အရေးကြီးပြီ သွေးနီးကြစို့

ကဲ...ညီနောင်တို့ ဘင်္ဂလားဒေ့ရှ်ကတော့ စစ်ခေါ်သံပေးလိုက်ပါပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်း ပစ်ခတ်နိုင်တဲ့ ကျွန်တော်တို့ ရဲ့ တပ်မတော် ကြီး ဘာဆက်လုပ်မလဲ။ ရှေ့တိုးမလား နောက်ဆုတ်မလား။ ကျွန်တော်တို့ တပ်ချုပ်ကြီး အော်အော် နေတဲ့ ခေတ်မှီတပ်မတော် ကြီးရဲ့ တိုက်စွမ်းရည် အုပ်ချုပ်ရေးစွမ်းရည် ကိုမျက်ဝါးထင်ထင် တွေ့ကြရတော့မယ်။ ဘာပဲဖြစ်ဖြစ်လေ ပြည်ပနဲ့ ဆော်ရတော့မယ် ဆိုတော့ ကိုယ့်နိုင်ငံပဲနိုင်ချင်တာပေါ့။ အခုထိပ်တိုက်တွေ့ရ မှာက ယိုးဒယားမဟုတ်ဘူးနော်။

ဒီအချိန်မှာ တစ်ချိန်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့တစ်တွေ စည်းလုံးကြရပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်တဲ့ဘက်က ကိုယ့်နိုင်ငံတော်အတွက် အလုပ်လုပ်ကြရပါလိမ့်မယ်။ စက်တင်ဘာ အရေးအခင်း နအဖ ရဲ့ လက်နက်မဲ့ပြည်သူတွေအပေါ်ရက်စက် မှုကိုကမ္ဘာသိအောင် လုပ်နိုင်ခဲ့တဲ့ အွန်လိုင်းမီဒီယာတွေ အနေနဲ့ ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံတော်အတွက် တစ်သားတည်းတစ်သွေးတည်း ညီညွတ်မှုကိုပြကြပါစို့။ အချင်းချင်း ရန်ဖြစ်တာကို ခဏရပ်ပြီး။ အမိမြေအတွက် အလုပ်လုပ်လိုက်ကြရအောင်ဗျာ။

စပါးတစ်ပင်
ယူလျှင်မကျေ
တို့မြေတစ်လက်မ ကျူးကမခံ
ရန်တုံ့ပြန်အံ့။
မောင်မင်းယာ

Print this post

0 comments: