ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင်၊ မဟာချိုင်ဒေသတွင် အလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမား ဆယ့်သုံးသိန်းတို့ရဲ့ လူမှုရေး အခက်အခဲ ပြသနာများကို စေတနာ အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့ ဖြစ်ပါသည်။ ရင်ငြိမ်းပန်း ဘလော့တွင် လည်း အသင်းရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို ဓာတ်ပုံ သာဓကများနဲ့ တကွ တင်ပြထားပြီး ဖြစ်ပါသည်။ နာရေး၊ သာရေး ကိစများကိုသာ လက်မလည်အောင် ကူညီနေရသော ရင်ငြိမ်းပန်း အသင်းတွင် မည့်သည့် နိုင်ငံရေး အရိပ်အရောင်မျှ မပါဖူးပါ။
သို့ရာတွင် ဇူလိုင်လ ၇ရက်နေ့တွင် မွန်မိန်းကလေးတစ်ဦးကို မာဖီးယားဂိုဏ်းတဂိုဏ်းက မုဒိမ်းကျင့် ဖမ်းဆီး ခဲ့ရာတွင် ထို မိန်းကလေးက အသက်ကိုမငဲ့ဘဲ ထွက်ပြေးလာနိုင်ခဲ့သဖြင့် ထို ဂိုဏ်းက မြန်မာနဲ့ မွန် မိန်းကလေး များ လက်ရှိတွင်ပင် အယောက် ၂၀ခန့်ကို ဖမ်းဆီး မုဒိမ်းကျင့် စိတ်ကြွဆေး ကျွေးပြီး ပင်လယ်တွင်း ငါးဖမ်း စက်လှေ များတွင် လှေသားများ ပျော်ပါးရန် ရောင်းစားနေသော အမှု ပေါ်သွားခဲ့ပါသည်။ ထို အမှုတွင် မဟာချိုင် ရပ်မှ ဒေသခံရဲပါ ပါဝင် ပတ်သက် နေပြီး အမှု ဖျောက်ဖို့ ကြိုးစားခဲ့ရာ ကျန်ရှိနေ သေးသော မိန်းကလေး အ ယောက် ၂၀ကို ကယ်တင်နိုင်ရန် ထို အမှုကိုလည်း ရင်ငြိမ်းပန်း အသင်းမှ ရဲချုပ်ထံ ထိရောက်အောင် ထိုမှတဆင့် အန်ဂျီအိုများထိ ပေါက်ရောက်အောင် ဦးဆောင် တိုင်တန်း အမှုမှန် ပေါ် အောင် ဖော်ခဲ့ရပါသည်။ ထို မိန်းကလေး အယောက်၂၀ကို ကိစ္စဖျောက် အပြတ်ရှင်း သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် မီဒီယာများမှ မဖော်ထုတ်ရန် တောင်း ပန် ခဲ့ရပါသေးသည်။ ထိုအချိန်တွင်း အမှုတွင် ပါဝင် လှုပ်ရှားသူ တစ်ဦးရဲ့ အိမ်ကို ဖောက်ထွင်း ခိုးယူခံရယုံ သာမက ဖုန်းခိုးယူသွားသဖြင့် ထိုဖုန်းကို ဆက်ကြည့် ရာ ယူတော့ဘာဖြစ်သေးလဲ ဟုပင် မောက်မာစွာ ပြောဆိုခံ ခဲ့ရပြီး အသင်းဝင်တစ်ဦးရဲ့ ချွေးမ အသတ်ခံ ခဲ့ရပါသည်။
သို့သော် ထိုအချက်ကို အငြိုးထားသော ဒေသခံရဲများသည် ရင်ငြိမ်းပန်းအသင်းကို ချောက်တွန်းရန် စောင့် နေခဲ့ကြပါသည်။ ယခုလို သီတင်းကျွတ် လပြည့်နေ့ နီးနေချိန်တွင် ခါတိုင်းနှစ်များကဲ့သို့ သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါတော်နေ့အတွက် ဘာသာရေး အခမ်းအနား ပြုလုပ်ရန် စီစဉ်နေချိန်တွင် ၂၀၀၇ခု အောက်တိုဘာ ၈ရက် မနက် အစောတွင် ရင်ငြိမ်းပန်း ရုံးခန်းကို ရှာဖွေရေး ၀ရမ်း မပါဘဲ ၀င်ရောက် စီးနင်း ရှာဖွေပြီး နံရံတွင် ချိတ် ဆွဲ ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ရုပ်ပုံ ကားချပ်၊ ဗိုလ်ချုပ်ရဲ့ သွေးစည်း ညီညွတ်ကြဖို့ မိန့်ခွန်းနှင့် ဘာသာရေး အခမ်းအနားတွင် ဝေငှရန် အသင့် ပြုလုပ် ထားသော သာသနာ့ အလံပါ ရင်ထိုးတံဆိပ်တို့ကို သိမ်းယူပြီး အသင်း ဥက္တဌကိုပါ နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြပါသည်။
ဒီဘလော့လာ ပရိသတ်ကို မေးချင်ပါသည်။
အာရှသူရဲကောင်းအဖြစ် တကမ္ဘာလုံးက လေးစားအသိအမှတ်ပြုသော မိမိနိုင်ငံရဲ့ ခေါင်းဆောင်ပုံကို အခန်းနံရံမှာ ချိတ်ဆွဲတာဟာ နိုင်ငံရေး မြောက်ပါသလား။
သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါတော်နေ့အတွက် ဘာသာရေး အခမ်းအနားတွင် ဝေငှရန် ပြုလုပ်ထားသော သာသနာ့အလံပုံ ရင်ထိုးသည် နိုင်ငံရေးမှု မြောက်ပါသလား
ဘယ်သောအခါကမှ နိုင်ငံရေး အငွေ့အသက်ပင် မပါအောင် (မလှည့်အားအောင်ပင် ကိုယ့်အလုပ် တဖက်၊ နာရေး ကူညီမှု တဖက် လုပ်ကိုင်နေရသော အသင်းဝင် အင်အား ၂၀၀ဖြင့် လူဆယ့်သုံးသိန်းကို) ကူညီနေ ရသော ဒီရင်ငြိမ်းပန်း အသင်းကို ဘာကြောင့် မြန်မာအစိုးရ မျက်နှာတော်ရအောင် ထိုင်းအစိုးရက ဘာကြောင့် ထိုးကျွေးချင်ရသနည်း
ကမ္ဘာ့အလယ် ကုလသမဂ္ဂတွင် မြန်မာအစိုးရရဲ့ သာသနာရေးဆိုင်ရာ ဖိနှိပ်မှုကို ကန့်ကွက်ကြောင်း ပြောဆို ခဲ့သော ထိုင်းအစိုးရသည် သာမန် နာရေးကူညီမှု အသင်းလေးကို ဗိုလ်ချုပ်အောင်ဆန်းပုံ တွေ့ရှိမှု၊ သာသနာ့အလံ တွေ့ရှိမှု တို့ကြောင့် နိုင်ငံရေး ပုဒ်မ တပ်ကာ ဖမ်းဆီး ချိပ်ပိတ်ခြင်းသည် ခေါင်းကိုထီး ဆောင်းပေးပြီး ခြေထောက်ကို ဖြတ်ရိုက်သော စေတနာ မှန်သော လုပ်ရပ် ဟုတ်ပါသလား
ထိုမျှ မကသေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးစေလိုလျှင် အထက်ကို အမှုတွဲ မတင်စေ ချင်လျှင် ဘတ်ငွေ နှစ်သောင်း ပေးရမည်ဟု ငွေညှစ်ပြီး ငွေပေးမည့်သူ များလာသောအခါ လန့်ဖျပ်ပြီး အ ထက်ကို အမှုတွဲ
တင်ပေးလိုက်ပါသည်။ ရှာဖွေရေး ၀ရမ်းမပါဘဲ ဖမ်းသောကြောင့် မသက်ဆိုင်သော အခြား သက်သေခံ ပစ္စည်းအတု များကိုပါ ထည့်သွင်းခွင့် ရှိနေကြောင်းလဲ ခြိမ်းခြောက်
ပြောဆိုခဲ့ပါသည်။ ထိုမှ တဖန် အထက်သို့ အမှုတွဲ ရောက်ပြီးဖြစ်သောကြောင့် အရေးယူမှု လုပ်မှ ရမည်ဖြစ်ကြောင်း၊ အပေါ့စား အရေးယူမှု ဖြစ်စေရန်အတွက် လက်ရှိ ရှိနေသော
အလုပ်သမားကဒ်ကို ပြန်သိမ်းပြီး အလုပ်သမား လက်မှတ် မရှိသူအဖြစ် နယ်စပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်း၊ နယ်စပ်ရောက်မှ အချိန်မရွေး ပြန်ခိုးဝင်လာ နိုင်ကြောင်း၊ ဒေသခံရဲများ အနေဖြင့် ပြန်ခိုးဝင်လာသည်ကို နားလည်မှုဖြင့် မမြင်ချင်ယောင် ဆောင်ပေးမည် ဖြစ်ကြောင်း သွေးဆောင် ဖြားယောင်းကာ အမှုတွဲကို ဆက်မလိုက်စေဘဲ ကြေအေးရန် သွေးဆောင် ဖြားယောင်းခဲ့ကြပါသည်။ သို့ရာတွင် အမှုတွဲကို အမှန်တကယ် ဖွင့်ရုံမက ပင်မ တရားရုံးတွင်ပါ အမှုတွဲကို တင်လိုက်ပြီး သေးသည့် အမှုကို ကြီးအောင် ဖန်တီး ပြုလုပ်ခဲ့ပါသည်။
ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ
နိုင်ငံသားများ ခင်ဗျား.. ရင်ငြိမ်းပန်း အသင်း ဥက္တဌ အဖမ်းခံရခြင်းသည် လူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ မဟုတ်ဘဲ မြန်မာနိုင်ငံသားများ အားလုံးကို ကြက်ကလေး ငှက်ကလေးကို ဖမ်းသလို ဥပဒေမဲ့ ဥပဒေကို လက်တလုံးခြား ထင်ရာစိုင်း လုပ်ချင်ရာ လုပ်ကာ လူသားချင်း မစာနာမှု ဖြစ်ပါသည်။ အထက်ပိုင်းမှ တာဝန်ရှိသူများက ကမ္ဘာ့အလယ်တွင်
မြန်မာနိုင်ငံကို တရားဝင် ကန့်ကွက် စာ ပို့နေသော်လည်း အောက်ပိုင်းတွင်မူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ရုံးခန်းတွင်း ချိတ်ဆွဲမှု ကြောင့် နိုင်ငံရေး ပုဒ်မတပ်ကာ ဖမ်းဆီးထောင်ချခြင်းသည် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်လျက် ရှိနေ ပါသည်။
ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ နိုင်ငံသားများ ခင်ဗျား.. ကိုယ့်ပြည်တွင်း ကိုယ်နေသော်ငြား မတရားဖိနှိပ်ခံရ၊ နိုင်ငံရပ်ခြား ထွက်လာပါသော်ငြား မတရား ဖိနှိပ် ထိုးကျွေးခံနေရသော အမိမြေမှ တိုင်းရင်းသား ညီအစ်ကို မောင် နှမ အောက်ခြေ လူတန်းစား သန်းနဲ့ချီသော
မြန်မာနိုင်ငံသားများရဲ့ ခံစားချက် နဲ့ ဘ၀ဒုက္ခများကို လူသားချင်း စာနာကြပါရန်နဲ့ မြန်မာနိုင်ငံသားများ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်တွင် မျက်နှာမဖော်ရဲ လောက်အောင် လူသားတန်ဖိုး လူသား ဂုဏ်သိက္ခာများ လွန်မင်းစွာ ကျဆင်းနေရခြင်းမှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကြိုးစား အကောင်အထည် ဖော်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား..
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ
Posted by Baganland at 9:07 AM 0 comments
Labels: သတင်းဆောင်းပါး
ပြည်ပအလုပ်အကိုင်အေဂျင်စီများ အခက်တွေ့
စစ်အစိုးရ၏ မတရားအခွန်ငွေကောက်ခံမှုများနှင့် လာဘ်ငွေတောင်းခံမှုများမှရှောင်လွှဲနိုင်ရန် ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီအများစုသည် အခွန်ရှောင်တိမ်းမှုများပြုလုပ်နေရပြီး အခွန်ရှောင်သည့် အေဂျင်စီများအပေါ် အစိုးရက တင်းကျပ်သည့် စည်းကမ်းဥပဒေများ ချမှတ်လာသည့်အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀န်း၏ ပြောဆိုချက်များအရ သိရှိရသည်။
ပြည်တွင်း၌ စီးပွားရေးအဆင်မပြေမှု၊ စားဝတ်နေရေးခက်ခဲမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသော မြန်မာပြည်သားအရေအတွက် အလွန်များပြားလာသည်။
နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်သူများကြောင့် နိုင်ငံခြားသို့ အလုပ်သမားများပို့ဆောင်ပေးသည့် အေဂျင်စီများ၏ စီးပွားရေးအခြေအနေသည် တနှစ်ထက်တနှစ် တိုးတက်ကောင်းမွန်လာသော်လည်း မတရားအခွန်ကောက်ခံမှုများနှင့် လာဘ်ငွေတောင်းခံမှုများကြောင့် အေဂျင်စီများက စီးပွားရေးကျဆင်းပြီး အလုပ်မဖြစ်ဟုအကြောင်းပြကာ အခွန်ရှောင်ကြခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ဧရာဝတီကို ပြောသည်။
“အလုပ်သမားဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတိုင်း တနှစ်ကိုအလုပ်သမား ၃၀၀ နိုင်ငံခြားပို့ရမယ်ဆိုပြီး ညွှန်ကြားထားတယ်။ အေဂျင်စီတခုအနေနဲ့ တနှစ်ကို အလုပ်သမား ၃၀၀ ထက်မကများတဲ့အရေအတွက် နိုင်ငံခြားကိုပို့ကြတယ်။ ဒါပေမယ့် အေဂျင်စီတိုင်းက မတရားကောက်ခံမယ့်အခွန်အခတွေကိုကြောက်လို့ အမှန်စာရင်းမပြကြဘူး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ ကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။
စစ်အစိုးရက ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အခွန်ကောက်ခံရာတွင် တသမတ်တည်း ကောက်ခံခြင်းမရှိဘဲ အစိုးရဘတ်ဂျက်လိုငွေပြမှုပေါ်မူတည်ပြီး အခွန်များတိုးမြှင့် ကောက်ခံကြောင်း၊ အခွန်ကောက်ခံရာတွင် စီးပွားရေးလုပ်ငန်းများအားလုံးအပေါ် တပြေးညီ အခွန်ကောက်ခြင်းမဟုတ်ဘဲ စစ်အစိုးရအရာရှိကြီးများ၏ သား၊ သမီး၊ ဆွေမျိုး၊ မိတ်ဆွေအသိုင်းအ၀န်းများ ပိုင်ဆိုင်ကြသော စီးပွားရေးကုမ္ပဏီကြီးများမှာမူ အခွန်ဆောင်ကြခြင်းမရှိကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။
“ပြည်ပအလုပ်အကိုင် အေဂျင်စီတွေထဲမှာတောင် အစိုးရအရာရှိတွေနဲ့ ဆွေမျိုးအသိုင်းအ၀န်းတွေပိုင်တဲ့ ကုမ္ပဏီတွေက အခွန်မဆောင်ကြဘူး။ အခွန်ဆောင်ရတဲ့အေဂျင်စီတွေကျတော့လည်း ငွေကျပ်သိန်းပေါင်း ရာဂဏန်းကျော်အခွန်ကောက်တော့ ဘယ်သူမှမဆောင်ချင်ကြဘူး” ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခု၏ မန်နေဂျာက ဆိုသည်။
ယခုအခါ စီးပွားရေးလုပ်ငန်းများကျဆင်းပြီး အလုပ်သမားဦးရေ တနှစ် ၃၀၀ ကို ပြည်ပနိုင်ငံများသို့ မပို့နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနသို့ စာရင်းတင်ပြထားသည့် အေဂျင်စီများကို လုပ်ငန်းလိုင်စင်သက်တမ်း ထပ်မံတိုးမပေးကြောင်း ညွှန်ကြားချက်တရပ်ကို နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ ဇွန်လ ၆ နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ရာ ပြည်ပအလုပ်အကိုင် အေဂျင်စီများ အခက်အခဲများနှင့် ပိုမိုကြုံတွေ့လာရကြောင်း သိရှိရသည်။
“စာရင်းအမှန်ပြရင်လည်း မတန်တဆအခွန်ငွေဆောင်ရမယ်။ စာရင်းအမှန်မပြပြန်ရင်လည်း လိုင်စင်သက်တမ်းတိုးမပေးဘူးဆိုတော့ တော်တော်တော့ အကြပ်ရိုက်လာတယ်။ ဆုပ်လည်းဆူး၊ စားလည်း ရူးဆိုတဲ့အခြေအနေပဲ” ဟု တာမွေမြို့နယ်အတွင်းရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ တနှစ်တကြိမ် ကုမ္ပဏီလိုင်စင်သက်တမ်းတိုးရပြီး နှစ်စဉ် အလုပ်သမားဝန်ကြီးဌာနသို့ စဘော်ငွေ ကျပ်သိန်း ၅၀ သွင်းရသည့်အပြင် အလုပ်သမားဝန်ကြီးဌာန အရာရှိကြီးများ ကိုလည်း လာဘ်ငွေသိန်းပေါင်းများစွာပေးရကြောင်း သိရှိရသည်။
“လိုင်စင်လျှောက်တုန်းကလည်း လိုင်စင်ရဖို့ ကျပ်သိန်း ၂၀၀ လောက်ရင်းပြီး ရအောင်လိုက်ရတယ်။ လိုင်စင်ရလာပြန်တော့လည်း တနှစ်တခါသက်တမ်းတိုးရတဲ့အပြင် အရာရှိတွေကို လာဘ်ထိုးရ၊သူတို့ မတန်တဆ ကောက်တဲ့အခွန်ငွေပေးရနဲ့ စီးပွားရေးက လုံးလည်ချာလည်လိုက်နေတယ်” ဟု ရန်ကုန်ရှိ အေဂျင်စီတခု၏ ပိုင်ရှင်တဦးက ပြောသည်။
ကျောက်တံတားမြို့နယ်မှ အေဂျင်စီတခု၏ပိုင်ရှင်တဦးကမူ ၎င်းအနေဖြင့် လုပ်ငန်းလုပ်ကိုင်သည့်အတွက် ထိုက်သင့်မျှတသော အခွန်ငွေပေးဆောင်ပြီး အေးချမ်းစွာလုပ်ငန်းလုပ်လိုကြောင်း၊ သို့ရာတွင် စစ်အစိုးရက အခွန်ငွေကို သတ်မှတ်ချက်မရှိ၊ တနှစ်ထက်တနှစ်တိုးမြှင့်ပြီး ပရမ်းပတာကောက်ခံမှုများကြောင့် လုပ်ငန်းရှင်များမှာ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် အခက်အခဲဖြစ်လာရကြောင်း ရှင်းပြသည်။
“ပေးသင့်တဲ့အခွန်ငွေပေးချင်တယ်။ ဒါပေမယ့် ၀န်နဲ့အား မမျှတဲ့အခွန်ငွေတွေကောက်တော့ ကျနော်တို့အဖို့ တော်တော်ကြီးကို အခက်တွေ့တယ်။ အဲဒီတော့ ပြည်တွင်းအခွန်ဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနက အရာရှိတွေကို အဘခေါ် လာဘ်ထိုးပြီး စီးပွားရေးလည်ပတ်အောင် လုပ်ရတာပဲ” ဟု ၄င်းက ဆက်ပြောသည်။
ထို့အပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက အလုပ်သမားတဦးကို ပြည်ပနိုင်ငံသို့ပို့ဆောင်တိုင်း အလုပ်သမားဝန်ကြီးဌာနသို့ ငွေကျပ် ၅ သောင်း ပေးသွင်းရကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအ၀န်းကတဆင့် စုံစမ်းသိရှိရသည်။
“အလုပ်သမားတဦး နိုင်ငံခြားပို့တိုင်းငွေ ၅ သောင်းအလုပ်သမားဝန်ကြီးဌာနကို သွင်းရတယ်။ အဲလို သွင်းရတာကတော့ တော်တော်ကြာပါပြီ” ဟု ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်မြို့တွင် ၂၀၀၇ ခုနှစ်အတွင်းက လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇၀ သာရှိပြီး ယခုနှစ်တွင် အလုပ်သမားဝန်ကြီးဌာနက ကုမ္ပဏီလိုင်စင် အသစ် ၄၀ ထပ်မံချထားပေးခဲ့သည့်အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီများမှာ နိုင်ငံရပ်ခြားသွားရောက်မည့် အလုပ်သမားရရှိရေးအတွက် အပြိုင်အဆိုင် ရှာဖွေကြရကြောင်း သိရှိရသည်။
“မလေးရှားသွားမယ့် အလုပ်သမားတဦးခေါ်လာပေးရင် အေဂျင်စီက ပွဲစားခ ကျပ်တသိန်းပေးတယ်။ စင်ကာပူသွားမယ့်အလုပ်သမားတဦးခေါ်လာပေးရင်တော့ ပွဲစားခက စင်ကာပူဒေါ်လာ ၁၀၀ ပေးတယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ သုခစုစံပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအတွက် အလုပ်သမားများ ရှာဖွေပေးနေသည့် အကျိုးဆောင်ပွဲစားတဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဈေးကွက်တွင် မလေးရှားသို့ အထွေထွေအလုပ်သမားများအဖြစ် သွားရောက်လိုပါက အလုပ်သမားတဦးအတွက် အေဂျင်စီများက ၀န်ဆောင်ခအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၅၀ မှ အများဆုံး ၁၅၀၀ အထိ ညီမျှသောမြန်မာငွေတောင်းခံကြကြောင်း၊ စင်ကာပူ နိုင်ငံသို့ အထွေထွေအလုပ်သမားအဖြစ် သွားလိုပါက ၀န်ဆောင်ခ အနည်းဆုံးစင်ကာပူဒေါ်လာ ၂၃၀၀ မှ အများဆုံး ၃၂၀၀ အထိ ညီမျှသော မြန်မာငွေ တောင်းယူကြပြီး အင်ဂျင်နီယာပညာရှင် အလုပ်သမားအဖြစ် သွားရောက်လိုပါက ၀န်ဆောင်ခမှာ အနည်းဆုံး စင်ကာပူဒေါ်လာ ၃၆၀၀ မှ ၅၀၀၀ အထိ ညီမျှသောမြန်မာငွေကို တောင်းယူကြကြောင်း ၊ ယူအေအီးသို့ အထွေထွေအလုပ်သမားအဖြစ်သွားလိုပါက ၀န်ဆောင်ခ အနည်းဆုံး အမေရိကန်ဒေါ်လာ ၈၀၀ ခန့်နှင့်ညီမျှသည့် မြန်မာငွေပေးချေရကြောင်း စုံစမ်းသိရှိရသည်။
အစိုးရက ၁၉၉၉ ခုနှစ် ဇူလိုင်လတွင် ပြည်ပအလုပ်အကိုင် ဥပဒေကို နိုင်ငံတော်ဥပဒေ အမှတ် ၃/၉၉ ဖြင့်ပြဌာန်းခဲ့ပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီများအား တရားဝင်ထူထောင်ခွင့် ခွင့်ပြုခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၀၇ ခုနှစ်အတွင်း တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများက အလုပ်သမား ၇၆၂၀ ကို ပြည်ပသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ အလုပ်သမားများမှ ပြန်လည်ပေးပို့သည့် နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာ ၁၇.၇ သန်းရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးတဦးက ဆိုသည်။
Source ဧရာဝတီ
Posted by Baganland at 2:26 PM 0 comments
Labels: သတင်းဆောင်းပါး
ရှေ့ဖုံးနောက်ပေါ်
ရဲချုပ်ခင်ရီ လိမ်လည်မှုပေါ်ပေါက်
၁၀ ဇူလိုင် ၂၀၀၈
မောင်ဝိတ်နှင့် အပေါင်းအပါ (၆) ဦးကို မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲမှုဖြင့် ပြီးခဲ့သည့် ဇွန် (၁၀) ရက်တွင် လမ်းမတော်မြို့နယ် ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတဦးကို ကိုးကား၍ ယနေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြ ထားသည်။
၎င်းတို့သည် ၂၀၀၃ ခုမှ စတင်ကာ ၂၀၀၈ ခုအထိ မလေးရှားနိုင်ငံသား Petar Too Huat Haw (ခ) ပီတာထံမှ Ecstasy ဆေးပြားများ အကြိမ်ကြိမ်ဝယ်ယူသုံးစွဲခြင်း၊ စိတ်ကြွဆေးပြားနှင့်ုနအောငညန ဆေးတို့အား ကိုယ်တိုင်သုံးစွဲခြင်း၊ ကုမ္ပဏီနှစ်ပတ်လည်နေ့များနှင့် မွေးနေ့ပွဲများတွင် အခြားသူများအား ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန် (၂၆) ရက် နေပြည်တော်တွင် ပြုလုပ်သည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်မူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
နာမည်ကြီး အနုပညာရှင်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၎င်းက ကျနော်တို့ အခုအချိန် အနုပညာရှင်တွေကို တယောက်မှ ဖမ်းထားတာမရှိပါဘူး။ စီးပွား ရေးလုပ်ငန်းရှင်တွေကိုလည်း အခုအချိန်အထိ တရားစွဲထားတာ မရှိပါဘူး ဟု ပြောဆိုကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ၀ီးက အဲလင်းဗင်းဂျာနယ်နှင့် ဂျာနယ်အများအပြားတွင် ဖြော်ပ ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင် ဇော်ရဲမြင့်သည် အနုပညာရှင်များအား တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် နအဖစစ်အစိုးရ အာဏာပိုင်များက မေလကုန်ပိုင်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အနုပညာရှင်များအား မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူများမှာ အောင်ဇော်ရဲမြင့်အပါအ၀င် နအဖနှင့် အပေးအယူမျှနေသည့် စီးပွားရေးသမားများလည်း ပါဝင်ကြောင်း၊ အချို့ရုပ်ရှင်လောက နှင့် ဂီတလောကမှ အနုပညာရှင်အချို့ မူးယစ်ဆေးသုံးစွဲမှုကြောင့် ခေါ်ယူစစ်ဆေးခံရကာ ၀န်ခံကတိထိုးရကြောင်း ခိုင်လုံသော အနုပညာသတင်းရပ်ကွက်မှ သိရသည်။
ရန်ကုန်မြို့မှ ရွှေကုန်သည်တဦးက ဒီသတင်းကို ပြည်ပမီဒီယာတွေနဲ့ ရေဒီယိုတွေက ဖော်ပြခဲ့တာ ကြာပြီ။ ဇူလိုင်လဆန်းပိုင်းက ထွက်တဲ့ ပြည်တွင်းဂျာနယ်တွေမှာတော့ ရဲချုပ်ခင်ရီက စီးပွားရေး လုပ်ငန်းရှင်တွေကို တရားစွဲထားတာ မရှိသေးပါဘူးလို့ ဗြောင်ကျကျ လိမ်ခဲ့တယ်။ အခုတော့ ဗူးပေလိုပေါ်ပြီ။ စစ်အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေကိုယ်တိုင် လိမ်လည်နေကြတော့ သူတို့ရဲ့သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကိုရော ဘယ်လိုယုံစားရတော့မှာလဲ ဟု ထောက်ပြပြောဆိုသည်။
အဆိုပါသတင်းတွင် မောင်ဝိတ်နှင့် (၆) ဦးကိုသာ မူးယစ်ဆေးဝါးမှုနှင့် အရေးယူထားသည်ဟုသာ ပါရှိပြီး နအဖအဖွဲ့ဝင် ဒု- ဗိုလ်ချုပ်ကြီးရဲမြင့် (ရဲမြင့်ကြီ ၏ သား အောင်ဇော်ရဲမြင့် ပါဝင်ပတ်သက် မှုကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။အောင်ဇော်ရဲမြင့်နှင့် မောင်ဝိတ်တို့ နှစ်ဦးသည် ကာလကြာမြင့်စွာကပင် နိုင်ငံခြားဖြစ် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း ပြုလုပ်သူများဖြစ်ကြောင်း၊ ၎င်းတို့ဖြန့်ဖြူးပြီး သုံးစွဲသူများတွင် အနုပညာလောကနှင့် စီးပွားရေးသမားသာမက တပ်ချုပ်ကြီး၏မြေး ဖိုးလပြည့်ပါ စမ်းသပ်သုံးစွဲရာမှ အမှုဖြစ်ရန် စတင်လာသည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
Source ခေတ်ပြိုင်
Posted by Baganland at 10:19 AM 0 comments
Labels: သတင်းဆောင်းပါး
စင်ကာပူအိမ်ရှင် နှိပ်စက်မှုကြောင့် မြန်မာအိမ်ဖော်တဦး ထွက်ပြေးသေဆုံး
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် အလွှာအသီးသီးက မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်နေကြရာမှာ စင်ကာပူလိုနေရာမှာ ပညာတတ်တွေကို အလုပ်အကိုင် ကောင်းကောင်းပေးမယ်ဆိုပြီး မက်လုံးပေး ခေါ်ယူနေတဲ့ ပွဲစားတွေကြောင့် အကြောင်းမလှဘဲ ဘ၀ဆုံးသွားကြရသူတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ စင်ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေရတဲ့မခင်ချိုဦးဟာ အိမ်ရှင်နှိပ်စက်တာကို မခံနိုင်လို့ ထွက်ပြေးရာက အိမ်ပေါ်ကပြုတ်ကျပြီးကွယ်လွန်သွားခဲ့ရပါတယ်။ မခင်ချိုဦးဟာ မြန်မာနိုင်ငံမှာ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီးကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်ဖို့ လက်မှတ်ရထားသူလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုကို ဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မခင်ချိုဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး စင်ကာပူမှာရှိနေတဲ့ ဦးလေးအရင်းဖြစ်သူ ဦးထွန်းလွင်က မခင်ချိုဦးရဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုစပြောပြပါတယ်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျနော်တို့ စကားပြောဖြစ်တယ်ဆိုတာက ကျန်ခဲ့တဲ့ စနေနေ့မှာ သူ အိမ်ကထွက်လာတယ်။ သူက ဟိုတယ်ကထွက်လာပြီး အဖော်နဲ့ အဲဒီမှာအိပ်ပြီးတော့ ကျနော့်ဆီကို ကားငှားပြီးလာတယ်။ ပြီးတော့ စနေနေ့ညနေက ကျနော့်အခန်းကိုသူလိုက်ခဲ့တယ်။”
သူက ဦးထွန်းလွင်နဲ့တွေ့တဲ့အချိန်မှာ သူ အလုပ်ကထွက်ချင်တယ်ဆိုတာ ပြောလား။ သူဘာကိုမကျေနပ်တာလဲ၊ ဘာကို စိတ်မချမ်းသာတာလဲ။ ဒီအလုပ်ကိုထွက်ချင်တယ်ဆိုရင်
သူ့မှာ အကြောင်းပြချက်တော့ ရှိမှာပေါ့။ ပွဲစားနဲ့ချုပ်ခဲ့တဲ့ စာချုပ်အပေါ်မှာ မကျေနပ်တာလား၊ ဘယ်လိုစာချုပ်နဲ့ ရောက်လာလို့ သူက ဒီအလုပ်ကိုလုပ်ရတာလဲ။
“ကျနော့်ကိုပြောတုန်းကတော့ သူက ဦးတဲ့၊ အဖေဆူမှာစိုးလို့တဲ့။ သမီးက နာ့စ်လုပ်ရမယ်ဆိုပြီး ထွက်လာတာတဲ့။ ဒါပေမယ့် တကယ်တမ်းလုပ်ရတာက အိမ်ဖော်ဖြစ်နေတယ်။ သူ့အဖေသိရင် စိတ်ဆိုးမှာစိုးလို့ သူ့အဖေတယောက်တည်းကို နာ့စ်မဆိုပြီးပြောထားတယ်။ အိမ်ရှင်အမျိုးသမီးကလည်း အရမ်းဆိုးတာပဲတဲ့။ သူ ကျနော့်ဆီကို၆ လပိုင်း၊ ၁၁ ရက်နေ့လား၊ ၁၃ ရက်နေ့လားမသိဘူး၊ ထွက်လာတယ်။ သူ့ကို အိမ်ရှင်မိန်းမက လက်သည်းနဲ့ကုပ်လို့ ဘယ်ဘက်လက်မနဲ့ လက်ညှိုးကြားမှာ နည်းနည်းပဲ့သွားတယ်။ နောက် အလုပ်က ပင်လည်းပင်ပန်းတယ်။ ခြေထောက်ကလည်း ယောင်၊ကျန်းမာရေးကလည်း မကောင်းလို့ မလုပ်တော့ဘူးဆိုပြီး ကျနော့်ဆီ ပြန်လာတယ်။
အိမ်ရှင်မိန်းမက အရမ်းဆိုးတယ်လို့တော့ ကျနော့်ကိုပြောပါတယ်။”
အခုကိစ္စက အေးဂျင့်ကို ဆက်သွယ်လို့ မရသေးဘူး၊ သံရုံးကလည်း ဘာမှလုပ်ပေးမယ်လို့ ဆက်သွယ်လို့မရဘူးပေါ့။
“ဟုတ်ကဲ့၊ သူ့အဖေကို ခေါ်မယ်လို့ပြောတယ်။ ခေါ်မယ်ဆိုတော့ ရန်ကုန်မှာ ပါ့စ်ပို့လုပ်ဖို့ဒီက ထောက်ခံစာတွေဘာတွေ ယူသလားလို့ မနက်က သံရုံးကိုသွားမေးတော့ထောက်ခံစာ လာမယူပါဘူးတဲ့၊ အေးဂျင့်ကလည်း လာမယူပါဘူးလို့ သံရုံးက ကျနော့်ကိုပြောပါတယ်။”
အိမ်ရှင်ကရော ဘာလုပ်ပေးမယ်ပြောပါလဲ။
“အိမ်ရှင်က သူ့အဖေလာဖို့ကိစ္စတွေကို အကုန်ဆောင်ရွက်ပေးတယ်လို့ ပြောတယ်။ဒါပေမယ့် ကျနော့်အစ်ကို ဒီတပတ်ထဲမှာပဲ ရောက်အောင်လာမယ်လို့ ကျနော့်အစ်ကိုမနက်က ကျနော့်ကိုပြောပါတယ်။”
အသုဘချတဲ့ကိစ္စကရော။
“အသုဘချဖို့ ဒီမှာ အရာရှိတွေနဲ့ တိုင်ပင်တဲ့အခါကျတော့ သူ့အဖေလာမှ သင်္ဂြိုဟ်လို့ရမလားလို့မေးတော့ ရပါတယ်တဲ့။ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ မသိသေးပါဘူး။”
မခင်ချိုဦးရဲ့ ဦးလေး ပြောသွားတာဖြစ်ပါတယ်။
မခင်ချိုဦးသေဆုံးခဲ့တဲ့ကိစ္စ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် အဝေးရောက် မြန်မာမိသားစုများက ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့ အကြောင်းကိုလည်း အဖွဲ့ဝင် ကိုစိုးမိုးကအခုလိုပြောပြပါတယ်။ “စင်ကာပူမှာရှိတဲ့ မြန်မာကလပ်က တရားဥပဒေနည်းလမ်းအတိုင်း အစစအရာရာဖြစ်ဖို့ လုပ်နေပါတယ်။ မျိုးချစ်မြန်မာလူငယ်တွေက လိုက်ကူညီနေပါတယ်။ အခုကျနော်တို့ ပင်နင်ဆူလာပလာဇာမှာ သူ့အမျိုးတွေနဲ့ တွေ့နေတယ်။ တွေ့တော့လောလောဆယ် သူတို့ အခုအချိန်အထိ အလောင်းကိုလည်း မကြည့်ရသေးဘူး။ ဒီမှာရှိတဲ့အေးဂျင့်ကလည်း သူတို့ကို တိုက်ရိုက်စကားပြောတာတွေ၊ ဆက်ဆံတာတွေ မရှိသေးဘူး။ မြန်မာပြည်ဘက်က အေးဂျင့်ကတော့ ရန်ကုန်အိမ်မှာ သူတို့ကိုသွားပြီးညှိနေတာတွေ ရှိတယ်ဆိုတော့ တချို့ဟာတွေက ပုံမှန်မဟုတ်တဲ့ဟာတွေ တွေ့နေရတယ်။ အဲတော့ တရားဥပဒေအတိုင်း ပုံမှန်အတိုင်းဖြစ်ဖို့၊ လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်ဖို့မြန်မာကလပ်က အတွင်းရေးမှူးကိုယ်တိုင်ဆင်းပြီး လိုက်လုပ်နေပါတယ်။”
Source: http://www.voanews.com/burmese/2008-...-singapore.cfm
Posted by Baganland at 6:07 AM 0 comments
Labels: သတင်းဆောင်းပါး
Bloggers build budget huts for cyclone victims
BLOGGERS have raised tens of thousands of dollars to build “budget huts” for Cyclone Nargis survivors in Myanmar. Former IT specialist Nyi Lynn Seck’s web journal tracks the aftermath of the cyclone disaster, which has killed about 78,000 people. In turn, he has received about US$30,000 (S$41,000) in donations, mostly from
Myanmar expatriates in Thailand, Singapore and Malaysia, even some as far away as Europe. Armed with the financial resources, the 29-year-old quit his job and gathered his friends and helped to build “budget huts” in the Irrawaddy delta, a region still reeling from the May 2-3 killer storm. “I have been blogging for quite a long time and many overseas Myanmar citizens read it. They wanted me to go to the delta and help out,” he said. Mr Seck is just one example of a grassrootsmovement that has emerged in Myanmar. Private efforts have filled a lot of gaps in the relief effort, especially in the early weeks after the storm.
Due to tides, the volunteers are unable to return to Labutta on the same day, so they usually spend at least one night sleeping without protection from mosquitoes. Several have fallen ill. The blogger said the group’s most pressing concerns were about sustaining the project despite the high price of materials and transportation. “Now the biggest problem is that we’re having trouble finding wood in Labutta, and the wood is also getting very expensive,” Mr Seck said. “As long as there are funds and donors, hopefully we can keep this up for another two to three months here,” he said.
Posted by Baganland at 8:14 PM 0 comments
Labels: သတင်းဆောင်းပါး