Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

ဇင်ဘာဘွေအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် တရုတ် နဲ့ ရုရှား ပယ်ချ

တရုတ်နဲ့ ရုရှားက ဗီတိုသုံး ပယ်ချလိုက်ပြီးတဲ့နောက် ဇင်ဘာဘွေအပေါ် ပိတ်ဆို့ အရေးယူရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကမချမှတ်နိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့လ သမ္မတ ရွေးကောက်ပွဲမှာ အကြမ်းဖက်ခဲ့တဲ့အတွက် သမ္မတ ရောဘတ် မူဂါဘီ နဲ့ အခြား ၁၃ ယောက်ကို ငွေရေးကြေးရေး အရ၊ ခရီးသွားလာမှု အရ ကန့်သတ်ပိတ်ဆို့ အရေးယူဖို့ ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို အမေရိကန် နိုင်ငံက ကမကထပြု တင်ပြခဲ့ပါတယ်။
တရုတ်၊ ရုရှား၊ တောင်အာဖရိက၊ လစ်ဗျား နဲ့ ဗီယက်နမ် တို့က ဆန့်ကျင်မဲ ပေးခဲ့ကြပါတယ်။ ပိတ်ဆို့အရေးယူတာကြောင့် အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့ကြား စကားပြောနေတာကို ထိခိုက်သွားနိုင်ပါတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောပါတယ်။ ဇင်ဘာဘွေကိစ္စဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာ မဟုတ်တဲ့ အတွက် လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့် အပြင်ဘက်မှာ ရောက်နေပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီးက ဆိုပါတယ်။
အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူမယ် ဆိုရင်၊ ပြည်တွင်းစစ်ကို ဦးတည် သွားနိုင်ကြောင်း ဇင်ဘာဘွေက ကုလသမဂ္ဂကို ပေးပို့တဲ့စာထဲမှာ ဖော်ပြထားခဲ့ပါတယ်
အတိုက်အခံ သမ္မတလောင်း မော်ဂန် ရှန်ဂရိုင်း နှုတ်ထွက်သွားတဲ့အခါ၊ လွန်ခဲ့တဲ့လ သမ္မတ တကြော့ပြန် ရွေးကောက်ပွဲမှာ တစ်ကိုယ်တော် ပြိုင်ခဲ့ပြီ၊ သမ္မတ မူဂါဘီ ဟာ နောက်သက်တမ်း တစ်တမ်းအတွက် သမ္မတ ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီမှာ အစိုးရကလုပ်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁၀၀ သေဆုံးခဲ့ရတယ်လို့ အတိုက်အခံက ပြောပါတယ်။
ဇင်ဘာဘွေ အာဏာရ အဖွဲ့ဝင်တွေ နဲ့ အတိုက်အခံ အဖွဲ့ဝင်တွေဟာ တောင်အာဖရိက နိုင်ငံ Pretoria မြို့ မှာ ဒုတိယနေ့ ဆွေးနွေးခဲ့ကြပါတယ်။

[+/-]Read More...