နိုင်ငံရေးသိပ္ပံပါမောက္ခ ဦးထွန်းမြင့် မှ မြန်မာနိုင်ငံ အရှုပ်အထွေးများ

မေရိကန် နိုင်ငံ၊ မင်နီဆိုးတာ ပြည်နယ်၊ နော့သ်ဖီးလ် ရှိ Carleton ကောလိပ်မှ နိုင်ငံရေး သိပ္ပံဌာန လက်ထောက် ပါမောက္ခ ဦးထွန်းမြင့် က မြန်မာနိုင်ငံ အတွင်း သမိုင်း တလျှောက် မြန်မာ စစ် အစိုးရ

နှင့် ပြည်သူများ အကြား တည်ရှိ နေသော အရှုပ် အထွေး များ နှင့် စပ်လျဉ်းပြီး ကျောင်းသူ ကျောင်းသားများ အား ရှင်းလင်း ပြောကြား သွားသည်။ စက်တင်ဘာလ (၁၀) ရက် နေ့ နေ့လည် ပိုင်းက ကောလိပ် အတွင်း Bone Student Centre တွင် Explaining Doggedness of Dictatorial Rules in Burma/Myanmar အမည်ဖြင့် ဟောပြောပို့ချမှု တစ်ခုအား ပြုလုပ် ခဲ့ပြီး မြန်မာနိုင်ငံ သမိုင်းတွင် သက်တမ်း ရှည်ကြာစွာ အုပ်ချုပ် နေသည့် စစ် အာဏာရှင် အစိုးရ ၏ ရာဇ၀င် နှင့် ၄င်း အား ဖယ်ရှားပြီး တရား မျှတမှု အပြည့် နှင့် အုပ်ချုပ်မည့် အစိုးရ သစ်တစ်ရပ် မည်သို့ မည်ပုံ ဖွဲ့စည်း နိုင်မည် ဆိုသည့် မေးခွန်း တို့အကြောင်း အဓိကထား ပြောကြား သွားသည်။

ဦးထွန်းမြင့် က မြန်မာနိုင်ငံ တွင် စစ် အုပ်ချုပ်ရေး မှာ အရှည် တည်မြဲ နေနိုင်ပြီး ၄င်း ၏ နေရာတွင် ဒီမိုကရေစီ နည်းလမ်း ကျန သည့် အစိုးရ သစ် တစ်ရပ် မ ပေါ်ပေါက် လာမ ခြင်း ဆက်လက် တည်မြဲ နေဖွယ် ရှိသည်ဟု ဆိုသည်။ တရား မျှတ စွာ အုပ်ချုပ်မှု ဆိုသည်မှာ အုပ်ချုပ်သူ စစ် အာဏာ ပိုင်များ ၏ အတွင်း စိတ်တွင် ယဉ်ကျေး သိမ်မွေ့ သော မြန်မာ့ ဓလေ့ နှင့် ဘာသာ တရား အား ရိုသေ ကိုင်းရှိုင်း မှုမျိုး ရှိနေ မှ သာ လျင် ဖြစ်လာ နိုင်မည် ဟု ဦးထွန်းမြင့် က ရှင်းပြ ခဲ့ သည်။ အရှေ့ တောင် အာရှ နိုင်ငံ များ အနက် မြေပြင် ဧရိယာ အကျယ် ပြန့်ဆုံး ဖြစ်သည့် မြန်မာ နိုင်ငံ သည် (၁၉၆၂) ခုနှစ် ကတည်းက စစ်တပ်အုပ်စိုးမှုအောက် ကျရောက်နေခဲ့သည်။

ထိုကာလတလျှောက် စစ်အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှု များ အတော် များများ ပေါ်ပေါက်ခဲ့ သော်လည်း အလွန်နည်းပါးသော အရေအတွက် မျှ သာ အောင်မြင်မှု ရရှိခဲ့ သည်။ နိုင်ငံရေး နှင့် အစိုးရ များ ဆိုင်ရာ ပါမောက္ခ ဒေါက်တာ တေယုဝမ်က ဦးထွန်းမြင့် သည် မြန်မာ နိုင်ငံ အတွင်း နှစ်နှစ် တာမျှ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်က မြန်မာ အစိုးရ အား ဆန့်ကျင်မှု များ အား ခရေစေ့တွင်း ကျ လေ့လာ သိရှိထား သည့် အမှန် တကယ် ကျွမ်းကျင်သော ပုဂ္ဂိုလ်မျိုး မှာ အလွန်ရှားပါး ကြောင်း၊ ဦးထွန်းမြင့် မှာ ထိုသို့ သော ပုဂ္ဂိုလ်ဖြစ်ပြီး ဦးထွန်းမြင့် ရှိနေ ခြင်း မှာ ကောလိပ် အတွက် ကံကောင်း မှု တစ်ရပ် ပင် ဖြစ် ကြောင်း ၀န်ခံ သွား သည်။ ဦးထွန်းမြင့် က မြန်မာ စစ် အစိုးရ အား ဖယ်ရှား လိုလျင် မြန်မာ့ လူမှုရေး ပုံစံကို အခြေခံ မှ စပြီး အပြောင်း အလဲများ ပြုလုပ် သွား ရန်လို ကြောင်း သုံးသပ်ပြောဆိုသွားသည်။

ခိုင်မာသည့် လူ့အဖွဲ့အစည်း တစ်ရပ်မရှိဘဲ အမှန်တကယ် လွတ်လပ်သည့် ဒီမိုကရေစီ လမ်းစဉ် တစ်ရပ် ပေါ်ပေါက် လာမည် မဟုတ်ဟု ဦးထွန်းမြင့် ကဆိုသည်။ ထို့ပြင် ဦးထွန်းမြင့် က လူမှုရေး ပြောင်းလဲ မှု ဖြစ်စဉ် အတွက် အလေး ထား စဉ်းစားသင့်သည့် အချက် လေးချက်ကို တင်ပြဆွေးနွေးခဲ့သည်။

ပထမ အချက် မှာ ဘာသာရေး ရှုထောင့် မှ ချဉ်းကပ် ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ လူဦးရေ ၏ (၈၉) ရာခိုင်နှုန်း မှာ ဗုဒ္ဓ ဘာသာဝင် များဖြစ် ကြ သည်။ ထို့ကြောင့်မြန်မာ့ လူမှုရေး နယ်ပယ် တွင် ဗုဒ္ဓ ၏ အဆုံး အမ များ ကို အမှန်တကယ် လေးစား လိုက်နာရန် လိုအပ် သည်။ ဒုတိယ စဉ်းစား ရမည့် အချက် မှာ မြန်မာ လူမျိုး တို့ ယုံကြည် သည့် ကုသိုလ် ကံလမ်းစဉ် ဖြစ်သည်။ ထိုအချက် သည် ပထမ အချက် နှင့် စပ်ဆက် နေပြီး ဗုဒ္ဓ ၏ အဆုံးအမတွင် လူသားတိုင်း မိမိ ၏ ကံကို မိမိ ဘာသာ ဖန်တီးခြင်း ဖြစ်သည် ဟု ပါရှိသည်။

ထို့ကြောင့် မြန်မာ့ လူမှုရေး နယ်ပယ် တွင် မိမိတို့ ၏ အနာဂါတ် အတွက် မိမိ တို့ တွင်သာ တာဝန် ရှိ သည် ဆိုသော အသိ စွဲမြဲ ခိုင်မာ နေ ရန် လိုအပ် သည် ဟု ဦးထွန်းမြင့် ကဆိုသည်။

နောက်ဆုံး အချက် နှစ်ချက်မှာ အခြေခံ ခိုင်မာ သော ဘာသာ စကား တစ်ခု ဖန်တီး နိုင်ခြင်းနှင့် အမည် နာမ သတ်မှတ် ချက်တို့ ဖြစ် သည်။ ထို့အပြင် အစိုးရ အနေ နှင့် ခိုင်မာသော လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် တည်ဆောက် ရန် ကြိုးစား မည် ဆိုပါက အခြား သော ကိစ္စ များ ကိုလည်း ထည့်သွင်း စဉ်းစား သင့် ကြောင်း ဦးထွန်းမြင့် က ပြောကြား ခဲ့ သည်။

သို့သော် လက်ရှိ အစိုးရ မှာ အမှန် တကယ် လိုအပ်မှု များမှ သွေဖီ သော လမ်းကြောင်း ပေါ်တွင် လျှောက်လှမ်း နေသည်ဟု ဦးထွန်းမြင့် ကဝေဖန်သွား သည်။ ပြည်သူများ အတွက် အမှန် တကယ် လွတ်လပ်စွာ ဆောင်ရွက် နိုင်ခွင့် ရှိ သည့် အခြေခံ ဥပဒေမျိုး အစိုးရက ပြဌာန်းထား သင့်သော်လည်း လက်ရှိ အနေအထား အရ မြန်မာ ပြည်သူ အများစု မှ အသက်ရှင် ရပ်တည်ရေး အတွက်ပင် မနည်း ရုန်းကန် နေရကြောင်း ဦးထွန်းမြင့် က သုံးသပ် ပြ သွားသည်။

ယခု ပြုလုပ် သွားသော ဦးထွန်းမြင့် ၏ Presentation မှာ ကောလိပ် အတွင်း နိုင်ငံတကာ ရေးရာ ဆွေးနွေး မှု အစီအစဉ် ၏ တစိတ် တဒေသ ဖြစ်သည်။ ထို အစီ အစဉ် အား ဗုဒ္ဓဟူး နေ့ နေ့လည် အချိန်တိုင်း ကောလိပ် တတိယ ထပ် တွင်ရှိ သော Bone Student Centre ၌ ကျင်းပ ပြုလုပ် လေ့ရှိ ကြောင်း သိရ သည်။

Print this post

0 comments: