၂၀၀၉ ဇူလိုင်မှစ၍ မိုက်ခရိုဆော့ဖ်က Anti-Virus ဆော့ဖ်ဝဲလ် အခမဲ့ဖြန့်ဖြူးမည်

၂၀၀၉ ခုနှစ် ဇူလိုင်လမှစ၍ မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ကွန်ပျူတာများအတွက် Anti-Virus ဆော့ဖ်ဝဲလ် အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Moro ဟု Code Name ပေးထားသော ယင်းဆော့ဖ်ဝဲလ်သည် အင်တာနက်လုံခြုံရေးနှင့် ကွန်ပျူတာဗိုင်းရပ်စ်နှိမ်နင်းရေး ၀န်ဆောင်မှုကို အခမဲ့ပေးနိုင်မည် ဖြစ်သည်။ အင်တာနက်မှအခမဲ့ Download လုပ်နိုင်မည်ဖြစ်ကာ Windows XP,Vista,Windows 7 တို့တွင် သုံးနိုင်မည်ဖြစ်သည်။ မိုက်ခရိုဆော့ဖ်မှ ထုတ်လုပ်သော နှစ်စဉ်ကြေးပေးရသည့် Anti-Virus ဆော့ဖ်ဝဲလ် OneCare မှာ လာမည့်နှစ် ဇွန် ၃၀ တွင် သက်တမ်းကုန်မည်ဖြစ်သောကြောင့် ယင်းကာလတွင်မှ စတင်၍ ဆော့ဖ်ဝဲလ်သစ်ကို အခမဲ့ဖြန့်ဖြူးသွားမည် ဖြစ်သည်။ Anti-Virus ဆော့ဖ်ဝဲလ်များသည် နှစ်စဉ်ကြေးဒေါ်လာ ၃၀၊ ၄၀ ၀န်းကျင်ပေးသွင်းရပြီး အင်တာနက်အသုံးပြုသူများ၊ ပြင်ပမှ Portable Drive များ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုသူများအနေဖြင့် Anti Virus တပ်မထားလျှင်လည်း Virus များ၏ ဖျက်ဆီးမှုကြောင့် ကွန်ပျူတာချွတ်ယွင်းမှုများ ဖြစ်နိုင်သည်။ မြန်မာနိုင်ငံတွင်လည်း ကွန်ပျူတာအများစုသည် Virus ပြဿနာကြုံတွေ့နေရရာ Anti-Virus ဆော့ဖ်ဝဲလ်များမှာလည်း မြန်မာငွေသောင်းဂဏန်းရှိ၍ ယခုကဲ့သို့ အခမဲ့ရနိုင်မည်ဆိုပါက အဆင်ပြေလာဖွယ်ရှိကြောင်း ကွန်ပျူတာပညာရှင်တစ်ဦးက သုံးသပ်သည်။

Print this post

0 comments: