မြန်မာပြည်မှ ဗုံးခွဲအကြမ်းဖက်မှုများနှင့် ပတ်သက်သမျှ

မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုကြောင့် အောက်ပါဆိုးကျိုးများ အုပ်ချုပ်သူမှရမည်။

၁။ လူအသေအပျောက်များလျှင်၊ သို့ ပျက်စီးမှု ကြီးမားလျှင် နိုင်ငံတကာတွင် တည်ငြိမ်မှုမရှိသော နိုင်ငံ အဖြစ်သတ်မှတ်ခံရမည်။
၂။ ပေါက်ကွဲမှုများကြောင့် အုပ်ချုပ်သူအပေါ် ပြည်သူလူထုမှ ယုံကြည်အားကိုးမှု ကျဆင်းမည်။
၃။ နောက်ထပ် ဖေါက်ခွဲမှုများကို တားဆီးရန် လုံခြုံရေးစီမံချက်များ ပိုမိုစီမံတင်းကျပ်ရမည်။
၎။ သက်ဆိုင်ရာ ပြည်သူလူထု လုံခြုံရေးအဖွဲ့နှင့် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဖြစ်သူများအား တာဝန်ပေါ့လျှော့မှုရှိ မရှိ စစ်ဆေးရမည်။

အောက်ပါ အခွင့်အရေးများကို အုပ်ချုပ်သူမှ ရမည်။
၁။ အတိုက်အခံ အဖွဲ့အစည်းတို့အား ပိုမိုဖိအားပေး စွပ်စွဲနိုင်ခွင့်ရမည်။
၂။ ပွင့်လင်းပြီး တရားမျှတသော တရားစီရင်ရေးစံနစ် မရှိသောနိုင်ငံဖြစ်ပါက အပြစ်မရှိသူများအား ပေးရန် အတွက် ကြီးမားသော ပြစ်မှုတစ်ခုရရှိခြင်းဖြစ်သည်။
၃။ စစ်ဆေးရေး ဂိတ်များအား ပိုမိုချထားခြင်းနှင့် အခြား လုံခြုံရေးသတ်မှတ်ချက်များ အား ပြည်သူတို့အား အတင်းအကျပ် လိုက်နာစေခြင်း
ကဲ….. အခု ဗုံးတွေကွဲတော့ လက်ရှိစစ်အစိုးရ ဘာတွေဆိုးကျိုးရသွားသလဲ။
၁။ တစ်ကမ္ဘာလုံးက နာဂစ် အပြီးမှာ ဒီအစိုးရဟာ ဘယ်အဆင့်ဆိုတာ သတ်မှတ်ပြီးသွားလို့ လူတစ်ဒါဇင် လောက်သေတဲ့ ဗုံးကွဲမှုဟာ သူတို့ကို ဒိထက်နိမ့်ကျအောင် မစွမ်းဆောင်နိုင်ပါ။
၂။ ပြည်သူလူထုရဲ့ ယုံကြည်မှု ဟုတ်လား အဲဒါတွေ လိုလို့လား
၃။ လုံခြုံရေးစီမံချက် လုံခြုံရေး များများချထားလေ တို့ကောင်တွေ သူဌေးဖြစ် ဂွင်ကောင်းကောင်း ရှာလို့ရ လေပေါ့။
၎။ ဒဂုံစင်တာဗုံးခွဲခံရတော့ ဘယ်သူများ ရာထူးတိုးခံရသလဲတောင်မသိ။
အဲဗျ…. နားစွန်နားဖျား ရွာထဲက ဖွတ်ချီးတွေပြောသံကြားတာတော့ ဘာတဲ့ ဒီမိုကရေစီရရင် အီရတ်ထက် တောင် ဆိုးသွားဦးမယ်…. စစ်တပ်က အုပ်ချုပ်ပေးနေတာတောင် ဗုံးခွဲခံနေရတယ် တဲ့ ပြောကို မပြောချင်တော့ဘူး။

မြန်မာကျူးပစ် မှ Black_Xenon ဧ။် post ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Print this post

1 comments:

ထိပေ့သျှင် said...

ကို အေးမင်းရေ
မြန်မာပြည်မှာ ဗုံးတွေကွဲနေတာဟာ တပ်မတော်ရဲ့ ရန်ဘက်တွေ ဖြစ်နေကြတဲ့ ကွန်မြူနစ်လက်ကျန်တွေနဲ့ အချို့သော အတိုက်အခံတွေက ဗုံးတွေ ၀င်ခွဲနေတာပါ။ အစိုးရက သူတို့ အုပ်ချုပ်နေစဉ်မှာ သာယာငြိမ်းချမ်းတဲ့ နိုင်ငံ အဖြစ် သမိုင်းကျန်စေချင်တာပါ။ အခုလို ဗုံးခွဲတာဟာ အစိုးရ ဂုဏ်၊ တပ်မတော် သိက္ခာကျပါတယ်။ ဘာမှ အကျိုးကျေးဇူးမှ မရှိပါဘူးဗျာ။ တပ်မတော်ဟာ ဒီလို လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်ခဲ့ဘူး၊ နောင်လဲ လုပ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် တပ်မတော် သားတစ်ယောက် အနေနဲ့ အတိအလင်း ကျိန်းသေ ပြောရဲပါတယ်။