Web၀န်ဆောင်မှုအခြေခံအဆောက်အအုံAppEngineကိုGoogleမှလွတ်တင်

Web applications တွေ တည်ဆောက်လည်ပတ်ဖို့ရာ အွန်လိုင်း development ၀န်းကျင်ဖြစ်သော Google App Engine ရဲ့ အစမ်း Beta ကို Google မှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ပထမဆုံး Sing up လုပ်သူအယောက် တစ်သောင်းက အခမဲ့ ရရှိမယ်။ Goolge မှ ၄င်းရဲ့ ကိုယ်ပိုင် applications တွေအတွက် သုံးစွဲခဲ့ရာ တူညီသော တည်ဆောက်ရေး အုတ်မြစ် များပဲ ဖြစ်ပါတယ်။ Online storage အတွက် Google’s BigTable database, Google File System Processing နဲ့ အခြားလိုသမျှ ၀န်ဆောင်မှုများစွာ ပါရှိပါတယ်။ ၀န်အားနဲ့ ဒေတာပမာဏ ကြီးမားစဉ်အခါမှတောင် ယုံကြည်အားထားစွာ run မယ့် applications များ တည်ဆောက်ဖို့ ပိုလွယ်လာပါမယ်။
အလားတူ အွန်လိုင်းဝန်ဆောင်မှုများဖြစ်သော Amazon ရဲ့ Elastic Compute Cloud (EC2) နဲ့ Sales force.com ရဲ့ App Exchange တို့အပေါ် ပြိုင်ဆိုင်မှုဖိအားပေးလာစရာ ရှိပါတယ်။ အကြိုစမ်းသပ်ကာလအတွင်း storage အတွက် 200 million megacycles, band width per day အတွက် 10 GB, e-mails per day 2000 အကန့်အသတ် ရှိတယ်။ ထိုပမာဏဖြင့် ဆိုလျှင် Google App Engine applications တွေဟာ တစ်လစာမျက်နှာ ကြည့်ရှုသူ ၅ သန်း ထောက်ပံ့နိုင်မယ်။ Amazon Web services တွေက သီးခြားစီ အသုံးပြုနိုင်ပြီး Google App Engine ကတော့ ပိုပြီးပေါင်းစပ် စုစည်းထားတဲ့ platform အသွင်ပိုပေါက်ပါတယ်။
App Engine ပရိုဂရမ်တွေကို Python ဘာသာစကားနဲ့ ရေးသားနိုင်မယ်။ အနာဂတ်မှာတော့ အခြားဘာသာစကားတွေပါ အထောက်အပံ့ ရလာမယ်။ အကြို preview ကာလ ကျော်လွန်သွားရင် သုံးသလောက်ပေး pay-as-you-go အခကြေးငွေ ကောက်ခံမယ်။ ဒီ Developer တွေမှ သူတို့ရဲ့ Web applications အတွင်း ထိုဝန်ဆောင်မှုကို ထည့်သွင်းသုံးစွဲလာကြတဲ့အခါ ထို service နဲ့ Adseuse မှ ၀င်ငွေရလာမယ်လို့ Google က မျှော်လင့်ထားတယ်။ ဒါပေမယ့် ထိုဝန်ဆောင်မှုက တကယ့်ပြန်ရချက်ဟာ သွယ်ဝိုက်သောအားဖြင့်ပဲ ဖြစ်လိမ့်မယ်။
အဓိက စေ့ဆော်တိုက်တွန်းချက်က web ကို platform အသွင်ဖြစ်စေပြီး ရှေ့သို့တိုးပြီး ကြီးထွားပြန့်ပွားစေဖို့။ Developer တွေက web applications တွေတည်ဆောက်ရပိုလွယ်လာရင် applications တွေ ပိုများလာမယ်။ Users တွေကို Web သို့ ပိုဆွဲဆောင်ပြီး Google ကိုလည်းကူညီနိုင်လိမ့်မယ် ဖြစ်ပါတယ်။

[+/-]Read More...

ဆေးပညာရပ် စိတ်ဝင်စားသူများအတွက် ဆေးသိပ္ပံ ပညာရပ် တက်ရောက်နိုင်

ဇီဝဆေးသိပ္ပံ ပညာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် အင်္ဂလန်နိုင်ငံ University of Bardford က ချီးမြှင့်မယ့် B.Sc (Hons) in Biomedical Sciences ဘွဲ့ကို စင်ကာပူမှာ တက်ရောက်နိုင်ပါတယ်။ သည်ပရိုဂရမ်ဟာ ဆေးသိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး သင်ယူလိုသူများအတွက် First Class Honor Degree ပေးမှာ ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု ဒီဂရီ တစ်ခုဖြစ်ပါတယ်။ သည်ပရိုဂရမ်ကို စင်ကာပူနိုင်ငံ Management Development Institute of Singapore မှာ တက်ရောက်ရမှာဖြစ်ပါတယ်။ ဇီဝဆေးသိပ္ပံပညာရပ်ကို မြန်မာနိုင်ငံက အဆင့်မြင့်တန်း အောင်မြင်ပြီးသူ သို့မဟုတ် GCE 'O' Level ဖြေဆိုအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးသိပ္ပံ ပညာရပ်ဆိုင်ရာ ဘွဲ့ရရှိ ထားသူတွေအနေနဲ့ ဘာသာရပ်ဆိုင်ရာ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ် သက်သာနိုင်ကြောင်း သိရပါတယ်။ ဇီဝဆေးသိပ္ပံ အကြောင်းကို Smart Resources Co., Ltd က ဇူလိုင်လမှာ ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်ကြောင်းသိရသည်။
Ref: modern weekly, 20 june 08

Singapore Education Guide Book အင်တာနက် ကဖေးများတွင် ၀ယ်ယူရရှိနိင်

Singapore Education Guide Book ကို 1. Spider Web Cyber Cafe (ဒဂုံ-၁ ကျောင်းရှေ့ ၊ န၀ဒေးလမ်း၊ ဒဂုံ)၊ 2. Sky Net( ဒဂုံစင်တာ၊ မြေနီကုန်း၊ 3. Net Sky (ဘားလမ်း၊ ဆူးလေ)၊ 4.Cyber Corner ( Mr.Brown cafe အပေါ်ထပ်၊ အင်းစိန်လမ်းမ၊ လှည်းတန်း)၊ 5.Wi Fi ( ဘူတာရုံလမ်း မှတ်တိုင်အနီး၊ အင်စိန်လမ်း)၊ 6. Saytaman - စေတမန် cyber cafe (တိုက် - ၁၊ အခန်း - ၁၊ လှိုင်မြင့်မိုရ်အိမ်ရာ) တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။

[+/-]Read More...

မြန်မာနိုင်ငံ၏ ဗြူရိုကရေစီ ကပ်ဘေး

မကြာသေးမီက မြန်မာစစ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ သွားရောက်အကူအညီ ပေးခွင့်ကို ထပ်မံ ပိတ်ပင်လိုက်ပြန်သည်။ ဤအခြအနေက မြန်မာနိုင်ငံအနေဖြင့် ကျရှုံးနိုင်ငံ (failed state) တခုအဖြစ်သို့ နစ်မြုပ် ကျဆင်းဖွယ် အခြေအနေကို ထပ်မံဖော်ပြလိုက်သည့် ၀မ်းနည်းဖွယ် သက်သေပြချက်တခု ဖြစ်နေတော့သည်။

ဇွန်လ ၉ ရက်နေ့က မြန်မာစစ်ဗိုလ်ချုပ်များက ဗြူရိုကရေစီကန့်သတ်ချက်အသစ်များ ထပ်မံချမှတ်၍ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ အကူအညီများ မရောက်နိုင်ရန် ထပ်မံ၍ ချုပ်ချယ်ခဲ့ပြန်သည်။ ဤလမ်းညွှန်ချက်အသစ်များအရ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များ အားလုံးသည် ခရီးသွားလာရန်နှင့် အကူအညီပေးရန် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများမှ သီးသန့်ခွင့်ပြုချက်များ ကြိုတင်၍ တောင်းခံရမည်ဟု ဆိုထားပြန်သည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများတွင် တာဝန်ယူနေကြသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာနတို့မှ တရားဝင်ခွင့်ပြုချက် လက်မှတ်များ ရယူကြရမည် ဖြစ်သည်။

မြန်မာအဖွဲ့အစည်းများသည်လည်း ဒေသခံ အာဏာပိုင်များ၊ ရဲများ၊ စစ်တပ် စစ်ဆေးရေးဂိတ်များနှင့် ကြုံတွေ့ဆက်ဆံနေ ကြရပြီး၊ ထိုသူများက နောက်ကွယ်တွင် လာဘ်တောင်းခံသည်နှင့်လည်း မကြာခဏဆိုသလို ကြုံနေရပြန်သည်။

တပ်မ (၆၆) နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်များကိုလည်း ဥပဒေစည်းကြပ်ရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသ တွင် တာဝန်ပေးခဲ့ပြီး၊ ယခုအခါ ဒေသတွင်း ခရီးသွားလာရေးကိစ္စများကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထိန်းချုပ်နေ ကြပြီ ဖြစ်သည်။

တချိန်တည်းမှာပင် စစ်သားများက "ခရီးသွားလာခွင့် လက်မှတ် မရှိသူ" များကို ထိန်းသိမ်းဖမ်းဆီးခြင်းများ ပြုနေပြီး၊ မေလ ၂-၃ မုန်တိုင်းတိုက်ခတ်ပြီးစဉ် ကာလများကတည်းကစ၍ အရဲစွန့် ကူညီပေးခဲ့ကြသူများကိုလည်း ဖမ်းဆီးနေကြပြန်သည်။ နာမည်ကြီး အနုပညာရှင်တဦးဖြစ်သူနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သူ ကိုဇာဂနာမှာ မြစ်ဝကျွန်းပေါ်ဒေသ အတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်နေခဲ့သူတဦး ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှ စ၍ ဖမ်းဆီး အကျဉ်းချခံထား ခံခဲ့ရသည်။

အလားတူပင်၊ ယခင် အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေးမှာလည်း မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး အကူအညီများ ဝေငှပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။ တနေ့တည်း မှာပင် "သေဆုံးသူများကို မြှုပ်နှံပေးသူအုပ်စု" ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားကြသည့် အဖွဲ့မှ အခြားစေတနာ ၀န်ထမ်း ကယ်ဆယ်ရေးလုပ်သား ၇ ဦးလည်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ မြှုပ်နှံပေးပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။

ယနေ့တိုင် စစ်အစိုးရက ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ သူတို့၏ မိသားစုဝင်များကလည်း ပျောက်ဆုံးသွားကြသူများအတွက် စိုးရိမ်ပူပန်နေကြရပါသည်။

လေ့လာသူများက သုံးသပ်ကြသည်မှာ ဤသို့ဖမ်းဆီးမှုများသည် ပြည်တွင်းမှ ကိုဇာဂနာကဲ့သို့သော လေးစားဖွယ် ရှိသူများ၊ လူအများ ယုံကြည်ခံရသူများထံသို့ ပြည်ပရှိ မြန်မာလူမျိုးများနှင့် နိုင်ငံတကာမှ ပံ့ပိုးလှူဒါန်းသူများက ငွေကြေးများ ဆက် လက်ထောက်ပံ့ပေးပို့နေသည်နှင့် စပ်ဆိုင်မှု ရှိမည်ဟု ယူဆကြပါသည်။ ထိုသူများက အစိုးရဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့များထံသို့ မလှူဒါန်းကြဘဲ အောက်ခြေလူထုအဖွဲ့များထံသို့သာ လှူဒါန်းလိုကြသည်ကို အစိုးရက မကြည်ဖြူဖြစ်နေပုံ လည်း ရှိပါသည်။

အစိုးရ၏ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ၌ ပြည်တွင်းမှ လှူဒါန်းမှု များအားလုံးသည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မီတီ၊ သို့မဟုတ် ၎င်း၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများသို့သာ လှူဒါန်းရမည်ဟုလည်း ဖော်ပြထားခဲ့သည်။

ယခုအခါ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အလှူရှင်အများစုက ပြောကြရာတွင် အစိုးရ၏ အတားအဆီး အကန့်အသတ်များ၊ အညိုအညင်ပေးမှုများကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သူတို့ စိတ်ကုန်နေကြပြီဟု ဆိုလာခဲ့သည်။

ဤအခြေအနေများအောက်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက အရေးပါသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအဖြစ် ပို၍ တက်ကြွသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။ ၎င်းရဟန်းတော်များက ပုဂ္ဂလိကအလှူရှင်များနှင့် အမှန် တကယ် လိုအပ်နေသူများအကြား ကြားခံအဖြစ် ပေါင်းကူးဆောင်ရွက်ပေးနေကြသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှာ မေလ ၂-၃ ရက်နေ့များ၊ မုန်တိုင်းတိုက်ခတ်ပြီးချိန် ကာလမှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် စောင့်ရှောက် ရေးစခန်းများအဖြစ် ခိုလှုံခွင့်ပေးထားခဲ့ကြသည်။ အစိုးရဌာနများက လျစ်လျူရှုထားကြသည့် အချိန်၌ ဒုက္ခရောက်လာသူ များက ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံရာ နေစရာ၊ အစားအသောက်၊ ဆေးဝါးကုသမှုနှင့် နွေးထွေးမှု အကြင်နာ တရားတို့ကို ရရှိခံစားနိုင်ခဲ့ကြသည်။

ပို၍ စိုးရိမ်ဖွယ် ရှိနေသောကိစ္စတခုမှာ၊ အကယ်၍ မြစ်ဝကျွန်းပေါ်ဒေသတွင် ဆန်စပါးစိုက်ပျိုးရေးအတွက် လယ်သမားများ သာ အချိန်မီ ပြန်မစတင်နိုင်ခဲ့ပါက ယခုနှစ်တွင် ဆန်စပါးရှားပါး ပြတ်တောက်မှု ကြုံရနိုင်သေးသည့် အခြေအနေ ဖြစ်သည်။ စပါးစိုက်ရာသီမှာ ဇွန်လဆန်းပိုင်းတွင် စတင်လေ့ရှိကြပြီး၊ ကျွဲနွားများသုံး၍ ထွန်ယက် စိုက်ပျိုးကာ အောက်တိုဘာလတွင် ရိတ်သိမ်းလေ့ရှိကြသည်။ အခုအချိန်တွင် စပါးစိုက်ရန် အချိန်လွန်နေခဲ့ပြီဟု ကျွမ်းကျင်သူများကလည်း သတိပေးနေကြ သည်။

မြန်မာ စစ်အစိုးရက အတောမသတ်နိုင်သည့် ဟန့်တားမှုများ၊ ဗြူရိုကရေစီအရ တင်းကျပ်မှုများ၊ ပိတ်ဆို့မှုများ ဆက်လက် ဆောင်ရွက်နေသောကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအတွက် ထူထောင်ရေးလုပ်ငန်းများ ပို၍ အခက်အခဲ ဖြစ်နေစေရာ ဒုက္ခသည်များမှာ များမကြာမီကာလတွင် ထိုင်းနိုင်ငံတွင်းသို့ အစုအပြုံလိုက်ဝင်ရောက် ခိုလှုံကြတော့မည့် အရေးကို တွေး၍ အမှန်တကယ် ရင်မအေးဖွယ် ဖြစ်နေကြရပြီ။ ဤသို့သာ စစ်အစိုးရက တာဝန်မဲ့ ဆက်လက်၍ ဆောင်ရွက် နေပါက မူလကတည်းက ဆင်းရဲတွင်းနက်နေရသည့် မြန်မာ နိုင်ငံအဖို့၊ ပိုမို ပြင်းထန်သည့် လူမှုရေး၊ စီးပွားရေး ကပ်ဘေး ဒုက္ခများ ချောက်တွင်းသို့ ထိုးကျဆင်းရဖွယ် ရှိနေပါတော့သည်။


ရဲနည်ရေးသားသည့် Burma's Bureaucratic Abyss ကို ဆီလျော်အောင် ပြန်ဆိုပါသည်။


[+/-]Read More...

ဟန်လုပ်ခဲ့သမျှ ဘူးပေါ်ခဲ့ရသည့် မြန်မာ့တပ်မတော်

ဆယ်စုနှစ် ၂ ခုကြာမျှ တပ်မတော်အင်အားကြီးထွားရေးအတွက် စစ်အစိုးရက ကျားကုတ်ကျားခဲ လုံးပမ်းနေခဲ့သော်လည်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် အမိန့်ပေးစနစ်မှစ၍ အောက်ခြေဖွဲ့စည်းပုံများအားလုံး၏ အရာမထင်ဖြစ်နေရသေး သော အခြေအနေများကို မြင်သာစေခဲ့ပြီဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များက လက်နက်ဆန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် ခေတ်မီတပ်မတော်ကြီး တည်ဆောက်လို ကြသည်။ သို့သော်လည်း လွန်ခဲ့သည့်လက သဘာဝကပ်ဘေးဒုက္ခကြီး ကျရောက်ခဲ့ရာတွင် စစ်ခေါင်းဆောင်များက သူတို့၏ စစ်တပ်ကို နှိုး၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသုံးမပြုနိုင် ဖြစ်ခဲ့ရသည်။ ဂျက်တိုက်လေယာဉ်များ မဆိုထားနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း သင့်ခဲ့ရသူ ဒုက္ခသည်ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရဟတ်ယာဉ်များနှင့် စစ်သင်္ဘောများပင် အလုံအလောက် ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိပါ။

မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၂ ရက်၊ ၃ ရက်နေ့များတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ဖျက်ဆီးခဲ့ပြီးသည့်နောက် ရက်အနည်းငယ်ကြာသည့်တိုင် အကူအညီပေးရန် လာကြသည့် စစ်သားများကို မမြင်တွေ့ခဲ့ကြရပါ။ တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များထံမှလည်း မည်သည့်အမိန့်မျှ မရရှိခဲ့ကြပါ။

မြန်မာနိုင်ငံ၏ မှတ်မိသိရှိနိုင်သမျှသော သမိုင်းတလျှောက် အကြီးမားဆုံး မုန်တိုင်းကြီးတိုက်ခတ် ဖျက်ဆီးခံရသည့်တိုင် မြန်မာ့တပ်မတော်၏ စစ်သားများမှာ သူတို့၏ စစ်တန်းလျားများအတွင်း၌သော်လည်းကောင်း၊ တိုင်းရင်းသား သူပုန် အင်အားစုများနှင့် ဆင်နွှဲနေသည့် ချေမှုန်းရေး စစ်ပွဲများ၏ ရှေ့တန်းစစ်မျက်နှာတွင်လည်းကောင်း မည်သို့မျှ မသက်ဆိုင်သလို ရှိနေခဲ့ကြသည်။


သို့သော်လည်း တချို့က စစ်တပ်အနေနှင့် ဤသို့ လုံးဝလှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေခြင်းမှာ စစ်အစိုးရ ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ဖြင့် ညွှန်ကြားချက်မပေးဘဲ လေဘေးဒုက္ခသည်များကို သူတို့ဘာသာ ရုန်းကန်ကြစေရန် ပစ်ထားလိုခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း အမြင့်ပိုင်းဌာနများ၌ ဆက်သွယ်ရေးစနစ်များနှင့် အမိန့်ပေးစနစ်များ ပြတ်တောက် ခဲ့ပုံရပါသည်။

မည်သို့ပင် တွက်ချက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ အမျိုးသားဘဏ္ဍာ အများစုကို ရရှိသုံးစွဲနေကြသည့် တပ်မတော်တခုထံမှ မျှော်လင့်ထားနိုင်သည့် တုန့်ပြန်မှု မဟုတ်ပါ။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာ့တပ်မတော်ကို အလျင်အမြန်တိုးချဲ့လာနေမှုကြောင့် အိမ်နီးချင်းနိုင်ငံများက စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်နေခဲ့ရသည်။

မြန်မာ့တပ်မတော်ကို ၁၉၈၈ ခုနှစ်မှ စတင်၍ တိုးချဲ့ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၀ က မြန်မာ့တပ်မတော်၏ အင်အားမှာ ၁၈၀၀၀၀ သာရှိပြီး ယခုအချိန်တွင် အင်အား ၄၀၀၀၀၀ နီးပါး ရှိနေပြီဟု ယုံကြည်ရသည်။

ယန္တယား ရုပ်ဝတ္ထုပစ္စည်း အနေအထားအရလည်း များစွာ ပို၍ ပိုင်ဆိုင်လာနေခဲ့ပြီ ဖြစ်သည်။ တင့်ကားများ၊ ဂျက်တိုက် လေယာဉ်များ၊ စစ်သင်္ဘောများကို စစ်အစိုးရအားထားနေရသည့် တရုတ်၊ ရုရှား၊ စင်္ကာပူ၊ ပိုလန်၊ ယူကရိန်း၊ အစ္စရေးလ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများမှ ၀ယ်ယူဖြည့်ဆည်းခဲ့ကြသည်။

၁၉၈၈ ခုနှစ်က မြန်မာ့ရေတပ်တွင် စစ်သင်္ဘော အစီး ၁၀၀ ခန့်သာ ရှိပြီး အများစုမှာ အိုမင်း ပျက်စီးနေပြီဖြစ်သည်။ ယခုအခါ ဗျူဟာစစ်ရေယာဉ်စုဟုခေါ်သည့် ဖယ်ရီဂိတ်တိုက်သင်္ဘောများ၊ ကမ်းရိုးတန်း သွား စစ်ရေယာဉ်များ၊ မြစ်တွင်း တိုက်ရေ ယာဉ်များ၊ ကမ်းတက်ယာဉ်များကို တရုတ်နှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့မှ ၀ယ်ယူ ဖြည့်ဆည်းခဲ့ကြသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ရှည်လျားလှသည့် ကမ်းရိုးတန်းတလျှောက်တွင် စစ်တွေ၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်၊ မြိတ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၌ ရေတပ် စခန်းဌာနချုပ်များ ဖွင့်လှစ်ကာ စောင့်ကြပ်နေနိုင်ပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ်မှစတင်၍ လေတပ်ကိုလည်း အလျင်အမြန် တိုးချဲ့လာခဲ့သည်။

၁၉၈၀ ပြည့်နှစ်များက မြန်မာ့လေတပ်၏ ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ် အများစုမှာ ပျံသန်း၍ မရကြပါ။ ကရင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်နယ်ရှိ သူပုန်နှိမ်နင်းရေး တို့အတွက်ပင် ပြုပြင်မွမ်းမံထားသည့် အမောင်းသင်လေယာဉ် များကို သုံး၍ ပံ့ပိုးခဲ့ကြရသည်။

၁၉၈၈ ခုနှစ်မှစတင်၍ မြန်မာ့လေတပ်ကို ခေတ်မီစေရေးအတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ စစ်လေယာဉ်သစ်များ ၀ယ်ယူ ဖြည့်ဆည်းခဲ့ကြသည်။

စစ်အစိုးရက ရုရှားနိုင်ငံလုပ် အမ်အိုင်ဂျီ-၂၁ နှင့် အဆင့်ညီသော အက်ဖ်-၇ ဂျက်တိုက်လေယာဉ်များ၊ အေ-၅ စီ အမျိုးအစား လေကြောင်းအကူနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံမှ အမ်အိုင်-၇၊ အမ်အိုင်-၁၂၊ အမ်အိုင်-၂၊ အမ်အိုင်-၈ ရဟတ်ယာဉ် များလည်း ၀ယ်ယူခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် မြန်မာ့လေတပ်က ရုရှားနိုင်ငံမှ အမ်အိုင်ဂျီ-၂၉ အမျိုးအစား ဂျက်တိုက်လေယာဉ် တအုပ်ကိုပင် ၀ယ်ယူခဲ့ကြသေးသည်။

ဤတိုးချဲ့ထားသော လေယာဉ်များကို စီမံထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံတ၀န်းတွင် လိုအပ်သည့် စစ်အပိုပစ္စည်းများ ရရှိစေရန် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ လေတပ်စခန်းဌာနချုပ်များ တိုးချဲ့တည်ဆောက်ထားခဲ့ကြသည်။ မြန်မာ လေတပ်က အမိန့်ပေးစနစ်သစ်နှင့် ထိန်းချုပ်မှု စနစ်သစ်ကိုပင် စတင်ကျင့်သုံးခဲ့ပြီး လေယာဉ်မှူးများနှင့် မြေပြင်အကူတပ်ဖွဲ့ များကို လေ့ကျင့်မှု အမျိုးမျိုး ပေးခဲ့ကြသည်။

ဤသို့ အဆင့်မြှင့်ခဲ့သော်လည်း လေ့လာသူများက မြန်မာ့တပ်မတော် (လေ) နှင့် (ရေ) အနေဖြင့် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာမျိုးစုံ ကြုံတွေ့နေရသည်ဟု သုံးသပ်ကြသည်။ လိုအပ်သည့် စက်အပိုအစိတ်အပိုင်းများ မရရှိနိုင်ကြသကဲ့သို့ လောင်စာဆီ ရှားပါးမှု၊ နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှားယွင်းမှုများ အဖုံဖုံ တွေ့ကြုံနေရသည်ဟု ဆိုသည်။ ဂျက်တိုက် လေယာဉ်များနှင့် ရဟတ်ယာဉ်များသည်လည်း မကြာခဏဆိုသလို ပျက်ကျ ခဲ့ကြသည်။ ပျံမရဘဲ ရပ်နားထားကြရသည် လည်း ရှိသည်။

တရားဝင်ဖော်ပြကြေညာထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အစီး ၆၀ နှင့် ဂျက်တိုက်လေယာဉ်၊ ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် ဆယ်ဂဏန်းအချို့ ရှိနေပါသည်။ သို့သော်လည်း မေလအတွင်း မြန်မာနိုင်ငံ ကပ်ဘေးဒုက္ခသင့်ခဲ့ရသည့် အချိန်တွင် ဤလေယာဉ်များ၊ ရဟတ်ယာဉ်များ ပျောက်ချင်းမလှ ပျောက်နေခဲ့ကြသည်။

လွန်ခဲ့သည့်လက မြန်မာကမ်းရိုးတန်းအနီးသို့ ပြင်သစ်စစ်သင်္ဘောနှင့် အမေရိကန် စစ်သင်္ဘောများ ကယ်ဆယ်ရေးတာဝန် ဖြင့် ကပ်လာကြချိန်တွင် မြန်မာ့တပ်မတော် (ရေ) နှင့် (လေ) တို့က မလှုပ်မရှားနိုင် ဖြစ်နေခဲ့ကြသည်။ နိုင်ငံရပ်ခြား စစ်သင်္ဘောများကို တန်ပြန်ရန်အတွက် လှုပ်ရှားမှုများ ပြုနိုင်ခြင်း မရှိခဲ့ကြသလို ကင်းထောက်လေယာဉ်များပင် ထွက်၍ ပျံသန်းထောက်လှမ်းနိုင်ခြင်း မရှိခဲ့ကြပါ။

နေပြည်တော်ရှိ ခေါင်းဆောင်များနှင့် ရေတပ်၊ လေတပ်၊ စစ်တိုင်းဌာနချုပ်များအကြားရှိ အမိန့်ပေးစနစ်မှာ လုံးဝ လေငန်းမိ၊ အကြောသေနေခြင်း မဟုတ်လျင်သော်မှ သက်ဝင်ထိရောက်မှု မရှိခဲ့သည်မှာ သေချာပါသည်။

နောက်ဆုံး စစ်အစိုးရက မြစ်ဝကျွန်းပေါ်အရေးကို ကိုင်တွယ်နိုင်ရန် လူယုံတဦးကိုလွှတ်၍ ကြီးကြပ်စေခဲ့၏။ မုန်တိုင်း တိုက်ခတ်ဖျက်ဆီး၍ တပတ်ကြာပြီးနောက်မှ ဗိုလ်မှူးချုပ်မောင်မောင်အေး ကွပ်ကဲသည့် တပ်မ-၆၆ ရောက်လာခဲ့သည်။ ဗိုလ်မှူးချုပ် မောင်မောင်အေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု ယူဆရပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့ဆန္ဒပြ ပွဲများကို ချေမှုန်း နှိမ်နင်းစဉ်ကလည်း ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့် အပတ်က စစ်အစိုးရ၏ တပ်ရာထူး အပြောင်းအလဲများ ကြေညာခဲ့ရာ တပ်မတော် (ရေ) ကာကွယ် ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးသိန်းကို အမှတ် (၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး ဤသို့ တာဝန်ပြောင်း လဲပေးအပ်ခြင်းအတွက် မည်သို့မျှ ရှင်းလင်းခြင်း မရှိခဲ့ပါ။

ထိုအချိန်မှစ၍ မြန်မာ့အရေးလေ့လာသူများနှင့် အတိုက်အခံ အင်အားစုများအကြား စစ်အာဏာရှင်များအတွင်း ရာထူး တာဝန်များ ပြောင်းလဲခဲ့ရခြင်းအတွက် ထင်ကြေးပေး သုံးသပ်မှုများ၊ ကောလာဟလများ ဖြစ်ပေါ်လာခဲ့ရသည်။

တချို့က ဒုဗိုလ်ချုပ်ကြီးစိုးသိန်းသည် မုန်တိုင်းသင့်ပြည်သူများကို ကယ်ဆယ်နိုင်ရေးအတွက် နိုင်ငံခြား သင်္ဘောများ ၀င်ရောက်ခွင့် မပြုသည့် ကိစ္စအပေါ် မကျေလည်ဟု ထင်မြင်ကြသည်။ ထိုမျှမက ဟိုင်းကြီးကျွန်းရေတပ် စခန်းဌာနချုပ်တွင် လေမုန်တိုင်းအတွင်း သေဆုံးခဲ့ကြရသည့် ရေတပ်ရဲဘော်များကို သင်္ဂြိုဟ်မြှုပ်နှံခွင့် မပြုသည့်ကိစ္စ အပေါ်တွင်လည်း သူက ဒေါသထွက်ခဲ့သည်ဟု သတင်းအရ ပြောဆိုကြပါသည်။

တချို့ကမူ အမေရိကန်နှင့် ပြင်သစ်စစ်သင်္ဘောများကို တန်ပြန်နိုင်ရန်အတွက် သင်္ဘောများ စေလွှတ်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ သည့်အပေါ် သူ၏ စွမ်းဆောင်ရည်ကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက မကျေမနပ်ဖြစ်နေကြသည် ဟု ဆိုကြသည်။ နိုင်ငံခြား စစ်သင်္ဘောများကမူ မြန်မာ့ရေပိုင်နက်အလွန်တွင် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက် စောင့်ဆိုင်းနေကြသည်။

မြန်မာတပ်မတော်အတွင်းတွင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ကာလမှစ၍ တပ်မတော် (ကြည်း) နှင့် ရေတပ်၊ လေတပ်များ အကြား မယုံသင်္ကာ သံသယများနှင့် မကျေလည်မှုများ ရှိနေခဲ့ကြသည်။ ထို ဒီမိုကရေစီ အရေးတော်ပုံတွင် ရေတပ်နှင့် လေတပ်မှ အရာရှိ၊ အကြပ်တပ်သားများ ပူးပေါင်းခဲ့ကြဖူးသည်။

မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက မကြာခဏဆိုသလို တပ်မတော်ကို ခေတ်မီ အင်အားကြီးထွားအောင် တိုးချဲ့ နေရခြင်းမှာ ပြည်ပကျူးကျော်မှုရန်ကို ကာကွယ်နိုင်ရန်အတွက်ဟု ကိုးကားပြောဆိုနေခဲ့ကြသည်။ စစ်အစိုးရခေါင်းဆောင် များက အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများ၊ အနောက်တိုင်း အင်အားကြီးနိုင်ငံများ၏ ရန်ပြု ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကိုလည်း လူသိရှင်ကြား ပြောဆိုခဲ့ကြဖူးသည်။

သို့သော် လွန်ခဲ့သည့်လက စွမ်းဆောင်နိုင်ရည်ကို ပြန်ကြည့်လျင် မြန်မာ့တပ်မတော်က ပြောဆိုမျှော်မှန်းထားသည့် တုန်လှုပ် ခြောက်ခြားဖွယ် တပ်ဖွဲ့မျိုးဖြစ်ရန် များစွာ ဝေးနေပါသေးသည်။ ကြည်း၊ ရေ၊ လေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုက ညံ့ဖျင်းလွန်းလှပြီး နောက်ဆုံး လေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိခဲ့ကြပါ။

မည်သို့ပင်ဆိုစေ လက်နက်မဲ့ သာမာန်ပြည်သူများနှင့် ဆင်းရဲတွင်းနက်နေကြသူများအတွက် တပ်မတော်သည် ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း ရှိသေးသော ဖိနှိပ်ရေးကိရိယာတခု၊ အင်အားတခု ဖြစ်နေပါသေးသည်။ သို့သော်လည်း သဘာဝကပ် ဘေး ဖြစ်စေ၊ တခြားသော ပြည်ပအန္တရာယ်ဖြစ်စေ ခြိမ်းခြောက်မှုများနှင့် ကြုံလာရလျင်မူ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် များအနေနှင့် သဘောထားကွဲလွဲနေပြီး ပူးပေါင်းဆောင်ရွက်မှု မရှိကြဘဲ ပြတ်တောက် ဆိုးရွားသည့် ဆက်သွယ်ရေးစနစ်များ ကိုသာ အားကိုးအားထား ပြုကြရရုံရှိ၍ အားလုံးအကျိုးနည်း ကြရန်သာ ရှိနေပါတော့သည်။

အောင်ဇော်ရေးသားသည့် The Tatmadaw Exposed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


[+/-]Read More...

Signs of recovery in Myanmar’s cyclone-hit delta

There are encouraging signs that the people of Myanmar are recovering, albeit slowly, in the aftermath of Cyclone Nargis which hit the country last month.

Asean field teams sent out to survey badly hit areas have reported encouraging scenes of farmers going back to what was left of their padi field, planting seeds in whatever little land they can find.

While food stocks have been depleted – with more than 45 per cent saying they have no food left or just enough food to last a day – many residents are turning to the land to scavenge for whatever food they can find.

Some, the teams reported, were hunting “water field rodents” or padi rats, spearing them in the padi fields.

Others were selling the meager possessions they had left to rebuild their business.

“This is not pretty, but it is about people making do,” one team member wrote in the reports.

These were some of the findings of the assessment teams that were jointly sent out by Asean, the Myanmar government and the United Nations after a donor conference was held in Yangon on May25.


The team’s reports were presented to the Asean Roundtable in Yangon.

Some 350 people have spent the last three weeks surveying more than 380 villages in the Irrawaddy delta, which bore the brunt of the cyclone’s fury.

They found villagers rebuilding not only their homes, but also the areas around around it. Some fill potholes in roads with rocks, grinding them down to make them level, while others are reopening roadside stalls.

Farmers have also started planting rice, tomatoes and eggpants.

“Everywhere, there is activity,” wrote one team.

“The cyclone-damaged shops are open for business; fruit hawkers line the roads and workmen busy themselves repairing smashed houses.

One team even reported people catching the latest Euro Cup 2008 matches on television, and young men strumming guitars and singing at the roadside.

The signs of recovery are a stark contrast to the alarming warnings sounded by aid agencies in the first few weeks after the disaster, when the Myanmar government had refused foreign aid.

Many experts had then warned of death tolls rising warned of death tolls rising as a result of disease, starvation and exposure to the elements. So far, it appears, the predictions have not come true.

“They’re generally okay, they’re recovering” one local journalist who did not want to be named said of survivors. “But what’s needed now is more food, clothes, shelter, everything.”

But the worst is not over despite positive developments reported by the assessment teams.

They said widespread cough, fever and diarrhoea – the most common diseases – affected at least one in three villagers surveyed.

Almost two in three lack access to clean water, and now depend on rainwater; the ponds that they used to rely on have become too salty because of the seawater.

Many farmers and fisherman have been left unemployed, their sources of income literally swept away.

Making the aid effort even more difficult is the heavy rain that continues to pour during the monsoon season, turning already muddy tracks into slush and causing floods to inundate more homes.

Aid trucks, said the assessment teams, were losing up to half a day caused by bad weather.

The local journalist also said that rural areas, such as those accessible only by boat, in particular were not getting the aid they needed because of bad weather.

All these, noted one assessment team, pointed to a slow recovery.

[+/-]Read More...

စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး (ဆောင်းပါး)

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။


၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား

တချို့ လူငယ်တွေကတော့ သူ့ရဲ့ မိဘ၊ မောင်နှမများ အားကိုးနဲ့ အမေရိကားကို အထူးသဖြင့် ပညာသင်ဖို့ ရောက်လာတာပါ။ မိဘ၊ ဦးလေးများက အမေရိကားကို စောစီးစွာ ရောက်နေတဲ့အတွက် ဂရင်းကဒ် (သို့မဟုတ်) အမေရိကန် နိုင်ငံသား ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ နှလုံးသားကို ရပြီးသူ လူငယ်ခမြာ ဘာမှ ကြိုးစားစရာ မလိုဘဲ ဖြုတ်ကနဲ ရောက်လာပါတယ်။ မြန်မာတွေ အမေရိကား ရောက်ချိန်မှာ ကိုယ့်ဆွေမျိုးစာရင်းကို အင်မီဂရေးရှင်းမှာ ရေးတင်ရတော့ သူတို့ ချစ်ခင်တဲ့ တူ၊တူမ၊ မောင်နှမ နာမည်တွေကို ကောက်ရေး ထည့်ထားလိုက်တယ်။ အဲ - တနေ့ သူအဆင်ပြေတဲ့ အချိန်တော့ အမေရိကားကို အဲဒီလူတွေ ခေါ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ခေါ်ဖို့ တင်ပေးလိုက်တာကြောင့် ဘ၀ပေးကုသိုလ် (ရှေ့ဘ၀ ကံ၊ တနည်းအားဖြင့် ဘုရားသခင် ကောင်းချီးရရှိသူ) လူငယ်များ မြန်မာတိုင်း တမက်တမော သွားချင်တဲ့ အမေရိကားကို ရောက်လာရတယ်။

သူတို့ကိုတော့ အမေရိကား အရင်ရောက်နှင့်တဲ့ အဒေါ်၊ ဦးလေး၊ အမေ၊ အမေများက ကျောင်းပဲ တက်ခိုင်းတယ်။ ဒီလူငယ်တွေကလည်း အလုပ်ပဲလုပ်ပြီး ပိုက်ဆံရချင်တယ်။ အိမ်မှာထိုင်ပြီး စားသောက်၊ ပညာသင်၊ အဒေါ်ဦးလေး ပူညံ ပြောဆိုတာတွေ၊ အိမ်အလုပ်တွေ ဘယ်လုပ်ချင်မလဲ၊ ဒီတော့ ပါးစပ် အပြောမတတ်တဲ့ အဒေါ်ဦးလေးအိမ်က ထွက်ပြီး ကိုယ်ဖာသာ အပြင်မှာနေ၊ ကျောင်းမတက်တော့ဘဲ တလကို ဒေါ်လာ၂၀၀၀ လောက် ရတဲ့အလုပ်တွေမှာ ၀င်လုပ်တယ်။ ကားကောင်း ၀ယ်စီးတယ်။ အိမ်မှာ စတီရီယို ဟိုင်ဖိုင်၊ တီဗီတွေ ၀ယ်ယူ ဇိမ်ခံပြီး လောကကျေးကွန်ဘ၀ ရောက်သွားတယ်။ Rich Dad - Poor Dad စာအုပ်ကို ဖတ်ရင် ဒီလူငယ်များ သိပ်ကြိုက်ပေါ့။ လူတိုင်း သူဌေး ဖြစ်နိုင်တယ်။ မင်းလည်း သူဌေးဖြစ်မယ်ဆိုတဲ့ အယူအဆပါ။ ဟုတ်ပါတယ်။ သူဌေးအကျင့်အတိုင်း ကျင့်နိုင်ရင်တော့ သေချာပေါက် သူဌေးဖြစ်ပါတယ်။ ဒါပေမဲ့ မိဘ၊ ဆွေမျိုးက အစိုးရ၀န်ထမ်း၊ သာမန်လုပ်ငန်းရှင်၊ သာမန်ဘွဲ့ရ မိဘရဲ့ သားသမီးက ဘယ်လိုလုပ်ပြီး သူဌေးအကျင့် ရပါမလဲ။ သူဌေး (သို့မဟုတ်) သူဌေးသားနဲ့ သွားပေါင်းရင် သူတို့ကျွန်ဘ၀ပဲ ရောက်ရုံပဲဆိုတော့ သူဌေးကျွန် မဖြစ်ချင်တဲ့ ဒီလူငယ်လဲ သူဌေးမဖြစ်ဖို့ လမ်းများပါတယ်။

ကြုံလို့ပြောရရင် အခု အမေရိကားမှာ သမ္မတလောင်း အိုဘားမား တော်တော် နာမည်ကြီးနေပါတယ်။ လူမဲအမျိုးသား ပထမဆုံးသော သမ္မတလောင်းပဲ။ ဒီမိုကရက်တစ် ပါတီကြီးက အရင် သမ္မတကတော် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး ရေပန်း အရမ်းစားနေပါတယ်။ နောက် နာမည်ကြီး လူမဲ အမျိုးသမီးကတော့ သမ္မတ ဂျော့ဘွတ်ခ်ျရဲ့ လက်စွဲ၊ အကြံပေး အရာရှိနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီစာ ရိုက်စ် ပါ။ အဲဒီလူမဲ နာမည်ကြီးတွေဟာ ငယ်စဉ်ဘ၀က အမေရိကားမှာ အနှိမ်ခံခဲ့ရပါတယ်။ သူတို့လည်း ဘ၀နာခဲ့တော့ လူဖြူတွေ လေးစားပြီး၊ တန်းတူအခွင့်အရေး ဖြစ်သွားအောင် ဘာလုပ်ရမလဲ စဉ်းစားတော့ သူတို့ရဲ့ အဖေပြောတယ် - ဆင်းရဲ၊ နှိမ့်ကျခြင်းက ထာဝရ လွတ်မြောက်အောင် "ပညာကို အစွမ်းကုန်ကြိုးစား၊ လေ့လာလိုက်စားခြင်း" တခုတည်းရှိတယ်လို့ ဆုံးမပြောဆိုခဲ့တယ်။

သူတို့ နှစ်ယောက်ကလည်း လက်ခံပြီး ငယ်ရွယ်စဉ်မှာပဲ ပညာကို ထွန်းပေါက်အောင် အရမ်းကြိုးစားတယ်။ နှိမ့်ချစွာ ဆရာကောင်းများနဲ့ ကြိုးစားတော့ အောင်မြင်မှုကို ရရှိတယ်။ အခုဆိုရင် လူဖြူတွေ ကြီးစိုးတဲ့ အမေရိကားမှာ အစိုးရ ထိပ်တန်းရာထူးတွေကို လူမည်းတွေ ရယူနိုင်ခြင်းဟာ စံပြသက်သေ ဖြစ်ပါတယ်။ ရှေးကမ္ဘာဦးကတည်းက ကြိုးစားတဲ့ သူကိုပဲ မြှောက်စားတဲ့ ပုံသက်သေ ဥပမာတွေ အများကြီးပါ။

မိဘ ဆွေမျိုးမရှိပေမဲ့လည်း ကြိုးစားချင်တဲ့ စိတ်နဲ့ အမေရိကား ထွက်လာသူ၊ ရှိပါရက် မိမိဖာသာ ကြံဖန် ကြိုးစားထွက်လာတဲ့ လူငယ်တွေ အများကြီးပါ။ ဒီနေရာမှာ အကြံတခု ပေးချင်တာကတော့ မသွားခင်မှာ အသေအချာ လေ့လာစုံစမ်းပါ။ မေးမြန်းပါ။ စနစ်ကျတဲ့ ပြင်ဆင်မှု ပြုလုပ်ပါ။

ဒါကြောင့် အမှတ်စဉ် (၁) လူငယ်များကိုတော့ ပညာကြိုးစားဘို့ တိုက်တွန်းပါတယ်။ အမေရိကားကို ဗီဇာရဖို့ မိဘဆွေမျိုး ခေါ်မဲ့လူမရှိရင် အလွယ်ကူဆုံးကတော့ Student Visa နဲ့လာပါ။ လာပြီးရင် ကျောင်း ပြီးအောင် တက်ပါ။ ငွေရတဲ့ အလုပ်တွေနောက် မလိုက်ဘဲ ကျောင်းတနှစ်ကနေ ၄ နှစ်အထိ ပြီးအောင်တက်မယ် ရဲရဲဆုံးဖြတ်ပါ။ အမေရိကားမှာ ကျောင်းတက်ရင် Part Time အလုပ်လုပ်ခွင့် ရှိပါတယ်။ မိတ်ဆွေတဦးရဲ့ ဆန်ဖရန်စစ္စကို State University မှာ အာဖရိက ဂါနာ၊ အီသီယိုးပီးယားတွေက လာရောက် ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို စကားပြောခွင့် ရပါတယ်။ သူတို့ကို တက္ကသိုယ်က တပတ်မှာ နာရီ ၂၀ အလုပ်လုပ်ခွင့် ပေးတယ်။ တက္ကသိုလ်က ဆရာတွေနဲ့လည်း အဆင်ပြေအောင်နေတော့၊ မိတ်ဆွေ တက္ကသိုယ်ဝန်ထမ်းရဲ့ ဌာနမှာပဲ အချိန်ပိုင်းဝင်လုပ်တော့ သက်သက်သာသာ ကွန်ပြူတာရှေ့ ထိုင်ပြီး တလ ဒေါ်လာ ၁၀၀၀ လောက် ရနေတယ်။ ထောက်ပံကြေး Grant ကလည်း အမေရိကားမှာ သိပ်မခက်လှဘူး။ မြန်မာဆိုရင် ပိုတောင် လွယ်သေးတယ်။ (မြန်မာတွေ စစ်အစိုးရ လက်အောက်မှာ တော်တော်ခံနေရတာ အမေရိကန်များ ဂရုဏာသက်တာ ရှိပါတယ်)။ ဒီတော့ အဲဒီကျောင်းသားတွေ အပြင် စားသောက်ဆိုင်၊ အလုပ်ရုံတွေမှာ သွားလုပ်စရာ မလိုတော့ဘူး။ သွားလုပ်ချင်ရင်လည်း အလုပ်ရှာရတာ လွယ်ပါတယ်။

Student ဗီဇာရရှိပြီး အမေရိကားကိုသာ အရင်ဝင်ခဲ့ပါ။ ကျန်တဲ့ အရာများကတော့ အမေရိကားက မြန်မာတွေကို သေချာပြောပြ အကူအညီ တောင်းရင် စာတကယ် ကြိုးစားမယ့် မြန်မာကျောင်းသားတွေကို ကူညီမယ့် အဖွဲ့အစည်း အများကြီး ရှိပါတယ်။

အပိုင်း (၁) မှာ ရေးခဲ့တာကို ဖြည့်စွက်ပြောရမယ်ဆိုရင်…

အမေရိကားမှာ H1 visa, Student visa, Business visa, Medication visa, Social Charity visa စတာတွေအနက် မြန်မာ Passport ကိုင်ဆောင်ထားသူတွေ အများဆုံး အသုံးချတဲ့ ဗီဇာကတော့ Student Visa ပါပဲ။ လူသိနည်းတဲ့ အမေရိကန် ပြည်နယ်လေးတခုက တက္ကသိုလ် တခုကို ကိုယ့်ကို ခင်မင်သူ တယောက်ရဲ့ Bank Statement တခုနဲ့ အဲဒီ တက္ကသိုလ်ရဲ့ Website ကတဆင့် ဆက်သွယ်ပြီး ကျောင်းဝင်ခွင့် တင်လိုက်ပါ။ အလွယ်တကူ ရပါတယ်။ ဘယ်တက္ကသိုလ်လဲတော့ ကိုယ်နဲ့ နီးစပ်သူတွေကို မေးပါ။ နယူးယောက်၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိ၊ ချီကာဂို စတဲ့မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေတော့ ယောင်ပြီး သွားမလျှောက်လိုက်လေနဲ့၊ ၀င်ခွင့် ရကောင်းရမယ် - အဲ ငွေကတော့ သောက်သောက်လဲ ကုန်သွားလိမ့်မယ်။

ဝင်ခွင့်ရကြောင်း တက္ကသိုလ်က တရားဝင်စာ တလ၊ နှစ်လ နဲ့ ရလိမ့်မယ်။ ရပြီးရင်တော့ စင်္ကာပူ အမေရိကန် သံရုံးကို သွားပြီး ဗီဇာလျှောက်ပေ တော့။ ဘယ်လိုလျှောက်ရမလဲဆိုတာ http://singapore.usembassy.gov/general_information.html အင်တာနက် ၀ဘ်ဆိုဒ်မှာ အသေးစိတ် ရေးထားတယ်။ အမေရိကန်ကတော့ Talent တွေအတွက် လမ်းအများကြီး ရှိတယ်။ Google, Yahoo, Microsft, .. စတဲ့ ကမ္ဘာကျော်တွေ၊ ကမ္ဘာ့ အချမ်းသားဆုံး လူတွေရဲ့ တ၀က်လောက်ကလည်း အမေရိကားမှာ နေကြတော့ သဘောပေါက်နိုင်ပါတယ်။ အဲ - ပျက်စီး၊ ကျဆုံးတဲ့လူတွေလည်း အမေရိကန်မှာ ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး လူကြီး၊ သူငယ်ချင်းကောင်း စကားနားမထောင်ဘဲ ထင်ရာ ဇွတ်လုပ်သူများအတွက်တော့ ငရဲနိုင်ငံကြီးပေါ့။

၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့ အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။

၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး

မနှစ်က စင်္ကာပူက မိတ်ဆွေတယောက် ရောက်လာပါတယ်။ သူက မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းကြီးကို ပိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် အုပ်စု အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာ ဘာမှ လုပ်စားလို့မရတော့ဘူး။ စင်္ကာပူမှာ ငွေသိပ်မကုန်ဘဲ နေထိုင်လုပ်စားဖို့ အရင် ကြိုးစားကြည့်ပါတယ်။ Investment 1 millions ပေးရင်တော့ စင်္ကာပူ ပီအာကို ချက်ချင်း ရပါတယ်။ အရင် ၁၀ နှစ်လောက်ကတော့ Investment 0.1 million ဆိုရင် အီးပီ ချက်ချင်းကျပြီး ပီအာ ဆက်တိုက် ရနိုင်ပေမယ့် အခုတော့ စင်္ကာပူက တော်တော် တိုးတက်သွားတော့ အရင်လောက် မလွယ်တော့ပါဘူး။ ဒီတော့ စင်္ကာပူမှာ ငွေ ဒေါ်လာ သိန်းချီ ရင်းနှီးမှုမရှိဘဲ စီးပွားရေးလုပ်ဖို့ကို ကြံတယ်။ ငွေဆိုတာ လူကလုပ်တာပဲ ခံယူထားတော့ နည်းလမ်းများစွာ စုံစမ်းမေးမြန်းတယ်။ ရောက်နှင့်ပြီးသား အဆင်ပြေနေတဲ့ မြန်မာ စီးပွားရေးသမားတွေကလည်း လုပ်နည်းကို မပြောပါဘူး။

ဒီတော့ မြန်မာပြည်ကို ပြန်ပြီး စင်္ကာပူမှာ အဆင်ပြေနေတဲ့ စီးပွားရေးသမားတွေအကြောင်း စုံစမ်းတယ်။ ရိပ်ရိပ်တော့ သဘောပေါက်လာတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေဟာ Talent ဖြစ်တဲ့ Entrepreneur တွေကို အရမ်းလက်ခံပါတယ်။ အမေရိကား၊ သြစတြေးလျားတွေမှာ မြန်မာ အက ကောင်းကောင်း ကတတ်ရင်၊ (ပန်တျာကျောင်းဆင်း လက်မှတ်နဲ့ သြစတြေးလျားရောက် မြန်မာအဖွဲ့အစည်းတခုက ထောက်ခံစာ) နဲ့ Migrant Visa ရတတ်ပါတယ်။ မြန်မာတွေအရင် တရုတ်၊ အိန္ဒိယ လူမျိုးတွေ လမ်းကြောင်းပြ၊ လုပ်ပြီးသွားပါပြီ။ မြန်မာတွေက Just copy and paste လုပ်လိုက်ရုံပါပဲ။ ဒီတော့ နည်းလမ်းသိသွားပြီး ကြိုးစားလိုက်တာ ၆ လအတွင်း ငွေသိပ်မကုန်ဘဲ စင်္ကာပူမှာ အခြေကျနေထိုင်ခွင့် ရသွားပါတယ်။ Entrepreneur Pass လို့ ခေါ်ပါတယ်။

စင်္ကာပူ Immigration နဲ့ Ministry of Labor / Company Registration စတဲ့ နေရာတွေကို ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရတယ်။ အိန္ဒိယက နွားနို့ကို စင်္ကာပူမှာ တင်ပို့ရောင်းချဖို့ ဆိုင်လေးဖွင့်ချင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်လေးလည်း Entrepreneur Pass ၂ နှစ် လုပ်ခွင့် ပေးတယ်။ တရုတ်ပြည်က အသက် ၄၀ လောက် သွင်းကုန်၊` ထုတ်ကုန် လုပ်ငန်း လုပ်ချင်သူကိုလည်း ပေးတာ မဟုတ်လား။ ဆိုတော့ ကျနော့် မိတ်ဆွေကြီးက မြန်မာပြည်မှာ လယ်ယာလုပ်ငန်းကို အခြေခံတဲ့ စက်မှုလုပ်ငန်း စင်္ကာပူမှာလုပ်ဖို့ တင်ပြတော့ အိုကေတယ်။

ဒီလိုကနေ ရိုးသား ကြိုးစားလုပ်ကိုင်သူတွေ အောင်မြင်လာတာ ရှိတယ်။ အဲ - မိတ်ဆွေတယောက်တော့ တွေ့ဖူးတယ်။ မြန်မာပြည်မှာ နှလုံးထီ၊ မိုးကြိုးသွား၊ ကျည်နိုင်ဆေး၊ ရွှေရှာဖွေရေး၊ ရေနံရှာဖွေရေး၊ ရေနက်ကွင်း၊ ခရီးသွားလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စသဖြင့် မြန်မာပြည်တွင်းက ပေါ်ပင် မြန်မာ စီးပွားရေးသမားများ လုပ်စဉ်အတိုင်း အကုန် လျှောက်လုပ်တယ်။ ငွေအရင်း ထုတ်ပေးချင်သူတွေကို အာဘောင်ရင်းသန်သန် ပြောရင်း အတူလုပ်၊ မိတ်ဆွေပျက်၊ စစ်တပ်၊ အာဏာပိုင်တွေနဲ့လည်း နည်းမျိုးစုံ ပေါင်းသင်း လုပ်ကိုင်ပေမယ့်လည်း သွေးသား မတော်စပ်တော့ သူတို့အထဲက အဖြစ်မရနိုင်ဘူး။ သွေးသားတော်စပ်အောင်လည်း ကိုယ်သမီးကို ပေးရလောက်အောင် သမီးလည်း မရှိ၊ ရှိအောင် ဗိုလ်ချုပ်ကြီးသားက ကြိုက်ဦးမှကိုး။

နောက်ဆုံးတော့ စင်္ကာပူရောက်လာတယ် - မြန်မာပြည်က အကျင့်ဆိုးတွေ အားလုံး ဘုရားမှာ ကပ်လှူပစ်လိုက်တော့ ၂ နှစ်အတွင်းမှာ ကြီးပွားလာတယ်။ စင်္ကာပူ ပီအာဖြစ်လာပြိး အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတယ်။ အဲ - ဒီလို အဆင်ပြေလာတော့ အရင်က ဘုရားမှာ ကပ်ထားတဲ့ အကျင့်ဆိုးတွေ ပြန်ပေါ်လာတယ်။ အခုတော့ အဆင်မပြေ ဖြစ်နေပြီ ကြားရတယ်။

အမေရိကားက ပညာတတ်သူ၊ ကျွမ်းကျင်သူ၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊ ဆရာဝန်၊ လုပ်ငန်း အသေးလေးကအစ အကြီးအထိ လုပ်နိုင်သူများကို ကြိုဆိုနေပါတယ်။ ဒီမှာတော့ Credit Card System နဲ့ အလုပ်လုပ်ပေမယ့် ဆရာဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲက တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေလိုပဲ ချမ်းသာချင်ရင် အကျင့်ကောင်းလေးတွေ ရှိရပါမယ်။ ငွေကို ငွေလို မြင်တတ်ရမယ်ဆိုတဲ့ ရှေးနှစ်ပေါင်း ၅၀၀၀ ကျော် ဘေဘီလုံခေတ်အတိုင်း အကျင့်ကောင်းလေးတွေနဲ့ ကြိုးစားရတာတော့ အဓိက အခြေခံအကြောင်းအရင်းပါ။

စိတ်နဲ့ ကိုယ် ၂ မျိုးစလုံး ချမ်းသာဖို့ ကြိုးစားသင့်ပါတယ်။ စင်္ကာပူက ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် သူ အာဏာရှိစဉ်က စင်္ကာပူ ကြွယ်ဝစေတဲ့ လူတန်းစား ၂ ရပ်အကြောင်းကို Straits Times သတင်းစာ မျက်နှာဖုံးမှာ အပြည့်၊ အတွင်းထဲမှာရော အများကြီး သူ့မိန့်ခွန်းကို ဖေါ်ပြခဲ့တယ်။ တမျိုးက CEO Corporate နဲ့ တက္ကသိုလ် ပညာတတ်အုပ်စု၊ နောက်တမျိုးကတော့ ပွဲစား၊ မြေပိုင်ရှင်၊ ငွေတိုးချေးစား၊ ကုန်စုံဆိုင်ပိုင်ရှင် အုပ်စု။ နိုင်ငံရဲ့ ကြွယ်ဝမှုဟာ အဲဒီ စိတ်ရောကိုယ်ပါ ချမ်းသာတဲ့ အုပ်စု ၂ စု လက်ထဲမှာ ရှိပါတယ်။ အစိုးရကတော့ အဲဒီအုပ်စုတွေနဲ့ ပေါင်းလုပ်နေရတဲ့ အကြောင်းပြောခဲ့တယ်။

ချမ်းသာသူတွေကတော့ ချမ်းသာနည်းစာအုပ် ရေးမှာ မဟုတ်ပေမယ့် ပညာတတ်သူတွေကတော့ သူတို့လိုပဲ ပညာတတ်စေချင်တယ်။ ချမ်းသာသူတွေကတော့ သူတို့ဆွေမျိုးတွေကိုပဲ သို့မဟုတ် ကိုယ်စေတနာ ရှိသူကိုလည်း ကိုယ်လို ချမ်းသာလာအောင် ကူညီတတ်ပါတယ်။ အဲ - ပညာတတ်ကတော့ ကိုယ့်ဆွေမျိုးသာမက ကိုယ်နဲ့နည်းစပ်သူတွေကိုလည်း ပြောပြ၊ လမ်းပြ၊ လမ်းညွန်တတ်ပါတယ်။

နောက်ဆုံးတော့ အမေရိကားမှာ Opportunity တွေ အများကြီး ရှိပါတယ်။ အမေရိကား ရောက်ပြီး အနည်းဆုံး ၅ နှစ်လောက် အချိန်ယူ ကြိုးစားရတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြောပြါပါတယ်။ ကြီးပွားတိုးတက်ဖို့ လုပ်နည်းကိုင်နည်း၊ အကြံပေးများ လိုအပ်သလို တိုက်ပွဲဝင်ဖို့အတွက် လက်နက်ကရိယာ တန်ဆာပညာတွေလည်း ၀ယ်ယူ၊ တပ်ဆင်ရပါမယ်။ Certificates တွေကတော့ အရေးကြီးဆုံးပါပဲ။ Language and American Culture ကို ကောင်းကောင်း သိနားလည်အောင် နှစ်နဲ့ချီ ကြိုးစားရပါမယ်။ ဥပမာ အမေရိကန်တွေဟာ အလုပ်အများကြီး လျှောက်မလုပ်သလို၊ စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်အားလုံး သိမ်းကျုံး မခိုင်းပါဘူး။ ဒါပေမဲ့ တခုခိုင်းရင် ခိုင်းတာကို အသေးစိတ် သေချာစွာ အောင်မြင်အောင်လုပ်တာ ကြိုက်တယ်။ မအောင်မြင်ရင်လည်း စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်ဖြုတ်၊ ဌာနပြောင်း မလုပ်ပါဘူး၊ မအောင်မြင်ရတဲ့ အကြောင်းကို သေချာ ရှင်းပြပေးရင် အိုကေပါတယ်။ Don't make the same mistake twice ကိုတော့ သတိထားပြီး အရင် မအောင်မြင်တာကို သင်္ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

အမေရိကန်မှာ မြန်မာတယောက် ၀င်လာလို့ရှိရင် ဗီဇာ ၆ လပေးပါတယ်။ နောက်ထပ် ၆ လလည်း Extension အသာတကြည် ပေးပါတယ်။ စင်္ကာပူလို စတေးကုန်လို့ အင်မီဂရေးရှင်း ပြေးပြီး Extension လုပ်ရ၊ တခါတိုးရင် ၂ ပတ်ပဲ ရတယ်။ ၃ ခါတိုးပေးပြီးရင် အင်မီဂရေးရှင်း အရာရှိက ဒါနောက်ဆုံးပဲ၊ မပေးတော့ဘူး ခပ်မာမာ ပြောခံရတာတွေ အမေရိကန်မှာ မရှိသလောက်ပါ။ အမေရိကန်မှာ နောက်ထပ် ၆ လ ဆက်နေချင်ပါသေးတယ် ပြောပြီး Visa Extension တောင်းရင် အကြောင်းပြချက်ကတော့ လည်ပတ်စရာတွေ အများကြီး ကျန်သေးလို့ပါ ပြောလိုက်ရုံပါပဲ။

အမေရိကားမှာ ကုမ္မဏီ ထောင်ချင်ရင် နိုင်ငံခြားသား Passport ပြပြီး ထောင်လို့ရတယ်။ ကိုယ့်မှာ Credit Card တခုရှိပြီးသားဆိုရင် အမေရိကားမှာ ဘယ်ဘဏ်မှာမဆို အကောင့်ဖွင့်လို့ ရတယ်။ အမေရိကား Credit Card ရပြီးရင် အမေရိကားမှာ လုပ်စားလို့ နဲနဲလေး ရလာပြီပေါ့။ စင်္ကာပူ ကားမောင်းလိုင်စင် ရှိရင် အမေရိကား တခွင်လုံးကို ပြဲပြဲစင် မောင်းချင်ရင် မောင်းလို့ရပြီ။ စင်္ကာပူလို ကားဈေးမကြီးဘူး။

စင်္ကာပူ ကားမောင်းလိုင်စင်ပြပြီး အမေရိကန်အစိုးရရဲ့ DMV Department of Motor Vehicles ကိုသွားပြီး ပြည်နယ် အိုင်ဒီ ID နဲ့ Driving License Conversion လုပ်ချင်ပါတယ် ပြောရင် လုပ်ပေးပါတယ်။ အမေရိကန်ကို တရားဝင် လာတဲ့အကြောင်း ပတ်စပို့နဲ့ I-94 White Card ကိုတော့ ပြရမယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူတွေကတော့ Driving License (In English) ရှိရင် ပြောတတ်ရင် လုပ်ပေးပါတယ်။ မပြောတတ်ရင်တော့ စာရေးမက မင်းမှာ Social Security Number SSN ရှိသလား မေးခံရရင် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာတော့ ပြည်နယ် အိုင်ဒီ ID နဲ့ ဒရိုင်ဘာ လိုင်စင် ၂ခုရှိရင် အမေရိကားမှာ သွားလာ၊ လုပ်ကိုင်ဖို့  အတော်အဆင်ပြေသွားပါတယ်။ SSN နံပါတ်ကတော့ အလုပ်လုပ်သူများ မရှိမဖြစ် လိုအပ်ပါတယ်။ အမေရိကားကို ကျောင်းလာတက်သူ၊ Business Visa long term pass သမားတွေကိုလည်း ကုမ္မဏီထောက်ခံစာနဲ့ SSN ထုတ်ပေးပါတယ်။

အမေရိကားမှာ ကုမ္မဏီ အလွယ်တကူ ထောင်ပြီးရင်တော့ ကိုယ့်အပေါ်မှာပဲ မူတည်တော့တယ်။ စင်္ကာပူမှာ Bio Semiconductor လုပ်တဲ့ ကုမ္မဏီတခုမှာ အလုပ်လုပ်တဲ့ မြန်မာတဦး ပြောပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေရိကားမှာ ပညာလာသင်တဲ့ လူတဦး ထူးချွန်ကြိုးစားလို့ Stanford University က ဒေါက်တာဘွဲ့ရပြီး၊ သူတို့ ကျောင်းက အားပေးချက်နဲ့ နောက်ဆုံး ကုမ္မဏီတခုကို ထောင်တယ်။ တက္ကသိုလ်က နာမည်ကြီးပဲ၊ သူတို့ချင်း ထောက်ခံစာတွေ ရေးပေးရင်း အမေရိကန် သူဌေးကုမ္မဏီ R&D လုပ်ဖို့ စမ်းသပ်တဲ့စက် Order ရတယ်။ စက်အမှာစာရတော့ ဘယ်မှာလုပ်ရမလဲ စဉ်းစားရင်း စင်္ကာပူ အစိုးရ EDB က Bio Technology လုပ်ငန်းတွေ အားပေးနေတော့ စင်္ကာပူ အစိုးရဆီကို Grant လှမ်းလျှောက်တယ်။

အမေရိကန် အစိုးရဆိုင်ရာနဲ့ Stanford University မိတ်ဆွေတွေရဲ့ ထောက်ခံစာတွေရော၊ အမေရိကန်မှာ အော်ဒါ ရထားပြီးကြောင်း။ အမေရိကန်မှာ ၀ယ်မယ့် ကုမ္မဏီတွေ Potential Customers စာရင်းတွေနဲ့ ဘယ်လိုဘယ်လို စင်္ကာပူမှာ ကုမ္မဏီထောင်ပြီး အရင်းအနှီး ဒေါ်လာ သန်း၂၀ လိုကြောင်း။ စင်္ကာပူ EDB ဆီက သန်း ၂၀ Grant တောင်းတော့ ၁၀ သန်း ချေးငှား ပေးလိုက်တယ်။ ဒါပေမဲ့ ငါတို့ စင်္ကာပူ အတတ်ပညာရှင်တွေ စာရင်းစစ်မှု Audit အောက်မှာ လုပ်ရမယ်ဆိုပြီး အိုကေသွားပါတယ်။ အခုဆို အဲဒီ ကုမ္မဏီက အမေရိကန် ဆန်ဖရန်စစ္စကိုမှာ တော်တော် ကြီးမားနေပြီး မြန်မာ အင်ဂျင်နီယာတွေကိုလည်း ခန့်ထားပါတယ်။ စင်္ကာပူ ကုမ္ပဏီခွဲမှာလည်း အလုပ်သမား ၁၀၀ လောက် တနှစ်အတွင်း ဖြစ်လာပြီး စက်အော်ဒါပေါင်း များစွာ ၃ နှစ်အတွင်း အမေရိကန် Research R&D ဌာနတွေကို ရောင်းချခဲ့ပြီးပြီလို့ သိရတယ်။

နောက်တယောက်လည်း ၅၀ နှစ် မပြည့်သေးပါဘူး။ သိပ်ချမ်းသာချင်တဲ့ ဇနီးသည် အကြံနဲ့ ရိုးသားကြိုးစားတဲ့ သူငယ်ချင်းကို စီးပွားဖြစ် မလုပ်တော့ဘဲ သူတို့ဖာသာ လုပ်ကိုင်လို့ ချမ်းသာနေပါတယ်။ ဒါပေမဲ့ လူမှုရေး မတည်ငြိမ်တော့ အိမ်ထောင်ရေး ဆုံးရှုံးသွားပါတယ်။ အမေရိကားမှာ နှစ် ၃၀ ကျော်နေပြီး စီးပွားအောင်မြင်လို့ လင်မယားလည်း ပျော်ရွင်စွာရှိနေတဲ့ မြန်မာဆိုင်ရာ အလှုဒါနပြု လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ မိတ်ဆွေ သူဌေး ဇနီးမောင်နှံကိုလည်း မြင်ရတာ စိတ်ချမ်းသာပါတယ်။ မြန်မာလူငယ်များစွာကို တက္ကသိုလ် စကောလားရှစ်၊ Grant ရအောင်လုပ်ပေးပြီး အမေရိကားမှာ အခြေချနိုင်အောင် အကူအညီပေးနေတဲ့ မြန်မာလူမျိုး တက္ကသိုလ် ပါမောက္ခတဦးနဲ့ မချမ်းသာပေမယ့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ မြန်မာတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာ ကူညီတတ်သူတွေကို တွေ့ရင် အများကြီး ကျေနပ်မိပါတယ်။ သူတို့ကိုလည်း ငွေကြေးအားဖြင့် ပိုမိုဖူလုံစေလိုပေမယ့် သူတို့ဘ၀ဟာ Spiritual Rich ဖြစ်နေတော့ လောကစည်းစိမ် သိပ်လိုဟန်မတူပါဘူး။

နောက်ဆုံး နိဂုံးကတော့ အရင် Revision 1 အတိုင်းပါပဲ။

စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။

ဆန်းသစ်

[+/-]Read More...

Bloggers build budget huts for cyclone victims

BLOGGERS have raised tens of thousands of dollars to build “budget huts” for Cyclone Nargis survivors in Myanmar. Former IT specialist Nyi Lynn Seck’s web journal tracks the aftermath of the cyclone disaster, which has killed about 78,000 people. In turn, he has received about US$30,000 (S$41,000) in donations, mostly from Myanmar expatriates in Thailand, Singapore and Malaysia, even some as far away as Europe. Armed with the financial resources, the 29-year-old quit his job and gathered his friends and helped to build “budget huts” in the Irrawaddy delta, a region still reeling from the May 2-3 killer storm. “I have been blogging for quite a long time and many overseas Myanmar citizens read it. They wanted me to go to the delta and help out,” he said. Mr Seck is just one example of a grassrootsmovement that has emerged in Myanmar. Private efforts have filled a lot of gaps in the relief effort, especially in the early weeks after the storm.

Mr Seck’s blog has included personal observations, advice for would-be bloggers and news items. It has not been seen as anti-government by the ruling junta, which controls the media in the country. The blogger said he became an aid worker because he felt the junta’s response to the storm was inefficient.“The government doesn’t rely much on a system or technology and they don’t know what to do. They work only on paper, so the help was really delayed,” he said. Many Myanmar volunteers and the local staff of foreign aid agencies have also started to pack their vehicles with food, water and other supplies and head into the delta. Mr Seck’s group of volunteers, which calls itself Handy Myanmar Youths because it wants to lend a hand to survivors, has put up 88 huts in delta villages. The group makes five- to six-hour boat rides to coastal villages to deliver materials and tools to build the huts and supervise the construction, which is done mostly by survivors.

Due to tides, the volunteers are unable to return to Labutta on the same day, so they usually spend at least one night sleeping without protection from mosquitoes. Several have fallen ill. The blogger said the group’s most pressing concerns were about sustaining the project despite the high price of materials and transportation. “Now the biggest problem is that we’re having trouble finding wood in Labutta, and the wood is also getting very expensive,” Mr Seck said. “As long as there are funds and donors, hopefully we can keep this up for another two to three months here,” he said.

[+/-]Read More...

Travel Warning

Tropical Cyclone - Uncertain Security - Should you go to Myanmar?

Tropical Cyclone Nargis caused extensive damage and fatalities in Myanmar on 4 May, and the regions of Irrawaddy, Rangoon, Bago, Karen and Mon have been declared disaster zones. Over 100,000 people are dead or missing, and over two million have been affected. Transport, power and communications have all been seriously affected, and the government's response to the emergency has been slow. Foreigners are prohibited from entering the stricken areas.

Large anti-government demonstrations taking place throughout the country during September drew a violent response from authorities, with fatalities reported. The security situation remains uncertain, with several bomb explosions reported during January 2008 - all occurring in places frequented by the public. Travellers are advised to exercise extreme caution.


The decision whether or not to travel to Myanmar is best made after an appraisal of pros and cons.

Reasons Not to Go:

Aung San Suu Kyi has asked tourists not to; the government used forced labour to ready tourist-related sights and services; international tourism can be seen as a stamp of approval to the Myanmar government; the government forbids travel to many areas, particularly in areas inhabited by minority groups; it's impossible to visit without some money going to the military junta (roughly US$20.00 per visa, US$10.00 per departure fee and seven to 10% tax on purchases); and activists claim that tourism dollars fuel government repression directly.

Reasons to Go:

Tourism remains one of the few industries to which ordinary locals have access - in terms of income and communication; authors of subsequent Burma guides say that the vast majority of locals they speak to tell them they want travellers there; human-rights abuses are less likely to occur in areas where the international community is present; the government stopped forcing foreigners to change US$200.00 into government notes upon arrival; the majority of a careful independent traveller's expenses can go into the private sector; and keeping the people isolated from international witnesses to internal oppression may only cement the government's ability to rule.

If You Decide to Go:

In order to maximise the positive effects of a visit among the general populace, while minimising support of the government, follow these simple tactics: stay at private, locally owned hotels and guesthouses; avoid package tours connected with Myanmar Travel and Tours; avoid MTT-sponsored modes of transport, such as most Yangon-Mandalay Express trains, the MTT ferry between Mandalay and Bagan, and Myanmar Airways International (MAI) flights; buy handicrafts directly from the artisans, rather than from government shops; avoid patronising companies involved with the military-owned Myanmar Economic Holdings (companies with solid links to the Tatmadaw or armed forces are often called Myawadi or Myawaddy); write to the Myanmar government and to the Myanmar embassy in your country expressing your views about the human-rights situation there.

[+/-]Read More...

စကာင်္ပူအတွေ့အကြုံများ (၁)

စင်္ကာပူကို စပြီးရောက်ဖူးတာက ၂၄ ဧပြီလ ၂၀၀၅ မှာ မရည်ရွယ်ဘဲ အလည်သဘော ရောက်ဖူးတယ်။ Silkair ကပရိုမိုးရှင်း လုပ်တာနဲ့ ကြုံလို့ ရောက်ဖူးရုံသွား လိုက်တာ။ ၅ ရက်နေပြီးတော့ မြန်မာပြည်ပြန်တယ်။ တော်တော်လေး သန့်ရှင်းတယ် စည်းကမ်းရှိတယ် တိုးတက်တယ် ဆိုတာကိုလက်တွေ့သိလာတယ်။ ပြီးတော့မြန်မာပြည်မှာ ကွန်ပျူတာသင်တန်း ပိစိလေးဖွင့်ပြီးတော့ ကြိုးစားကြည့်တယ်။

အရင်းအနှီးကလည်း မတတ်နိုင်လေတော့ ကွန်ပျူတာလေး (၆) စုံနဲ့စတယ်။စစချင်းကတော့ မဆိုးဘူး ကျောင်းသားလည်းရတယ်။ ဒါပေမယ့် ထုံးစံအတိုင်း မီးက တော်တော်ပျက်လာတယ် ရှိတဲ့ငွေလေးနဲ့ မီးစက်ဖွတ်ချက်လေးတစ်လုံး ပြေးဝယ်ရတယ်။ အင်းသိကြတဲ့အတိုင်း ဆီဈေးကလည်း တော်တော်ထောင်းတယ် ပြီးတော့ ဆိုင်းဘုတ်ခွန်၊ လုပ်ငန်းလိုင်စင်ကြေး ၊အခန်းလခ၊ဟိုကြေး ဒီကြေး တွေကမတတ်နိုင်တော့ဘူး။ ဒီတော့လုပ်ငန်းက ဆက်ပြီးတော့ မလည်ပတ်နိုင်ဘူးဆိုတော့ ရသလောက်နဲ့ ထုခွဲရောင်းချပြီးတော့ ဖျက်လိုက်ရတော့တယ်။ ကဲ.ဘာဆက်လုပ်စားမလည်း စဉ်းစားလာရပြီ ၀န်ထမ်း လုပ်မလားဆိုတော့လည်း မလုပ်ချင်ဘူး။ အဲဒီမှာ စင်္ကာပူထွက်ပြီးတော့ အလုပ်ရှာမယ်ဆိုတာ ဖြစ်လာတော့တာပါဘဲ။


ဟုတ်ပြီ စင်္ကာပူကိုထွက်မယ် ဆိုတော့ ထုံးစံအတိုင်း မြန်မာပြည်မှာရှိတဲ့ အေးဂျင့်တွေနဲ့ အပ်မလား ဒါမှမဟုတ် Visit နဲ့ထွက်ပြီး အလုပ်ရှာမလား စဉ်းစားရတော့တာပေါ့။ ပညာရေးကတော့ ရိုးရိုးဝိဇ္ဖာဘွဲ့လေးရှိတယ် ပြီးတော့ ၂၀၀၂ က မလေးရှားက Microsoft Certified Professional (MCP) ၂ ဘာသာပြီးထားတယ်။ ကွန်ပျူတာ Hardware အတွေ့အကြုံရှိတယ်ပေါ့လေ။ အဲဒီမှာ တာမွေဘက်က အေးဂျင့်တစ်ခုကစင်္ကာပူအတွက် IT Support အလုပ်ပေါ်တယ်ဆိုလို့သွားတင်တယ် စင်္ကာပူဒေါ်လာ ၃၅၀၀ ပေးရမယ်လို့ဆိုတယ်။ လေယာဉ်လက်မှတ်ဖိုးမပါဘူးနော်၊ Special Pass (Spass) လျှောက်ပေးမယ်။ လစာက တစ်လ ၁၂၀၀။ အိုကေ… စိတ်ဝင်စားတယ်ပေါ့လေ Resume၊ ပတ်စ်ပို့ပုံ၊ ပတ်စ်ပို့မိတ္တူ အရင်ပေးပြီးတော့တင်ခဲ့တယ်။ ပိုက်ဆံကတော့ အင်တာဗျူးဝင်ရင် တစ်ဝက်စပေးရမယ်။ အဲဒီလိုနဲ့စောင့်နေလိုက်တာ အချိန်သာတစ်လကျော်သွားတယ် ဘာမှမထူးခြားဘူး ဒါနဲ့ အေးဂျင့်ကိုမေးတော့မှ အဝေးသင်နဲ့ ကျောင်းပြီးတာမို့လို့ မရဘူးလို့ပြောတယ်။ သွားပြီ…စိတ်တိုသွားတယ် စိတ်လည်းပူသွားတယ် ငါသွားလို့ မရတော့ဘူးလားပေါ့။ အချိန်ကလည်း တစ်လကျော်လောက် ကုန်သွားတယ်။ အဲဒီလိုနဲ့ ဆက်ပြီးစုံစမ်းတယ် ဘယ်လိုလုပ်ရမှာလည်းပေါ့။ အေးဂျင့် တွေကိုလည်း စိတ်မ၀င်စားတော့ဘူး။

ကဲဆုံးဖြတ်လို့ရသွားပြီ စင်္ကာပူကို Visit နဲ့သွားပြီးတော့ အလုပ်ရှာမယ်ပေါ့။ ဘယ်ကစပြီးလုပ်ရမှာလည်း စုံစမ်းမေးမြန်းရပြီ။

၁) လေယာဉ်လက်မှတ်က အသွားအပြန်ဝယ်ရမယ်အဲဒီလက်မှတ်နဲ့ စင်္ကာပူသံရုံးကို Social Visit ဗီဇာလျှောက်ရမယ်။ အင်းလေယာဉ်လက်မှတ်နဲ့တင်မပြီးသေးဘူး စင်္ကာပူက ခေါ်စာလိုတယ်တဲ့။ အနဲဆုံး ပီအာ တစ်ယောက်ရဲ့ခေါ်စာလိုတယ်လို့ပြောတယ်။ အဲဒီမှာစတွေ့တော့တာပါဘဲ။ အဲဒီမှာတင် လေယာဉ်လက်မှတ်ရောင်းတဲ့ အေဂျင်စီတစ်ခုက ပုဂ္ဂိုလ်တစ်ယောက်က ဒီကိစ္စကိုသူလုပ်ပေး လို့ရတယ် ရရင်သူ့ကို ၃၀၀၀၀ ပေးရမယ်လို့ဆိုလာတယ်။ ကဲပေးဆိုတော့လည်းပေးတာပေါ့ ကိုယ့်မှာလည်းခေါ်မယ့်သူမှမရှိတာကိုး။ ဒါနဲ့ အဲဒီပုဂ္ဂိုလ်လေးကို စရံ ၅၀၀၀ နဲ့ ပတ်စ်ပို့ပေးလိုက်တယ်။ ၃ ရက်တော့ကြာမယ်ဆိုဘဲ။ ထားပါ ဒါကအဆင်ပြေတယ် ပြသနာမရှိဘူး။ ဒီလိုနဲ့ ၃ ရက်ကြာတော့ အဲဒီပုဂ္ဂိုလ်ကို သွားတွေ့တော့ ရုံးမလာတာ ၂ ရက်ရှိပြီတဲ့ အဲဒါဆို သူ့ဖုန်းနံပါတ်လေး ကျေးဇူးပြုပြီးရနိုင်မလား ဆိုတော့ ကျွန်မတို့ဘာမှမသိဘူးတဲ့။ အင်းခက်ပြီ စရံပေး ပတ်စ်ပို့ပေးတုန်းကတော့ သူတို့အရှေ့မှာတင် အခုတော့ဘာမှမသိဘူးတဲ့။ ကိုယ်ကပြန်တောင်းပန်ရတယ် ပိုက်ဆံကအရေးမကြီးပါဘူးခင်ဗျာ ပတ်စ်ပို့က အရေးကြီးလို့ပါပေါ့။ အဲဒီတော့ ညနေမှဖုန်းပြန်ဆက်လို့ ရွှေမျက်နှာတော်ညိုစွာနဲ့ပြောတယ်။အင်း ပြန်ဆိုတော့လည်းပြန်တာပေါ့ ရင်ထဲမှာတော့ဗလောင်ဆူနေပြီ။ ညနေဖုန်းပြန်ဆက်တယ် အဲဒီတော့မှ ဟိုပုဂ္ဂိုလ်က အဆင်မပြေသေးဘူးတဲ့ ပတ်စ်ပို့က သံရုံးမှာတင်ထားပြီးသားတဲ့ သူက EP ခေါ်စာနဲ့တင်ထားတာဆိုဘဲ။ ကိုယ့်ဟာကို သံရုံးမှာသွားထုတ်လိုက်ပါတဲ့။ ဒါနဲ့ နောက်နေ့ကျတော့ သံရုံးကိုပြေးရတော့တာပေါ့ သံရုံးရောက်တော့ ခေါ်စာကမခိုင်မာလို့ Visa မရနိုင်ပါဘူးတဲ့ဗျာ။ အဲဒီတော့ သံရုံးက မမတွေကို ဒါဆိုဘယ်လိုလုပ်လို့ရနိုင်သလဲပေါ့ဆိုတော့ ပြန်လာမှာလားတဲ့။ ဟာဟုတ်ကဲ့ ကျွန်တော်ပြန်လာမှာပါပေါ့ ဒါဆို Deposit FEC ၅၀၀ တင်ရမယ်တဲ့။ ပြန်လာရင်လာပြန်ထုတ်လို့ရတယ် အလုပ်ရလို့ ပြန်မလာဖြစ်ရင်လည်း Permit မိတ္တူအထောက်အထားနဲ့ ကိုယ်စားပြန်ထုတ်လို့ရတယ်ဆိုတော့ ဘယ်တတ်နိုင်မလည်း လုပ်ရမှာပေါ့။

[+/-]Read More...