တောင်ပေါ် အပန်းဖြေ စခန်းမြို့ တစ်မြို့ စတင်တည်ဆောက်နေ

မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ် သုံးတောင် ကျေးရွာအနောက်ဘက် မန္တလေး မြို့တော်အရှေ့ဘက် ၂၉မိုင်အကွာရှိ ရတနာပုံမြို့သစ်ကိုယ်ပိုင် အိမ်ရာ စီမံကိန်း (မြောက်ပိုင်း) အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းပိုင်းမှစတင်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစီးတည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရာတွင် ရတနာပုံဆိုက်ဘာစီးတီးအနီးတွင်တည်ရှိပြီး တောင်ပေါ်အပန်းဖြေအနားယူနိုင်ရန်အတွက် ရည်ရွယ်၍တောင်ပေါ်စခန်းမြို့တစ်မြို့ ပေါ်ပေါက် လာမည်ဖြစ်ကာ ရေ၊ မီး၊ အင်တာနက်သုံးစွဲမှု လုံခြုံရေးစနစ်၊ အပန်းဖြေပန်းခြံ၊ ဆေးရုံ၊ ဆေးခန်း၊ တယ်လီဖုန်းနှင့် စာသင် ဆောင်များပါဝင် မည်ဖြစ်ပြီး မြို့ပြအင်္ဂါနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရတနာပုံမြို့သစ် ကိုယ်ပိုင် အိမ်ရာ စီမံကိန်း(မြောက်ပိုင်း) အကောင်အထည်ဖော်ရန်အတွက် မြို့ကွက်သစ်အဝင်လမ်းမကြီးများ အတွက်လမ်းအူကြောင်းနှင့် မြို့သစ်အိမ်ရာနယ်နမိတ် ဧရိယာတိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိရာ အသုံးပြုည့် ဧရိယာ များမှလူနေရပ်ကွက်ဧရိယာ ၁၆၁.၅၈၉ဧက၊ လမ်းများအတွက် ၁၅၂.၆၆ဧက၊ ပန်းခြံ၊ ဈေး၊ ကျောင်းနှင့်အခြားဧရိယာ၆၈.၈၄ဧကစုစုပေါင်း ၃၈၃ဧကသတ်မှတ်ပြီး ပေ ၂၀၀ပတ်လည်မြေကွက် ၃၆၇ကွက် စုစုပေါင်း ၅၄၂ကွက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။

Print this post

0 comments: