ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ပရီးမီးယားလိဂ် စောင့်ကြည့်

မန်ချက်စတာစီးတီး ဘောလုံးအသင်း၏ ဥက္ကဋ္ဌ တပ်ဆင် ရှင်နာဝပ်ထရာ အနေနှင့် အသင်း ပိုင်ဆိုင်မှု စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ယူဆရပါက အင်္ဂလိပ်ပရီးမီးယားလိဂ်အနေနှင့် မသိကျိုးကျွံပြုနေမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အား သတိပေး လိုက်သည်။

ထိုင်းနိုင်ငံတွင်းရှိ အဂတိလိုက်စားထားမှုများနှင့် ပတ်သက်ပြီး စွပ်စွဲထားသည်များကို ရင်ဆိုင် ရမည့်အစား တပ်ဆင် လန်ဒန်သို့ အပြီးအပိုင် ထွက်ပြေးလာသောကြောင့် ဗဟိုတရားရုံးချုပ် အနေနှင့် ဖမ်းဝရမ်းထုတ်ထားရသည့် အခြေအနေမျိုး ဖြစ်လာရသည်။ လန်ဒန်တောင်ပိုင်း ဆာရေးရပ်ကွက်ရှိ လမ်းထဲတွင် မိသားစုနှင့် ဈေးဝယ်ထွက်နေစဉ် သတင်းထောက်များက ဓာတ်ပုံရိုက်ထားသည်။

ကလပ်အသင်းများ၏ ဒါရိုက်တာများ၊ ပိုင်ရှင်များအဖြစ် သင့်လျော်ခြင်းရှိမရှိ စစ်ဆေးချက်ဖြင့် ကိုက်ညီမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်သည်ကို တွေ့ရှိရပါက မန်စီးတီးကလပ်အတွင်းရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို အတင်းအကျပ် ပြန်ရောင်းချခိုင်းခြင်းမျိုး အပြစ်စီရင်ခံရသည်အထိ ဖြစ်လာ နိုင်သည်။

၂၀၀၇ ခုနှစ် ဇူလိုင်လတွင် မန်စီးတီးကလပ်ကို တပ်ဆင်ဝယ်ယူမှုပြီးစီးသွားသောအခါ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့က တပ်ဆင်၏ အစိုးရအဖွဲ့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသောကြောင့် တပ်ဆင်သည် ကလပ်အသင်း၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဟု ပြောခဲ့သည်။

တပ်ဆင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် (၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း အဂတိလိုက်စားမှုများ၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် တရားရုံးတွင် အမှုပေါင်းများစွာ ရင်ဆိုင်နေရသူ ဖြစ်သည်။

“ကျနော်တို့အနေနဲ့ စည်းကမ်းချိုးဖောက်တယ်လို့ ယူဆရင်တော့ ဥပဒေအရ လုပ်ရမှာပဲ။ အရေး ကြီးတဲ့ ကိစ္စရပ်တခုကို ကျနော်တို့ မျက်ကွယ်ပြုထားမှာ မဟုတ်ပါဘူး။ အခုကိစ္စက နည်းနည်း ရှုပ်ထွေးတဲ့ အနေအထားဆိုတော့ ကျနော်တို့တွေ ချက်ချင်း ဆုံးဖြတ်ချက်တော့ ချလို့မရဘူး။ ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်မထားတဲ့ ကလပ်အသင်းပိုင်ရှင်တယောက်တော့ ဖြစ်ဖို့လိုတယ် လေ” ဟု ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချတ် စကူဒမ်မိုးက ယမန်နေ့က ပြောကြား သည်။

ယခုဖြစ်သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဌာနတို့ထံမှ အကြံဥာဏ် တောင်းခံမည်ဟုလည်း စကူဒမ်မိုးက ပြောသည်။

“နိုင်ငံတိုင်းရဲ့ ဥပဒေတွေကိုတော့ ကျနော်တို့ မကျွမ်းကျင်ကြပါဘူး။ ဒါတော့ တကယ်ကျွမ်းကျင် တဲ့သူတွေနဲ့ ပြောတာက ပိုပြီး ကောင်းပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောသည်။

မန်စီးတီးကလပ်သည် ပရီးမီးယားလိဂ်တွင် န၀မမြောက်နေရာသို့ ရောက်ရှိပြီး နောက်တရာသီတွင် အသင်းနည်းပြ အီရစ်ဆင်၏ တာဝန်ယူမှုမှာ ကြမ်းတမ်းလွန်းသည်ဟု ယူဆကာ ဇွန်လတွင် မန်နေဂျာရာထူးမှ ထုတ်ပစ်သည့်အချိန်အထိ တပ်ဆင်သည် မန်စီးတီးကိုင်တွယ်သည့် ပထမဆုံးနှစ်တွင် ချောမွေ့နေခဲ့သေးသည်။

ပြီးခဲ့သည့် သတင်းပတ်က တပ်ဆင်သည် အသင်းကို ရောင်းထုတ်ရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်နေခဲ့သော်လည်း ထိုသို့ဖြစ်ရသည်မှာ အီရစ်ဆင်ကို ထုတ်လိုက်မှုကြောင့် မဟုတ်ဘဲ တပ်ဆင်၏ ပွဲဦးထွက်ရာသီတွင် အားလုံးအာရုံစိုက်ခံနေရသည့်အဖြစ်မှ နောက်ဆုတ် နေချင်သည့် သဘောသာဖြစ်ကြောင်း မန်စီးတီးအသင်းမှ တာဝန်ရှိသူများက ယုံကြည်နေကြ သည်။

သို့ရာတွင် ထိုင်းအာဏာပိုင်များက တပ်ဆင်အား စွဲဆိုထားသည့် အမှုများ ဆိုင်းငံ့ထားသည့် အတွက် တပ်ဆင်၏ မိသားစု ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားသည်ဖြစ်ရာ တပ်ဆင်အနေနှင့် အမေရိကန်ဒေါ်လာ (၂) ဘီလျံထက်ပိုပြီး ထုတ်ယူနိုင်မည်မဟုတ်သောကြောင့် မန်စီးတီး
ကလပ်၏ ငွေကြေးဆိုင်ရာ အနာဂတ်မှာ မရေမရာ ဖြစ်လာနိုင်သည်။

တပ်ဆင်နှင့် ဇနီး ပွတ်ဂျမန်သည် အိုလံပစ်ဖွင့်ပွဲအတွက် ဘေဂျင်းမြို့သို့ သွားရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ဆက်လက်မသွားဖြစ်တော့ဘဲ ထိုင်းနိုင်ငံ၏ တရားစီရင်မှုတွင် သူ့အနေနှင့် တရား မျှတမှု မရှိနိုင်ကြောင်း အငြင်းပွားကာ သူ့တွင်အပြစ်မရှိကြောင်း ယမန်နေ့က ထပ်လောင်း ပြောဆိုလိုက်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့က ဒေါ်လာသန်းပေါင်းများစွာရှိသည့် အခွန်များကို ရှောင်သည့် အမှုဖြင့် ရာဇ၀တ်မှုတရားရုံးမှ ပွတ်ဂျမန်ကို ထောင်ဒဏ် (၃) နှစ် ကျခံစေခဲ့သည်။ ထို့နောက် အာမခံဖြင့် လွှတ်ပေးလိုက်သည်

Print this post

0 comments: