ဘင်္ဂလားဒေ့ရှ်အား အေဒီဘီက ဒေါ်လာသန်း ၁၇၀ ချေးမည်

ကုန်ဈေးနှုန်းများကြီးမြင့်မှုကို အမီလိုက်၍သုံးစွဲနိုင်ရန် ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာကဏ္ဍအတွက် အေဒီဘီက ဒေါ်လာသန်း ၁၇၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဘဏ်ကပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အေဒီဘီနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဒေါ်လာ ၁ ဒသမ ၂၉ ဘီလျံ ကူညီပေးရေးအစီအစဉ်အရ ယခုသဘောတူညီချက်ကို ဘဏ်နှင့်ဘင်္ဂလားဒေ့ရှ်တို့ သြဂုတ်လ ၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အေဒီဘီက ဒေါ်လာခြောက်သိန်းကိုလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။

''ထောက်ပံ့မှုဟာ မကြာသေးမီကဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ဒဏ်ကိုခံလိုက်ရပြီး စားသောက်ကုန်ဈေးနှုန်းတွေ အလျင်အမြန်တိုးမြင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စားနပ်ရိက္ခာကဏ္ဍကို အထောက်အကူဖြစ် စေမှာပါ''ဟု အေဒီဘီကြေညာချက်တွင် ဖော်ပြထားသည်။

မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကပ်ဘေးများကြောင့် ဘင်္ဂလားဒေ့ရှ်၏ဆန်စပါးထုတ်လုပ်မှု တန်နှစ်သန်းခန့်ကျဆင်းခဲ့ပြီး လူ ၂၅ သန်းခန့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။

Print this post

0 comments: