ဆူနာမီဖြစ်လျှင်စင်ကာပူပြေးမလွတ်

အာရှတိုက်၏ အကြွယ်ဝဆုံး မြို့တော်တစ်ခုဖြစ်သော စင်ကာပူသည် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပါက ယင်းဘေးအန္တရာယ်မှ လုံးလုံးလျားလျား ကင်းလွတ်နိုင်ခြင်းမရှိ၍ အကာအကွယ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ကမ်းခြေဒေသ ကျွမ်းကျင်ပညာရှင်တစ်ဦးက သတိပေးပြောကြားခဲ့သည်။
ကျွန်းနိုင်ငံတစ်ခုဖြစ်သော စင်ကာပူသည် သဘာဝအရ ဆူနာမီလှိုင်းလုံးများဖြစ်လာခဲ့ ပါက လှိုင်းလုံးများ မြင့်လွန်းခြင်းမရှိသော်လည်း အပျက်အစီးအဆုံးအရှုံးများ ကြီးကြီးမားမား ကြုံတွေ့နိုင်သည်ဟု စင်ကာပူပထ၀ီဘာသာဌာနမှ ပါမောက္ခ ၀မ်ပိုပိုက ပြောသည်။
ရာသီဥတု၏မှန်းဆမရသော ဘေးဒုက္ခဆိုးများ ပြည်သူများအပေါ် ကျရောက်ခြင်းမရှိစေရန် ကြိုကြိုတင်တင် ကာကွယ်ခြင်း လုပ်ငန်းရပ်များ ပြုထားသင့်ကြောင်း ပါမောက္ခ၀မ်က ဆိုသည်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ၁၀ မီတာ အမြင့်ရှိသော ဆူနာမီလှိုင်းလုံးကြီးများကြောင့် လူပေါင်း ၁၆၈၀၀၀ အသက်ဆုံးရှုံးခဲ့ရပြီး လူအတော်များများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ခဲ့ကြရသည်။ အကယ်၍ စင်ကာပူ၌ ဆူနာမီလှိုင်းများ ဖြစ်ခဲ့ပါက အပျက်အစီးများဖြစ်ပေါ်ရန် ၁၀ မီတာ အမြင့်ပင် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။
ချန်ဂီလေဆိပ်အပါအ၀င် အခြားအခြေခံအဆောက်အအုံများသည် လှိုင်းအသေးလေးများနှင့် ကြုံရရုံပင် ပျက်စီးနိုင်ကြောင်း၊ လူတို့ဖန်တီးထားသော ဂျူရွန်ကျွန်း၌လည်း ရေနံဓာတုပစ္စည်းများ အများအပြား တည်ရှိသဖြင့် အန္တရာယ်အလွန်ကြီးမားကြောင်း၊ သို့ဖြစ်၍ အစိုးရမှ ဆူနာမီနှင့်ပတ်သက်၍ လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ပါမောက္ခ၀မ်က ပြောသည်။

Print this post

0 comments: