ဂျော်ဂျီယာကို ရုရှားမှဝင်ရောက်တိုက်ခိုက်


အချိန်- သြောဂုတ်လ ၇ရက်၊ ၂၀၀၈ ခုနစ် ၊ နေရာ - ဂျော်ဂျီယာနိင်ငံ၊ တောင်ပိုင်း အိုဆီတာ စစ်ဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားပုံကတော့ အိုဆီးတာမှာရှိတဲ့ရုရှားလူမျိုးတွေက ခွဲထွက်ရေုးလှုပ်ရှားမှုကနေစတင်တာ၊ သူတို့ က ကိုယ်ဖါသာကိုယ်လွတ်လပ်ရေးကြေညာတဲ့တာ ၁၉၉၀ခုနစ်နောက်ပိုင်းတွေ ကတည်းကပါ။ ဒါပေမဲ့သူတို့ ရဲ့ လွတ်လပ်ရေးကြေညာမှုကိုဘယ်သူကမှ အသိမှတ်မပြုခဲ့ပါဘူး။ သြဂုတ်လ ၈ ရက် ၂၀၀၈ခုနစ်တုံးက ဂျော်ဂျီယာအစိုးရက စစ်ရေးအရအရေးယူဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ်။ နောက်တနေ့ မှာ ပဲ ရုရှားတွေက ဂျောဂျီယာနယ်စပ်ကိုကျော်ဖြတ်လာပြီး စစ်ရေးအရကျူးကျော်မှုကိုစတင်ခဲ့ပါတယ်။ ကျူးကျော်ရတဲ့အကြောင်းကတော့ ဂျော်ဂျီယာထဲရောက်နေတဲ့ ရုရှားလူမျိုးတွေကို ကာကွယ်မှုပေးတာ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကာကွယ်ပေးတာလို့  အကြောင်းပြချက်ပေးခဲ့ပါတယ်။ အိုဆီတာနဲ့  အဘာခ်ဇီယာ နယ်နစ်နယ်ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်။ ဂျော်ဂျီယာနိင်ငံကတော့ ရုရှားတွေရဲ့  ရန်လိုမှုကိုကာကွယ်ခဲ့ရတာပါလို့ ဆိုပါတယ်။ သမတ မစ်ခေးလ် ဆာကာဆာဗီ ( Mikheil Saakashvili ) ရှရားဖက်က သေချာစွာပြင်ဆင်ထားတဲ့ကျူးကျော်မှု ပါလို့ ဆိုပါတယ်။ ရှရှားကတော့ကုလသမဂမှာ ဂျော်ဂျီယာနိင်ငံက ရုရှားလူမျိုးတွေကို သတ်ဖြတ်နေမှုကြောင့် ကာကွယ်လိုက်ရတာပါလို့ ဆိုပါတယ်။ နိင်ငံတကာသံတမာန်တွေကတော့ ငြိမ်းချမ်းစွာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဥရောပနဲ့  အမေရိကန်က ပူးတွဲသံတမန်တဖွဲ့ ကိုစေလွတ်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်မှုအတွက် ကိုယ်စားလှယ်စေလွတ်ခဲ့တယ်။
နောက်ခံ
အိုဆီတာနယ်က အီရန်သွေးပါတဲ့ လူမျိုးစုတွေ နေထိုင်ရောဒေသဖြစ်ပါတယ်။ သူတို့ က ရုရှားသမိုင်းမှာ အရေးပါတဲ့ ဒွန်မြစ်ကြောင်းတလျောက်မှာ အခြေကျနေထိုင်ခဲ့ကြတယ်။ သူတို့ က ကောကေးဆက်ဒေသကိုစတင်အခြေချနေထိုင်လာခဲ့တဲ့ အကြောင်းကတော့ အေဒီ ၁၃ရာစုလောက်က မွန်ဂိုလ်တွေ က သူတို ဒေသကိုစစ်ရေးအရကျူးကျော်တိုက်ခိုက်ခဲ့ရတဲ့အတွက် ထွက်ပြေးရင်းဒီဒေသကိုရောက်ရှိသွားကြသူတွေဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအပြီး မှာ ဆိုဗီယက်ရှရှားအင်ပိုင်ယာပြိုကွားသွားတော့ ဂျော်ဂျီယာက လွတ်လပ်တဲ့နိင်ငံဖြစ်လာတယ်။ နယ်နမိတ်သတ်မှတ်လိုက်တဲ့အခါမှာ အိုဆီတာနယ်မြောက်ပိုင်းက ရှရှားထဲကိုပါသွားတယ်။ တောင်ပိုင်းက ဂျော်ဂျီယာနိင်ငံထဲကိုပါသွားတယ်။ ဂျော်ဂျီယာပိုင်အိုဆီတာပြည်နယ်ဟာ လူဦးရေသိပ်များလှတာမဟုတ်ဘူး။ စုစုပေါင်း မှာ ၇သောင်းမျှသာဖြစ်တယ်။ ဒီထဲက ၅ ပုံ တစ်ပုံကတော့ လူနည်းစုတွေဖြစ်ပါတယ်။ အိုဆီတာပြည်နယ်တ၀က်က ဂျော်ဂျီယာကနေခွဲထွက်ပြီး ရှရှားထဲကိုသွားပေါင်းမယ်လို့ ကြိုးပန်းမှုကနေ ပြသာနာစတင်လာတာဖြစ်ပါတယ်။ ခွဲထွက်ရေးလှုပ်ရှားမှုကိုဂျော်ဂျီယာတပ်ဖွဲ့ တွေနိမ်နင်းပြီးဖြိခွင်းတဲ့အတွက်လူ ၂ထောက်လောက်သေတယ်လို့ ဘီဘီစီကကြေညာပါတယ်။ ဂျော်ဂျီယာကရုရှားကိုစွပ်စွဲတာကတော့ ခွဲထွက်ရေးလှုပ်ရှားသူတွေနဲ့ အတူရှရှား တပ်ဖွဲ့ ဝင်တွေပါဝင်နေတယ်လို့ ဆိုပါတယ်။ ဂျော်ဂျီယာသမတက ခွဲထွက်ရေးလှုပ်ရှားသူတွေကိုစေ့စပ်ဖို့ ကြိုးပန်းတဲ့အနေနဲ့  ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို ကနဦးကကြိုးပန်းခဲ့ပါသေးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးအထူးဒေသတွေအဖြစ်သတ်မှတ်ပေးမယ်လို့ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ဘူးပါတယ်။ ၂၀၀၂ ခုနစ်မှာ အမေရိကန်ကလည်း ဂျော်ဂျီယာကိုစစ်ရေးအရ လေ့ကျင့်သင်တန်းပေးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ စစ်ရေးအသုံးစာရိတ်က ၁ ဘီလီယံ ဒေါ်လာဖြစ်လာပါတယ်။ နိင်ငံဝင်ငွေရဲ့  ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ရုရုားကတော့ ဘီလီယံ ၄၀ အထိခုန်တက်လာတယ်။ နိင်ငံဝင်ငွေရဲ့  ၁၆ရာခိုင်နှုန်းရှိပါတယ်။ အိုဆီတာမှာဖြစ်တဲ့ခွဲထွက်ရေးလှုပ်ရှားမှုက လူဦးရေရဲ့  ၉၉ ရာခိုင်နှုန်းထောက်ခံမှုရှိခဲ့တယ်လို့ ဆိုတယ်။ ဒီလူတွေက ရှရှားနိင်ငံကူးလက်မှတ်ကိုကိုင်ဆောင်ထားကြတယ်လို့ ဘီဘီစီကဆိုတယ်။ ရှရားသမတဒီမီထရီ မီဒီထရိဗ်ကတော့ ၉၀ရာခိုင်နှုန်းကို နိင်ငံကူးလက်မှတ်ထုတ်ပေးဖို့  စီစဉ်နေတယ်လို့ ထုတ်ဖေါ်ပြောဆိုပါတယ်။ ဂျော်ဂျီယာနိင်ငံကိုဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ တွေကငြိမ်းချမ်းရေးဆောင်ရွက်မှုအဖွဲ့ လို့ ကြေညာခဲ့တယ်။

Print this post

0 comments: