“ ၀သန်ကာလ ”

ဝသန်ကာလ ၊မိုးကျတည်လျှင်
ပျော်ပျော်ပါးပါး။ မယားနှင့် ဆွေငယ်လင်
လက်တွဲငယ်ခြေငင်၊ ကိုယ်တွင် အ၀တ်
ပုဆိုး အင်္ကျင်္ီ ၊ စုတ်ပြဲပြီး။
ချည်နီပေါင်း တွတ်တွတ်ကယ်နှင့် လေး။
မိုးရေစွတ်လို့ ၊အ၀တ်ကယ် မပါ
သားသမီး ကို၊ ကိုယ့်ထီးပွေ့လိုသာ
ဆေးတံတစ်ထွာ၊ကိုက်ကာ ထွန်ရင်း
လယ်ကွက်ကယ်တစ်ခွင်၊ ထွန်ရေးငင်
ရေ၀င်ပုဇွန် တွင်းငယ်နှင့်လေး။
ဖါးပေါင်းစဉ်ငယ်၊ ခြင်းပလိုင်ဝယ်
ခရုပီလော ရောနှော၍သာလွယ်
ဟင်းရွက်ကယ်နုနယ်၊
တစ်သွယ်ကန်စွန်း
ဆူးပုတ်ကယ် ကင်းပုံ၊ အလုံးစုံ
ဖူးငုံသာရော၍ ပြွန်းသည်နှင့် လေး။

ဝင်းဖေ ( မြကန်သာ )

Print this post

0 comments: