ဂုဏ်ယူဖွယ်ရာ ဒို့မြန်မာ

ဲ ကျွန်မကို ကျွန်မ မပြာပါနဲ့လို့ သတိပေးမိတယ်။ဲ

စင်ကာပူနိုင်ငံ၊ ခမ်ချင်းလမ်း၊ အကွက်အမှတ် ၁၃၄ (အေ)ရှိ ၁၀ လွှာတိုက်ခန်းတွင် အောက်တိုဘာ ၃၁ ရက် ညနေ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဒေါ်စန္ဒာကျော်တစ်ယောက်ထဲ တရားထိုင်နေစဉ် ရုတ်တရက် မီးခိုးနံ့ရလိုက်တယ်။

အဲဒါနဲ့ အပြင်စက်ြန်လမ်းကို ထွက်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတယ့်မြင်ကွင်းက သူမကို တုန်လှုပ်သွားစေတယ်။ မီးလောင်နေတယ်။ သူမအိမ်နီးနားချင်းတိုက်ခန်း မီးစွဲနေတယ်။ သူမနှင့် သုံးတိုက်သာကွာတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ဦးရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်။ ကြားကြားချင်းပဲ အထဲမှာပိတ်မိနေတဲ့လူ ရှိမရှိသိရအောင် မီးတောက်တွေ၊ မီးခိုးငွေ့တွေရှိတယ့်ဘက်ကို တဟုန်ထိုးပြေးထွက်သွားမိတယ်။

အဲဒီရောက်တော့ တံခါးမကြီးရဲ့ဘေးက ပြတင်းပေါက်ကလေးကနေ အထဲကိုချောင်းကြည့်လိုက်တော့ အိန္ဒိယအမျိုးသမီးတစ်ယောက်နဲ့ ကလေးနှစ်ယောက် ပိတ်မိနေတယ်။ ဧည့်ခန်းက မီးကူးနေပြီဆိုတော့ ဧည့်ခန်းကဖြတ်ပြီး တံခါးမကြီးကနေ ထွက်ပြေးလို့မရတော့ဘဲ ချောင်ပိတ်နေတယ်။ အိန္ဒိယအမျိုးသမီးကလည်း ပြတင်းပေါက်နားကနေ အော်ဟစ်ငိုရိုပြီး အကူအညီတောင်းနေတယ်။

အကူအညီတောင်းနေတယ်ဆိုတာကလွဲပြီး သူဘာတွေပြောနေတယ်ဆိုတာ နားမလည်နိုင်ဘူး။ ကလေးနှစ်ယောက်ဆိုရင် ကြောက်လွန်းလို့ လူသေတွေလို လှုပ်တောင်မလှုပ်ရဲဘူး။ တံခါးမကြီးရဲ့ သံပန်းတံခါးက သော့ခတ်ထားတာလည်းတွေရော တော်တော်စိတ်ပျက်သွားတယ်။

ဒေါ်စန္ဒာကျော်လည်း သူမကိုသူမ မပြာအောင် သတိထားပြီး သူမအခန်းကို ပြန်ပြေး၊ ၉၉၉ ကို ဖုန်းဆက်ခေါ်။ ပလာယာတစ်စုံ ကောက်ဆွဲပြီး၊ မီးလောင်ရာကို ပြန်ရောက်လာတယ်။ ပလာယာနဲ့ တံခါးသော့ကိုဖျက်ဖို့ကြိုးစားလည်း အချည်းနှီးပဲ။
မီးခိုးငွေ့တွေက ဘယ်လောက်တောင်များလည်းဆို သူမတောင် အသက်ကောင်းကောင်း မရှူနိုင်တော့ဘူး၊ မျက်လုံးတွေလည်းေ၀၀ါးလာတယ်။ တံခါးမကြီးနားအထိ မီးကရောက်နေပြီဆိုတော့ သံကလည်း ကျစ်ကျစ်တောက်ပူနေပြီ။ တခြားအိမ်နီးနားချင်းတွေကလည်း သူမသော့ဖျက်နေချိန်မှာ လက်ဆွဲရေဘုံးလေးတွေနဲ့ မီးတောက်ကြီးကို လှမ်းပတ်နေလေရဲ့။

သူမကိုယ်နှိုက်လည်း ရင်တွေတဒိန်းတဒိန်းခုန်နေတယ်။ အထဲကလူတွေအတွက် တော်တော်စိတ်ပူနေရပြီ။ နောက်တော့ ကိုယ့်ကိုကိုယ် မပြာအောင်ထိန်းရင်း သူတို့ကိုဘယ်လို ကယ်ရမလဲဆိုတာ အသည်းအသန်စဉ်းစားနေမိတယ်။
ရုတ်တရက် အကြံထွက်လာတယ်။ စောစောက အိပ်ခန်းပြတင်းပေါက်လေး။ အဲဒီ့က သံပန်းတံခါးကို ဖျက်လိုက်ရင် သားအမိတွေ အဲဒီ့က ခုန်ထွက်နိုင်ပြီ။ ပြတင်းပေါက်သံပန်းကို စမ်းကြည့်တော့ တံခါးမကြီးလို မပူသေးဘူး။ အဲဒါနဲ့ သံပန်းကို လက်နှစ်ဖက်နဲ့ မရမက အတင်းကာရော ဆွဲဖြဲပါလေရော။ တကိုယ်လုံးရှိတဲ့အားတွေ လက်မှာစုပြီး အားကုန်သုံးပြီး ဆွဲလေရဲ့။ သူမနဲ့မသိတဲ့ တစ်ခြားအိန္ဒိယအမျိုးသမီးငယ်တစ်ယောက်ကလည်း လာကူပြီး ဆွဲပေးတယ်။ လူ့အသက်နဲ့ရင်းရတာဆိုတဲ့ဇောနဲ့ သံတန်းနှစ်ခုကို ဆွဲဖြဲကြတာ တော်တော်လေးလည်း ဟလာရော ကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်လှမ်းဆွဲထုတ်၊ ပြီးတော့ မိခင်ကြီးကိုလည်း ထွက်လို့ရအောင် ၀ိုင်းကူရင်းနဲ့ သားအမိတွေ ဘေးကင်းရာ ရောက်ခဲ့လေသည်။

ဒေါ်စန္ဒာကျော်ရဲ့စွမ်းဆောင်မှုနဲ့ သတ္တိအတွက် စင်္ကာပူအစိုးရက ပရဟိတဆု ချီးမြှင့်ခဲ့ပါတယ်။

Print this post