှန်ကန်ကြောင်း နေပြည်တော်ရှိ “ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန” ညွှန်ကြားရေးမှူးချုပ်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်က “လောလောဆယ်တော့ ကျနော်တို့ ဘာမှ မကြားရသေးပါဘူးခင်ဗျာ။ ကျနော်တို့ သေသေချာချာ ဂဃနဏ မသိရသေးပါဘူး။ ဒီရုံးမှာတော့ မကြားဘူးဗျ။ ဘယ်သူသိလဲ ဆိုတော့လည်း ကျနော်တို့လိုပဲ ဖြစ်နေတယ်။ Confirm မဖြစ်ပါဘူးဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အခြေစိုက် မဂ္ဂဇင်း အယ်ဒီတာတဦးကတော့ စစ်အစိုးရအနေဖြင့် သတင်းစာအသစ်တခု ထုတ်လုပ်ရန် စီစဉ်နေပြီး စမ်းသပ်လည်ပတ်မှုကို မကြာမီ လုပ်လိမ့မည်ဟု ပြောသည်။ ထို့အပြင် ထွက်ရှိလာမည့် သတင်းစာသည် လက်ရှိ သတင်းစာများနှင့် ခြားနားမှု ရှိမည်ဟု ပြောသည်။

“နောက်အပတ်ဆို ထုတ်ပြီ။ သတင်းစာနာမည် အကြမ်းဖျင်း “နေပြည်တော်” လို့ ပေးထားတယ် ပြောတယ်။ အရင် သတင်းစာတွေနဲ့ ပုံစံကွဲမယ်။ အရင် သတင်းစာတွေထက် ပိုကောင်းမယ်။ သတင်းတွေ ပိုလွတ်လပ်မယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

သူက ပြန်ကြားရေးဌာနမှ ညွှန်ချုပ်ဖြစ်သူ၏ ငြင်းဆိုချက်အပေါ် ယခုလို ဆက်လက်၍ ဝေဖန်ပြောဆိုသည်။

“သူတို့ကြည့်ရတာ မအောင်မြင်ရင် ဆက်မထုတ်ဘဲ ရပ်မယ်ထင်တယ်။ အဲဒါကြောင့် သိပ်မကျယ်ပြန့်စေချင်ပုံပဲ” ဟု သူက ပြောသည်။

[+/-]Read More...

ဆေးပညာရပ် စိတ်ဝင်စားသူများအတွက် ဆေးသိပ္ပံ ပညာရပ် တက်ရောက်နိုင်

ဇီဝဆေးသိပ္ပံ ပညာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် အင်္ဂလန်နိုင်ငံ University of Bardford က ချီးမြှင့်မယ့် B.Sc (Hons) in Biomedical Sciences ဘွဲ့ကို စင်ကာပူမှာ တက်ရောက်နိုင်ပါတယ်။ သည်ပရိုဂရမ်ဟာ ဆေးသိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး သင်ယူလိုသူများအတွက် First Class Honor Degree ပေးမှာ ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု ဒီဂရီ တစ်ခုဖြစ်ပါတယ်။ သည်ပရိုဂရမ်ကို စင်ကာပူနိုင်ငံ Management Development Institute of Singapore မှာ တက်ရောက်ရမှာဖြစ်ပါတယ်။ ဇီဝဆေးသိပ္ပံပညာရပ်ကို မြန်မာနိုင်ငံက အဆင့်မြင့်တန်း အောင်မြင်ပြီးသူ သို့မဟုတ် GCE 'O' Level ဖြေဆိုအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးသိပ္ပံ ပညာရပ်ဆိုင်ရာ ဘွဲ့ရရှိ ထားသူတွေအနေနဲ့ ဘာသာရပ်ဆိုင်ရာ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ် သက်သာနိုင်ကြောင်း သိရပါတယ်။ ဇီဝဆေးသိပ္ပံ အကြောင်းကို Smart Resources Co., Ltd က ဇူလိုင်လမှာ ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ကြောင်းသိရသည်။
Ref: modern weekly, 20 june 08

Singapore Education Guide Book အင်တာနက် ကဖေးများတွင် ၀ယ်ယူရရှိနိင်

Singapore Education Guide Book ကို 1. Spider Web Cyber Cafe (ဒဂုံ-၁ ကျောင်းရှေ့ ၊ န၀ဒေးလမ်း၊ ဒဂုံ)၊ 2. Sky Net( ဒဂုံစင်တာ၊ မြေနီကုန်း၊ 3. Net Sky (ဘားလမ်း၊ ဆူးလေ)၊ 4.Cyber Corner ( Mr.Brown cafe အပေါ်ထပ်၊ အင်းစိန်လမ်းမ၊ လှည်းတန်း)၊ 5.Wi Fi ( ဘူတာရုံလမ်း မှတ်တိုင်အနီး၊ အင်စိန်လမ်း)၊ 6. Saytaman - စေတမန် cyber cafe (တိုက် - ၁၊ အခန်း - ၁၊ လှိုင်မြင့်မိုရ်အိမ်ရာ) တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။

[+/-]Read More...