လေးစားစွာအသိပေးခြင်း

ကျွန်တော်အိမ်ပြောင်းနေပါတယ် လိပ်စာအသစ်ကတော့
http://baganland.blogspot.com/ ပါခင်ဗျာ။

[+/-]Read More...

နေဘုန်းလတ်အား ရုံးထုတ်စစ်ဆေးမှု စတင်ပြီ

ဘလော့ဂါ နေဘုန်းလတ်ကို အင်းစိန်ထောင်အတွင်း အနောက်ပိုင်းခရိုင် သီးသန့်တရားရုံးက ယခုလ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှု စတင်လိုက်သည်။

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် အသက် ၂၈ နှစ်အရွယ် ဘလော့ဂါ နေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်ကို စွဲဆိုထားသည့် အမှုသုံးခုမှ အမှုတခုကို စတင်၍ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။

“အမှုတခုပဲ စစ်ဆေးပြီးသေးတယ်။ ကိုနေဘုန်းလတ်နဲ့ မသင်းဂျူလိုင်ကျော်တို့ ပူးတွဲအမှုဖြစ်တဲ့ ဗီဒီယို ၃၂ (ခ)/၃၆ အမှုပဲ စစ်သေးတယ်။ တရားလိုဘက်ဖြစ်တဲ့ ဒုရဲအုပ် ရဲအောင်ကိုလည်း စစ်တယ်။ သူပြောတာက ဆင်ဆာမဲ့ သီးလေးသီး အခွေ ၃ ခု သူတို့ဆီမှာ တွေ့တယ်လို့ ပြောတယ်” ဟု ကိုနေဘုန်းလတ်၏ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကိုနေဘုန်းလတ်ကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ၃၂ (ခ)/၃၆ ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ၅ဝ၅ (ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် တရားစွဲဆိုထားသည်။

ယခုလ ၈ ရက်နေ့က ရုံးထုတ်ရာတွင် အမှုစစ်ဆေးခြင်း မပြုဘဲ စွဲဆိုထားသည့် အမှု အမျိုးအမည်များကိုသာ တရားရုံးက တရားဝင် ပြောဆိုခဲ့သည်။

ဦးအောင်သိန်းက “လာမယ့် အင်္ဂါနေ့မှာတော့ အမှု ၃ ခုကို စစ်ဆေးမယ်။ ဘယ်အမှုကို စစ်ဆေးမယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် စာရေးဆရာနှင့် လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်နှင့် မသင်းဇူလိုင်ကျော်တို့ကို ရုံးထုတ် စစ်ဆေးစဉ်အတွင်း ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း တွေ့မြင်ခဲ့ရသည်ဟု ရှေ့နေ ဦးအောင်းသိန်းက ပြောသည်။

ရုံးချိန်းရက်ကို လာမည့် အင်္ဂါနေ့သို့ ချိန်းဆိုလိုက်သည်။

[+/-]Read More...

ရန်သူမျိုးငါးပါး၊ ဒို့တာဝန်လေးပါး၊ ကပ်သုံးပါး

ရန်သူမျိုးငါးပါးဆိုတာ ရေဘေး၊ မီးဘေး၊ မင်းဆိုးဘေး၊ သူခိုးဓားပြဘေးနဲ့၊ ကိုယ့်ကိုမုန်းတဲ့သူရဲ့ ဘေးဆိုတာ ဗမာတိုင်းသိတယ်။ ကပ်သုံးပါးဆိုတာ အသက်ဘေး၊ အငတ်ဘေးနဲ့ ရောဂါဘေး တို့ပါပဲ။ သတ္တန္တရကပ်။ ဒုဗ္ဘိခန္တရကပ်၊ ရောဂန္တရကပ် လို့ ပါဠိလိုပဲ ခေါ်လေ့ရှိပါတယ်။ ဒီလို ဘေးရန် တွေနဲ့ ကပ်ကြီးသုံးပါး ကျော်နင်းနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဗမာတွေ ဆုတောင်းလေ့ရှိကြပါတယ်။

သာသနာ့ဥသျှောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးဖြစ်တဲ့ ပီနန်ဆရာတော် ကြီးနဲ့ ထိုင်ဝမ်ဆရာတော်ကြီးတို့က ၂၀၀၈ မေ (၁၀) ရက်၊ စနေနေ့ညနေမှာ နယူးယော့ခ် ဗုဒ္ဓဘာသာ ဗမာပြည်ဖွား ဒကာဒကာမများကို တရားချီးမြှင့်တော်မူကြပါတယ်။ ဗမာပြည်ရဲ့ လေဘေး၊ ရေဘေးဒုက္ခသည်တွေကို ၀ိုင်းဝန်းကူညီကြဖို့ပါပဲ။ ပီနန်ဆရာတော်ကြီးကတော့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကမောက်မက ဖြစ်နေခဲ့တာ ခုအခါ နှစ်ပေါင်း (၄၀) ကျော် (၅၀) ကြာကာလအတွင်း ခေတ်သစ်ကပ်ကြီး (၃) ပါး ဆိုက်နေပြီ။ ဒါတွေဟာ မင်းကျင့်တရား(၁၀) ပါးနဲ့လည်းမညီ၊ အပရိဟာနိယ တရား (၇) ပါးခေါ် တိုင်းပြည် မဆုတ်ယုတ်ကြောင်းတရား (၇) ပါးနဲ့လည်းမညီ အုပ်ချုပ်နေကြလို့ ဖြစ်ရတာလို့ ထောက်ပြ ဟောပြောပါတယ်။ ခုတော့ ပိုဆိုးသည်ထက် ဆိုးလာပါပြီ။

မကြာခင်ကဘဲ သံဃာတော်တွေကိုတောင် မြို့ပြလမ်းလယ်ခေါင်မှာ စစ်သားတွေက ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်ရုံမက ဘုန်းကြီးကျောင်းတွေအထိ လိုက်လံ လုယက် နှင်ထုတ်တာတွေ လုပ်ခဲ့လို့ သံဃာတော်တွေက သပိတ်မှောက် ကံဆောင်ပြီး သာရေး နာရေး မဆက်ဆံ၊ အလှူ အတန်း လက်မခံဘဲ ကျဉ်ခဲ့ကြပါတယ်။ ခုအခါတော့ ဗမာပြည်မှာ ဆိုင်ကလုန်းလေမုန်တိုင်း ကျရောက်ပြီး လူတွေ သောင်းသိန်းချီ သေကျေဒဏ်ရာ ရခဲ့ကြတဲ့အပြင် သောင်းသိန်းချီပြီး ပျောက်ဆုံးနေကြတာလည်း သေသည် ရှင်သည် မသိရသေးဘဲ ဖြစ်နေဆဲပါ။ သေသူများကိုလည်း သရဏဂုံမတင်ဘဲ မြှုပ်လိုက်ကြရတာတွေ ရှိပါတယ်။

သေတဲ့လူတွေ သေကြပြီး မသေဘဲ ကျန်သူတွေက မြစ်ဝကျွန်းပေါ် တခုလုံး အနှံ့အပြားမှာ အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမဲ့နဲ့ ကယ်ပါ ယူပါ ဖြစ်နေကြပါတယ်။ မုန်တိုင်းစဲစ ပင်လယ်ပြင်မှာ မသေဘဲ ပျဉ်တိုပျဉ်စတွေနဲ့ ကူးခတ်နေသူတွေလည်း ရှိနိုင်ပါသေးတယ်။ ရေပေါ်မှာ မျောနေတဲ့ အလောင်းတွေလည်း ရှိပါသေးတယ်။ တာဝန်ရှိတဲ့ စစ်အစိုးရက ဘာမှ မလုပ်နိုင်ပါဘူး။ မသေဘဲ ကျန်သူတွေကိုလည်း သေအောင်စောင့်၊ သေသူတွေကိုလည်း ပုပ်အောင် စောင့်နေသလို ဖြစ်နေ ပါတယ်။

သဘာဝ ဘေးအန္တရာယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ပြည်ပက စေတနာရှင်တွေက လေယာဉ်၊ ရေယာဉ်တွေနဲ့ ကယ်ပါရစေ၊ အစာရေစာနဲ့ ဆေးဝါးတွေ လာပေးပါရစေ ဆိုတာကိုတောင် စစ်ဗိုလ်ချုပ်တွေက လာခွင့်မပြုသေးပါဘူး။ ကူညီချင်သူ အမျိုးသမီးတချို့ကဆိုရင် ဗီဇာမရလို့ မျက်ရည်ကျကြရပါတယ်။ ကုလသမဂ္ဂကိုတောင် အကူအညီ လာတာ လက်မခံပါဘူး။ လက်ခံ သမျှကိုလည်း စစ်တပ်က ပစ္စည်းတွေပဲ သိမ်းယူလိုက်ပါတယ်။ ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေ ရှိပါတယ်ပေါ့။ အဲ- အဲဒီလူတွေက ဒုက္ခသည်တွေလက်ကို တကယ်ပေးပါသလား။ အလှူရှင်က သဟတ္တိဒါနအဖြစ် ကိုယ်ထိလက်ရောက် လှူချင်တာပါ။ ကြံ့ဖွံ့တွေက နောက်ဖေးပေါက်က ရောင်းထုတ်ပါသတဲ့။ ခုလည်း ဈေးတွေထဲ သွားကြည့်ပါ။

လယ်ယာတွေလည်း ပျက်၊ ကျွဲနွားတွေလည်းဆုံး၊ လယ်သမားတွေလည်း ဆုံးခဲ့ပြီဆိုတော့ စပါးမစိုက်နိုင်ရင် ဗမာတနိုင်ငံလုံး ဗိုလ်ချုပ်တွေကလွဲလို့ အားလုံးငတ်ကြရမှာပါ။ အငတ် ဘေးရဲ့နောက်ကကပ်ပြီး လုယက်သတ်ဖြတ်တာတွေနဲ့ ရောဂါဘယတွေလည်း မုချ ဖ၀ါးခြေထပ် ပါလာမှာပါ။ ဒါကို စစ်အစိုးရ တဦးတည်းလည်း မကယ်နိုင်ပါဘူး၊ ကယ်ချင်စိတ်လည်း မရှိပါဘူး။ မဆလ စစ်အစိုးရ လက်ထက်တုန်းက ပုသိမ်လေဘေးနဲ့ ရခိုင်လေဘေး ဒုက္ခသည်တွေအတွက် နိုင်ငံတကာက ပို့တဲ့ သက္ကလပ်စောင်တွေနဲ့ ရွက်ဖျင်တဲတွေရယ်၊ ဆေးဝါးပစ္စည်းတွေရယ် ဒုက္ခ သည်တွေလက် မရောက်ပါဘူး။ စစ်ဗိုလ်တွေ ဖြတ်ယူလိုက်သတဲ့။ မဟုတ်ရင်လည်း ငြင်းပါ။ အဲဒီတုန်းက စစ်ဗိုလ်တွေ ခုလည်း ရှိနေသေးသလို ဒုက္ခသည်တွေကလည်း အသက်ရှင်ဆဲ ရှိအုံးမှာပါ။ အဲဒီတော့ စစ်ဗိုလ်တွေကို ပြည်သူတွေကလည်း မယုံပါဘူး။ သင်ခန်းစာတွေ များခဲ့ပါပြီ။

ဆိုင်ကလုန်းမုန်တိုင်း စဲလျှင်စဲခြင်း စစ်တပ် သတင်းဌာနတွေက ပထမဆုံးကြေညာတာက ဘယ်လို ကယ်ဆယ်ရေးတွေ လုပ်မယ်ဆိုတာ မဟုတ်ပါ။ စစ်တပ် အာဏာရှင်စနစ် တည်မြဲ ရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲကြီး ဆက်လုပ်မယ်ဆိုတာပါပဲ။ လူတိုင်း အံ့အားသင့်ကြရပါတယ်။ ပြည်သူတွေရဲ့ အသက်ကယ်ရေးထက် သူတို့ရာဇပလ္လင် တည်မြဲရေးပဲ အရေးထားသူတွေပါ။ ရေနစ်သူကို မကယ်ဘဲ သေနတ်နဲ့ ချိန်ပြီး မဲပေးခိုင်းနေတယ်လေ။

ဘုန်းတော်ကြီးတွေရဲ့တရားပွဲမှာ ထိုင်ဝမ်သာသနာပြု ဆရာတော်ကြီးကတော့ “အရေးချင်း မတူတဲ့အရေး တရားတော်” ကို ဟောကြားသွားပါတယ်။ ဗိုလ်ချုပ်တွေရဲ့ အရေးသုံးပါးကို လူတိုင်းသိပါတယ်။ အဲဒီ ဘာတည်မြဲရေး၊ ဘာမပြိုကွဲရေး၊ ဘာကာကွယ်ရေးဆိုတာ မဟုတ်ဘဲ ဘုရားဟောတဲ့ “ဒို့အရေး လေးပါး” ပါ။ ဘုရားက ရဟန်းတွေမှာ “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊
ဆေး” ဆိုတဲ့ ပစ္စည်းလေးပါးကို အခြေခံ လိုအပ်ချက်အဖြစ် ဟောပါတယ်။ လူတွေအတွက်ဆိုရင် “စားဝတ်နေရေးနဲ့ ကျန်းမာရေး” ပါပဲတဲ့။ အစားရယ်၊ အ၀တ်ရယ်၊ အိုးအိမ်နဲ့ ဆေးဝါးရယ် ဒီလေးပါးပါပဲ။ ခု လေဘေးဒုက္ခသည်တွေအတွက် ဟိုအရေးသုံးပါးမလိုဘူး။ စားဝတ်နေရေးနဲ့ ဆေးဝါးလိုတယ်။ ပြည်ပရောက် ပြည်သူတွေနဲ့တကွ လူအားလုံးက ၀ိုင်းဝန်းကူညီကြပါလို့ နှိုးဆော်သွားပါတယ်။ အလွန်ရှင်းလင်းပြီး သဘာဝကျတဲ့ တရားတော်ပါပဲ။ ကပ်သုံးပါး ဆိုက် နေတာကို မဲတောင်းနေတာကတော့ တရားလွန်လှပါတယ်။ ဆန်လိုချင်တာ ကျည်ဆန်ပေးလို့ ဘယ်ဖြစ်မှာလဲ။ အာဏာလိုချင် မေတ္တာပေးရပါတယ်။ စားဝတ်နေရေး ဖြည့်ဆည်းပေးရပါတယ်။

ပြည်သူတွေ ကြုံတွေ့ခဲ့ရတာက ပင်လယ်ဘက်က တက်လာတဲ့ လှိုင်းလုံးကြီးတွေပါ။ နောက်ထပ် ရောက်လာမှာက သေပြီးရင်း သေနေကြရလို့ သေရမှာ မကြောက်တော့တဲ့ လူဆိုင်ကလုန်း လူ လှိုင်းလုံးကြီးတွေ ဖြစ်ပါလိမ့်မယ်။ ယတြာချေလို့ ရမယ်မဟုတ်ပါ။ ဗိုလ်ချုပ်ကြီးတွေ စိတ်ကောင်း မွေးကြပါ။ ။

မောင်စွမ်းရည်

[+/-]Read More...

အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ ဗဟိုချက်မရွှေ့ပြောင်းမည်


အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲဗဟိုချက်မကို အီရတ်မှနေ၍ အယ်လ်ကေးဒါးတို့ခိုအောင်းရာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်သို့ ရွှေ့ပြောင်းမည်ဖြစ်သည်ဟု ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဘာရက်အိုဘားမားက ၎င်း၏နိုင်ငံခြားရေးမူဝါဒကို ထုတ်ဖော်လိုက်သည်။

''သမ္မတဘုရှ်ရော အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းရော နားလည်သင့်တာက အီရတ်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲရဲ့ ဗဟိုချက်မမဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း မဟုတ်ခဲ့ပါဘူး''ဟု အိုဘားမားက သုံးသပ်ခဲ့သည်။

၎င်း၏ မဟာဗျူဟာသစ်၌ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်မှ အယ်လ်ကေးဒါးများကိုတိုက်ခိုက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ အိုဘားမားက ၎င်းသမ္မတဖြစ်လာသည့် ပထမနေ့တွင်ပင် အီရတ်စစ်ပွဲအဆုံးသတ်ရေး စီမံကိန်း တစ်ရပ်ချမှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတဖြစ်လာပြီး ၁၆ လအတွင်း အီရတ်မှ အမေရိကန်တပ်များ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရတ်ဝန်ကြီးချုပ် နော်ရီအယ်လ်မာလီကီက အီရတ်မှအမေရိကန်တပ်များ ဆုတ်ခွာမည့်ရက်စွဲတောင်းခံခြင်းကို ထောက်ပြခဲ့သည်။ အိုဘားမားက ''အီရတ်ခေါင်းဆောင်တွေ နိုင်ငံရေးအဖြေတစ်ခုဆီ အရောက်လှမ်းနိုင်ဖို့ ကျွန်တော်တို့ရဲ့စစ်သည်တွေကို ပြန်လည်ဆုတ်ခွာဖို့ အချိန်ကျပါပြီ။ ကျွန်တော်တို့ရဲ့ စစ်ဘက်ကိုပြန်လည် အင်အားဖြည့်တင်းပြီးတော့ အာဖဂန်နစ္စတန်နဲ့ နယ်ခြားလုံခြုံရေးပြဿနာများကို ပြန်ပြီးအာရုံစိုက်ရမယ်''ဟု အိုဘားမားက ဆိုသည်။

အီရတ်မှစစ်သည်များကို ရုပ်သိမ်းပြီးနောက် အာဖဂန်နစ္စတန်သို့ တပ်မအနည်းဆုံးနှစ်ခု ထပ်မံပို့လွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နယူးယောက်ခ်တိုင်းမ်မဂ္ဂဇင်းတွင် ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ရေးသားခဲ့ပြီး နောက်တစ်နေ့တွင် ၀ါရှင်တန်ရှိရော်နယ်ရေဂင်အဆောက်အအုံနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဗဟိုတို့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဘယ်လိုပဲ သုံးသပ်သုံးသပ် အီရတ်တစ်နိုင်ငံတည်းအပေါ် အာရုံစိုက်နေတာဟာ အမေရိကအတွက် လုံခြုံမှုမပေးနိုင်ပါဘူး''ဟု အိုဘားမားက သုံးသပ်ခဲ့သည်။
အိုဘားမား၏ မဟာဗျူဟာတွင် ရည်မှန်းချက်ငါးခုပါရှိသည်။ ယင်းတို့မှာ -
၁။ အီရတ်စစ်ပွဲအားတာဝန်ယူမှု အပြည့်ဖြင့်အဆုံးသတ်ခြင်း။
၂။ အယ်လ်ကေးဒါးနှင့် တာလီဘန်များအား အပြီးသတ်ချေမှုန်းခြင်း။
၃။ အကြမ်းဖက်သမားများနှင့် တင်းမာသောနိုင်ငံများမှ နျူလက်နက်နှင့် ပစ္စည်းများ လုံခြုံစိတ်ချသော အခြေအနေသို့ ရောက်ရှိရေး။
၎။ စွမ်းအင်လုံခြုံမှုအပြည့်အ၀ရရှိရေး။
၅။ ၂၁ ရာစု၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် မဟာမိတ်များပြန်လည် တည်ဆောက်ရေးတို့ပင် ဖြစ်သည်။

[+/-]Read More...

British tabloid Photoshops black guy out but leaves his knee behind

By any standard, the “Sun” newspaper in Britain is a bit of a rag. This is the newspaper that thinks that a topless woman on page 3 is culture. This is the newspaper that thinks that it’s OK to call the Germans a “bunch of racist Nazis” even though the war has been over for 63 years. This is the newspaper that thinks that serious journalism amounts to who’s sleeping with who. If you asked a Sun reporter who Obama was, he’d think it was a trendy new drug and he’d get his needle out.

So I can’t say I’m surprised by their latest screw-up. One of their other faults is that the Sun is prejudiced towards minorities and when this great picture of “daring-do” Prince William became available, the Rag must have decided that the black guy at the back was in the way so they decided in their infinite wisdom to Photoshop him out. But being the knuckleheads that they are, they left his knee in!

The Metro newspaper in Britain has the original photo for comparison purposes and below is the Sun photo which is in the newspaper today. The online version of the Sun story however has the proper photo.

I think the Photoshop guy at the Sun is probably looking for a new job today.

[+/-]Read More...

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ၂၃ ဦး ရွေးချယ်ပြီး

AFC Challenge Cup ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်(၂၃)ဦးရွေးချယ် လက်ရွေးစင်ဟောင်း အောင်ကျော်မိုး၊ ဌေးအောင်နှင့် ထွန်းမင်းဦးတို့ တစ်ကျော့ပြန် ပါဝင်လာ
လာမည့်ဇူလိုင် ၃၀ ရက်မှ သြ ဂုတ် ၁၀ ရက်အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFC Challenge Cup ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် အပြီးသတ် ၂၃ ဦးကိုရွေးချယ်လိုက်ပြီ ဖြစ်သည်။ ယင်းကစားသမားများထဲတွင် မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် အောင်ကျော်မိုး၊ ဌေးအောင်နှင့် ထွန်းမင်းဦးတို့ တစ်ကျော့ပြန်ပါဝင်လာခဲ့ကြောင်း သိရှိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲကိုယှဉ်ပြိုင်ရန်အတွက် ဇူလိုင် ၂ ရက်မှစ၍ စခန်းသွင်းလေ့ကျင့်ပြင်ဆင်ခဲ့ပြီး ယခုလအတွင်း မြန်မာလိဂ်(အဆင့်မြင့်တန်း)ကလပ် အသင်းများဖြစ်သည့် ဆောက်လုပ် ရေး၊ ပြည်ထဲရေး၊ Air Bagan F.C တို့နှင့် ခြေစမ်းပွဲ(၃)ပွဲကစားခဲ့ပြီး ဇူလိုင်တတိယပတ်တွင် အပြီးသတ် ၂၃ ဦးကို ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်း၏နည်းပြချုပ်မားကို့စ်ဖလော်ပါသည် ပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှု တစ်ရပ်အနေဖြင့် ယခုလနောက်ဆုံးပတ်အတွင်း ခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားရန် စီစဉ်ထားကြောင်း သိရသည်။ အပြီးသတ်ရွေးချယ်ရာတွင် ပြီးခဲ့သည့် မာဒေးကားဖလားပြိုင်ပွဲနှင့် ထိုင်းဆီးဂိမ်းစ် ပြိုင်ပွဲတို့တွင် ပါဝင်ခဲ့သည့် ဟိန်းကျော်သူ(ဂိုး)၊ ကျော်ခိုင်ဝင်း၊ နေ၀င်း၊ စည်သူသန်း၊ ကျော်သီဟ၊ စိုးလင်းထွန်း၊ အောင်ကျော်မျိုး၊ ဒဏ်ရာရရှိထားသော နောက်ခံလူဇော်လင်းထွန်းတို့ ကျန်ရစ်ခဲ့ကြသည်။ ပဏာမ ၃၄ ဦးထဲမှ အပြီးသတ်ရွေးချယ်ရာတွင် ကျန်ရစ်ခဲ့သော ၁၁ ဦးကို ဆက်လက် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာအသင်းသည် အုပ်စုတွင် မြောက်ကိုရီးယား၊ နီပေါ၊ သီရိလင်္ကာတို့နှင့် တစ်အုပ်စုတည်းကျ ရောက်လျက်ရှိပြီး ဇူလိုင် ၃၁ ရက်နေ့တွင် နီပေါအသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ရန် မြန်မာအသင်းသည် ဇူလိုင် ၂၈ ရက်တွင် ထွက်ခွာမည် ဖြစ်သည်။

[+/-]Read More...

Live dinosaur spotted in LA’s Museum of Natural History

Here’s a video of a dinosaur on the loose inside LA’s Museum of Natural History. No folks, this isn’t some CGI animation, it’s a real dinosaur suit being manipulated by someone. Wish something like this would happen here in Montreal so I could bring my kids and see the wonder upon their faces!


Extinct, my ASS! from The Original Joe Fisher on Vimeo.

[+/-]Read More...

ဘင်လာဒင်အားခြေရာခံနိုင်ရန် ၎င်း၏ယာဉ်မောင်းက FBI ကို ကူညီ

အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်အား ဖမ်းမိနိုင်ရေးအတွက် ၎င်း၏ယာဉ်မောင်းလုပ်ခဲ့ဖူးသူက အက်ဖ်ဘီအိုင်အား ကူညီလမ်းပြပေးလျက်ရှိကြောင်း သိရသည်။

ဘင်လာဒင်၏ ယာဉ်မောင်းလုပ်ခဲ့ဖူးသူ ယီမင်နိုင်ငံသား ဆလင်းဟန်ဒန်သည် အက်ဖ်ဘီအိုင်စုံထောက်များအား ကန်ဒါဟာရှိ ဘင်လာဒင်၏နေအိမ်သို့ လမ်းပြခေါ်ဆောင်သွားပြီး ၎င်း၏လျို့ဝှက်နေရာများ၊ လေ့ကျင့်ရေးစခန်းများကို ပြသခဲ့ကြောင်း သိရသည်။ ဟန်ဒန်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံရမည့်သူလည်း ဖြစ်သည်။

သူသည်အယ်လ်ကေးဒါးခေါင်းဆောင်များ မကြာခဏလာလေ့ရှိသည့်နေရာများကိုလည်း ဖော်ထုတ်ပြသခဲ့သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်၊ မေလတွင် စတင်အဖမ်းခံခဲ့ရပြီး ယခုအချိန်ကျမှ အက်ဖ်ဘီအိုင်အား အကူအညီစတင် ပေးခဲ့ခြင်းဖြစ်သည်။

[+/-]Read More...

ဝီကီပိဒိယက လူသားမျိုးရိုးဗီဇအတွက် အွန်လိုင်းစာကြည့်တိုက် လွှင့်တင်


ကမ္ဘာကျော်ဝီကီပိဒိယ အွန်လိုင်းစွယ်စုံကျမ်းက လူသားမျိုးရိုးဗီဇအတွက် အွန်လိုင်းစာကြည့်တိုက် တစ်ခုကို လွှင့်တင်ထားကြောင်း သတင်းရရှိသည်။ လူသားမျိုးရိုးဗီဇအတွက် လက်ရှိလုပ်ကိုင်နေကြသူများ လွတ်လပ်စွာအသုံးပြု လေ့လာနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

''ကျွန်တော်တို့တင်ထားတာ မျိုးရိုးဗီဇအတွက် အကြောင်းအရာပေါင်း ၂၅၀၀၀၊ ဆောင်းပါးပေါင်း ၉၀၀၀ ကျော်ရှိပါတယ်။ ရည်ရွယ်ထားတာကတော့ မျိုးရိုးဗီဇအားလုံးအတွက် တူညီတဲ့အစတစ်ခုကို ပျိုးပေးနိုင်ဖို့ပါပဲ။ နောက်ပိုင်းမှာ အခြားအခြားသော မျိုးရိုးဗီဇပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ၊ အဖြစ်အပျက်တွေကို သူတို့ကိုယ်တိုင်လွှင့်တင်နိုင်အောင် စီစဉ်ထားပါတယ်။ အဖွဲ့ဝင်အားလုံးပါဝင်ရေးသားနိုင်အောင်၊ ရေးသားထားတဲ့အကြောင်းအရာတွေအတွက်လည်း ကြီးကြပ်နိုင်အောင်လည်း ရည်ရွယ်ဆောင်ရွက်ထားပါတယ်''ဟု Gene Wiki စီမံချက်မှ အင်ဒရူးစုက ပြောကြားခဲ့သည်။ www.healthmap.org တွင် အချက်အလက်များ စုစည်းထားရှိပြီး ရုတ်တရက်ဖြစ်ပွားခြင်းများအတွက် သတင်းအချက်အလက်များ၊ အွန်လိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးခြင်းများနှင့် အခြားသတင်းလွှာများလည်း အခါအားလျော်စွာ လွှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

[+/-]Read More...

ဒီနေ့ကွန်နက်ရှင်မကောင်းဘူး

အင်တာနက်ဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် မည်သည့်အရာကိုမဆို အသုံးပြု နိုင်သော်လည်း မြန်မာနိုင်ငံတွင်မူ အင်တာနက် ကန့်သတ်ထိန်းချုပ်မှုမှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး (၁၀) နိုင်ငံတွင် ပါဝင်ခဲ့သည်။ လက်ရှိအစိုးရ ထိန်းချုပ်ထားသည့် ISP (Internet Services Provider) နှစ်ခုကပင် အင်တာနက်လိုင်းများ မလောက်မင ပေးနေရ၍ အင်တာနက် မြန်နှုန်းမှာ နှေးကွေးနေရသလို လူငယ်နှင့်အင်တာနက် ယဉ်ကျေးမှု အကျွမ်းတ၀င်ဖြစ်သွားမည်ကို စိုးရိမ်၍ အင်တာနက်မြန်နှုန်းကိုလည်း 512kbps ထက် ပိုမပေးချေ။
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်း အများပြည်သူ သုံးစွဲသော အင်တာနက်လိုင်းများ ကိုလည်း ဖြတ်တောက်မှု ပြုခဲ့သကဲ့သို့ နောက်ပိုင်းတွင်လည်း အင်တာနက်သုံးစွဲသူများ၏ မှတ်ပုံ တင်အမှတ်နှင့် နေရပ်လိပ်စာပါ မေးမြန်းထားရန် မည်သည့်ဝက်ဘ်ဆိုက်များ ကြည့်ရှုသည်၊ Download လုပ်ယူသည်များကိုပါ မှတ်ပုံတင်ထားရန် ညွှန်ကြားထားသည်အထိ အင်တာနက် သုံးစွဲမှုကို တင်းကျပ်စွာ တားမြစ်ထားသည်။
အများပြည်သူများ သုံးစွဲနေသော အင်တာနက်စနစ်ကို လုံးဝရပ်တန့်ပစ်ရန်ထိပင် ဆန္ဒရှိသော်လည်း နအဖအနေဖြင့် ၎င်းအင်တာနက်မှ ရရှိသော ငွေကြေးနှင့် အခြားသော အကျိုးအမြတ်များ ရရှိနေ သေးသဖြင့် မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် အင်တာနက်နှင့် ပတ်သက်၍ မြန်မာ သတင်းနှင့် နည်းပညာဆက်သွယ်ရေးကော်မတီက မေ (၂၉) ရက်နေ့တွင် သတင်းတခု ထုတ်ပြန် ကာ အင်တာနက်သုံးစွဲမှုကို သွယ်ဝိုက်၍ တင်းကျပ်လိုက်ပြန်ပါသည်။

မေ (၂၉) ရက် နေ့စွဲဖြင့် အင်ဂျင်နီယာအဖွဲ့ ကွန်ရက်လည်ပတ်ဌာန မြန်မာတယ်လီပို့ဟု အကြောင်း ကြားထားသောစာတွင် မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့် ကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လိုအပ်သော စက်ကိရိယာများကို ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါတွင် အင်တာနက်သုံးစွဲရန်အတွက် Proxy Server များကို အသုံးပြုရန် မလိုတော့ပါ။ သို့ဖြစ်ပါ၍ Web Browser Software များတွင် Proxy Server Setting များကို ဖြုတ်၍ အင်တာနက်သုံးစွဲပါရန် ညွှန်ကြားစာများ အီးမေးလ်မှတဆင့် ပေးပို့ခဲ့သည်။

အများပြည်သူများအား ခြိမ်းခြောက်စာဆန်ဆန် ပေးပို့ခဲ့သည့် အင်ဂျင်နီယာအဖွဲ့ ကွန်ရက်လည် ပတ်ရေးဌာန မြန်မာတယ်လီပို့ဆိုသည်မှာ စဖရခေါ် စစ်ဖက်ရေးရာလုံခြုံရေးဌာနမှ တိုက်ရိုက် ကိုင်တွယ်ထားခြင်းဖြစ်ပြီး မော်စကိုတွင် သွားရောက်လည်ပတ်သင်ကြားခဲ့သော ဗိုလ်သင်တန်း ကျောင်းဆင်းအများစုနှင့် ဖွဲ့စည်းထားကာ ယခင် MICT Park ယခု Myanmar Info Tech တွင် ၎င်းတို့ဌာနကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာက ပေါ်ပေါက်ခဲ့သည့် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်း အများပြည်သူ သုံးစွဲနေသော အင်တာနက် ချိတ်ဆက်မှုကို နိုင်ငံအနှံ့ ဖြတ်တောက်၍ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်မှု ပြုခဲ့သည့် အဖွဲ့အစည်းဖြစ်သကဲ့သို့ ၂၀၀၈ ခုနှစ်အတွင်း www.blogger.com နှင့် အခြားသော ၀က်ဘ်ဆိုက်များအား ပိတ်ပင်တားမြစ်ခဲ့သည့်အဖွဲ့ လည်းဖြစ်သည်။ ယခင် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဗိုလ်မှူးကြီး တင်ဦး ဦးစီးသည့် ကွန်ပျူတာအရေးပေါ် တုံ့ပြန်မှုကော်မတီကို ပြန်လည်အသက်သွင်းထားသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

ကွန်ရက်လည်ပတ်ရေးဌာန ညွှန်ကြားချက်အတိုင်း အချို့သော အင်တာနက်ကဖေးပိုင်ရှင်တို့က ၎င်းတို့၏ Yourfreedom,Ultrasurf စသော Proxy Server များကို ဖြုတ်ပစ်လိုက်ကြသော်လည်း အမြန်နှုန်းမှာ မေ (၅) ရက်အထိ ထူးခြားမှု မရှိသေးသည့်အခါ အချို့သော အင်တာနက်အသုံးပြုသူ များတွင် Proxy Setting များ ပြန်လည် Install လုပ်လာကြသည်။

စစ်ထောက်လှမ်းရေး ဖျက်သိမ်းခံရပြီးနောက် အင်တာနက်ဝန်ဆောင်မှုတွင် လျော့တိလျော့ရဲဖြင့် ကိုင်တွယ်ခဲ့သော နအဖမှာ ရွှေဝါရောင်တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်းအတွက် သတင်းဆက် သွယ်ရေးနည်းပညာ၏ အံ့မခန်း အစွမ်းထက်မှုကြောင့် ၎င်းတို့အာဏာကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ကို သိလာသောအခါ ဗြဟ္မာဦးခေါင်းကို ပိုက်မိနေသလို ဖြစ်နေသည့်အတွက် အင်တာနက် နှင့်ပတ်သက်၍ ပိုမို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် ဆုံးဖြတ်ထားပုံရသည့်အတွက် ထိုကဲ့သို့ ပထမခြေလှမ်းအဖြစ် Proxy Server များကို ဖြုတ်ခိုင်းရခြင်းဖြစ်ကြောင်း ကွန်ပျူတာကျွမ်းကျင် သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူများအနေဖြင့် မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်ထားသော အမြန်နှုန်းနှင့် ပတ်သက်၍ သိချင်လျှင် www.testmyspeed.com ကိုဖွင့်၍ Click Here To Test ဟူသည့် Button တွင် Click နှိပ်လိုက်သည့်အခါ ဒိုင်ခွက်နှစ်ခုတွင် Upload Speed မည်မျှရှိသည်ကို ဖော်ပြထားမည်ဖြစ်သည်။ အကယ်၍ သင်၏ကွန်ပျူတာ Download Speed မှာ 352 kbps အောက် လျော့နည်းနေပါက သင့်စိတ်ကြိုက် Proxy Server များကို ပြန်လည်တင်ဆင်ခြင်းဖြင့်လည်း ကောင်း၊ သို့မဟုတ် http//www2.multiproxy.org/mproxy12.zip တွင် System Tracy Icon ထဲမှ Multiproxy icon ကို ရှာကာ ညွှန်ပြထားသည့်အချက်များအတိုင်း Install လုပ်နိုင်ပါသည်။

မြန်မာအင်တာနက်သုံးစွဲသူ လူငယ်တို့၏ နားထဲတွင် ကြားနေကျ စကားလုံးတခုဖြစ်သည့် “ဒီနေ့ ကွန်နက်ရှင်မကောင်းဘူး” ဆိုသော စကားဖြင့် တင်းတိမ်မနေကြဘဲ၊ စိတ်ပျက်အားငယ်မနေဘဲ ကမ္ဘာ့ပြူတင်းပေါက်ကို ဖွင့်လှစ်ကြည့်နေသည့် မိမိ၏ အင်တာနက်အမြန်နှုန်းကို လိုအပ်သလို ပြင်ဆင်၍ မြန်မာလူငယ်များအနေဖြင့် နိုင်ငံတကာက စာမျက်နှာကို ဖတ်ရှုနိုင်ပါစေဟူ၍ ဆန္ဒပြု လိုက်ပါသည်။ ။


[+/-]Read More...

ဒေါ်အောင်ဆန်းစုကြည် ၆ လအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နိုင်

ဒေါ်အောင်ဆန်းစုကြည်အား ခြောက်လခန့်အကြာတွင် လွတ်ပေးနိုင်ဖွယ်ရှိကြောင်း၊ ၆ နှစ်ကြာ အကျဉ်းချနိုင်ခွင့်သက်တမ်းလည်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောဆိုလိုက်သည်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ် စုသည် ၂၀၀၃ ခုနှစ် မေလမှ စတင်ပြီး အိမ်ချုပ်ချခံထားရသည်။ နိုင်ငံတကာက ဒေါ် စု လွတ်မြောက်ရေးအတွက် ဗိုလ်ချုပ်ကြီးများကို တောင်းဆိုခဲ့သော်လည်း ယခုနှစ် မေလက အိမ်ချုပ်သက်တမ်း ၁ နှစ် ထပ်မံတိုးခဲ့သည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး George Yeo က “သူတို့ဥပဒေအရဆိုရင် ပြည်ထဲရေးဝန်ကြီးက ဒေါ် စု ကို ၁ နှစ်ကြာ ချုပ်နှောင်ခွင့်ရှိတယ်၊ ၀န်ကြီးချုပ်က ၅ နှစ်ကြာ ချုပ်နှောင်ခွင့်ရှိတယ်။ ဆိုတော့ အများဆုံး ၆ နှစ်ပေါ့ဗျာဟု ပြောပြသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကိုးကားပြီး ယင်းသို့ပြောလိုက်ခြင်းဖြစ်သည်။
၆ နှစ်ကြာ ချုပ်နှောင်ထားခွင့် ဆိုတာလည်း သက်တမ်းကုန်ဖို့ ၆ လလောက်ပဲ ကျန်တယ်ဆိုပြီး သူက ကျနော်တို့ကို ပြောပြပါတယ် ဟု အာဆီယံဝန်ကြီးများ ညစာစားပွဲအပြီးတွင် George Yeo က ရှင်းပြသည်။
၆လအကြာတွင် ဒေါ် စု လွတ်မြောက်လာမည်ဟု အဓိပ္ပာယ်ရပါသလားဟူသော မေးခွန်းကို သူက (ဦးဉာဏ်ဝင်း ပြောတဲ့ဟာကို ပြန်ပြောပြတာပါဗျာ။ဟု ပြန်လည်ဖြေကြားသည်။
ဦးဉာဏ်ဝင်းပြောဆိုသည့် ၆ နှစ်တာ ချုပ်နှောင်ခွင့်သက်တမ်း ကုန်ဆုံးမှုမှာ လက်တွေ့တွင် မည်သို့ဖြစ်လာနိုင်ကြောင်း ရှင်းရှင်းလင်း မသိရသေးပေ။

[+/-]Read More...

စက်လှေတစ်စင်း နစ်မြုပ် ၃၈ ဦးသေဆုံး

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်းရှိ ရွေးမြစ်အတွင်း၌ စက်လှေ တစ်စင်း နစ်မြုပ်ပြီး လူ ၃၈ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၃ နာရီအချိန်၌ မြောင်းမြမြို့နယ် ပကိတ်ကြီးကျေးရွာမှ မောင်ကြည်ဆင့်မောင်းနှင်လာသော 'မျိုးပပထွန်း' အမည်ရှိ စက်လှေသည် မြောင်းမြမြို့၌ စိုက်ပျိုးရေးချေးငွေထုတ်ရန်အတွက် လူ ၈၄ ဦးနှင့် စပါးတင်း ၂၀၀ အား တင်ဆောင်ထွက်ခွာလာခဲ့ရာ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ပကိတ်ကြီးရွာနှင့် ကွမ်းခြံကုန်းရွာကြား၌ စက်လှေပဲ့ပိုင်းသို့ ရေများဝင်လာပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ စက်လှေနစ်မြုပ်မှုကြောင့် လူ ၈၄ ဦးအနက် ကျား၊ မ ၁၉ ဦးစီ ပေါင်း ၃၈ ဦးသေဆုံးပြီး ၄၄ ဦးအား ကယ်တင်နိုင်ခဲ့သည်ဟုသိရ သည်။ အဆိုပါစက်လှေမှာ ပကိတ်ကြီးကျေးရွာမှ ဦးမော်သင်းပိုင်ဆိုင် သော စက်လှေဖြစ်ပြီး အလျားအနံ ၄၅"_၈"_၄'' ရှိပြီး မြင်းကောင်ရေ ၁၆ ကောင်ရှိသော စက်လှေအမျိုးအစားဖြစ်သည်။

[+/-]Read More...

ရေနံဈေးနှုန်းစံချိန်တင်မြင့်တက်မှုဂယက်


ရေနံဈေးနှုန်းအဆမတန်မြင့်တက်နေမှုသည် အားလုံးအတွက်မကောင်းသည့်လက္ခဏာတစ်ရပ်ဖြစ်သလို ထွန်းသစ်စ အာရှနိုင်ငံများ၏စီးပွားရေးမဟာဗျူဟာတစ်ခုလုံးကို ခြိမ်းခြောက်လာသည့်လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကတည်းကကုန်ပစ္စည်း ထုတ်လုပ်မှုတော်လှန်ရေးတစ်ရပ် ဆင်နွှဲခဲ့သည်။ တရုတ်နှင့်ရင်းနှီး ကျွမ်းဝင်ပေါင်းဖက်နေသည့်နိုင်ငံများ သည်လည်းဈေးနှုန်းချိုသာသည့်ကုန် စည်ပို့ဆောင်ရေးများကိုလုပ်ဆောင် ခဲ့ကြသည်။ ဤစီးပွားရေးပုံစံသည် ယခုအခါတွင်အသုံးမတည့်တော့ပေ။

၂၀၀၇ခုနှစ် အောက်တိုဘာလကတည်းက ရှန်ဟိုင်းစတော့အိပ်ချိန်း သည် ၅၆ ရာခိုင်နှုန်းသို့ကျဆင်း သွားခဲ့သည်။ ရာစုနှစ်ဝက်ခန့်နီးပါးမျ ကမ္ဘာ့လူစိတ်ဝင်စားမှုအခံရဆုံးစတော့ အိပ်ချိန်ဈေးကွက်အဖြစ် ရှန်ဟိုင်းစတော့ဈေးကွက်ကမင်းမူထားခဲ့သည်။

အာရှတိုက်၏ အင်ထရာထ ရိတ်ပုံစံသည် ရီကာဒီယန်ကွန်ရက် ပုံစံဖြင့်တည်ရှိခဲ့သည်။ဆိုချင်သည် က ထုတ်ကုန်ပစ္စည်းများကို သင်္ဘော နှင့်ကူးချည်သန်းချည်ပုံစံဖြင့်အပြန်အလှန်တင်ပို့ကြသည်။ ဤအတွက် အမြတ်စွန်းက သိပ်မရ။

တရုတ်နှင့်ကုန်သွယ်ဖက်နိုင်ငံ များသည် အင်ထရာထရိတ်ပုံစံဖြင့် လုပ်ဆောင်ရာတွင် မိမိတို့နိုင်ငံမှ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ကြသည်။ ထိုကုန်ပစ္စည်းများ ကို တရုတ်ကကုန်ချောအဖြစ် ထုတ်လုပ်တပ်ဆင်ကြသည်။ ထိုကုန်ချောပစ္စည်းတွေကို တရုတ်နိုင်ငံမှနေ၍ အနောက်နိုင်ငံများသို့သင်္ဘောဖြင့် တင်ပို့ကြသည်။ ဤအတွက် မူလနိုင်ငံက အကျိုးအမြတ်သိပ်မရပေမဲ့ ကုန်ချောပစ္စည်းတင်ပို့သည့်နိုင်ငံက တော့အမြတ်များစွာရရှိလေသည်။ ပေလေးဆယ်ရှိသည့်ကုန်သေတ္တာတစ်လုံး ရှန်ဟိုင်းမှနေ၍ရော့တာဒမ်မြို့ ဆိပ်ကမ်းသို့ဆိုက်ကပ်ချိန်တွင် မူလ ထက်ဈေးနှုန်းကသုံးဆမြင့်တက်သွားတော့သည်မှာ ရေနံဈေးတွေတက် ချိန်ကတည်းကပါပဲ။

'' ရေနံဈေးနှုန်းတွေမြင့်တက် သွားတာကြောင့် အာရှတိုက်အတွက် အကျပ်အတည်းတွေ့နိုင်ပါတယ်'' ဟု မော်ဂန်စတန်လေ ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကော်ပိုရေးရှင်းအကြီးအကဲ စတီဖန်ဂျန်က မှတ်ချက်ချသည်။ အာရှ တိုက်၏ကုန်သွယ်မှုပုံစံသည် ဖိအား ဒဏ်ကို စမ်းသပ်ခံနိုင်ခြင်း ရှိ၊ မရှိ အနေအထားသို့ရောက်နေပြီဟုသူက သုံးသပ်ထားသည်။တစ်ခုတော့ရှိပါသည်။ စွမ်း အင်မှရရှိသည့်ငွေ ကြေးများကစီးပွားရေးကျဆင်းမှုများကိုအတော်အသင့် သက်သာအောင်ပြုလုပ်ထားနိုင်သည်။ဟန်မပျက် နေနိုင်အောင် ဖုံးဖိထားနိုင်သည့် သဘောဖြစ်သည်။ တရုတ်နိုင် ငံတွင် လျပ်စစ်ဓာတ်အားခတွေသက်သာ အောင်လုပ်ပေးထားသည်။ ၂၀၀၇ ခုနှစ်ကတည်းက ကမ္ဘာ့လျပ် စစ်ဓာတ်အားခသည် သုံးဆခန့်မြင့်တက်ခဲ့ သည်။ အမြတ်စွန်းမရသည့် စက်ရုံတွေကို လည်ပတ်ခွင့်မပြုဘဲ ပိတ်ထားသည်။ ဤအတွက်အကြပ် အတည်း ကိုသက်သာအောင်၊ နှောင့်နှေးအောင်ပြုလုပ်ထားနိုင်သည်။

ရေနံဈေးနှုန်းမြင့်တက်လာမှု ကြောင့်ကြုံတွေ့ရသည့်ဆိုးကျိုးတွေ သည် လောလောဆယ်တွင်မပေါ်ပေါက် သေးပေမယ့် အချိန်လွန်တော့ မှပေါ်ပေါက်လာနိုင်သည်။ သဘောကတော့ အစိုးရအနေဖြင့် ရရှိသည့် ၀င်ငွေများသည် တစ်ချိန်ချိန်ကျလျင် ပြန်ကျသွားတော့မည်။ပြီးခဲ့သည့် ရက်သတ္တပတ်ကပဲ တရုတ်အစိုးရက ပြည်တွင်းရထားခတွေကို ၁၇ ရာခိုင် နှုန်းတိုးမြှင့်လိုက်သည်။ဗြိတိသျရေနံကုမ္ပဏီကြီးက တရုတ်နိုင်ငံ၏စွမ်း အင်အသုံးပြုမှုနှင့် ပတ်သက်၍စာရင်းဇယားပြုစုထား တာရှိသည်။ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတွင်စွမ်း အင်အသုံးပြုမှုမှာ ယူနစ်အားဖြင့်တွက်ချက်ကြည့် မည်ဆိုပါကအမေရိကန်ပြည်ထောင်စုထက်သုံးဆ၊ ဂျပန် ထက်ငါးဆ၊ ဗြိတိန်ထက်ရှစ်ဆများပြားနေကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ စက်ရုံများသည် လတ်တလောစွမ်းအင်အနေအထား ပေါ်တွက်ဆထားခြင်းမရှိပေ။ထို့ ပြင်အဆင့်မြင့်နည်းပညာရပ်ထုတ် ကုန်များမဟုတ်သော ပရိဘောဂလုပ် ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းများသည် ပြည်ပပို့ကုန်အခွန်စရိတ်မြင့်မားမှု များနှင့်ရင်ဆိုင်နေရသည်။ တစ်ချိန်တုန်းကတော့ အာရှတိုက်မှအလုပ် သမားများဈေးချိုသဖြင့် ပြည်ပနိုင်ငံ များမှစက်ရုံတွေဆောက်လုပ်ပြီး ကုန်ပစ္စည်းများအပ်နှံခဲ့ကြသည်။ ယခုတော့ ထိုလုပ်ငန်းသည်လည်းအလုပ် မဖြစ်တော့ဟု စီအိုင်ဘီစီဝေါလ်မား ကတ်ကမှတ်ချက်ချသည်။ ဤသို့ ဖြစ်ရသည်မှာ လုပ်အားခဈေးချို သည်မှန်သော်လည်း ခရီးဝေးသဖြင့် ကုန်ကျစရိတ်ကပိုကြီးလာ၍တွက်ခြေ မကိုက်တော့။ ဤသို့ဖြင့် ၂၀၀၈ခုနှစ် အတွင်းမှာပင် ဂွမ်ဒေါင်းပြည်နယ်ရှိ ဖိနပ်စက်ရုံပေါင်း ၂၃၃၁ ရုံပိတ်ပစ် ခဲ့ရသည်။ မြောက်ပိုင်းကယ်ရိုလိုင်းနားမှဖိနပ်ကုမ္ပဏီဆိုလျင်လည်း တရုတ်ပြည်တွင်တည်ထောင်ထား သည့်စက်ရုံကိုပိတ်ပစ်ခဲ့ရသည်။

ကုန်ပစ္စည်းဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှင့် အမေရိကန်ပြည် ထောင်စု၊ ကနေဒါ၊ ဗြိတိန်၊ စပိန်၊ အီတလီနှင့်ပြင်သစ်နိုင်ငံတို့မှ တရုတ် ကုန်ပစ္စည်းများမှာယူတင်သွင်းမှုနည်းပါးခြင်းဟူသောအချက်သုံးချက်ကို တရုတ်တို့ရင်ဆိုင်နေရသည်။ ၁၉၈၀ ပြည့်နှစ်ကာလများက ဂျပန်နိုင်ငံက ပြုလုပ်ခဲ့သည့်ရင်းနှီးမြှုပ်နှံမှုများဖြစ် သောစက်ရုံများတည်ထောင်ခြင်း သည် အမှားကိုထပ်မံကျူးလွန်နေ ခြင်းဖြစ်ကြောင်းစီးပွားရေးပညာရှင်များက ဝေဖန်သုံးသပ်လျက်ရှိသည်။ ဘဏ်စနစ်ကလည်း အတိုးနှုန်းတွေ များများစားစားမရ။ အမြတ်စွန်းထက် နိုင်ငံရေးအရသာလျင်အကျိုးအမြတ်ဖြစ်စေသည့်ပုံစံမျိုးဖြစ်နေသည်။ ငွေကြေးဖောင်းပွမှုသည် နိုင်ငံ တစ်နိုင်ငံ ၏အနာဂတ်စီးပွားရေးစနစ် ကိုဟန့်တားဖျက်ဆီးခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းက ၃၀ ရာခိုင်နှုန်းထိတက် သွားသည်။ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်က ၁၁ ရာခိုင်နှုန်းရှိသည်။ ထိုင်းနိုင်ငံကငွေကြေးဖောင်းပွမှုနှုန်း ကိုးရာခိုင်နှုန်းရှိနေသည်။ တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကမူ ၇ ဒသမ ၇ ရာခိုင်နှုန်းသာရှိသည်။

တစ်ခုကောင်းပါ၏။ ရေနံဈေးနှုန်းတွေပြန်ကျနိုင်သည်။ ဆော်ဒီနိုင်ငံကရေနံတိုးမြှင့်ထုတ်လုပ်လိုက်သဖြင့် ၂၀၀၇ ခုနှစ်နှစ်ဦးပိုင်းတွင် ရေနံဈေးနှုန်းက တစ်စည်လျင် ဒေါ်လာ ၅၀ ရှိခဲ့သည်။ဘရာဇီးလ်၊ အဇာ ဘိုင်ဂျန်၊ အာဖရိက၊ မက်ဆီကိုနိုင်ငံ တွေကရေနံတွေတိုးမြှင့်ထုတ်လုပ် မည့်အလားအလာတွေရှိနေသဖြင့်ရေနံ ဈေးနှုန်းကျဖို့ရှိနေသည်။ ရေနံဈေးနှုန်းတွေက တစ်နှစ်၊ နှစ်နှစ်အတွင်းကျလာမည်ဆိုသည့် တိုင် နိုင်ငံတကာစွမ်းအင်အေဂျင်စီ ၏နှစ်လည်အစီရင်ခံစာထဲမှာကတော့ ရေနံဈေးကွက်သည် ၂၀၁၂ခုနှစ်အထိ မြင့်တက်နေမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့နိုင်ငံများက ပူးပေါင်းဆောင်ရွက်မှုတစ်စုံတစ်ရာမရှိခြင်း တို့ကြောင့်ရေနံဈေးနှုန်းသည် မြင့်တက်နေခြင်းဖြစ်သည်။ ရေနံပိုင်ဆိုင်ထားသည့် နိုင်ငံများသည် ရေနံစည် ပေါင်းငါးထရီလီယံ၊ သို့မဟုတ် ခြောက်ထရီလီယံကိုပိုင်ဆိုင်ထားကြသည်။ လူသားများသည်တစ်နေ့လျင် ရေနံတစ်ထရီလီယံခန့်အသုံးပြုနေ ကြရသည်။ဂလိုဘယ်လိုက်ဇေးရှင်းသည် စိုးရိမ်ရေမှတ်ကိုကျော်လွန်နိုင်ခဲ့ ပြီဖြစ်သည်။ ယခု ဂလိုဘယ်လိုက်ဇေးရှင်း ချိန်ခွင်လျာသည် တရုတ်မှသည် အ မေရိကန်ဘက်သို့ယိမ်းနေ ပြီဖြစ်သည်။ စီးပွားရေးသမားများသည် မိမိကိုယ်မိမိပြန်လည်သုံးသပ်ဆင်ခြင်မှုများပြု လုပ်ရန်အချိန်တန်ပြီဖြစ် သည်။

ရေနံဈေးနှုန်း အံ့သြဖွယ် ကောင်းလောက်အောင်မြင့်တက်နေ မှုသည် နိုင်ငံအားလုံးကိုရိုက်ခတ်စေ မည့်မဟာလှိုင်းလုံးကြီးတစ်ခုဟုဆို နိုင်သည်။ အထူးသဖြင့် အာရှတိုက်ရှိ နိုင်ငံများ၏စီးပွားရေးမဟာဗျူဟာ များကိုချုပ်ငြိမ်းစေလောက်သည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်ပါ ၏။
Ref; Ambrose Evans-Pritchard, Oil price shock means China is at risk of blowing up.

[+/-]Read More...

ရုရှားက အကူအညီပေးနေတဲ့ မြန်မာ အနုမြူ စီမံကိန်း

By Roland Watson
DictatorWatch.org
June 26, 2008

နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)လို့ အမည်ခံထားတဲ့ မြန်မာနိုင်ငံက
စစ်အာဏာရှင်တွေကို အနုမြူစီမံကိန်းမှာ ရုရှားက ကူညီထောက်ပံ့နေတဲ့အကြောင်း တကမ္ဘာလုံးက
သိနေကြပါတယ်။ နအဖဟာ မြန်မာစစ်တပ်ကို ခေတ်မီလာစေဖို့ ရုရှားဆီက ခေတ်မီလက်နက်တွေ
ဝယ်ယူ တပ်ဆင်နေတာကိုလည်း ပိုပြီး ဆန်းဆန်းပြားပြား မဟုတ်တဲ့ လုပ်ရပ်တခုအဖြစ်နဲ့ ကမ္ဘာက
ရှုမြင်သုံးသပ်ထားပြီး ဖြစ်ပါတယ်။
အဲဒါတေနွ့ ပဲ တ်သက်လို့ ကျနော်တို့က စောင့်ကြည့်ထောက်လှမ်းနေရာမှာ အထောက်အထား အသစ်
တွေ တေ့ထွားပါတယ်။ အသေးစိတ် သိထားတာတေလွ ည်း ရှိနေပါတယ်။ (ငြိမ်းချမ်းရေးနဲ့ အနုမြူ
မပြန့်ပွားရေးကို လိုလားသူတွေအတွက်) စိတ်ကသိကအောင့် ဖြစ်စေနိုင်တာတွေလည်း ရှိနေပါတယ်။
ကျနော်တို့ DictatorWatch ကနေ အရင်ထုတ်ပြန်ထားတာတွေဟာ အခုထပ်မံ တွေ့ရှိလာတာတွေအရ
မှန်ကန်တယ်လို့ အတည်ပြုနိုင်နေပါပြီ။ ဒါ့အပြင် အနုမြူ စီမံကိန်းတခုလုံးကို ခြုံငုံပြီး အရင်ထက် ပိုမို
သိရှိလာရပါတယ်။

အနုမြူ ဓါတ်ပေါင်းဖိုနှင့် ယူရေနီယမ် တူးဖော်ခြင်း

သုတေသနလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရုရှားက မြန်မာကို အနုမြူ ဓါတ်ပေါင်းဖိုတခု ထောက်ပံ့
တော့မယ့်အကြောင်း အတော်များများက သိကြပြီး ဖြစ်ပါတယ်။ ကျနော်တို့ ရတဲ့သတင်းမှာတော့
နအဖဟာ ရုရှားဆီက (၁ဝ) မီဂါဝပ်ရှိတဲ့ အနုမြူ ဓါတ်ပေါင်းဖိုတခုကို ဝယ်ပြီးသွားပြီ ဆိုတာပါပဲ။ အဲဒီ
ဓါတ်ပေါင်းဖိုဟာ အသစ်မဟုတ်ပေမယ့် အတော်လေး ကောင်းမွန်နေသေးတယ်လို့ သိရပါတယ်။
အခုဆိုရင် အဲဒီဓါတ်ပေါင်းဖိုကို တစစီဖြုတ်တဲ့အဆင့်၊ မြန်မာနိုင်ငံကို တင်ပို့တဲ့အဆင့်နဲ့ ပြန်လည်
တပ်ဆင်တ့အဲ ဆင့်တေကွို လုပ်နေပါပြီ။
DictatorWatch အနေနဲ့ ဓါတ်ပေါင်းဖို စက်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောက်ပြီလား ဆိုတာကိုတော့
အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ဒီနှစ် ဒီဇင်ဘာလောက်မှာ တပ်ဆင်တဲ့အဆင့်တွေ အားလုံး
ပြီးစီးမယ်လို့ ကျနော်တို့ရဲ့ သတင်းရပ်ကွက်တွေက ပြောပါတယ်။ (ကျနော်တို့ ထုတ်ပြန်တဲ့ အရင်
သတင်းမှာ မြောက်ကိုးရီးယားက ကျွမ်းကျင်သူတွေဟာ မြန်မာ အနုမြူဓါတ်ပေါင်းဖို ဆောက်လုပ်ရေး
လုပ်ငန်းတွေမှာ ကူညီမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။)
သပိတ်ကျင်းမြို့နယ်ထဲက ကျောက်ဖဒို အရပ်မှာ အနုမြူ ဓါတ်ပေါင်းဖိုကို တည်ဆောက်မှာ ဖြစ်ပါတယ်။
သပိတ်ကျင်းဟာ မန္တလေးကနေ မြောက်ဖက် ကီလိုမီတာ(၁ဝဝ)ခန့် ကွာဝေးပြီး ဧရာဝတီမြစ်အနားမှာ
ရှိပါတယ်။

ရုရှားက အနုမြူဓါတ်ပေါင်းဖို ရောင်းတာအပြင် အခြားဝန်ဆောင်လုပ်ငန်းတွေ လုပ်ပေးရတ့အဲ တကွ်
အပြန်အလှန်အားဖြင့် ရုရှား သတ္တုတူးဖော်ရေးကုမ္ပဏီတခုက မြန်မာနိုင်ငံထဲမှာ ရွှေ၊ တိုင်တေနီယမ်နဲ့
ယူရေနီယမ် တူးဖော်ခွင့်လိုင်စင် ရရှိပါတယ်။
ရုရှားက ရွှေတူးဖော်မယ့်နေရာ (၂)ခု ရှိပါတယ်။ ပထမနေရာက ကျောက်ဖဒို ပါပဲ။ နောက်တနေရာ
ကတော့ ပြင်ညောင်အရပ်က တောင်တန်းတွေမှာဖြစ်ပြီး မန္တလေးတိုင်းကနေ ရှမ်းပြည်နယ်ကို သွားတဲ့
သာစည်-ရွှေညောင် ရထားလမ်း ညာဘက်ခြမ်းတလျှောက်မှာ ရှိပါတယ်။
ကျောက်ဖဒို အရပ်မှာပဲ တိုင်တေနီယမ်ကို တူးဖော်နေပါပြီ။ ဒါမှမဟုတ် သတ္တုကြမ်းကို သန့်စင်နေပါပြီ။
ယူရေနီယမ်ကို တူးဖော်နေတာ (၃)နေရာ ရှိပါတယ်။ ပထမနေရာဟာ ပြည်ခရိုင် ပေါက်ခေါင်းးမြိ့နယ်
ထဲက ပဲခူးရိုးမတောင်တန်းတွေမှာ ဖြစ်ပါတယ်။ ဒုတိယနေရာက ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်က ပိုင်ငေါ့
အရပ်ဖြစ်ပါတယ်။ တတိယနေရာကတော့ ကျောက်ဖဒို ဖြစ်ပါတယ်။
အနုမြူဓါတ်ပေါင်းဖိုကို သပိတ်ကျင်းက ကျောက်ဖဒိုအရပ်မှာ ရွေးချယ်တည်ဆောက်တာကတော့
သပိတ်ကျင်း ယူရေနီယမ် သတ္တုတွင်းနဲ့ မိုးမိတ် ယူရေနီယမ် သတ္တုတွင်းတွေရဲ့ အနီးအနားနေရာမှာ
တည်ရှိလို့ ဖြစ်ပါတယ်။ ရွှေကို ရှာဖွေတူးဖော်တယ်ဆိုတာကတော့ အနုမြူ တည်ဆောက်ရေး လုပ်ငန်း
တွေကို ဖုံးဖိဖို့ ဟန်ဆောင်လုပ်ပြတာ ဖြစ်နိုင်စရာရှိပါတယ်။
နအဖဟာ သပိတ်ကျင်းဒေသ တနေရာရာမှာ yellowcake စက်ရုံတခု တည်ဆောက်ထားတယ်ဆိုတဲ့
အကြောင်း အခြားသတင်းရပ်ကွက်တခုရဲ့ကိုးကားချက်ကို ကျနော်တို့ အရင်က ဖော်ပြခ့ဖဲူးပါတယ်။
အခုဆိုရင် ပိုပြီးတိကျတ့ေဲ နရာကို ကျနော်တို့ သိရှိနေပါပြီ။ (အနည်းဆုံး ကောင်းကင်ဂြိုဟ်တုကနေ
သတင်းအချက်အလက် အလုံအလောက် ရယူနိုင်နေပါပြီ။)
(yellowcake နှင့် gas centrifuges အကြောင်း ရှင်းလင်းချက်အနည်းငယ်ကို ဆောင်းပါးအဆုံးတွင် ဖော်ပြ
ထားသည်။ ဘာသာပြန်သူ)
အနုမြူဓါတ်ပေါင်းဖိုကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ဟာ အနုမြူစွမ်းအားသုံးပြီး လျှပ်စစ်ဓါတ်
ထုတ်ဖော်ဖို့ ဖြစ်တယ်လို့ နအဖက (လူပြောများလာတဲ့အချိန်မှာ) လူသိရှင်ကြား ကြေညာခဲ့ရပါတယ်။
နအဖဟာ လျှပ်စစ်ဓါတ်ထုတ်ဖို့ အမှန်တကယ် စိတ်မဝင်စားဘူးလို့ ကျနော်တို့ ယုံကြည်ထားပါတယ်။
ဒီလိုမျိုးမဟုတ်ပဲ အဖြစ်နိုင်ဆုံးအကောင်းဘက်က လှည့်တွေးရင်တောင် လျှပ်စစ်ဓါတ်ထုတ်လုပ်ရေးက
ဒုတိယ ရည်မှန်းချက်သာ ဖြစ်ရပါမယ်။ နအဖရဲ့ အဓိက ရည်မှန်းချက်ကြီးကတော့ အနုမြူလက်နက်
တွေ တည်ဆောက်ထုတ်လုပ်ရေးပဲ ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ရဲ့ သတင်း
ရပ်ကွက်တွေ အဆိုအရ နအဖဟာ လာမယ့် (၁ဝ)နှစ်အတွင်း အနုမြူ ထုတ်လုပ်နိုင်စွမ်း အပြည့်အဝ
ရှိလာဖို့ မျှော်မှန်းထားပါတယ်။
ရုရှားဟာ နအဖကို အနုမြူဓါတ်ပေါင်းဖိုအတွက် လည်ပတ်ဖို့လောင်စာတွေလည်း ထောက်ပံ့ပေးနေ
တယ်လို့ ဆိုနိုင်စရာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ယူရေနီယမ် ထွက်ပါတယ်။ အဲဒီသတ္တုကြမ်းကို
yellowcake ဖြစ်အောင်လုပ်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ yellowcake ကို သန့်စင်ရင် လောင်စာ
ဖြစ်လာပါတယ်။
ယူရေနီယမ-် ၂၃၈ ကနေ ယူရေနီယမ်-၂၃၅ ကို ခဲထွုတ်တဲ့ အဆင့် (centrifuge program)ကို နအဖ
ဟာ တောင်နဝင်းဆည်မှာ စတင်နေပြီလို့ ကျနော်တို့ သတင်းရရှိထားပါတယ်။ ဒါပေမယ့် အတည်မပြု
နိုင်သေးပါဘူး။ ရုရှားဆီက လောင်စာ မရသရွေ့ အဲဒီအဆင့်ကို စနိုင်ဦးမှာတော့ မဟုတ်သေးပါဘူး။
တကယ်လို့ အဲဒီအဆင့်က စတင်လည်ပတ်နေပြီဆိုရင် ရုရှားက လောင်စာ ထောက်ပံ့လို့သာ ဖြစ်ရပါ
လိမ့်မယ်။
မှတ်ချက်။ ။ ကျောက်ဖဒို ဒေသကိုရွေးပြီး အနုမြူဓါတ်ပေါင်းဖို တည်တာကတော့ အဲဒီမှာ ယူရေနီယမ်
သန့်စင်ရေးတွေ တည်ဆောက်ဖို့ စီစဉ်မယ်ဆိုရင် အဆင်ပြေဖို့သက်သက်ပါပဲ။ ယူရေနီယမ် သတ္တုတွင်း၊
စက်ရုံ၊ သန့်စင်တဲ့ လုပ်ငန်းနဲ့ ဓါတ်ပေါင်းဖိုတို့ဟာ အနီးအနား တဝိုက်မှာပဲ တည်ရှိနေကြတာဖြစ်လို့
ပြီးပြည့်စုံတဲ့ စက်မှုဇုံတခု ဖြစ်လာပြီး သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေး အစစအရာရာ
အဆင်ပြေလို့ ဖြစ်ပါတယ်။
နအဖကို ရုရှားက ကူညီနေတာနဲ့ ပတ်သက်လို့ စိတ်ကသိကအောင့် အဖြစ်ရဆုံးလို့ ဆိုနိုင်တဲ့ အချက်
တခုရှိပါတယ်။ ဆိုဗီယက်ယူနီယံ လက်ထက်မှာ မြောက်ကိုးရီးယားကို အနုမြူထုတ်လုပ်နိုင်စွမ်းရှိတဲ့
နိုင်ငံဖြစ်လာအောင် တနွ်းအားပေးဖို့ ကူညီတာ ရှိခ့ဖဲူးပါတယ်။ အခုလည်း အလားတူ တပုံစံတည်း
ဖြစ်နေတ့ကဲိစ္စပါ။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးလို့ စစ်အေးခေတ်မှာ ရုရှားဟာ ဘာဖြစ်လို့ မရိုးသားတဲ့ နာမည်ပျက် နိုင်ငံ
တွေဆီမှာ အနုမြူပြန့်ပွားအောင် ကူညီနေရတာလဲလို့ မေးစရာ ဖြစ်နေပါပြီ။
လူတိုင်းသိနိုင်တာကတော့ ရုရှားဟာ ပိုက်ဆံ လိုချင်လို့ပါပဲ။ ဒါကတော့ သဘောဝအရင်းအမြစ်တွေ
ကနေ ဝင်ငွေရအောင် ထုတ်ယူတာဖြစ်လို့ မဆန်းပါဘူး။ ဒါပေမယ့် ငွေလိုချင်တာ တခုတည်းကြောင့်
ပဲလား ဆိုတာကိုတော့ အလေးအနက်ထားပြီး ထပ်မေးရပါမယ်။ ဒီထက်မက နက်နက်ရှိုင်းရှိုင်း
စဉ်းစားရမှာတွေလည်း ရှိနေပါသေးတယ်။
မြန်မာနိုင်ငံက နအဖလို စစ်အာဏာရှင် အစိုးရမျိုး၊ ဗိုလ်ချုပ်သန်းရွှေလို ခေါင်းဆောင်မျိုးကို ရုရှား
ခေါင်းဆောင်တွေက အကူအညီပေးနေတာတွေအပေါ် ရုရှားပြည်သူတွေက ဘယ်လိုများ သဘော
ထားကြပါမလဲ။
၁၉၆၅ ခုနှစ်တုန်းက ဆိုဗီယက်ယူနီယံက မြောက်ကိုးရီးယားကို (၂)မီဂါဝပ်ရှိတဲ့ အနုမြူ ဓါတ်ပေါင်းဖို
တခု ပေးခ့ဖဲူးပါတယ်။ အဲဒါကိုပဲ ၁၉၇၃ ခုနှစ်မှာ (၈)မီဂါဝပ်ရှိတဲ့ အဆင့်ကို တိးုမြှင့်ပေးခဲ့ပါတယ်။
အနည်းဆုံး အဲဒီအချိန်တွေလောက်အထိ ဓါတ်ပေါင်းဖိုလည်ပတ်ဖို့ လောင်စာတွေကို ရုရှားက ထောက်
ပံ့ပေးနေခ့ပဲါတယ်။
အဲဒီလို ကူညီထောက်ပံ့တာတွေရဲ့နောက်ပိုင်းမှာတော့ မြောက်ကိုးရီးယားရဲ့အနုမြူစီမံကိန်းဟာ အကြီး
အကျယ် ပြောင်းလဲ တိုးတက်သွားပါတော့တယ်။ မြောက်ကိုးရီးယားဟာ ပိုမိုကြီးမားတဲ့ အနုမြူ
ဓါတ်ပေါင်းဖိုတခုကို ကိုယ်တိုင် တည်ဆောက်လိုက်ပါတယ်။ ၁၉၈ဝ ခုနှစ်ရောက်တော့ လက်နက်တွေ
စတင် ထုတ်လုပ်ပါတော့တယ်။ ပလူတိုနီယမ်ကို ခဲထွုတ် ရယူနိုင်တ့အဲ ဆင့်ကို ရောက်ခ့ပဲါတယ်။
ပေါက်ကအွဲားပြင်းထန်တဲ့ ဗုံးတေကွို စမ်းသပ်ဖောက်ခွဲလာနိုင်ခ့ပဲါတယ်။
(နအဖကလည်း အလားတူ စမ်းသပ်ဖောက်ခွဲခ့တဲာ ရှိတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်။ မန္တလေး
အရှေ့တောင်ဖက် စကြာတောင်တန်းတွေဘက်မှာပါ။) မြောက်ကိုးရီးယားဟာ လက်နက်အဆင့်ကို
ထုတ်လုပ်နိုင်စမွ်းရှိတဲ့ ယူရေနီယမ် သန့်စင်ရေးကို တချိန်ချိန်မှာ စတင်နိုင်ခ့ပဲါတယ်။ ဒါတွေကြောင့်
၂ဝဝ၂ ခုနှစ်ရောက်တော့ အမေရိကန်နဲ့ ထိပ်တိုက်တိုးရတ့အဲ ထိ အရှိန်ကောင်းလာနေပါတော့တယ်။
အခုဆိုရင် မြောက်ကိုးရီးယားမှာ ပလူတိုနီယမ် ဓါတ်ပေါင်းဖိုနဲ့ သန့်စင်ပြီး ယူရေနီယမ် ရှိနေပါပြီ။
အနုမြူလက်နက်အတွက် သီးခြားအရင်းအမြစ် နှစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ပြီလို့ အဓိပ္ပာယ်ရပါ
တယ်။
၂ဝဝ၆ ခုနှစ် အောက်တိုဘာမှာ မြောက်ကိုးရီးယားက အနုမြူဗုံး အသေးစားတခုကို စမ်းသပ်ဖောက်ခွဲခဲ့
ပါတယ်။ သူတို့ထုတ်လုပ်ထားတဲ့ ပလူတိုနီယမ်အချို့ကိုသုံးပြီး ဖောက်ခဲတွာဖြစ်ပါတယ်။ မြောက်
ကိုးရီးယားဟာ အနုမြူ ပိုင်ဆိုင်ပြီဖြစ်ကြောင်း၊ ဒါ့အပြင် ပလူတိုနီယမ် ဓါတ်ပေါင်းဖိုကို ဖျက်ဆီးမယ့်
အကြောင်း၊ ဒါပေမယ့် ယူရေနီယမ် သန့်စင်ရေးဘက်မှာ ဆက်လက် လုပ်ဆောင်နေမယ့်အကြောင်း
လူသိရှင်ကြား ထုတ်ပြန်ကြေညာဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် မြောက်ကိုးရီးယားဟာ အဲဒီကိစ္စတွေကို ဆွေးနွေးလိုပုံတော့ မရပါဘူး။ သူ့မှာ ဘယ်လို
လက်နက်မျိုးတွေ လျှို့ဝှက်ပိုင်ဆိုင်ထားတာကို ဖွင့်ချဖို့လည်း အာသီသရှိပုံ မရပါဘူး။
မြောက်ကိုးရီးယားဟာ သူတည်ဆောက်ထားပြီးဖြစ်တဲ့ အနုမြူဓါတ်ပေါင်းဖိုအပြင် ထုတ်လုပ်ထားတဲ့
ပလူတိုနီယမ်တွေကိုပါ ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်တောင် ယူရေနီယမ် အနုမြူလက်နက်တွေ ထုတ်
လုပ်နိုင်စမွ်းရှိတ့အဲ ဆင့်ကိုတော့ ဆက်လက်ထိန်းထားဦးမှာ ဖြစ်ပါတယ်။ ပလူတိုနီယမ်ကို ဘယ်
လောက်များများ ထုတ်လုပ်သိုလှောင်ထားတာကိုတော့ မသိရပါဘူး။ အဲဒါကို နိုင်ငံတကာမှာ
အသဲအသန် အငြင်းပွားနေရပါတယ်။ လတ်တလောမှာတော့ မြောက်ကိုးရီးယားကို ပလူတိုနီယမ်နဲ့
ပတ်သက်တာကိုပဲ ထုတ်ဖော် ပြောဆိုစေဖို့ အမေရိကန်က ဆန္ဒရှိနေပုံရပါတယ်။
ရုရှားအပြင် မြောက်ကိုးရီးယား ကျွမ်းကျင်သူတွေကလည်း နအဖရဲ့ အနုမြူ ရည်မှန်းချက်နဲ့ အခြား
လက်နက်တွေ ထုတ်လုပ်ရေးမှာ ပါဝင်ကူညီနေကြပါတယ်။ ကျနော်တို့ သိထားတာအရဆိုရင် မြောက်
ကိုးရီးယားက အခုလို ကူညီပေးတ့အဲ တွက် အပြန်အလှန် ပေးဆပ်တဲ့အနေနဲ့ နအဖက သူ့ကို စစ်ယူ
ထားတဲ့ ယူရေနီယမ် (yellowcake အဆင့်)ကိုပေးလိုက်ပါပြီ။ နောက်အဆင့်တေမွှာတော့ မြောက်
ကိုးရီးယားက ယူရေနီယမ် သန့်စင်ဖို့ပဲ လုပ်ယူမှာ ဖြစ်ပါတယ်။
ဒါတေအွားလုံးဟာ (ငြိမ်းချမ်းရေးနဲ့ အနုမြူ မပြန့်ပွားလိုသူတေအွ တကွ်) သိပ်ကို စိတ်အနှောင့်အယှက်
ဖြစ်စေပါတယ်။ အမေရိကန်သမတ ဘွတ်ရှ်ဟာ မြောက်ကိုးရီးယားကို ဖိအားပေးဖို့ စိတ်ပါပုံ မရပါဘူး။
ပြီးတော့ သူဟာ မြန်မာနိုင်ငံရဲ့ အနုမြူစီမံကိန်းအကြောင်း ထုတ်ပြောဖို့တောင် ငြင်းဆန်နေပါတယ်။
ဒါကလည်း ပိုလို့တောင် စိတ်အနှောင့်အယှက် ဖြစ်စရာပါ။
မြောက်ကိုးရီးယားဟာ အနုမြူဗုံးကို စနစ်တံဖြုတ်နိုင်ဖို့ နှစ်ပေါင်း (၄ဝ) အချိန်ယူခ့ရဲ ပါတယ်။ (သဘာဝ
ဓါတ်ငေ့နွ့ အဲ ခြားတငွ်းထက်ွပစ္စည်းတွေကနေ နိုင်ငံခြားငေမွာတွေ အမြောက်အမြား ရရှိနေတဲ့) မြန်မာ
နအဖမှာတော့ အဲသလောက် မကြာနိုင်ပါဘူး။ ခဏလေးနဲ့ လုပ်နိုင်မယ့် သဘော ရှိနေပါတယ်။
တကယ်လို့များ မြန်မာစစ်အစိုးရမှာ အနုမြူလက်နက်တွေ ပိုင်ဆိုင်သွားပြီဆိုရင် အတော့်ကို ဆိုးဝါးလွန်း
လှတဲ့ သူတို့ရဲ့ စစ်အာဏာရှင်စနစ်က သက်ဆိုးရှည်ဦးတော့မှာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေလည်း
စိုးရိမ်ဖွယ်ရာ ကောင်းလောက်အောင် ခြိမ်းခြောက်ခံနေရမှာဖြစ်ပြီး အထူးသဖြင့် ခံရမှာကတော့ ထိုင်း
နိုင်ငံ ဖြစ်ပါလိမ့်မယ်။

အတိအကျ ချိန်ရွယ် ပစ်ခတ်နိုင်သော ဒုံးကျည်များ (Precision-guided munitions
- PGMs)

မြန်မာနိုင်ငံမှာ ဒုံးကျည် အမျိုးမျိုးကို တပ်ဆင်ထားတဲ့အကြောင်း ကျနော်တို့ အရင်တုန်းက ထုတ်ဖော်ခဲ့
ဖူးပါတယ်။ အဲဒီဒုံးကျည် အမျိုးအစားတွေမှာ ဆမ်ဒုံးပျံ (SAMs - မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်)တွေ
အများကြီး ပါဝင်နေပါတယ်။ စစ်သင်္ဘောကနေ ပစ်ခတ်တဲ့ မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ မြေပြင်က
မြေပြင်ပစ် ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ရုရှားလုပ် MIG 29s တိုက်လေယာဉ်တွေအတွက်
ဒုံးလက်နက်တွေအပြင် ခရီးတိုပစ် ဘော်လစ်စတစ် ဒုံးကျည်တွေတောင် ပါနေတယ်လို့ ဖော်ပြခဲ့ပါ
တယ်။

အခု ထပ်သိလာတာကတော့ နအဖဟာ အရင်တုန်းက ယူကရိန်းနိုင်ငံက လေယာဉ်ပစ် အမြောက်တွေ
ဝယ်နေခ့တဲုန်းမှာပဲ ၂ဝဝရ ခုနှစ်မှာ ရုရှားဆီကလည်း သဘောင်္ (၄)စီးစာ လေယာဉ်ပစ်အမြောက်တွေ
ဝယ်ခ့ေဲ သးတယ် ဆိုတာ ဖြစ်ပါတယ်။
နောက်သိလာတာတခုက မြောက်ကိုးရီးယားဆီက ရော့ကက်လောင်ချာ (rocket launchers - ဒုံးပျံ
ပစ်စင်)တေကွို နအဖက ဝယ်ထားတ့အဲ ကြောင်း ဖြစ်ပါတယ်။ အဲဒီမှာ အရွယ်မျိုးစုံရှိတဲ့ ဒုံးပျံတွေကို
ပစ်လွှတ်လို့ရတဲ့ ပစ်စင်တွေ ဖြစ်ပါတယ်။ (ဘော်လစ်စတစ် ဒုံးကျည်တွေကိုလည်း ထည့်ပစ်နိုင်စရာ
ရှိပါတယ်။ တကယ်လို့ ဒီသတင်းက မှန်ခဲ့ရင် နအဖဆီမှာ ခရီးတိုပစ် ဘော်လစ်စတစ် ဒုံးကျည်တွေ
တောင် ရှိနေပြီဆိုတာ အတည်ပြုလို့ ရပါမယ်။)
ဒါတွေအပြင် နအဖက ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်(PGMs)တွေ ထုတ်လုပ်
ဖို့ကို သုတေသန လုပ်နေပါတယ်။ သာစည်မြို့နယ်မှာ ဒုံးကျည်စက်ရုံတခုကို ရုရှား အကူအညီနဲ့ တည်
ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ အာရှ-ပစိဖိတ်ဒေသမှာ ရုရှားလုပ် PGMs တွေကို ပေါ်ပေါ်
ထင်ထင် ပြန့်ပွားလာအောင် နောက်ဆုံးလုပ်ဆောင်လာတာ ဖြစ်ပါလိမ့်မယ်။
PGMs တေမွှာ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ပစ်ချဖို့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်
အမျိုးအစား ဆိုတာ ရှိပါတယ်။ ဒါ့အပြင် မြေပြင်ပစ်မှတ်နဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ မြေပြင်က
မြေပြင်ပစ် ဒုံးကျည်အမျိုးအစားတွေ ပါဝင်ပါတယ်။ ဝေဟင်ကနေ မြေပြင်ပစ် (သ)ို့ ကောင်းကင်တိုက်ပွဲ
သုံး ခရုဇ် ဒုံးပျံအမျိုးအစားလည်း ပါဝင်နေပါတယ်။
နအဖ ရည်ရယ်ွထားတဲ့ ဒုံးကျည်စက်ရုံမှာ ဘယ်လိုမျိုး PGMs တွေ ထုတ်လုပ်မယ်ဆိုတာ ကျနော်တို့
မသိပါဘူး။ တာလတ်ပစ် အမျိုးအစားတွေကို ထုတ်လုပ်မယ်ဆိုတဲ့အကြောင်းနဲ့ ငါးနှစ်အကြာမှာ စတင်
ထုတ်လုပ်နိုင်မယ် ဆိုတ့အဲ ကြောင်းလောက်ပဲ သိရပါသေးတယ်။
နအဖဟာ နိုင်ငံတကာက ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်သဘောင်္ တွေ ဝင်ရောက်
စွက်ဖက်လာရင် ပြင်းပြင်းထန်ထန် ခုခံသွားနိုင်ဖို့ ရည်ရွယ် တည်ဆောက်နေတာကတော့ ရှင်းပါတယ်။
နာဂစ်စ် ဆိုင်ကလုန်းမုန်တိုင်းအပြီး အမေရိကန်နဲ့ ပြင်သစ်ရေတပ်တို့ဟာ ကယ်ဆယ်ထောက်ပံ့ရေး
လုပ်ငန်းတွေ လုပ်ပေးဖို့ မြန်မာ့ရေပိုင်နက်အလွန်မှာ ရောက်ရှိနေပေမယ့် နအဖဆီက ခွင့်ပြုချက်မရတဲ့
အတကွ် ဝင်ရောက်ကူညီ မပေးနိုင်ခ့ပဲါဘူး။ အတင်းဝင်ရောက်ခဲ့ရင် သူတို့ရဟတ်ယာဉ်တွေ၊ သင်္ဘော
တေကွို နအဖက ဒုံးကျည်တေနွ့ဲ တိုက်ခိုက်လာမယ့်အရေးကို လက်တုန့်မပြန်ချင်လို့ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။

စစ်တပ်ကို ခေတ်မီအောင် လုပ်ခြင်း

မြန်မာစစ်တပ်ဟာ ခေတ်မမီတော့တဲ့ စစ်လက်နက်တွေ သုံးနေကြောင်း အရင်က ကျနော်တို့ ဖော်ပြခ့ဲ
ဖူးပါတယ်။ အဲဒါကို ပြင်ဆင်နိုင်ဖို့အတွက် ရုရှားအပြင် တရုတ်၊ မြောက်ကိုးရီးယားနဲ့ အခြားနိုင်ငံတွေ
ကနေ လက်နက်တွေ အမြောက်အမြား လျှို့ဝှက် ဝယ်ယူအားဖြည့်နေတယ် ဆိုတာကတော့ ရှင်းပါ
တယ်။ ဦးနေဝင်းနဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ခေတ်မှာ စစ်အစိုးရဟာ လက်နက်စက်ရုံ
(၆)ခုပဲ ရှိခ့ပဲါတယ်။ လက်ရှိ စစ်အစိုးရမှာ တော့ အခုအချိန်ထိ လက်နက်စက်ရုံပေါင်း (၂၂)ခု ရှိနေတဲ့
အပြင် နောက်ထပ်တိုးဖို့ အစီအစဉ်တွေ ရှိနေတာလည်း သိသိသာသာ ဖြစ်နေပါတယ်။
အရေးပါတဲ့ လက်နက်တေကွို ပိုင်ဆိုင်လာပြီးတဲ့နောက် အဒဲါကို ထပ်မံပေါင်းစပ်ပေးတာကတော့
အဓိကကျတဲ့ ပညာရေး အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရုရှားမှာ မြန်မာပညာတော်သင်ပေါင်း (၅ဝဝဝ)ကျော်
ရှိနေပါတယ်။ သူတို့အားလုံးဟာ မေမြို့စစ်တက္ကသိုလ်ထွက် စစ်ဗိုလ်တွေ ဖြစ်ကြပါတယ်။ ရုရှားဘာသာ
စကားကို (၉)လတိုင် သင်ယူထားပြီးသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ အထူးပြုလေ့လာမယ့်
ဘာသာရပ်ကို ဝင်ခွင့်စာမေးပွဲ အောင်ထားရပါသေးတယ်။ (ပညာတော်သင်ကျောင်းသား ၃ဝဝဝ လို့
ကျနော်တို့ အရင်က ဖော်ပြထားခ့တဲာရှိပြီး အခု အရေအတကွ် ထပ်တိုးလာပါတယ်။)
ရုရှားရောက် မြန်မာစစ်ဗိုလ် ပညာတော်သင်တွေဟာ မာစတာဘွဲ့အတွက် (၂)နှစ် တက်ရပြီး ဒေါက်တာ
ဘွ့အဲ တကွ် (၄)နှစ် တက်ရပါတယ်။ (ဒေါက်တာဘွဲ့အတကွ် ၃-နှစ်လို့ ကျနော်တို့ အရင်က ဖော်ပြခဲ့ပါ
တယ်။) သူတို့ဟာ မော်စကို ဒါမှမဟုတ် စိန့်ပီတာစ်ဘဂ်မှာရှိတဲ့ Moscow Air Institute မှာ စာသင်ရပါ
တယ်။
ရုရှားအပြင် တရုတ်၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံမှာလည်း နအဖက စေလွှတ်ထားတဲ့
စစ်ဗိုလ် ပညာတော်သင်တွေ ရှိပါသေးတယ်။
လက်ရှိ နောက်ဆုံးအသုတ်ကတော့ အမှတ်စဉ် (၇) ပညာတော်သင်တွေဖြစ်ပြီး မေမြို့စစ်တက္ကသိုလ်
ထကွ် စစ်ဗိုလ်ဦးရေ (၁၁ဝဝ) ဖြစ်ပါတယ်။ သူတို့ အဓိက လေ့လာသင်ယူတဲ့ ဘာသာနဲ့ ကျောင်းသား
အရေအတွက်ကို ဖော်ပြလိုက်ပါတယ်။
ဘာသာရပ် ပညာတော်သင် အရေအတွက်
Nuclear science ၂၅ဝ
Tunneling science ၁ဝဝ
Rockets ၂ဝဝ
Electronics ၁ဝဝ
Computer science ၂ဝဝ
Aircraft construction ၁ဝဝ
Artillery ၁၅ဝ
ပညာတော်သင်ကျောင်းသားတွေဟာ အထူးပြုဘာသာရပ်အပြင် အခြားအကြောင်းအရာတွေကိုပါ
လေ့လာသင်ယူရပါတယ်။ အဲဒီအထဲမှာ တင့်ကားအကြောင်း၊ ထိန်းသိမ်းရေးပညာ၊ လေယာဉ်ပစ်
သင်တန်း၊ ကျည်ဆန်ထုတ်လုပ်ခြင်း၊ တိုက်လေယာဉ်မောင်းသင်တန်း၊ စစ်ရေယာဉ် တည်ဆောက်ပုံ၊
ရေတပ်မာလိန်မှူးသင်တန်းနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးသင်တန်းတွေ ပါဝင်ပါတယ်။
စစ်တပ်ကို ခေတ်မီအောင် လုပ်နေတဲ့ အစီအစဉ်အားလုံးကြောင့် ရန်သူကို တိုက်ခိုက်ဖို့ နအဖက
ကြိုတင်ပြင်ဆင်ရာမှာ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖမှာ ပြဿနာ အကြီး
အကျယ် တက်နေတာ ရှိပါတယ်။ အဲဒါကတော့ စစ်သားတွေ စိတ်ဓါတ်ပျက်ပြား ကျဆင်းနေတဲ့ ကိစ္စပါ။
တပ်မတော်ထမှဲာ အခငွ့်ထူးခံဖြစ်နေတဲ့ နိုင်ငံခြားပညာတော်သင် အများအပြားဟာ စိတ်ဓါတ် မခိုင်မာ
ကြပဲ အခွင့်အရေး ရရင်ရသလို အခြားနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတတ်ကြပါတယ်။
ပညာတော်သင် ကျောင်းသားတွေဟာ သူတို့အသုံးစရိတ် ကာမိရုံလောက်ပဲ ဝင်ငွေ ရရှိကြပါတယ်။
ဝင်ငေအွ တိုးအလျော့ မရှိတဲ့ ပုံသေလစာငွေ အနည်းငယ်လောက်သာ ဖြစ်ပါတယ်။
ရုရှားဘာသာစကားက ခက်ခဲတဲ့အပြင် သင်ယူရတဲ့ သင်ခန်းစာတွေက မလွယ်ကူတာတွေချည်းပါပဲ။
သူတို့ကို အချိန်ပိုတွေ လုပ်ခိုင်းထားပါတယ်။ အရပ်ဖက်ပြည်သူတေနွ့ဲ မဆက်ဆံနိုင်အောင် တားမြစ်
ထားတာတွေလည်း ရှိနေပါတယ်။ ရုရှားနိုင်ငံရောက် မြန်မာပညာတော်သင်တွေမှာ နေထိုင်ခွင့် ဗီဇာ
ရှိပေမယ့် အခြားတနေရာကိုသွားဖို့ လေယာဉ်လက်မှတ်၊ ရထားလက်မှတ်နဲ့ ခရီးဝေး ကားလက်မှတ်
တွေကို မဝယ်နိုင်အောင် တားမြစ်ခံနေကြရပါတယ်။
ရုရှားမှာ ပညာသင်ကြားပြီးလို့ ရွှေပြည်တော် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ သူတို့ဟာ ရုရှား
ဘာသာစကား သင်ပေးတဲ့ ဆရာဘဝကို ရောက်သွားပါတော့တယ်။ တချို့လည်း နအဖရဲ့ ဗဟို
သုတေသနနဲ့ လေ့ကျင့်ရေးဌာနမှာ သင်တန်းဆရာတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ရုရှားပြန်
စစ်ဗိုလ် အများအပြားကတော့ ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်ခံရတတ်ပါတယ်။
နမူနာတခုကတော့ ဒီနှစ် ဇန်နဝါရီလထဲမှာ မြန်မာပညာတော်သင်တဦးဟာ ရုရှားနဲ့ နယ်စပ်ချင်း ထိစပ်
နေတဲ့ ဖင်လန်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် သူက သူ့ဆဲလ်ဖုန်းကိုသုံးပြီး ဖင်လန်က
အဆက်အသွယ်ဆီကို ဖုန်းခေါ်ချိန်မှာပဲ ရုရှား ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါ
တယ်။
နအဖအတွင်းမှာဆိုရင် ထိပ်ပိုင်းခေါင်းဆောင်တစုကလွဲလို့ အဆင့်တိုင်းမှာ အတော်များများက မကျေ
မနပ် ခံပြင်းနေကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ နှစ်ဦးကြားမှာလည်း သဘော
ထားကွဲတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လက်နက်တွေ ခေတ်မီလာလို့ ပြည်ပ ဝင်ရောက်
စွက်ဖက်တာတွေကို နအဖက ခုခံနိုင်စွမ်း မြင့်တက်လာပေမယ့် အဲဒီခေတ်မီကိရိယာတွေကို ကိုင်တွယ်
မောင်းနှင်နိုင်သူတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။ တပ်တွင်းပုန်ကန် အာဏာသိမ်းမှုကြောင့် နအဖဟာ
ပြိုကွဲဖို့ အသင့်အနေအထား ရောက်နေပါပြီ။ အခြေအနေပေါ်မူတည်ပြီး လူထုအုံကြွမှုကလည်း အသစ်
တဖန် ပြန်စလာဖို့ ရှိနေပါတယ်။
နအဖခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကြောင့် ထွက်လာမယ့်အဖြေကို ပြောင်းလဲဖို့ ဖြစ်စေနိုင်တာကတော့
သူတို့လို ခေါင်းဆောင်တွေအနေနဲ့ အနုမြူလက်နက်ကို ပိုင်ဆိုင်ထားဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်
အနုမြူလက်နက်ဆိုတာ ပြည်ပတပ်တွေ ဝင်ရောက်စွက်ဖက်တာကို နည်းလမ်းအသစ်နဲ့ ခုခံတာပဲ
ဖြစ်ပါလိမ့်မယ်။ တကယ်လို့များ မြောက်ကိုးရီးယားဆီက အနုမြူထိပ်ဖူးကို တိုက်ရိုက်မရခဲ့ဘူးဆိုရင်
နအဖရဲ့အနုမြူစီမံကိန်းက နှစ်ပေါင်းများစွာ ထပ်ကြာနေဦးမှာ ဖြစ်ပါတယ်။
နအဖလို စစ်ခေါင်းဆောင်တွေရဲ့ အနုမြူစီမံကိန်းကို ဘယ်နည်းနဲ့မဆို တားဆီးကြမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မေးနေကျ မေးခွန်းတခုရှိပါတယ်။ အမေရိကန် ဘာလုပ်နေပါသလဲ။
နိုင်ငံအသီးသီးဟာ ဒေသန္တရ နိုင်ငံရေးရဲ့ အမှန်တကယ် ဖြစ်ရပ်တွေအပေါ်မှာ စိုးရိမ်ပူပန်နေတတ်ကြ
ပါတယ်။ အဲဒီလို ဖြစ်ရတာကတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကယ်ွထားလိုတ့အဲ တကွ်
ကြောင့်ပါပဲ။
အမေရိကန်နဲ့ မြန်မာတို့ ဆက်စပ်တဲ့ ကိုယ်ကျိုးစီးပွားတေကွို ကြည့်လိုက်ရင် အပေါ်ယံအမြင်မှာတော့
အမေရိကန် ရေနံကုမ္ပဏီဖြစ်တဲ့ ရှဲဗရွန် (Chevron)ကို တွေ့ရပါမယ်။ ရှဲဗရွန်ဟာ မြန်မာနိုင်ငံမှာ
သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုနဲ့ ဓါတ်ငေ့ပွိုက်လိုင်းတေမွှာ ရင်းနှးီ မြှုပ်ထားပါတယ်။ ဒုတိယ အကျိုးစီးပွား
ကတော့ အမေရိကန်နိုင်ငံသားတွေ ဖြစ်နေကြတဲ့ မြန်မာနွယ်ဖွားတေပွါပဲ။ ဒါပေမယ့် သူတို့က လူနည်း
စုလောက်ပဲ ရှိနေသေးတော့ အဲဒီအကျိုးစီးပွားကို အမှန်တကယ်ဆိုရင် လစ်လျူလို့ ရနိုင်စရာ ရှိနေပါ
တယ်။
အမေရိကန် လက်ရှိအစိုးရဟာ မြန်မာနအဖနဲ့ ဆက်ဆံရာမှာ ပြောပေါင်းဆိုပေါင်း များသလောက်
အကျိုးအမြတ် သိပ်မထွက်ပဲ ရှိနေပုံရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပေါ်လစီအရ ရှဲဗရွန်ကို
ကာကယ်ွပေးဖို့ ရည်ရယ်ွထားရပါတယ်။ ရဗှဲ ရွန်ဟာ မြန်မာစစ်အာဏာရှင်တွေန့ေဲ ပါင်းပြီး စီးပွားရှာ
နေတ့ကဲိစ္စကို အမေရိကန်မှာ ထောက်ခံမှု ရလာစေဖို့ အခြားတဖက်မှာ အကြီးအကျယ် လှူဒါန်းပေးနေ
ရပါတယ်။
အမေရိကန်ရဲ့ တိုက်ရိုက် အမျိုးသား အကျိုးစီးပွားကတော့ အမှန်တကယ်မှာဆိုရင် မြန်မာနိုင်ငံမှာ
အနုမြူ လက်နက်တွေ မရှိစေဖို့သာ ဖြစ်ပါလိမ့်မယ်။ အမေရိကန်နဲ့တကွ ကမ္ဘာ့နိုင်ငံတွေက ထိန်းကွပ်
ရမယ့် နိုင်ငံတွေမှာဆိုရင် မြောက်ကိုးရီးယား၊ အီရန်နဲ့ ဆီးရီးယားတို့သာ မကတော့ပါဘူး။ မြန်မာ
နိုင်ငံကိုလည်း နောက်ထပ်ထိန်းကွပ်ရမလို ဖြစ်နေပါပြီ။ နအဖလို စစ်အစိုးရက အနုမြူလက်နက်တွေ
တပ်ဆင်လာရင် လက်မခံနိုင်စရာ အန္တရာယ် တရပ်ပါ။
နောက်တချက်က ရဗှဲ ရန်ွဟာ နအဖအတကွ် အဓိက ငွေကြေးထောက်ပံ့နေတဲ့ အရင်းအမြစ်ကြီး ဖြစ်နေ
ပါတယ်။ ရလာတဲ့ နိုင်ငံခြားငွေမာတေနွ့ဲ စစ်အစိုးရက လက်နက်တွေ ဝယ်ယူတပ်ဆင်နေပါတယ်။
ဒါကြောင့် နအဖကို ယိုင်းပင်းကူညီ မပေးနိုင်အောင် ရှဲဗရွန်ကို မြှုပ်နှံထားတဲ့ ငွေအရင်းအနှီးတွေ
ပြန်ထုတ်ယူဖို့ အမေရိကန်က ဖိအားပေး တောင်းဆိုနေပါတယ်။
မူရင်းဆောင်းပါး : RUSSIA-BURMA NUCLEAR INTELLIGENCE REPORT
ဆောင်းပါးရှင် : Roland Watson
ဖြန့်ချိရာ : DictatorWatch.org, online, June 26, 2008
Link: http://www.dictatorwatch.org/articles/russianintel.html
မြန်မာဘာသာပြန် - လွင်အောင်စိုး
၂၈-၆-၂ဝဝ၈__

[+/-]Read More...

စစ်တပ်နဲ့ စစ်ဗိုလ် ... (ဆောင်းပါး)

ကလိုစေးထူး
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 14:23 - မြန်မာစံတော်ချိန်

လက်ရှိ မြန်မာပြည် နိုင်ငံရေး အနေအထားအရ စစ်တပ်ကို ပြည်သူလူထုဘက်ကို ပါလာအောင်၊ တနည်း စစ်တပ်နဲ့ပြည်သူ တသားတည်း ရှိလာအောင် စစ်တပ်ထဲက စစ်သားတွေရဲ့ အခြေအနေတွေနဲ့ ရပ်တည်ရမှု အနေအထားကို တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် `စစ်တပ်ထဲမှာ´ ဆိုတဲ့ ဆောင်းပါးကို ကျနော် ရေးခဲ့ဖူးပါတယ်။

လတ်တလော နှောင်းပိုင်းကာလတွေထဲမှာ အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းကာလတွေနဲ့ နာဂစ်မုန်တိုင်း အဖြစ်ဆိုး နောက်ပိုင်း ကာလတွေမှာ အမှတ်ရရ သတိထားစရာ အဖြစ်ကတော့ အင်တာနက် စာမျက်နှာတွေပေါ် (အထူးသဖြင့် မြန်မာဘလော့ဂ် စာမျက်နှာတွေပေါ်မှာ) အယူအဆရေးရာ အရပဲဖြစ်ဖြစ်၊ ရပ်တည်ချက်အရပဲ ဖြစ်ဖြစ်၊ ရေးသားလာတဲ့ မြန်မာစစ်တပ် အရာရှိငယ် တချို့ (တချို့) ထပ်မံ ပေါ်လာတာပါပဲ။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ပြောပုံဆိုပုံ၊ သူတို့ ရေးတဲ့စာတွေကြောင့် အခုစာကို ဆက်ရေးမိတာပါ။

ဒီတော့ စစ်တပ်ထဲက အရာရှိချင်းအတူတူ အဲဒီလူ တချို့ (တချို့) က ဘာ့လို့များ အဲဒီလောက်တောင် မောက်မာပြီး တခြား အရာရှိတွေက ဘာကြောင့် ယဉ်ကျေးရတာလဲ ဆိုတာကို တွေးမိပြီး၊ မိမိနဲ့ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလွန်အင်မတန် လိုက်လျောညီထွေ ဖြစ်လှစွာ နေထိုင်တတ်တဲ့ အရာရှိတွေလို စစ်တပ် အရာရှိတိုင်း ဘာကြောင့် မနေထိုင်နိုင်တာလဲ ဆိုတာလေးကို လေ့လာကြည့်ချင်တာပါ။

အပွင့်နဲ့ အရစ် …

အပွင့်နဲ့ အရစ်ဆိုတာက တခြားတော့ မဟုတ်ပါ။ စစ်ဗိုလ်နဲ့ တခြားအဆင့် စစ်သားတွေကို ရည်ညွှန်းချင်တာပါပဲ။ စစ်ဗိုလ်နဲ့ တခြားအဆင့်ရဲ့ ကွာခြားချက်ပေါင်း မြောက်မြားစွာ ရှိတဲ့အနက် အဓိက အကျဆုံး ကွာခြားချက်တခုကို ပြပါဆိုရင် `မျှော်လင့်ချက်´ ပါပဲ။ စစ်တပ်ထဲကို တိုင်းပြည်ကို ချစ်လွန်လွန်းလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းနဲ့ပဲဖြစ်ဖြစ် ရောက်လာရောက်လာ ဘယ်အဆင့်နဲ့ တပ်ထဲကို ၀င်လာတာလဲ ဆိုတာဟာ စစ်သားတွေရဲ့ မတူညီတဲ့ `မျှော်လင့်ချက်´ တွေရဲ့ အစပါပဲ။ အဲဒီ မတူညီတဲ့ မျှော်လင့်ချက်တွေကို အခြေခံရင်းနဲ့ပဲ အရာရှိဆိုးတွေရဲ့ ရိုင်းစိုင်းတဲ့ အတွေးအခေါ်၊ အကျင့်ဆိုးတွေ အစပျိုးပါတယ်။

စစ်ဗိုလ်ချင်း အတူတူမှာတောင် တခြားအဆင့်ကနေတဆင့် စစ်ဗိုလ်ဖြစ်လာတဲ့ လူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း စစ်ဗိုလ်တွေရဲ့ စစ်တပ်တွင်း နေရာရမှုဟာ မသိမသာဖြစ်စေ၊ သိသိသာသာကြီး ဖြစ်စေ ခြားနားချက်တွေ ရှိပါတယ်။ ဒါက တချက်ပါ။ ဒါကို `စစ်တပ်ထဲမှာ´ ဆောင်းပါးမှာ ကျနော် တင်ပြခဲ့ပြီးပါပြီ။

စစ်တပ်ထဲမှာ တခြားအဆင့် ဆိုတာက စစ်ဗိုလ်ဖြစ်ဖို့ လမ်းရှိတယ်ဆိုတာ မှန်ပေမယ့် သေသေချာချာ တွက်ဆ လေ့လာကြည့်ရင် အဲဒီ စစ်ဗိုလ်ဖြစ်ဖို့ လမ်းဟာလည်း အရာရှိစစ်ဗိုလ်နဲ့ ပလဲနံသင့်ခြင်းဟာ အဓိကအချက် ဖြစ်နေပြန်တာပါပဲ။ စစ်ဗိုလ် မဖြစ်နိုင်တဲ့ တခြားအဆင့် တယောက်ကတော့ နှေးကွေးလွန်းလှတဲ့ ရာထူး တိုးမြှင့်ခံရမှုတွေနဲ့သာ ဘ၀ရဲ့ အချိန်အတော်များများကို စစ်တပ်ထဲမှာ ကုန်ဆုံးရလေ့ရှိတာ များပါတယ်။ ဒီတော့ စစ်စည်းကမ်းအရ ဘာပြစ်မှုမှ မရှိတာနဲ့တင်ကို အချိန်ကာလ အပိုင်းအခြားအလိုက် ရာထူးတိုးမြှင့်ခံရတဲ့ စစ်ဗိုလ်တွေရဲ့ မျှော်လင့်ချက်ဟာ စစ်တပ်ထဲမှာ အတောက်ပကြီး တောက်ပလို့ နေပါတော့တယ်။

စစ်တပ်ထဲမှာ ရာထူးအဆင့်အလိုက် စနစ်တကျ စီမံကွပ်ကဲရတာမို့ တခြားအဆင့် စစ်သည်တွေဟာ အရာရှိတွေရဲ့ အုပ်ချုပ်ခံ လူတန်းစား ဖြစ်ရတာဟာ ပြောစရာကိစ္စ မဟုတ်ပေမယ့် အဲဒီ လုပ်ပိုင်ခွင့် အာဏာအပေါ်မှာ တလွဲဆံပင်ကောင်း ယစ်မူးမှုက စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒီလို စစ်ဗိုလ်မျိုးဟာ သူတို့ရဲ့ တပ်တွင်းမှာလည်း လက်အောက်ငယ်သားတွေရဲ့ ရိုသေလေးစားမှု အစစ်အမှန်ကို ရလေ့မရှိပါဘူး။ ပြန်မပြောသာလို့၊ ပြဿနာတက်မှာ စိုးလို့သာ ငြိမ်ခံနေရတယ် စိတ်ထဲမှာတော့ မြွေတကောင်ကို ရွံကြောက် ဖြစ်သလို သဘောထားလေ့ ရှိပါတယ်။

စစ်တပ်ထဲမှာ စစ်သည်တော်တို့ လိုက်နာပြုကျင့်အပ်တဲ့ ကျင့်ဝတ် ၆၀ ဆိုတာ ရှိပါတယ်။ စစ်တပ်ထဲက ဘယ်လို အဆင့်အတန်း ရာထူးမျိုးကိုမဆို စစ်စည်းကမ်းအရ အရေးယူဖို့ ကိစ္စပေါ်လာရင် အဲဒီ စစ်သည်တော်ကျင့်ဝတ် ၆၀ စာအုပ်ထဲမှာပါတဲ့ စစ်စည်းကမ်း၊ ဥပဒေပုဒ်မတွေနဲ့ အရေးယူလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်စည်းကမ်း ဖောက်ဖျက်တာချင်း အတူတူ အရာရှိစစ်ဗိုလ်များဟာ တော်ရုံတန်ရုံနဲ့ အရေးယူခံရလေ့ မရှိတတ်ပါဘူး။ အင်မတန် မဖုံးနိုင်မဖိနိုင် ပေါ်လာတဲ့ ပြစ်မှု ကိစ္စမျိုးတွေကျမှပဲ အရာရှိတွေကို စစ်စည်းကမ်းအရ အရေးယူလေ့ရှိသလို အရေးယူတဲ့အခါမှာလည်း အတတ်နိုင်ဆုံး လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကိုသာ ပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး အရပ်ဘက် ထောင်တန်းကျသွားရင်တောင် အဲဒီ ထောင်ကျသွားတဲ့ စစ်ဗိုလ်ဟာ စစ်တပ်ထဲက ရာထူးအရှိန် လက်ကျန်လေးကို လာဘ်ငွေ အတန်အသင့် ဖြည့်တင်းပြီးတော့ ထောင်မင်းသား လုပ်လို့ ရပါသေးတယ်။ အဲဒီလိုမျိုး အခြေအနေတွေကြောင့် အခြေခံ စိတ်ဓာတ်မကောင်းတဲ့ အရာရှိဆိုးတွေကို အဆိပ်ပင်ရေလောင်းသလို ဖြစ်စေတော့တာပါပဲ။

အဲဒီစိတ်ထားတွေကို လက်ကိုင်ထားပြီး ပြည်သူတွေနဲ့ ထိတွေ့ရတဲ့ `ငါလို တပ်မတော်အရာရှိကို …၊ မင်းလိုကောင်က…´ `ငါ့ကို ဘာကောင်မှတ်နေလဲ၊ ဗိုလ်ကြီးကွ၊ ဗိုလ်မှူးကွ´ ဆိုတဲ့ အပြောမျိုးတွေ၊ ရိုင်းပျမှုမျိုးတွေကို ကြားခဲ့ရဖူးတာတွေဟာ သူတို့ စစ်တပ်ထဲမှာ အပစား ပေးခံရတာကြောင့်လည်း ပတ်သက်နေတာပါ။

လက်ရှိ အနေအထားအရ တခြားအဆင့် စစ်သားတွေမှာထက်စာရင် ပညာအရည်အချင်း၊ ကြံ့ခိုင်မှုစွမ်းရည်၊ ဉာဏ်ရည်တွေအပြင် အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကအစ စိစစ်ရွေးချယ်ထားတဲ့ အရာရှိ စစ်ဗိုလ်တွေအတွက် စစ်တပ်ဟာ `မျှော်လင့်ချက်တွေ တလှေကြီးနဲ့ နေရာ´ လို့တောင် ပြောလို့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ကြီးဘ၀ကနေ အဆင့်ထပ်မတက်နိုင်တော့တဲ့ စစ်ဗိုလ်ကလည်း ထောက်ပို့တပ်ရင်းလို၊ လေ့ကျင့်ရေးတပ်ရင်းလိုမျိုး ၀င်ငွေဖြောင့်တဲ့ တပ်ရင်းတွေမှာ သက်တောင့်သက်သာ တာဝန်ထမ်းခွင့်က ရှိနေပါသေးတယ်။

အာဏာ

`ငွေ´ထက် ကြောက်စရာကောင်းတဲ့ အရာကတော့ `အာဏာ´ ပါပဲ။

ပင်ကို အခြေခံစိတ်ဓာတ် မရင့်ကျက်သူအတွက် `ငွေ´ ဟာ သူ့ဘ၀ကို ပျက်စီးစေနိုင်တာ မှန်ပေမယ့် အဲဒီလူလက်ထဲကို `အာဏာ´ သာ ရောက်သွားရင်တော့ သူ့တယောက်ထဲတင်ကိုသာမက သူနဲ့ ပတ်သက်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ရှိလာတော့တာပါပဲ။

အရပ်ထဲမှာနေတုန်းက အလွန်အင်မတန် ရိုးရိုးကုပ်ကုပ် နေတတ်ပေမယ့် ဗိုလ်သင်တန်းအောင်လို့ သင်တန်းဆင်းလို့ အရာရှိပေါက်စ ဖြစ်လာပြီဆိုရင်ပဲ `အာဏာ´ ဆိုတဲ့ တံလျပ်က တော်ရုံတန်ရုံ စိတ်ဓာတ်မခိုင်မာသူတွေရဲ့ စိတ်ကို စတင် မြူဆွယ်လိုက်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းကျနတဲ့ စစ်စည်းကမ်းအရ လမ်းသွားရင်းနဲ့ ဆုံမိရင်တောင် တခြားအဆင့် ဖြစ်သူက အရာရှိကို အလေးပြု အရိုအသေပေးရတာမို့ ပင်ကိုစိတ်ဓာတ် မခိုင်မာသူရဲ့ မြောက်ကြွကြွ စိတ်ကို အဲဒါလေးကအစ လှုပ်နှဲ့ယူပါတယ်။

စစ်တပ်ထဲမှာ တခါတရံမှာ အခြေအနေအရ အောက်လက်ငယ်သား တယောက်ယောက်ကို ပါးရိုက်၊ နားရိုက် ကန်ကျောက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ (စစ်စည်းကမ်းဥပဒေတွေ ဘာတွေနဲ့ အရေးမယူချင်လို့ တပည့်လက်သားကို ဆုံးမတဲ့ သဘောမျိုး) ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမရတာကို စစ်တပ် သဘောသဘာဝမို့ ပြောစရာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုး အနေနဲ့ကတော့ စစ်ဗိုလ်ဆိုးတချို့ဟာ အဲဒါကို အရသာ တွေ့သွားတတ်တာပါပဲ။ တကယ်တော့ လက်ရှိ မြန်မာစစ်တပ်ထဲမှာ `စစ်ပြေးမှု´ တွေ အရမ်းများနေရတာဟာ အဲဒီလို အရာရှိတွေရဲ့ လက်ချက်လည်း ပါပါတယ်။

ဒီလို ပြောလို့၊ ရေးလို့ `ဒါဖြင့် စစ်တပ်ထဲမှာ စစ်ဗိုလ်တိုင်းက အဲဒီလိုပဲ ဖြစ်နေတယ်လို့ ပြောချင်သလား´ လို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ အာဏာတွေ ဘယ်လိုပဲ ရလာရလာ၊ ရာထူးတွေ ဘယ်လိုပဲ ကြီးလာကြီးလာ ပင်ကိုယ်စိတ်ဓာတ် အခြေခံကောင်းသူဟာ သူတို့ စစ်တပ်ထဲမှာလည်း အလွန်အင်မတန် အရိုသေခံရတဲ့ ခေါင်းဆောင်ကောင်းဖြစ်သလို အရပ်ဘက် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာလည်း နမူနာယူစဖွယ် ဖြစ်အောင် နေထိုင်လေ့ရှိပါတယ်။

စစ်တပ်ထဲမှာကတော့ `ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့´ ဆိုတဲ့ မူအတိုင်း အဆင်ပြေသလိုလို ရှိနေပေမယ့် ပြင်ပက ပြည်သူတွေကို အဲဒီ စိတ်ဓာတ်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ တွေ့သမျှလူကို ကိုယ့်လက်အောက်ငယ်သားလို သဘောထားပြီး `ဒီကောင်က ဘာကောင်မို့လဲ၊ ငါတို့မှာ ဒီအဆင့်ရဖို့အတွက် မနည်းကြိုးစားလာရတာ၊ ငါ့ကို ဘာကောင်ထင်နေလဲ´ ဆိုတဲ့ အပေါက်မျိုး ချိုးဖို့ကို ၀န်မလေးတော့ဘူး။ အခု ကျနော်တို့ နိုင်ငံ ဒီအခြေအနေဆိုက်နေရတာဟာ အဲဒီလို လူစားတွေက နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူထားလို့ပါပဲ။

ဒါဟာ ဘာလဲဆိုတော့ ငွေထက်ကြောက်စရာကောင်းတဲ့ `အာဏာ´ ကို မမြင်ဖူး၊ မူး မြစ် ထင်ကြတာပါပဲ။

လူပါး စစ်ဗိုလ် …

`လူပါး´ လို့ သုံးနှုန်းတာဟာ တကယ်တော့ လှောင်ပြောင်တဲ့ သဘောမဟုတ်ပါဘူး။ ပါးရည်နပ်ရည် ရှိတာ၊ အထက်ကိုဆိုလည်း အထက်ကို၊ အောက်ကိုဆိုလည်း အောက်ကိုအလျောက် လိုက်လျောညီထွေ ဖြစ်အောင် အလိုက်သင့် နေထိုင်တတ်တဲ့ စစ်ဗိုလ်မျိုးကို ရည်ညွှန်းလိုတာကြောင့် လူပါး လို့ သုံးတာပါပဲ။

ဘာမှ မစဉ်းစား မဆင်ခြင်တဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ မြောက်မြားစွာ ရှိနေသလို အခြေအနေအမှန်ကို ကောင်းစွာ သဘောပေါက်တဲ့ အနည်းငယ်သော လူပါးစစ်ဗိုလ်တွေလည်း မြန်မာစစ်တပ်ထဲမှာ ရှိနေတာ အမှန်ပါ။ ခက်တာက အဲဒီလို စစ်ဗိုလ်တွေ မြန်မာ့တပ်မတော်မှာ ဘယ်လောက်များများ နေရာရလာမှာလဲ၊ အဲဒီစစ်ဗိုလ်တွေကရော `အာဏာ´ ရဲ့ လှုပ်နှဲ့မှုကို ဘယ်လောက်ကြာကြာအထိ စစ်တပ်ထဲမှာ တောင့်ခံနိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။

ကျနော်ရဲ့ ဇာတိမြေ ကရင်ပြည်နယ်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိလေတော့ ရတခ တိုင်းမှူးပေါင်းစုံ တာဝန်ယူဖူးတဲ့အနက် ထူးခြားတဲ့ လူပါးစစ်ဗိုလ် တိုင်းမှူးနှစ်ယောက်ကို ကြုံဖူးပါတယ်။

တယောက်ကတော့ ဗိုလ်ချုပ် ကက်စိန်ပါ။ သူ တိုင်းမှူးဖြစ်တဲ့ အချိန်မှာပဲ ကြံ့ဖွတ်အသင်းတွေကို စတင်ဖွဲ့စည်းကြတာမို့ ကျနော်တို့မြို့ရဲ့ ကြံ့ဖွတ်အသင်းရုံး ဆိုင်းပုဒ်တင်ပွဲကို သူကိုယ်တိုင် လာပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သလို မြို့နယ်ခန်းမမှာလည်း အသင်းဝင်တွေကို သူ့ရဲ့ သြ၀ါဒကို ခံဖို့အတွက် နယ်မြေခံတပ်ရင်းမှူးက ကျောင်းသူကျောင်းသားတွေကို စုစည်းထားပါတယ်။ တိုင်းမှူးရောက်လာတော့ နေ့လည် ၁၁ နာရီကျော်ပါပြီ။ သူက `သားတို့ သမီးတို့ ထမင်းစားပြီးကြပြီလား´ လို့ မေးပါတယ်။ အားလုံး တညီတညွှတ်တည်းပဲ `မစားရသေးပါဘူး´ လို့ဖြေတော့ သူက တပ်ရင်းမှူးကို `မင်း ကလေးတွေကို ဘယ်အချိန်ကတည်းက ခန်းမထဲကို ခေါ်ထားတာလဲ၊ အလကား ဒုက္ခပေးထားတယ်´ လို့ ဆူပါတယ်။ ပြီးတော့ အစည်းအဝေးကို မစသေးဘဲ ကျောင်းသူကျောင်းသားတွေကို ထမင်းပြန်အစားခိုင်းပြီးတော့ နေ့လည် ၁၂ နာရီခွဲမှ ပြန်စပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူးလို့ ထင်နိုင်ပေမယ့် တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်ရဲ့ အဲဒီ အပြုအမူလေးကိုပဲ ကျနော်တို့ မြို့သားတွေမှာ ချီးမွမ်းလို့ မဆုံးပါဘူး။

နောက်တယောက်ကတော့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်ပါ။ ခေတ်အဆက်ဆက်က တိုင်းမှူးတွေ လက်ထက်တုန်းက ဘယ်တော့မှ မပြီးခဲ့တဲ့ မော်လမြိုင်သွား ကားလမ်းကို အဲဒီတိုင်းမှူး တက်ပြီး သိပ်မကြာခင်မှာပဲ ကတ္တရာ ကျောက်ခင်းလမ်းအဖြစ် သပ်သပ်ရပ်ရပ် ဖွင့်လှစ်လိုက်တော့ မြို့ခံပြည်သူတွေက သူ့ကို အလွန် သဘောကျကြပါတယ်။ ဒါ့အပြင် သူ့ရဲ့ စစ်တပ်ထဲမှာလည်း လက်အောက်ငယ်သားတွေကို ကျောသားရင်းသာ မခွဲခြားဘဲ အင်မတန်မှ စောင့်ရှောက်တတ်လို့ စစ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း တခြားတိုင်းမှူးတွေထက် ပိုရပါတယ်။ မော်လမြိုင်မြို့ပေါ်မှာဆိုရင်လည်း မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို (ပြည်သူတွေကို မထိခိုက်စေရဘဲ) တကယ် အလုပ်လုပ်ခဲ့တာတွေ ရှိတာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့အတူတူ ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ ဗိုလ်ချုပ်စစ်မောင် ပါသွားတော့ မော်လမြိုင် ဈေးကြီးက လူတွေ တော်တော် စိတ်မကောင်းဖြစ်ကြတယ်လို့ ကြားသိရဖူးပါတယ်။

တကယ်တော့ လူပါးစစ်ဗိုလ်တွေကို သူတို့ရဲ့ လက်အောက်ငယ်သားတွေ လေးစားနေတာ၊ ပြည်သူတွေကလည်း မုန်းမနေတာဟာ သိပ်ခက်ခဲ နက်နဲနေတဲ့ သော့ချက်တော့ မဟုတ်ပါဘူး။ လက်ထဲမှာ ရှိနေတဲ့ `အာဏာ´ ဆိုတဲ့ အရာကို တချို့အချိန်တွေမှာ ခေတ္တခဏ မေ့ထားပြီးသော်လည်းကောင်း၊ အဲဒီ အာဏာကို အလွဲသုံးစား မလုပ်တာဟာလည်းကောင်း အစရှိတဲ့ ပါးနပ်မှုတွေကြောင့်ပါပဲ။

အပွင့်ဆိုသည်မှာ …

ပုခုံးပေါ်မှာ အပွင့်သေးသေး တပွင့် စပြီး ရလိုက်တယ် ဆိုတာဟာ တကယ်တမ်း သေသေချာချာ စဉ်းစားလိုက်မယ်ဆိုရင် အဲဒါဟာ `ပြည်သူ့ဝန်´ ဆိုတဲ့ ထမ်းတံပိုးကို သူတို့ ပုခုံးပေါ် တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ တပွင့်ကနေ နှစ်ပွင့်၊ နှစ်ပွင့်ကနေ သုံးပွင့်၊ သုံးပွင့်ကနေ တခွေ …၊ အဲဒီလိုနဲ့ အပွင့်အရောင် ပိုပြောင်လာလေလေ၊ အပွင့်တွေ ပိုများလာလေလေ ပုခုံးပေါ်က ထမ်းတံပိုးကြီးက ကြီးလာလေလေ ဆိုတာမျိုးပဲ ဖြစ်ရမှာပါ။ အခုကတော့ ပုခုံးပေါ်က အပွင့်ကို ထမ်းတံပိုးလို့ သဘောထားတဲ့ စစ်ဗိုလ်တွေအစား `တန်ခိုး အရှိန်အ၀ါ´ လို့ သဘောထားကြတဲ့ စစ်ဗိုလ်တွေ ပိုများနေရတာကြောင့် စစ်တပ်မှာ နာမည်ပျက်ရပါတယ်။ အဲဒီ နာမည်ပျက်မှုတွေကို ပြန်ပြီး အဖတ်ဆယ်ဖို့ ဆိုတာကလည်း ပုခုံးပေါ်မှာ အပွင့်တွေ ပိုင်ဆိုင်ထားတဲ့ အဲဒီ စစ်ဗိုလ်တွေမှာပဲ တာဝန်ရှိပါတယ်။

စစ်တပ်နဲ့ စစ်ဗိုလ် …

`စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်း´ ဆိုတာကို စစ်ဗိုလ်တိုင်းက ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုသာ ပြောလိုက်တယ် စစ်တပ်သိက္ခာတက်အောင် ဘာလုပ်သင့်သလဲ ဆိုတာကိုတော့ စစ်တပ်ရဲ့ အကြီးအကဲဆိုသူ ခေါင်းဆောင် စစ်ဗိုလ်ကအစ ကောင်းစွာ သဘောပေါက်ခြင်း မရှိပါဘူး။ အဲဒီလို ခေါင်းဆောင်ရဲ့ သစ္စာတော်ကို ခံနေရတဲ့ စစ်ဗိုလ် အယုတ်အလတ် အမြတ်မရွေးတွေကရော နောင်တချိန်ချိန်မှာ သူတို့တတွေရဲ့ လက်ထဲကို စစ်တပ်ရောက်လာခဲ့ရင် ဘာဆက်လုပ်ကြမလဲ ….။

အထက်မှာ ကျနော် တင်ပြခဲ့သလို `ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား´ ဆိုတဲ့ အတွေးမျိုးနဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ များသထက် များလာတာကိုတော့ မလိုလားတာ အမှန်ပါ။

စစ်တပ်ထဲက စစ်သားဟောင်းကြီး တဦးရဲ့ စကားတခွန်းကို ဖတ်မှတ်ဖူးခဲ့တာ မှတ်သားစရာ ကောင်းလှတာမို့ ပြန်လည် ဖောက်သည်ချပါရစေ …။

`ငါ့သားများ စစ်ထဲဝင်ရင်လေ …၊ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာဟာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

ကလိုစေးထူး

[+/-]Read More...

မြန်မာနိုင်ငံနဲ့ ဈေးကွက်စီးပွားရေးအဆင့်အတန်း (ဦးစိန်ကျော်လှိုင်)

ဈေးကွက်စီးပွားရေးပီပြင်မှ နိုင်ငံရေးပြောင်းလဲမှု လုပ်ရမယ်လို့ နအဖစစ်အစိုးရက ယူဆသလို တရုတ်ကိုလည်း ဈေးကွက်စီးပွားရေး အောင်မြင်စွာ ထူထောင်နိုင်တဲ့နိုင်ငံလို့ မြန်မာ့အလင်း သတင်းစာက မကြာခဏ အမွှန်းတင်လေ့ရှိပါတယ်။

ဒါပေမယ့် ဈေးကွက်စီးပွားရေး ပီပြင်တယ်၊ မပီပြင်ဘူးဆိုတဲ့အချက် ဘယ်သူက အဆုံးအဖြတ် ပေးမလဲ ဆိုတာကိုတော့ နအဖ သတင်းစာတွေက ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် ပီပြင်တဲ့ဈေးကွက်စီးပွားရေး ဘာလဲဆိုတဲ့အချက်ကို ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

၁၉၇ဝ ခုနှစ်များက စပြီး စီးပွားရေးပြုပြင်မှုတွေ လုပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အရှိန်ကောင်းနေတယ်လို့ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းတွေက မကြာခဏ ပြောနေ ပါတယ်။ ဒါပေမယ့် ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ရောက်ပ လားဆိုတဲ့အချက်ဟာ ကိုယ့်ဘာသာ သတ်မှတ်လို့ မရတဲ့အတွက် ကုန်သွယ်ဘက် နိုင်ငံတွေရဲ့ ထောက်ခံမှုကို တရုတ်က အလူးအလဲ ရှာခဲ့ရပါတယ်။

၂ဝဝ၄ ခုနှစ်ထဲမှာ အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတချို့ကသာ တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ရောက်ပြီလို့ သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ အီးယူကတော့ တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ရောက်ပြီလို့ သတ်မှတ်ဖို့ ခုထိ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ရင် တတိယ ကမ္ဘာနိုင်ငံတခုအနေနဲ့ ကိုယ့်ဘာသာ တံဆိပ်ကပ်ပြီး ဈေးကွက်စီးပွားရေးအဆင့်အတန်း Market Economy Status ရောက်ပြီလို့ ငါတကောကောလို့မရတာ ပေါ်လွင်နေပါတယ်။

မြန်မာစစ်အစိုးရကို လေ့လာကြည့်တဲ့အခါ ဈေးကွက်စီးပွားရေးဆိုတဲ့စကားကို တွင်တွင်ကျယ် ကျယ် သုံးနေပေမယ့် စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဈေးကွက်စီးပွားရေးရဲ့ အသွင်လက္ခဏာ ဘာလဲဆိုတာကို ပြည်သူတွေ နားလည်အောင် ရှင်းပြ ပြောပြနိုင်တာ မတွေ့ရပါဘူး။ ဒီအချက် ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အရပ်သားအစိုးရတရပ် လိုနေတယ်၊ စစ်မှန်တဲ့ အရပ်သားအစိုးရ တရပ် ပေါ်ပေါက်မှသာ ပြည်သူကို ရှင်းပြနိုင်မယ့် ပညာရှင်တွေ ထွက်ပေါ်လာမှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အာဏာရှင်စနစ်အောက်က လွတ်မြောက်ခဲ့တဲ့ ချက်နိုင်ငံကို ဒီမိုကရေစီရေး ပြောင်းတဲ့အချိန်မှာ ဈေးကွက်စီးပွားရေး ပြုပြင်မှုတွေ လုပ်ဖို့ အဲဒီအချိန်က ချက်ဝန်ကြီးချုပ် ဗားဆလပ်ကလော့စ်က ဆုံးဖြတ်ခဲ့ပါတယ်။ မကြာခင် ဈေးကွက်စီးပွားရေးဟာ ချက်နိုင်ငံနဲ့ ဘာကြောင့် ကိုက်ညီသလဲ ဆိုတာကို ချက်ဝန်ကြီးချုပ် ဗားဆပ်ကလော့စ်ကိုယ်တိုင် တတိုင်းပြည်လုံး ဟောပြောခဲ့လို့ သူ့ ဟောပြောချက်တွေကို စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

ဒီနေရာမှာ ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ကို အမေရိကန်အစိုး ရက ဘယ်အချက်တွေနဲ့ သတ်မှတ်ထားသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဈေးကွက် စီးပွားရေး အဆင့်အတန်းကို လက္ခဏာရပ် (၆) ရပ်နဲ့ ပြည့်စုံဖို့ လိုတယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ထားပါတယ် အကြမ်းဖျင်းပြောရမယ်ဆိုရင်...

(၁) နိင်ငံခြားတိုင်းပြည်တခုရဲ့ ငွေကြေးကို တခြားနိုင်ငံတွေရဲ့ ငွေကြေးအဖြစ် ပြောင်းလဲနိုင်တဲ့ အတိုင်းအတာ

(၂) နိင်ငံခြားတိုင်းပြည်တခုရဲ့ လုပ်အားခနှုန်းထားတွေကို အလုပ်ရှင်နဲ့ အလုပ်သမားကြား ဘယ်လောက်အတိုင်းအတာထိ လွတ်လွတ်လပ်လပ် ညှိနှိုင်း အရေးဆိုနိုင်သလဲဆိုတဲ့ အတိုင်း အတာ

(၃) နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဖက်စပ်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေကို အိမ်ရှင် နိုင်ငံခြား တိုင်းပြည်ထဲမှာ ဘယ်လောက်အတိုင်းအတာထိ ခွင့်ပြုသလဲဆိုတဲ့ အတိုင်းအတာ

(၄) ကုန်ထုတ်လုပ်မှု နည်းလမ်းတွေကို အစိုးရပိုင်ဆိုင်မှု ထိန်းချုပ်မှု အတိုင်းအတာ

(၅) ဈေးကွက်ရင်းမြစ် ခွဲဝေမှုတွေမှာ အစိုးရ ပိုင်ဆိုင်မှု အတိုင်းအတာနဲ့

(၆) တခြား သင့်တော်တဲ့ သတ်မှတ်ချက်များဆိုပြီး သတ်မှတ်ထားပါတယ်။

တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ဖို့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက လက်တွန့်နေပေမယ့် ဆိုဗီယက် ခွဲထွက်နိုင်ငံလည်းဖြစ်၊ အာရှအလယ်ပိုင်း နိုင်ငံတခုလည်းဖြစ်တဲ့ ကာဇက်စတန်နိုင်ငံရဲ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံပြီလို့ ၂ဝဝ၂ ခု ဧပြီလမှာ အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံပြီလို့ သတ်မှတ် ရာမှာ စောစောက ပြောခဲ့တဲ့ လက္ခဏာ (၆) ရပ်နဲ့ တိုင်းတာပြီးမှ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ တကယ်တော့ ကာဇက်စတန်နိုင်ငံဟာ ၁၉၉ဝ ခုနှစ်များ အစောပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စု က ခွဲထွက်ခဲ့တဲ့နိုင်ငံဖြစ်ပြီး လူဦးရေ (၁၅) သန်းကျော်သာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

၂ဝဝ၂ ခု ဇွန်လမှာတော့ ရုရှနိုင်ငံရဲ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံ ပြီလို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။ အီးယူက ရုရှကို ဈေးကွက်စီးပွားရေး အဆင့် အတန်းနဲ့ ပြည့်စုံပြီလို့ သတ်မှတ်ပြီး (၁ဝ) ရက်အကြာမှာ အမေရိကန်အစိုးရက ခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

(၁၀) နှစ်ကျော် စီးပွားရေး ပြုပြင်မှုတွေ လုပ်အပြီးမှာ ရုရှကိုလည်း ဈေးကွက်စီးပွားရေး အဆင့် အတန်းနဲ့ ပြည့်စုံပြီလို့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ခုလို ရုရှကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံပြီလို့ အသတ်မှတ်ခံရတဲ့အတွက် ရုရှအနေနဲ့ အမေရိ ကန်ဈေးကွက် ဝင်ခွင့်ရဖို့ မျှော်လင့်နိုင်သလို (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်ဖို့လည်း အတော် နီးစပ်သွားပြီလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

၂ဝဝ၃ ခုနှစ် မတ်လမှာတော့ ရိုမေးနီယားနိုင်ငံရဲ့စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့် အတန်းနဲ့ ပြည့်စုံပြီလို့ အမေရိကန်အစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုမေးနီးယားကတော့ ဈေးကွက်စီးပွားရေးအဆင့်အတန်း မရခင် ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း Functioning Market Economy Status အီးယူက သတ်မှတ်ပေးဖို့သာ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ထိရောက်တဲ့ ဈေးကွက်စီးပွားရေးအဆင့်အတန်းဆိုတာ အကြမ်းအားဖြင့် တိုင်းပြည်ရဲ့ မတ်ခရို စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ လည်ပတ်နိုင်အောင် ထိန်းထားနိုင်မှု အဆင့်အတန်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဈေးကွက်စီးပွာေးရး အဆင့်အတန်း မပေးခင် အရေးကြီးတဲ့ စီးပွားရေးအဆင့်အတန်း ဖြစ်ပါတယ်။

ဘူဂေးရီးယားနိုင်ငံကိုတော့ အီးယူက ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ရိုမေးနီးယားကိုသာ အီးယူက ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးရင် ရိုမေးနီးယားနဲ့ ဘူဂေးရီးယား (၂) နိုင်ငံလုံး အီးယူအဖွဲ့
ဝင်ခွင့်ရဖို့ နီးစပ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ခုဆိုရင် ဒီ (၂) နိုင်ငံလုံး အီးယူအဖွဲ့ဝင် ဖြစ်နေ
ပါပြီ။ လပ်ဗီးယားနိုင်ငံကိုလည်း အီးယူက ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

အင်ဒိုချိုင်းနားဘက်ကို ပြန်ကြည့်မယ်ဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဟာ တရှိန်ထိုး တိုးတက်နေတာ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ချက် (၆) ချက်နဲ့ စံထိုးလိုက်တဲ့အခါ ဗီယက်နမ်စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းလို့ မသတ်မှတ်နိုင်သေးတဲ့အကြောင်း ဗီယက်နမ်အခြေစိုက် အမေရိကန်သံရုံးက အသေးစိတ်အချက်တွေ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံကတော့ သူ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းလို့ အမေရိကန်က မသတ်မှတ်တာကို မကျေမနပ်ဖြစ်နေပါတယ်။ မကျေနပ်တဲ့အကြောင်းလည်း တရုတ်နိုင်ငံထုတ် စာနယ်ဇင်းတွေမှာ ရေးသားနေတာ တွေ့ရပါတယ်။

တရုတ်ဟာ ၂၀၀၁ ခုနှစ် WTO ၀င်ခွင့်ရတဲ့ အချိန်ကတည်းက ဈေးကွက်စီးပွားရေး အဆင့် အတန်း ရဖို့အတွက် စည်းရုံးနေခဲ့တာ ဖြစ်ပါတယ်။ အီးယူက တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်းပေးဖို့ ငြင်းဆိုတဲ့အထဲမှာ ဈေးကွက်မှာ တရုတ်အစိုးရ ၀င်စွက်မှု အတိုင်းအတာ ကြီးမားတာလည်း အဓိကအချက်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၀၁ ခုနှစ် တရုတ်ကို WTO ၀င်ခွင့်ပေးတုန်းက စည်းမျဉ်းဥပဒေတွေအရဆိုရင် WTO အဖွဲ့ဝင်
နိုင်ငံတွေက တရုတ်ကို ၂၀၁၆ ခုထိ နောက်ထပ် (၁၅) နှစ်တိုင် ဈေးကွက်စီးပွားရေး အဆင့် အတန်း မရောက်သေးတဲ့နိုင်ငံ Non Market Economy အဖြစ် သတ်မှတ် ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် တရုတ်အနေနဲ့ ဘာကြောင့် ခုလို မြန်မြန်ဆန်ဆန် ဈေးကွက်စီးပွားရေး အဆင့်အတန်းရဖို့ ဖုတ်ပူမီးတိုက် ဖြစ်နေရသလဲလို့ မေးစရာ ရှိပါတယ်။

အမေရိကန်နဲ့ အီးယူက ဈေးကွက်စီးပွားရေး အဆင့်အတန်း မြန်မြန်သတ်မှတ်ပေးမှ တရုတ်ကို Anti-dumping ဥပဒေနဲ့ စွဲဆိုထားတဲ့ ကုန်သွယ်ရေး အမှုအရေအတွက် အမြန်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Dumping ဆိုတာ ဥပမာ တရုတ်က ပြည်ပပို့ပြီး ရောင်းချတဲ့ ပို့ကုန်ပစ္စည်းတခုတန်ဖိုးက တရုတ်ပြည်တွင်း ဈေးကွက်ထက် ပိုနိမ့်နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို ပို့ကုန်ပစ္စည်းတန်ဖိုးကို ပြည်တွင်းဈေးထက် လျှော့ရောင်းတာမျိုးအတွက် အခွန်ပိုစည်းကျပ်တဲ့ ဥပဒေကို Anti-Dumping Law ဈေးမသမာမှု တားဆီးရေးဥပဒေလို့ သုံးနှုန်းပါတယ်။

သဘောကတော့ အမေရိကန် ဈေးကွက်မှာ ရောင်းတဲ့ တရုတ်ကုန်စည်တခုရဲ့ဈေးကို ဥပမာ အလားတူ တရုတ်ကုန်စည်ကိုပဲ အိန္ဒိယနဲ့ ဂျပန်မှာ ရောင်းတဲ့ဈေးတွေ ယှဉ်ကြည့်လို့ အမေရိကန် ဈေးကွက်မှာ ရောင်းဈေးကို ဈေးနှုန်းမျှတမှု ရှိမရှိ စစ်ဆေးပါတယ်။ ဈေးနှုန်း မမျှတဘူးလို့ ဆုံးဖြတ်ရင် အမေရိကန် အစိုးရက ဈေးမသမာမှု တားဆီးရေး ဥပဒေနဲ့ အရေးယူပြီး တရုတ် ကုန်စည်အပေါ် အခွန်ပို စည်းကြပ်လေ့ရှိပါတယ်။

တရုတ်အနေနဲ့ ဒီလိုအမှုတွေကို အများအပြား ရင်ဆိုင်နေရပါတယ်။ အဲဒီလို Anti-Dumping Law ဈေးမသမာမှု တားဆီးရေးဥပဒေနဲ့ညိနေတဲ့ အမှုတွေ အမြန်လျော့ဖို့ဆိုတာ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ခံရမှ အဆင်ပြေမယ်လို့ တရုတ်က နားလည်ထားပါတယ်။ ဒါကြောင့် လည်း အမေရိကန်က ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးဖို့ တရုတ်က အပူ တပြင်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရင် တတိယနိုင်ငံတခုရဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်းဆိုတာ ကို အသိအမှတ်ပြုခံရဖို့အတွက် အီးယူ၊ အမေရိကန် စတဲ့ ကုန်သွယ်ဘက် အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုခံရဖို့က ပိုအရေးကြီးတာ ထင်ရှားနေပါတယ်။

ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ခံရမှလည်း အီးယူ၊ အမေရိကန် စတဲ့ ဈေးကွက် တွေကို ၀င်နိုင်မှာဖြစ်ပြီး ကိုယ့်နိုင်ငံက ထုတ်လုပ်မှုတွေ ပို့ကုန်လုပ်ငန်းရှင်တွေ အကျိုးရှိမှာဖြစ် တယ်လို့ ရုရှအပါအ၀င် အရှေ့ဥရောပ နိုင်ငံတွေက ယူဆပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံ က အီးယူနဲ့ အမေရိကန်နိုင်ငံတွေရဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးမှုဟာ အရေးပါတယ်လို့ ယူဆတဲ့သဘော ဖြစ်ပါတယ်။

တကယ်တော့ ဈေးကွက်စီးပွားရေးဆိုတာ ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းကမှ တတိယ ကမ္ဘာ့ နိုင်ငံတွေကြား စတင်ခေတ်စားခဲ့တဲ့ ဒီလှိုင်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မတိမ်းမယိမ်း နိုင်ငံ ရေး၊ စီးပွားရေး ပြုပြင်မှုတွေ လုပ်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေ ဈေးကွက်စီးပွားရေး အဆင့် အတန်း သတ်မှတ်ရေးကို ဦးတည်နေချိန်မှာ မြန်မာနိုင်ငံကတော့ နိုင်ငံရေးထက် စီးပွားရေးကို အရင် ပြုပြင်ရမယ်လို့သာ ကြွေးကြော်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရ မိတ်ဆွေကြီး မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်ကတော့ စီးပွားရေး တိုးတက်ဖို့အတွက် နိုင်ငံရေး ပြောင်းလဲမှုနဲ့ ခိုင်မာတဲ့အစိုးရ ရှိဖို့က ပိုအရေးကြီးတယ်လို့ မကြာခင်ကဘဲ ပြောဆိုပါတယ်။

ဒီအချက်ကို မြန်မာစစ်ခေါင်းဆောင်တွေ ထည့်သွင်းစဉ်းစား၊ မစဉ်းစားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

[+/-]Read More...

ဟောလိဝုဒ်မှရိုက်ကူးခဲ့သော Kung Fu Panda

ဟောလိဝုဒ်မှရိုက်ကူးထုတ်လုပ်ခဲ့သော တရုတ်သိုင်းကာတွန်း အက်ရှင်ဇာတ်ကားဖြစ်သည့် Kung Fu Panda ၏ အောင်မြင်မှုကိုအတုယူနိုင်ရန်အတွက် တရုတ်ရုပ်ရှင်ထုတ်လုပ်သူများ စုပေါင်းအဖြေရှာခဲ့ကြသည်ဟု သိရှိရသည်။
''အခုတစ်လော အရမ်းအောင်မြင်ခဲ့တဲ့ Kung Fu Panda လိုဇာတ်ကားမျိုးကို ဘာကြောင့်ရိုက်မပြနိုင်ရမှာလဲ''ဟု China National Peking Opera ကုမ္ပဏီက ထုတ်ဖော်ပြော ဆိုခဲ့သည်။
တရုတ်ရိုးရာ ကွန်ဖူးသိုင်းပညာရပ်ကိုပင် အဓိကထားပြသခဲ့ သည့် အဆိုပါကာတွန်းရုပ်ရှင်နှင့် ပတ်သက်ပြီး ''ဒီဇာတ်ကားဟာ ဘာလျှို့ဝှက်ချက်မှမပါဘဲ ရိုး ရိုးစင်းစင်းကလေးနဲ့ အများနှစ်သက်အောင် တင်ဆက်ခဲ့တာပါ။ တရုတ်ရုပ်ရှင်သမိုင်းမှာလည်း အပြစ်ပြောစရာမရှိအောင် ထူးခြားသာလွန်တဲ့ ဇာတ်ကားတစ် ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီလိုဇာတ်ကားမျိုးကို ရိုက်ကူးတဲ့သူဟာ ကျွန်တော်တို့ ဘာကြောင့်မဖြစ်ခဲ့တာလဲ'' ဟု China National Peking Opera ကုမ္ပဏီ၏အကြီးအကဲက ပြောဆိုခဲ့သည်။
Kung Fu Panda ဇာတ်ကားကို Dream Works ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာဂျွန်စတီဗင်ဆွန်နှင့် မက်ခ်အော့စဘွန်းတို့က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ၁၉၉၈ခုနှစ်က ဒစ္စနေကုမ္ပဏီမှ ရိုက်ကူးထားသော တရုတ်ကာတွန်းဇာတ်လမ်းဖြစ်သည့် မူလန်ဇာတ်ကားနောက်ပိုင်း အအောင်မြင်ဆုံး ဇာတ်ကားလည်း ဖြစ်ခဲ့သည်။

[+/-]Read More...

Google SMS always has your best interests in mind (Video)

[+/-]Read More...

မန်ယူ လီဗာပူး ရာသီအကြိုခြေစမ်းပွဲ သုံးသပ်ချက်

အဘာဒင်း ၀-၂ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ ဖာဂူဆန်အနေနဲ့ ၁၉၇၈ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ နည်းပြခဲ့ဖူးတဲ့ အဘာဒင်းအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ မန်ယူအသင်းရဲ့တိုက်စစ်မှူး ၀ိန်းရွန်နီရဲ့ ခြေစွမ်းပြမှုနဲ့အတူ(၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီး ၄၅ မိနစ်မှာ ၀ိန်းရွန်နီကို အဘာဒင်းဂိုးသမား ဂိုးဧရိယာအတွင်းမှာ ဆွဲလှဲမိသလိုဖြစ်ခဲ့တာကြောင့် ရရှိခဲ့တဲ့ပယ်နယ်တီကို ကွင်းလယ် ကစားသမားဖြစ်တဲ့ မိုက်ကယ်ကာရစ်က ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ၆၉ မိနစ်မှာ ၀ိန်းရွန်နီကပဲ ဖလက်ချာရဲ့ပေးပို့မှုကတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူအသင်းရဲ့ ၀ါရင့်ကစားသမားများဖြစ်ကြတဲ့ ပေါလ်စခိုးလ်၊ဂစ်တို့ ပါဝင်ကစားခဲ့သလို၊ စကော့တလန်ကစားသမားတစ်ဦးဖြစ်တဲ့ ဖလက်ချာလည်း ပါဝင်ခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။

ထရန်မဲ ၀-၁ လီဗာပူးလ်

ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းပေါ်မှာ စောစောစီးစီးနုတ်ဆက်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာတော့ ပြင်ဆင်မှုကောင်းကောင်းနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပေမယ့် အင်္ဂလန်ကလပ် အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ထရန်မဲအသင်းအပေါ်မှာတော့ ကျဉ်းမြောင်းတဲ့ဂိုးကွာခြားချက်နဲ့သာ အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ လီဗာပူးလ်အသင်းမှာ မနှစ်ကတစ်ရာသီလုံးနီးပါး ဒဏ်ရာနဲ့ရုန်းကန်နေခဲ့ရတဲ့ နောက်ခံလူဒယ်နီရယ်အဂ္ဂါ ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လူငယ်အရန်ကစားသမားအများစုနဲ့သာ ပွဲထွက် ကစားခဲ့ပြီး အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ကွင်းလယ်တောင်ပံကစားသမား ဘီနာယောင်က ပထမပိုင်း ၄၅ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဇူးရစ် ၂-၁ ဗီလာ

အင်တာတိုတိုဖလားပါဝင်ခွင့်ရရှိထားတဲ့ ဗီလာအသင်းဟာ ဆွစ်ဇာလန်မြေမှာကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာတော့ အမှတ်မထင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ အိမ်ရှင်ဇူးရစ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းပွဲအစ ၄ မိနစ်မှာပဲ ပယ်နယ်တီကတစ်ဆင့် အဘ်ဒီက သွင်းယူပေးခဲ့ပြီး ဗီလာအတွက်ချေပဂိုးကို အင်္ဂလန်လူငယ်တိုက်စစ်မှူး အဘွန်လဟော်က ဟားဝုဒ်ရဲ့ပေးပို့မှုကတစ်ဆင့် ပထမပိုင်း ၁၇ မိနစ်မှာပဲ ပြန်လည်ချေပခဲ့ပေမယ့် ပွဲချိန် ၇၉ မိနစ်မှာ အိမ်ရှင်ဇူးရစ်တို့ ပယ်နယ်တီထပ်မံရရှိခဲ့တာကို အဘ်ဒီကပဲ ထပ်မံကန်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ(၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဆီယွန် ၁-၀ အဲဗာတန်

ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာရရှိခဲ့တဲ့ အဲဗာတန်အသင်းဟာ ရာသီကြိုဆွစ်ဇာလန်ခရီးစဉ်ရဲ့ အဖွင့်ပွဲစဉ်မှာ ဗီလာအသင်းလိုပဲ ရှုံးပွဲနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အိမ်ရှင်ဆီယွန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၅၈ မိနစ်မှာ ဆီယွန်ကွင်းလယ်ကစားသမား ဆာတန်နတ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

[+/-]Read More...

ကမ်းခြေတွင်အပန်းဖြေနိုင်မည့် နည်းပညာကုလားထိုင် ပုံစံဖန်တီး


နေရောင်ခြည်စွမ်းအင်စုဆောင်းသည့်စနစ်ကို တစ်ပါတည်းတပ်ဆင်ထားပြီး နည်းပညာသုံးပစ္စည်းများ သက်သောင့်သက်သာ တပ်ဆင်အသုံးပြုနိုင်မည့် နည်းပညာကုလားထိုင်(Tech Chair)ပုံစံသစ်ကို PC World စာစောင်က ပြသခဲ့သည်။

နွေရာသီတွင်ကမ်းခြေ၌ ပက်လက်ကုလားထိုင်လေးအဖြစ် သက်သောင့်သက်သာအပန်းဖြေရင်း ကုလားထိုင်အစိတ်အပိုင်းများမှ စုပ်ယူထားသည့် နေရောင်ခြည်စွမ်းအင်ကိုသုံးကာ ခရီးဆောင်ကွန်ပျူတာ၊ ကင်မရာ၊ အိုင်ပေါ့တို့ကို ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

အင်တာနက်ပါ သုံးနိုင်မည်ဖြစ်ပြီး ဓာတ်ပုံ၊ သီချင်း၊ ဂီတ၊ ဂိမ်းများကစားရန် လိုအပ်သလိုကိရိယာများ တပ်ဆင်နိုင်မည် ဖြစ်သည်။ ဆိုလာပြားများနှင့် Memory stick တပ်နိုင်သည့် အပေါက်များပါရှိပြီး ဖြစ်သည်။

ပက်လက်ကုလားထိုင်၌ တပ်ဆင်ထားသည့် ဖျင်သားပုံစံဆိုလာပြားမှာ အပူဒဏ်၊ လေဒဏ်၊ သံဒဏ်၊ ရေဒဏ်၊ နေလောင်ဒဏ်များကိုပါ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

[+/-]Read More...

လာမယ့်ဘေးပြေးတွေ့လိုက်စမ်း

''ပြဿနာဖြစ်မှာကြောက်လွန်းလို့ ၀င်မပါဘူး။ ဝေးဝေးပဲနေတယ်'' ဒီစကားမျိုး မကြာခဏကြားဖူးကြမှာပါ။ အလုပ်ခွင်ထဲ မှာဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာဖြစ်ဖြစ်၊ ယုတ်စွ အဆုံး ပြဿနာတွေ၊ ဒုက္ခတွေပယ်သတ်ဖို့ နေရာဖြစ်တဲ့ရိပ်သာကမ္မဋ္ဌာန်းကျောင်းမှာဖြစ်ဖြစ် ပြဿနာလေးတွေ၊ ပြဿနာကြီး တွေဆိုတာ ရှောင်လွှဲလို့မရ ပါဘူး။ ရှိနေကြစ မြဲပါ။ လူတွေစုဝေးနေတဲ့ နေရာမှန်သမျ ပြ ဿနာကို ရှောင်လွှဲလို့မရနိုင်ပါဘူး။
ဓားကကိုယ့်လာခုတ်ရင်ဘယ့်နှယ်လုပ်မလဲ

အဲဒီလိုပြဿနာမျိုးကြုံရတဲ့ အခါမှာ လူအတော်များများကအထက်မှာ ပြောခဲ့တဲ့ အတိုင်းပြောတတ်ကြ တယ်။ ''ဓားခုတ်ရာ လက်ဝင်မလျိုဘူး''ဆိုတဲ့သဘောပေါ့။ ရှောင်နေလို့ရတဲ့ပြဿနာမျိုးဆိုရင်တော့ ကောင်း ပါတယ်။ ဒါပေမယ့်လို့ ခက်တာက လူ့လောက၊ လူ့ပတ်ဝန်းကျင်မှာက ''တစ်နွယ်ငင်တစ် စင်ပါ'' ဖြစ်တတ် တယ်။ ကင်းကင်းရှင်းရှင်း နေချင်လို့ ရလေ့မရှိဘူး။ ဓားခုတ်ရာလက်ဝင် မလျိုပေမယ့် ဓားက ကိုယ့်ဘက်ပါ လှည့် ခုတ်ရင်ဘယ့်နှယ့်လုပ်မလဲ။ ဓားကိုင်တဲ့သူက လူစိတ်ပျောက်နေတဲ့ အမူး၊ ဒါမှမဟုတ် အရူးဖြစ်ချင်ဖြစ်နေ နိုင်တယ်လေ။ အဲဒီအခါ မျိုးမှာ အေးအေးနေလို့ ရနိုင်ပါ့မလား။ ပြဿနာကို ရှောင်လွှဲနေခြင်းဟာ ပြဿနာကို အေးငြိမ်းမသွားစေနိုင်ရုံမက ပြဿနာကို ပိုပြီးတောင် ကြီးထွားသွားစေပါတယ်။

ကံဆိုးသူမောင်ရှင်ဖြစ်လေမလား

စောစောက''ဓား''ကိစ္စပဲ နမူနာထား ပြောပါရစေ။ ဓားကိုင်တဲ့သူက တွေ့ရာမြင်ရာ လူကိုလိုက်ခုတ်နေတယ်။ ကိုယ်က ကိုယ့် အိမ်ထဲမှာပဲ တံခါးပိတ်ပြီးရှောင်နေတယ်။ တကယ်လို့များ အဲဒီကိုင်တဲ့သူက အမူး ဒါမှမဟုတ်အရူးဖြစ်နေလို့ အိမ်တွေပါလိုက် ပြီး မီးရှို့နေတယ်ဆိုရင် ဘယ်လိုဖြစ်လာမ လဲ။ အိမ်ထဲမှာပဲ မီးအလောင်ခံပြီး ငြိမ်နေ ဦးမှာလား။ အိမ်ထဲကထွက်၊ ရပ်ကွက်ထဲက လူတွေကို ဆော်သြပြီး လူရမ်းကားဓားသ မားကိုဝိုင်းပြီးချေမှုန်းမပစ်သင့်ဘူးလား။ ဓား ခုတ်ခံရမှာကြောက်လို့ မီးလောင်ခံသေတော့ မယ်ဆိုပြီး ဘယ်သူမှတော့အိမ်ထဲက မထွက် ဘဲနေမှာမဟုတ်ပါဘူး။ ထွက်တော့ထွက်လာပြီးဖနောင့်နဲ့တင်ပါးတစ်သား တည်းကျအောင် ပြေးကြမှာပါပဲ။ အဲဒီလိုပြေးလို့ လွတ်ရင်တော့ ကောင်းပါရဲ့။ လူရမ်းကားဓားသမားရဲ့ ဓားချက်ကို လွတ်အောင်ရှောင်ဖို့ဆိုတာ 'ကံသေ ကံမ'ပြောလို့ရနိုင်တာမျိုးမဟုတ်ဘူးလေ။ မတော်လို့ ''ကံဆိုးသူမောင်ရှင်''ဟာ ကိုယ်ဖြစ် သွားရင်ဘယ့်နှယ့်လုပ်ပါ့မလဲ။
အာလူးနဲ့ ပေါက်လဲသေနိုင်တယ်

ဘယ့်နှယ်မှလုပ်လို့မရပါဘူး။ လူရမ်း ကားဓားသမားကို မဖယ်ရှားသရွေ့တော့ တစ်နေ့မဟုတ်တစ်နေ့မှာ ''ကံဆိုးသူမောင် ရှင်''ဖြစ်လာရမှာ အသေအချာပါပဲ။ အဲဒီ လိုမဖြစ်ချင်ရင် တစ်ခုတည်းသောနည်း လမ်းကတော့ လူရမ်းကားဓားသမားကို တစ် နည်းနည်းနဲ့ နှိမ်နင်းဖယ်ရှားပစ်ဖို့သာ ဖြစ် တယ်။ ကိုယ်တစ်ဦးတည်း၊ တစ်ယောက် တည်းတော့ ဘယ်စွမ်းဆောင်နိုင်မှာလဲ။ ကိုယ်က လူစွမ်းကောင်းမှ မဟုတ်တာ။ ဒါ ပေမယ့် ရပ်ကွက်ထဲမှာ လူတွေအများကြီးရှိ တယ်လေ။ ဓားသမားက တစ်ယောက်တည်း ပဲ။ လူတွေတစ်အိမ်တစ် ယောက်ထွက်လာပြီး ဓားသမားလူရမ်းကားကို အိမ်မှာရှိတဲ့ အာ လူး၊ ကြက်သွန်တွေနဲ့ တစ်ယောက်တစ်ချက်ဝိုင်း ပေါက်ကြရုံနဲ့တင် ဓားသမားဇီဝိန်ချုပ်ပြီး လူရမ်းကားဇာတ်သိမ်းသွားနိုင်ပါတယ်။
မိုးနတ်မင်းကစမ်းသပ်တာ

ပြဿနာကိုရှောင်တယ်ဆိုတာ ကြောက် လို့ပါ။ တကယ်လို့ ပြဿနာဆိုတာမျိုးဟာ ကိုယ့်အစွမ်းအစကို စမ်းသပ်ဖို့၊ သဘာဝ တရားက (မိုးနတ်မင်းကြီးကလို့ယူချင် လည်းယူပါ) ဖန်တီးပေးလိုက်တာပဲလို့ သ ဘောထားလိုက်မယ်ဆိုရင် ကြောက်မှာ မဟုတ်တော့ပါဘူး။ လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာ သူ့သဘာဝအလျောက် ပေါ် ပေါက်လာရတဲ့ အခက်အခဲတွေ၊ ပြဿနာ တွေဆိုတာရှိတတ်တာချည့်ပါပဲ။ မဆန်းပါ ဘူး။ ပြဿနာတစ်ခုဖြစ်တိုင်း ဖြစ်တိုင်းမှာ အဲဒီပြဿနာကို ဖြေရှင်းကျော်လွှားနိုင်မယ့် အဖြေနည်းလမ်းဆိုတာတစ်ပါ တည်းကပ်ပါ လာလေ့ရှိပါတယ်။ အဲဒီအဖြေကိုရှာတတ်ရင် ရှာချင်စိတ်ရှိရင်မလွယ်ပေမယ့် တွေ့နိုင်တယ် ဆိုတာ အသေအချာပါ။
လူမှာအကြံရှိတယ်

ပြဿနာကို ဖြေရှင်းကျော်လွှားဖို့ နည်း လမ်းအဖုံဖုံကိုစဉ်းစားကြံဆရင်းနဲ့ လူသား တွေဟာ လက်ရှိအနေ အထားကိုရောက်တဲ့ အထိ တိုးတက်လာခဲ့ကြတာဖြစ်ပါတယ်။ အာခီမီးဒီးတို့၊ နယူတန်တို့၊ အက်ဒီဆင်တို့လို အဝေးကြီးခေတ်ကသူတွေကို နမူနာ မပြဘဲ ကိုယ်တွေ့ကြုံခဲ့ရတာလေးကိုပဲပြောပြပါမယ်။ တစ်ခါတုန်းက ဘာမှဝယ်လို့မရနိုင်တဲ့ နေရာ တစ်ခုကို ရောက်သွားပါတယ်။ အဲဒီလို ရောက်ခိုက်သင်္ကြန်ပွဲတော်နဲ့ကြုံကြိုက်လေ တော့ မြန်မာတို့ထုံးစံအတိုင်းပျော်ပွဲရွှင်ပွဲ တွေလုပ်ချင်ကြပါတယ်။ဒီတော့လူတွေအချင်း ချင်းခေါင်းချင်းရိုက်ကြ၊ အကြံထုတ်ကြနဲ့နောက် ဆုံးကျတော့တီးဝိုင်းတစ်ဝိုင်းစာတူရိယာပစ္စည်း တွေအစုံအလင်ရပြီးအငြိမ့်တွေ၊ ပြဇာတ်တွေ တောင်ကနိုင်ခဲ့ကြပါတယ်။ အိုးစည်၊ ဒိုးပတ်နဲ့ သံချပ်ဝိုင်းတွေလည်းလုပ်နိုင်ခဲ့ကြပါတယ်။
လက်ဖြစ်တူရိယာ

တူရိယာဝိုင်းမှာ တယော၊ မယ်ဒလင်၊ ဒုံမင်း စတဲ့ကြိုးတပ်တူရိယာ တွေပါပါတယ်။ ဘာတွေနဲ့လုပ်တယ်ထင် ပါသလဲ။ ဂိုးလ်ဒင်း ပဖ်မုန့် သေတ္တာဘူးခွံကအသံအိုးဖြစ်ပြီး ပုဆိုးကချည်မျင်တွေကို တစ်ပင်ချင်းဆွဲ ထုတ်ပြီး တော့ လိုအပ်သလိုပြန်ကျစ်တာ တွေက တစ်ကြိုး၊ နှစ်ကြိုးဆိုတာတွေဖြစ် လာတယ်လေ။ တစ်ယောဘိုးတံ မြင်းမြီး နေရာမှာလည်း သစ်ပင်က သစ်စေးကော်နဲ့ သုတ်ထားတဲ့ ချည်မျင်တွေပဲဖြစ်ပါတယ်။ အိုးစည်ဒိုးပတ်နဲ့ ဗုံအရွယ်အစားအမျိုးမျိုး အတွက်တော့သားရေအစား သတင်းစာစက္ကူ တွေကို တစ်ရွက်ပြီး တစ်ရွက်ကော်နဲ့ ကပ်၊ ပုလင်းနဲ့လှိမ့်၊ထပ်ကပ်၊လှိမ့်နဲ့လိုချင်တဲ့ အထူ ရအောင်လုပ်ယူပါတယ်။ ပြီးသွားတော့ဒိုးပတ် အရွယ်၊ဗုံ အရွယ်ထွင်းထားတာတွေမှာ ကပ်ပြီး လျော်ကြိုးနဲ့ နာနာတုပ်လိုက်တဲ့အခါ ဗုံသံ၊ ဒိုးပတ်သံထွက်လာတော့ တာပါပဲ။ ခါးပတ္တ လား၊ သံပတ္တလားစတာတွေလည်း ဒီလိုပဲ လုပ်ယူကြပါတယ်။ စက္ကူ နဲ့လုပ်တဲ့ဗုံတွေဟာ တစ်ပွဲတီးတော့ ကောင်းကောင်းခံပါတယ်။
မီးရှိလို့မီးခိုးထွက်

လူတွေမှာ စွမ်းရည်ကိုယ်စီရှိကြပါ တယ်။ အသုံးမချဘဲထားလို့ ငုတ်နေကြ တာပါ။ ကျဉ်းထဲကြပ်ထဲရောက် လို့ ဘယ်လို မှ မတတ်နိုင်ဘူးဆိုတဲ့အခါရောက်ရင် ညှစ်ထုတ်လိုက်တိုင်း စွမ်းရည်တွေထွက်လာ လေ့ရှိပါတယ်။ အဲဒါကြောင့် ဘယ်လိုအခက် အခဲ၊ဘယ်လိုပြဿနာကိုမှ ကြောက်စရာ မလိုပါဘူး။ ရဲရဲရင်ဆိုင်ဝံ့ရင် ကျော်လွှား နိုင်မှာသေချာပါတယ်။ မီးရှိလို့မီးခိုးထွက် တယ်။ မီးခိုးထွက်လို့မီးရှိတယ်ဆိုတဲ့သဘော အတိုင်း ပြဿနာတိုင်းမှာ ဖြစ်လာရတဲ့ အကြောင်းရင်းဇစ်မြစ် ရှိမြဲဖြစ်တယ်။ အ ကြောင်းရင်းဇစ်မြစ်ကို ဘက်ပေါင်းစုံက လေ့ လာရှာဖွေရင် တစ်ချိန်ချိန်မှာတွေ့လာမှာပါ။ ဖြစ်ရတဲ့အကြောင်းရင်းကို ရှင်းလင်းဖယ် ရှားနိုင်ရင်ပြဿနာဟာ ပပျောက်သွား မှာ ဖြစ်တယ်။ အရေးကြီးတာက ပြဿနာ စတင်ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်း ရင်းကိုရှာတွေ့ဖို့ သာဖြစ်တယ်။ အဲဒီလိုရှာဖွေ ရာမှာဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကလှည့် ပတ်ကြည့်ရှုသုံးသပ်ဖို့လိုပါတယ်။ ဆန္ဒစွဲနဲ့ မကြည့်မိဖို့လည်း သတိထားရပါလိမ့်မယ်။

ပြဿနာတို့အခက်အခဲတို့ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ပြဿနာတွေ အခက်အခဲတွေကြောင့် လူစွမ်းလူစတွေတိုး တက်လာတာပါ။ ကြောက်လို့ရှောင်ပြေးရင် ပြဿနာပိုကြီးလာဖို့ပဲရှိတယ်။ ဘယ်တော့မှ ပြေလည်မှာမဟုတ်ပါဘူး။ဒါကြောင့် ''လာ မယ့်ဘေးပြေးတွေ့ပါ''လို့ တိုက်တွန်းနှိုးဆော် လိုက်ချင်ပါတယ်။

လူထုစိန်ဝင်း

[+/-]Read More...

တိုးရစ်ဗီဇာ ထုတ်ပေးရန် ရန်ကုန်ရှိယိုးဒယားသံရုံးမှတင်းကျပ်

ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးက မြန်မာနိုင်ငံသားများကို ထိုင်းပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာ၌ ယခင်ကထက် ပိုမိုတင်းကျပ် လာသည်ဟု ထိုင်းဗီဇာ လျှောက်ထားသူများက ဧရာဝတီကို ပြောသည်။

နိုင်ငံကူးလက်မှတ်အသစ် ကိုင်ဆောင်သူများ ထိုင်းဗီဇာလျှောက်ထားပါက အခြားသူများထက် ဗီဇာရရန် ပိုခက်သည်ဟု ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ခဲ့သူက ဧရာဝတီကို ပြောသည်။

အဆိုပါ ဗီဇာလျှောက်ခဲ့သူက “လူသစ်တွေအတွက် ဗီဇာလျှောက်ရတာ ပိုခက်တယ်။ အိမ်၊ ခြံ၊ ကား၊ တယ်လီဖုန်း စတဲ့ ပိုင်ဆိုင်မှုတခုခု၊ ဒါမှမဟုတ် ၃ လစာ ဘဏ်စာရင်းပြရတယ်။ ဘဏ်စာရင်းမှာ အနည်းဆုံး ကျပ် ၁၈ သိန်း ရှိဖို့လိုတယ်” ဟု ပြောသည်။

ဗီဇာလျှောက်ထားသူတိုင်းသည် ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားချိန်၌ အမေရိကန်ဒေါ်လာ ၆၀၀ ကို ဗီဇာဌာန အားပြရကြောင်းလည်း သိရသည်။

မကြာခင်က ထိုင်းနိုင်ငံသို့ရောက်လာသည့် မြန်မာပြည်သားတဦးကလည်း ရန်ကုန်ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်လွှာများကို ယခင်ကထက်ပို၍ စိစစ်လျက်ရှိပြီး စာရွက်စာတမ်းတုများဖြင့် ဗီဇာလျှောက်ထားသည်ကိုတွေ့ရှိပါက ထိုသူ၏ ဗီဇာလျှောက် ထားခွင့်ကို လအတန်ကြာ ဆိုင်းငံ့ခံရမည်ဟု ပြောသည်။

“နာဂစ်မုန်တိုင်းပြီးကတည်းက ထိုင်းသံရုံးမှာဗီဇာလျှောက်တဲ့သူ တဖြည်းဖြည်းနည်းလာတာတွေ့ရတယ်။ ကျမ သွားလျှောက် တုန်းကဆို သံရုံးကိုဗီဇာလာလျှောက်တဲ့လူ ၂ ယောက် တွေ့ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းဗီဇာများရရှိရန် ခက်ခဲလာခြင်းသည် ထိုင်းနိုင်ငံခြားရေးဌာန၏ မူဝါဒအပြောင်းအလဲ (သို့မဟုတ်) သံရုံးအာဏာပိုင်တို့၏ ဆုံးဖြတ်ချက်တို့ကြောင့်ဖြစ်နိုင်ပြီး ရှင်းလင်းစွာမသိရကြောင်း ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၏ ပထမအတွင်းဝန်ကမူ ထိုင်းဗီဇာလျှောက်ထားသည့် အစီအစဉ်များ အပြောင်းအလဲ မရှိကြောင်း ဧရာဝတီကို ပြောသည်။

“နာဂစ် ပြီးတဲ့နောက်ပိုင်းမှာလည်း ဗီဇာလျှောက်တဲ့အစီအစဉ်တွေ မပြောင်းလဲပါဘူး။ အရင်က မလျှောက်ဘူးတဲ့သူတွေ ဗီဇာလာလျှောက်ရင် ငွေကြေးပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတွေကို အရင်ပြရမှာပါ။ ဒီအတိုင်းလုပ်ခဲ့တာလည်း နှစ်အနည်းငယ် ကြာခဲ့ပါပြီ” ဟု ပထမအတွင်းဝန်က ပြောသည်။

မြန်မာ့အရေး လေ့လာသူများကမူ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံ၏စီးပွားရေးအခြေအနေ ပိုမိုဆိုးယုတ်လာ သဖြင့် မြန်မာပြည်သားအမြောက်အများ ရွှေ့ပြောင်းအခြေချမည်ကို ထိုင်းအစိုးရအနေနှင့် စိုးရိမ်မှုများရှိနိုင်သည်ဟု သုံးသပ် ကြသည်။

လွန်ခဲ့သည့်အပတ်ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတစောင်တွင် ယခုနှစ် ပထမ ၆ လအတွင်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက် ချစ်ကြည်ရေးတံတားမှ မြန်မာနိုင်ငံသား ၂၉၈၈၄၇ ဦး တရားဝင် ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ၈၆၅၁၇ ဦးသာ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အနည်းဆုံး တသန်းရှိသည်ဟုလည်း အဆိုပါ သတင်းစာက ဆိုသည်။

[+/-]Read More...

မြန်မာအမျိုးသမီးသံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာဆိုင်းငံ့ထား

လန်ဒန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ရမည့် မြန်မာအမျိုးသမီး သံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်။

အဆိုပါ မြန်မာအမျိုးသမီး သံတမန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမက် ဗိုလ်မှူးဇော်ဖြိုးဝင်း၏ ညီမဖြစ်ပြီး မကြာခင်က လန်ဒန်မြန်မာ သံရုံးမှ ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ဒေါ်နွယ်နီနေရာ၌ တာဝန်ထမ်းဆောင်မည့်သူ ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။ မည်သည့်အတွက် ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

[+/-]Read More...

ဟိုရောက်ဒီရောက် အတွေးစများ

အင်းအခုတစ်လော ကြားရတဲ့ အမိတိုင်းပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း တစ်ခုမှမကောင်းပါလားဗျာ။
စင်္ကာပူမှာအိမ်ဖော်လုပ်နေရတဲ့ မြန်မာမလေးတစ်ယောက်က ဘာမှန်းမသိဘဲ ရုတ်တရက်သေဆုံးခဲ့ရတယ်။ မြန်မာအသင်း အဖွဲ့တွေကတော့ တက်နိုင်သလောက် တက်တက်ကြွကြွလှုပ်ရှားနေပေမယ့် မြန်မာသံရုံးကတော့ သူပိုက်ဆံ မရတဲ့ကိစ္စဆိုတော့ အိပ်မောကျနေလေရဲ့။ သူများနိုင်ငံသားတွေအတွက်ကတော့ သက်ဆိုင်ရာသံရုံးဆိုတာ အားကိုးရာ နေရာတဲ့။ ကျွန်တော်တို့သံရုံးကတော့ မျက်နှာဆူပုတ်ပုတ် အခွန်ကောက်ဖို့ကလွဲပြီး ကျန်တာသူတို့ နဲ့မဆိုင်သလိုပါပဲ။

တစ်နေ့တစ်နေ့ စင်္ကာပူကိုလာတဲ့ လေယာဉ်နှစ်စင်းမှာလည်း တို့ရွှေမြန်မာတွေကြီးပါပဲ။ စလုံးတွေကတော့ ဘယ်လောက်ကြိတ်ပြီး ပျော်နေကြမလဲမသိဘူး။ ၀င်ဝင်ချင်းတစ်လ ဗွီဇာပေးတယ် ပြီးတော့ နောက်တစ်လတိုးပေးတယ် ပြီးရင်ပြန်ပေါ့။ အော်တို့ ရွှေတွေခံရတဲ့ ဖက်ကကြီးပါလား။ ၂လအတွင်း အလုပ်ရှာအလုပ်ရအောင်ရှာ မရတော့ ရတဲ့လစာနဲ့ မတန်မရာလုပ်ပေးရ။ လူမျိုး မရှိ၊ ယဉ်ကျေးမှုမရှိတဲ့ ဘာမှန်းမသိတဲ့ စင်္ကာပူရီယန်း ဆိုတဲ့အရိုင်းအစိုင်း ကောင်တွေရဲ့ အနိုင်ကျင့်မှု ညစ်ပတ်မှုတွေနဲ့ လူးလှိမ့်နေတာပဲ။ ဒီကြားထဲ စင်္ကာပူအေးဂျင့်၊ မြန်မာအေးဂျင့်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကလည်း နေ့တိုင်း မကြားချင်မှအဆုံး။ သံရုံးသွားတိုင်တော့ နင်တို့ဘာ ဖြစ်လို့ ကိုယ့်နိုင်ငံမှာမနေပဲ လျှာရှည်ပြီးလာကြသတုံးတဲ့။

ကဲ..ဒါဆို ကိုယ့်အမိတိုင်းပြည်ကို ပြန်မယ်လေ။ ဒါဆိုဘာလုပ်စားကြမတုန်း? အစိုးရ၀န်ထမ်း လုပ်မလား၊ ပုဂ္ဂုလိက ၀န်ထမ်းလုပ်မလား၊ ကိုယ်ပိုင် စီးပွားရေးလုပ်မလား? အစိုးရ၀န်ထမ်းလုပ်ဖို့က အကပ်ရှိရမယ် ချောဆီထဲ့ရမယ် အင်း အရင်းအနှီးကမသေးဘူး၊ ပဂ္ဂုလိက ၀န်ထမ်းလုပ်ဖို့က ကုမ္ပဏီတွေကလည်း ၀င်ငွေကောင်းရှာတော့ ကိုယ့်ကိုပေးဖို့က တစ်လ ၁ သိန်းဆိုတာ မသေချာဘူး။ လက်ရှိကုန်ဈေး နှုန်းနဲ့ဆိုတော့ လ္ဘက်ရည်ဖိုးတောင်အနိုင်နိုင် ကားခကိုက တစ်ကြောင်းတည်းကို ၃၀၀ ဆိုတော့၊ အဆင်မပြေဘူးဗျ။ ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ကလည်း လ္ဘက်ရည်ဆိုင်တောင် သိန်း ရာဂဏန်းအနဲဆုံးမရှိရင် အလုပ်မဖြစ် ဒါတောင်မြတ်မယ်မမြတ်ဘူးဆိုတာ မှန်းလို့မရ။

မြန်မာပြည်က မောင်ဝိတ်နဲ့ အပေါင်းအပါတစ်စု အဖမ်းခံရတယ် ဒါပေမယ့် မောင်ဝိတ်ကို မူးယစ်ဆေးရောင်းဝယ်မှုကနေ သာမာန်ဆေးသုံးစွဲမှုဖြစ်သွားတယ် (မည်သို့လုပ်လိုက်သည်မသိ) သူ့နေရာမှာ မလေးရှားနိုင်ငံသား ပီတာကို ထိုးထဲ့လိုက်တယ်။ အင်း..မြန်မာပြည်ဥပဒေ လုပ်ချင်သလိုလုပ်နေကြတာ ကမ္ဘာမှာ မြန်မာဟေ့လို့ အကောင်းနဲ့ မကြွေးကြော်နိုင်လို့ အဆိုးနဲ့ စံချိန်တင်မလို့များ လုပ်နေသလားထင်ရတယ်။

[+/-]Read More...

ဘလော့ဂ်ဖြင့် တုံ့ပြန်ရန် ဝန်ကြီးဌာနများကို တိုက်တွန်း

နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 17:04 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပြည်ပ သတင်းမီဒီယာများအား တုံ့ပြန်ချေပမည့် ဘလောဂ့်များ ဖန်တီးရေးသားမှု အားမြှင့်လုပ်ဆောင်ရန် စစ်အစိုးရက ဝန်ကြီးဌာနများအား တိုက်တွန်းထားသည်။

ဝန်ကြီးဌာနတိုင်းတွင် “Blog လုပ်ငန်း ကြီးကြပ်မှု ကော်မတီ” က အရာရှိ ကြီးငယ်မဟူ စိတ်ပါဝင်စားသူ မည်သူမဆို ပြည်ပအခြေစိုက် မီဒီယာများ၏ ထုတ်လွှင့် ရေးသားချက်များအား လက်တုံ့ပြန် ရေးသားတင်ပြရန် စီစဉ်ထားခြင်း ဖြစ်သည်၊။ ယခင် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ပရောဂျက်ကို ပြန်လည် တွန်းအားပေး အသက်သွင်းမှု ယခုပြုလုပ်လာခြင်း ဖြစ်သည်။

“ဝန်ကြီးဌာနတွေက မလုပ်မနေရဆိုပြီး အတင်းတိုက်တွန်း လုပ်တာတော့ မရှိပါဘူး။ နိုင်ငံတော်အဆင့် လုပ်တာ မဟုတ်ဘူးဗျ။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ်လုပ်တာလေ။ ကိုယ့်ဌာနနဲ့ ကိုယ် လုပ်တာပါ။ အဲလို အကြီးအကျယ် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ လှုပ်ရှားမှု တခုအနေနဲ့ပဲ ဆောင်ရွက်တာပါ” ဟု နေပြည်တော်ရှိ “စီးပွား၊ ကူးသန်း ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန” ညွန်ကြားရေးမှူး ဦးမင်းမင်း က မဇ္ဈိမကို ပြောသည်။

ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနများတွင် ဘလော့ဂ် ကြီးကြပ်ရေး ကော်မတီများ ထားရှိပြီ ဖြစ်သည်။ ကော်မတီများတွင် သက်ဆိုင်ရာဝန်ကြီးက နာယကအဖြစ် တာဝန်ယူပြီး ဒုဝန်ကြီးများ ဦးဆောင်ညွန်ကြားရေးမှူးများ ပါဝင် လုပ်ဆောင်နေရသည်။

“ဘလော့ဂ်ကတော့ ကျနော်တို့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ ICT (Information, Communication and Technology) လုပ်ငန်း လုပ်နေရတဲ့ အခါကျတော့ ICT နဲ့ ပတ်သက်ပြီးတော့ ပိုပြီး လုပ်နိုင်အောင်လို့၊ ဌာနအလိုက် ကိုယ်လုပ်နေတဲ့ တကယ့်လက်ရှိ အရှိလေးတွေကို ဘလော့ဂ်မှာ ရေးနိုင်အောင် ကျနော်တို့ သင်ထားပေးတာပါ” ဟု ဦးမင်းမင်းက ထပ်ပြောသည်။

Myanmar Today (http://myanmartodayblog.blogspot.com) ၊ ရွှေရောင်ခံစားမှု (http://testgolden.blogspot.com) တို့သည် အစိုးရ စီမံကိန်းအောက်မှ ရေးသားလာသော ဘလော့ဂ်များတွင် ပါဝင်သည်။

ဘလော့ဂ်ဒီဇိုင်း၊ တည်ဆောက်ရာတွင် တုံ့ပြန်ရေးသားမည့် သတင်း အကြောင်းအရာ၊ ကိုးကားသည့် အချက်၊ မှတ်တမ်းများ ခိုင်မာကောင်းမွန်မှု ရှိ၊ မရှိ၊ တဖက် စွပ်စွဲချက်ကို ပြန်လည် ချေပနိုင်မှုအပြင် အခြား အချက်အလက်များကိုပါ ထည့်သွင်း အမှတ်ပေးထားကာ အကောင်းဆုံး ရေးသား တင်ပြနိုင်သူကို ဆုပေးမည်ဟု ကော်မတီတခုက ကြေညာထားသည်။

ယခု ပရောဂျက်အောက် ပါဝင်ရေးသားသူများကလည်း ဘီဘီစီ၊ ဗီအိုအေ၊ အာအက်အေ၊ ဒီဗီဘီနှင့် အင်တာနက် ဝဘ်ဆိုဒ် သတင်းဌာနများမှ အသံထုတ်လွင့်ချက်များ၊ ဖော်ပြ ရေးသားချက်များအပေါ် ဖြစ်သည့် သတင်းဆောင်းပါးများအပေါ် သူတို့၏ အမြင်ဖြင့် တုံ့ပြန်ညွန်းဆို ရေးသား ဝေဖန်ထားကြသည်။

မြန်မာ ဘလော့ဂ်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာနေသူတဦးက ပြည်တွင်းဘလော့ဂ်ဂါတဦးက ယခုဘလော့ဂ်များသည် စစ်အစိုးရ၏ မီဒီယာကို မီဒီယာနှင့် တိုက်ဖျက်သွားမည့် ဝါဒဖြန့်ချီရေး စီမံကိန်း၏ တစိတ်တဒေသဟု ပြောသည်။

သို့သော် ဦးမင်းမင်းကမူ ဝါဒဖြန့် စစ်ဆင်ရေး မဟုတ်ပါဟု ငြင်းဆိုလိုက်ပြီး အိုင်တီနှင့်အကျွမ်းတဝင် ဖြစ်ရေးအတွက်သာဟု ပြောဆိုသွားသည်။

Source Mizima

[+/-]Read More...

အရပ်ဖက် အဖွဲ့အစည်းများ အားကောင်းလာစေရေး အားပေးရန် လိုသည်

မယုံကြည်နိုင်လောက်စရာ ကောင်းသည်။ မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒုက္ခသည်များက ကပ်ဘေးကျရောက် ရအပြီး ၂-လအကြာတွင် စစ်အစိုးရ အာဏာပိုင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိကြသော်လည်း ကြံ့ကြံ့ခံ၍ သူတို့၏ ဘ၀များကို ပြန်လည် တည်ဆောက်နေကြပြီ ဖြစ်သည်။
ဤနာဂစ်မုန်တိုင်းကြီးတွင် အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ လူပေါင်း ၈၄,၅၃၇ အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၅၃,၈၃၆ ပျောက်ဆုံးနေခဲ့သည်။ ဤမျှ ပြင်းထန်ဖျက်အားပြင်းလှသည့် မုန်တိုင်းကြီးကို ညွှန်းဆို၍ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (အာဆီယံ) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က " မုန်တိုင်း ကြီး၏ ဆိုးရွားပြင်းထန်လှသည့် ဒေါသကို အံတု၍ အရှုံးပေးလက်မြှောက်ရန် ငြင်းဆန်ကြသည်၊ ပြန်လည်ထရပ်မည်ဟု သံန္နိဌာန် ပြုကြသည်၊ သူတို့၏ ဘ၀အတိုင်း ပြန်လည်ရပ်တည်လာကြသည်ကို တွေ့မြင်ကြရသည်မှာ မိမိတို့အားလုံးအတွက် အမှန်တကယ် စိတ်အားတက်ကြွဖွယ်ပင် ဖြစ်ပါသည်" ဟု ဆိုခဲ့သည်။
ဤသို့ မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပေါ် ချီးကျူးပြောဆိုခဲ့သည်ကို ကြားကြရသည်မှာ အထူးဝမ်းမြောက် ဖွယ်ပင် ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ အခန်းကဏ္ဍကို ချီးကျူးပြောဆိုခဲ့ကြပြီး၊ ဤရဟန်းသံဃာ များက ပုဂ္ဂလိက အလှူရှင်များနှင့် လိုအပ်မှုရှိနေကြသည့် ဒုက္ခသည်များအကြား အရေးပါသည့်အခန်းကဏ္ဍမှနေ၍ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်း များတွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားများကိုလည်း ကျေးဇူးဆိုရခြိမ့်မည်။ ထိုသူများ၏ ၀ိုင်းဝန်းကူညီမှု များကြောင့်သာ မုန်တိုင်းသင့်ဒုက္ခသည်များအနေဖြင့် ကပ်ဘေးရောဂါများနှင့် ငတ်မွတ်ခေါင်းပါး မှုဘေးကြောင့် နောက်ထပ် ဒုတိယအကြိမ် ကြုံရဖွယ်ရှိသည့် ကပ်ဘေးဒုက္ခဆိုးကို ရှောင်လွှဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော်လည်း အမှန်တွင် မကြာသေးမီ ကာလတိုင် မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အင်အားအချိနဲ့ဆုံး အခြေအနေတွင်ရှိခဲ့ပြီး၊ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင်လည်း မဖွံ့ဖြိုး ခေါင်းမထောင်နိုင်လောက်အောင် နှိပ်ကွပ် ခံခဲ့ရသည်။ အဆက်ဆက်သော အစိုးရများကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဖယ်ရှားနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြပြီး၊ စစ်အစိုးရများ၏ အကျိုးဆောင်ပေးကြမည့် ထိန်းချုပ်ခံ အဖွဲ့အစည်းများကိုသာ ခွင့်ပြုထားခဲ့သည်။
ဤအရပ်ဖက် လူမှုအဖွဲ့အစည်းများက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ပြန်လည် နိုးကြား၍ ပေါ်ပေါက်ခဲ့ဖူး ကြသည်။ ကျောင်းသားအဖွဲ့အစည်းများ၊ သံဃာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့ အစည်းများ မိုးဦးမှိုများလို အနှံ့အပြား ပေါ်ပေါက်လာခဲ့ကြသည်။
ယခုတကြိမ်တွင်တော့ နာဂစ်မုန်တိုင်း အပြီးတွင် ပုဂ္ဂလိက စေတနာအလှူရှင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ အများအပြား ပေါ်ပေါက်လာကြသည်။ နာမည်ကြီး အနုပညာသည်များ၊ သတင်းမီဒီယာ အုပ်စုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူပေး ရေး အဖွဲ့များကလည်း စိတ်တူကိုယ်တူ လူထုများနှင့် စုပေါင်းဖွဲ့စည်း၍ ကယ်ဆယ်ရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။
သို့သော်လည်း ယနေ့ကာလတိုင် စစ်အစိုးရ အာဏာပိုင်များက လွတ်လပ်သည့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများကို စောင့်ကြည့်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရက မျက်နှာသာပေးမှ ပိုမိုလွတ်လပ် စွာ ဆောင်ရွက် ခွင့်ရနိုင်သည့် အခြေအနေလည်း ရှိနေသည်။
စစ်အစိုးရ ခေါင်းဆောင်များအတွင်း ယခုအချိန်တိုင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက် ရန်အတွက်လည်း စိတ်ဆန္ဒ မတွေ့ကြရသေးပေ။ ပြုပြင်ပြောင်းလဲရေးကိစ္စများ လုပ်ဆောင်ကြရမည့်အစား မြန်မာစစ်ဗိုလ် ချုပ်များက တက်ကြွလှုပ်ရှားသူများကို ဆက် လက်ဖမ်းဆီးခြင်း၊ လူထုများ၏ အခွင့်အရေးများ ဆက်လက်ချိုးဖောက်နေ ခြင်း၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု ပြည်သူများကို ဖိနှိပ်နေကြခြင်းများ ဆက်လက်ဆောင်ရွက်နေကြပြီး ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အပြေးအလွှား စီစဉ်နေလျှက် ရှိသည်။
အရပ်ဖက်လူမှုအဖွဲ့အစည်းများကမူ လူထုအများ၏ မျှော်လင့်ချက်များ ပြန်လည်၍ ပျိုးထောင်မြှင့်တင်ပေးရန်၊ တရားမျှတမှု၊ ဗဟုဝါဒ လူ့အဖွဲ့အစည်း၊ နောက်ဆုံး ဒီမိုကရေစီရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက စွမ်းဆောင်နိုင်ကြောင်း အထင် ကြီးရလောက်အောင် လက်တွေ့သက်သေပြနိုင်ခဲ့ကြသည်။ သို့သော်လည်း ဤအဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်မှု ပေးရန်၊ မြေတောင်မြှောက် အားပေးရန်နှင့် ကျယ်ပြန့် သည့် ပို၍ စနစ်တကျစုစည်းမှုရှိသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် တာဝန်မည်သူယူပါမည်နည်း။ ဤမေးခွန်းအတွက် အဖြေမရှိသေးပါ။
ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့အနေဖြင့် စစ်အစိုးရနှင့် ပူးတွဲ၍ ရေတိုကာလ ပြဿနာများဖြစ်သည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး၊ အစားအစာနှင့် အမိုးအကာ ရရှိရေး၊ နောက်ထပ် အသက်များသေဆုံးရသည့် ကပ်ဘေးများ ထပ်မံ မကြုံစေရေး စသဖြင့် နိုင်စွမ်းသမျှ ကူညီဖြေရှင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အကူအညီများ ရရှိရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းကြရန် မှန်သော်လည်း၊ နိုင်ငံရေးအရ သင့်မြတ်ပြေလည်မှုရစေရေး အတွက်လည်း ဆက်လက်ကြိုးပမ်းရန် လိုအပ်ပါသည်။
ရေရှည် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စအများ၌ ပိုမိုခိုင်မာ အင်အားကောင်း သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရေးကိုလည်း အရေးပေး အကောင်အထည်ဖော်ရန် လိုအပ်နေပါ သည်။ သို့မှသာ ကြုံတွေ့ရဖွယ်ရှိနေသည့် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများကို ကျော်လွှားနိုင်ကြဖွယ် ရှိပါတော့သည်။

[+/-]Read More...

ကမ္ဘာ့မြို့ကြီးသားများအတွက် ကြာပွင့်မြို့တော်ပုံစံများ


ရာသီဥတုများ ပြောင်းလဲလာမှုကြောင့် ဒုက္ခသည်ဘ၀ရောက်ရှိနိုင်သည့် ကမ္ဘာ့မြို့ကြီးသားများအတွက် လူ ၅၀၀၀၀ ခန့်စီနေထိုင်နိုင်သည့် ရေပေါ်မြို့ပုံစံကို ဘယ်လ်ဂျီယံဗိသုကာဗင်းဆင့်ကာလီဗော့တ်က ပြသခဲ့သည်။

ယခုရာစုနှစ်အကုန်တွင် လန်ဒန်၊ နယူးယောက်၊ တိုကျိုအပါအ၀င် ကမ္ဘာ့မြို့ကြီးအများစုမှာ သမုဒ္ဒရာရေမျက်နှာပြင်မြင့်တက်လာမှုနှင့်အတူ ရေလွှမ်းမိုးမှုဒဏ်ကိုခံရနိုင်သောကြောင့် ကြိုတင်ပုံစံထုတ်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ကြာပွင့်ပုံသဏ္ဌာန်ဖန်တီးထားမည့် ယင်းမြို့ငယ်များတွင် နေအိမ်ရေလွှမ်းမိုးခံရသော ဒုက္ခသည်များ နေထိုင်နိုင်မည် ဖြစ်သည်။ ရေမည်မျှတက်လာသည်ဖြစ်စေ ရေပေါ်တွင်ပေါ်နေကာ ကိုယ်ပိုင်ရေချိုရယူမှုစနစ်ဖြင့် ရပ်တည်နိုင်မည် ဖြစ်သည်။

ကြာပွင့်မြို့တော်ဟု အမည်ပေးထားသည့် ယင်းရေပေါ်အိမ်ကြီးများ၏အလယ်တွင် သန့်စင်သော မိုးရေကို စုဆောင်းနိုင်သောကန်ပါရှိပြီး မြောင်းငယ်သုံးခုနှင့် တောင်အတုများ ပါရှိမည်ဖြစ်သည်။ စွမ်းအင်ကို ယင်းတောင်အတုများတွင် တပ်ဆင်ထားသော ဆိုလာပြားများ၊ လေတာဘိုင်များမှ ရယူနိုင်မည်ဖြစ်သည်။

ဗိသုကာပညာရှင်ကာလီဗော့တ်က ''ဒီမြို့တော်ပုံစံဟာ ရေမျက်နှာပြင်မြင့်တက်လာမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။ ကုန်းတစ်ဝက်၊ ရေတစ်ဝက်မြို့မှာ လမ်းတွေ၊ ကားတွေရှိမှာမဟုတ်ပါဘူး။ မြို့တစ်ခုလုံးမှာ အပင်တွေ၊ ဥယျာဉ်တွေနဲ့ နေအိမ်တွေပဲရှိမှာပါ'' ဟု ပြောကြားခဲ့သည်။

ယမန်နှစ်က နိုဗယ်ဆုရရှိခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂကျောထောက်နောက်ခံပြု နိုင်ငံစုံအဖွဲ့ကြီး IPCC ၏ ခန့်မှန်းမှုအရ ရေမျက်နှာပြင်သည် ၂၁၀၀ ပြည့်နှစ်တွင် ပျမ်းမျစင်တီမီတာ ၅၀ အထိ တက်လာနိုင်ပြီး ကမ်းရိုးတန်းဒေသအများစုမှာ ရေလွှမ်းနိုင်သည့်အနေအထားတွင် ရှိနေကြောင်း သုံးသပ်ထားသည်။ အရှေ့တောင်အာရှမြေနိမ့်ပိုင်းကမ်းရိုးတန်းဒေသများသည်လည်း ရေလွှမ်းမိုးမည့် အန္တရာယ်ကြုံရနိုင်သည်။

[+/-]Read More...